သဘာဝဆိုင်ရာ ဝေါဟာရတိ
အသွင်ပြင်
| မြန်မာ | ရခိုင် |
|---|---|
| လေတိုက်တယ် | လီထရေ |
| လေပွေ | လပွီ |
| လေပွေကြီး | တော် |
| လေမုန်တိုင်း | လီလိုက်တေ |
| လေငြိမ်နေတယ် | လီတိုင်းနီရေ |
| အနေနာက်မြောက်လေ | ကတ္တရံ |
| အရှေ့တောင်လေ | ဆင်ခေါင်းလီ |
| အနောက်လေ | ရမ်းပေါက် |
| မြောက်လေ | စုန်လီ |
| သဲသောင်လှိုင်း | ဒါလီ |
| လှိုင်းဆူသံ | ယက်အူသံ |
| လှိုင်းဆူတယ် | လှိုင်းကြီးရေ |
| လှိုင်းထန်တယ် | လှိုင်းပြင်းရေ |
| ဝဲဂယက် | ရပတ် |
| ဒီရေကြီးတယ် | ဖြားကြီးရေ |
| ဒီရေအတက် | ဖြားတက် |
| ဒီရေအကျ | ဖြားကျ |
| ရေစုန် | ဖြားသင့် |
| ရေဆန် | ဖြားဆန် |
| ရွှံ့နွံ | ဗိတ်၊ ကျူတ်မန့်၊ တမန့်သား |
| သဲသောင်ပြင် | ပြည်ရှည် |
| ပေါ်ကျွန်း | ပြားကျွန်း |
| ဒီရောက်တော ပြားတော | |
| ဒိုက် | ဖုံးဆိုး |
| ပင်လယ်ကွေ့ | ဂျိုင်၊ တာလောင် |
| ကျွန်းဆွယ် | မော်၊ မော်ထုတ် |
| တောရွာ | ကျွန်း |
| တောင်ခြေရင်းရွာ | တောင်ရင်းကျွန်း |
| ရေတံခွန် | တံရှင် |
| တောင်ကြားလမ်း | ခင်ဇိုင်း |
| ဥယျာဉ် | ဟင်းခင်း |
| မီးတောင် | နဂါးတောင် |
| မြစ်ညာ | ချောင်းဖျား |
| လယ်ကန်သင်း | ကာရီ |
| လယ်ကွင်း | လယ်ပြင် |
| သစ်ပင်ခြောက် | သစ်ရောင်း |
| ရေကန် | ကန်ဘောင် |
| မိုးတိမ် | မိုးရိပ် |
| မိုးသားကြူးတယ် | မိုးရိပ်တက်တေ |
| မိုးခြုံးတယ် | မိုးကြိုးရေ |
| မိုးဦးကျ | မိုးသီးကျ |
| မိုးဖွေးကျနေတယ် | မိုးသီးပေါက်ကျနီရေ |
| လျှပ်စီးလက်တယ် | တိမ်ခွတ်တေ၊ လျှပ်ပြက်တေ |
| သက်တန့် | သီတင်းရီသောက်၊ ပဇင်းရီသောက် |
| မြူခိုးဆိုင်းနေတယ် | မှိုင်းချုပ်နီရေ |
| မြူနှင်းဝေနေတယ် | နှင်းချုပ်နီရေ |
| လသာတယ် | လပရေ |
| ပဲ့တင်သံ | တောင်ရိုက်သံ၊ ပြန်ဟပ်သံ |
ပြင်ပလင့်ခ်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင် ဘာသာစကား လမ်းညွှန် (ဦးစက္ကိန္ဒ-ရခိုင်မြေ)