သမိုင်းမတင်ခင်ခေတ်

သမိုင်းမတင်မီခေတ် ဆိုစွာမာ သမိုင်းမှတ်တမ်းများ မရီးသား ရသိမ့်ခင် အချိန်ကာလကို ဆိုလိုရေ။ ကမ္ဘာမြီပေါ်မာ လူသားရို့ နီထိုင်လားလာ နီကတ်ရား ဖြစ်ကေလေ့ ထိုအချိန်ကာလများ အတွက် သမိုင်းမှတ်တမ်းများ မရဟိနှိုင်ရေ အချိန်ကာလကို ရည်ညွှန်းခြင်း ဖြစ်တေ။ စာရီးသားခြင်း တီထွင်မှု မပြုရသိမ့်ခင် အချိန်ကာလလို့လေ့ ဆိုနှိုင်ရေ။ ပိုပြီးကေကျယ်ပြန့်စွာ ပြောရဖို့ဆိုကေ လူသားတိ မပေါ်ပေါက်မီ အချိန်ကာလ ကိုပါ ထည့်သွင်း ပြောဆိုရဖို့ ဖြစ်တေ။ ရှေးဟောင်း သုတေသနပညာသျှင် ပေါလ်တိုးနယ် က ပြင်သစ်နိုင်ငံ တောင်ပိုင်းဟိ ဂူများ အထဲ သူရှာဖွီတွိဟိခရေ အရာတိကို ရီးသား ဖော်ပြရာမာ ဒေ အသုံးအနှုန်းကို စတင် သုံးနှုန်းခရေ။ ယင်းအတွက်နန့် ပြင်သစ်ဘာသာ မာ ၁၈၃၀ ခုနှစ်တိကစပြီးကေ စာရီးသားခြင်း မပေါ်ပေါက်မီ အချိန်ကာလကို သမိုင်းမတင်မီခေတ်ဟု သုံးနှုန်းခကတ်တေ။ အိန်းဂလိချ်ရို့ အတွက်မူ သမိုင်းမတင်မီ ကာလ ဆိုရေ အသုံးအနှုန်းကို ၁၈၅၁ ခုနှစ်မာ ရှီးဟောင်းသုတေသန ပညာသျှင် ဒင်နီယယ် ဝီလ်ဆင်က စတင် သုံးနှုန်းခရေ။
သမိုင်းမတင်မီခေတ် ဆိုစွာမာ စကြဝဠာ အစပြုရေ အချိန်က စပြီးကေ ရည်ညွှန်းခြင်း ပြုနှိုင်ရေ်လည်း အများအားဖြင့် ကမ္ဘာထက်မာ သက်ဟိများ စတင်ဖြစ်ထွန်းလာရေ အချိန်မှစပြီးကေ ရည်ညွှန်းလေ့ ဟိရေ။ ပိုပြီးကေ စိသားကိုက် ဆိုရကေ လူနန့် သဏ္ဌာန်တူသော သက်ဟိများ ပေါ်ပေါက်လာရေ အချိန်က စပြီးကေ ရည်ညွှန်းလိဟိရေ။ လူရို့ဧ့ သမိုင်းမတင်မီခေတ်ကို ရည်ညွှန်းရာမာ သမိုင်းမတင်မီခေတ်နန့် ဆိုင်ရေ သမိုင်းပညာသျှင်တိ အနေနန့် ခေတ် ၃ ခေတ် ခွဲခြားသော စနစ်ကို အသုံးပြုလေ့ ဟိကေလေ့ လူသားမပေါ်ပေါက်မီ အချိန်ကာလ ကို လိ့လာသော ပညာသျှင်တိ အနေနန့်မူ ပိုပြီးကေ တိကျစွာ ခွဲခြားနှိုင်ရေ ဘူမိဆိုင်ရေ ကျောက်လွှာများပေါ် မူတည်ပနာ ပြောဆိုလေ့ ဟိကတ်တေ။
လူရို့ဧ့ သမိုင်းမတင်မီ ကာလကို ခေတ် ၃ ခေတ် အနေနန့် ခွဲခြားသော အခါမှ လက်နက်ကိရိယာ တိကို ပြုလုပ်ရေ နည်းပညာ ပေါ်မူတည်ပနာ ကျောက်ခေတ်၊ ကြီးခေတ် နန့် သံခေတ် ဆိုပနာ ခွဲခြားခေါ်ဆိုတတ်ကတ်ရေ။