Jump to content

သရက်ရွက်

ဝီကီးပီးဒီးယား က
မြင်းဧ သရက်ရွက်

သရက်ရွက်ရေ ကျောရိုးဟိ သတ္တဝါ အားလုံးနီးပါးတွင် တွိ့ရတတ်ရေ ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြစ်ပြီး သွီးနီဥတိနန့် ကိုယ်ခံအားစနစ်ရို့နန့် ပတ်သက်ပနာ အရီးပါရေ အခန်းကဏ္ဍမှ ပါဝင်ရေ။ လူရို့တွင် သရက်ရွက်ရေ ဝမ်းဗိုက်ကို လေးစိတ်စိတ်ပါက အပေါ် ဘယ်ဖက်အခြမ်းတွင် ဟိရေ။ ၎င်းရေ သွီးနီဥအဟောင်းတိကို ဖယ်ထုတ်ပီးပနာ သံဓာတ်တိကို အသစ်တစ်ဖန် ပြန်လည်ထုတ်လုပ်ပီးကာ hemorrhagic ရှော့ခ်ဖြစ်ပါက ရဟိရန် သွီးရို့ကို သီးသန့် ဖယ်ချန်ထားပီးရေ။