Jump to content

သာသင်္ကသိက္ခာပုဒ်

ဝီကီးပီးဒီးယား က

၆၅၂။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သဌီး၏ အရံဖြိုက်ရေ ဇေတဝန်ကျောင်း၌ သီတင်းသုံးနီတော်မူရေအခါ ဝါမှ ထပြီးကုန်သော ရဟန်းရို့စွာတောကျောင်းရို့မာ နီကုန်ရေ။ တန်ဆောင်မုန်းလ ခိုးသူရို့စွာ "ရဟန်းရို့စွာလာဘ်ရကတ်ကုန်၏"ဟု ညှိဆဲကတ်ကုန်၏။

မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏၊ ယင်းခါ မြတ်စွာဘုရားစွာ ဒေအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူပြီးကေ ရဟန်းရို့ကို "ရဟန်းရို့တောကျောင်းရို့မာ နိန်ရေ ရဟန်းရို့စွာ သင်္ကန်းသုံးထည်ရို့တွင် တစ်လုံးထည်သော သင်္ကန်းကိုရွာတွင်း၌ ထားခြင်း ငှါ ခွင့်ပြုရေ"ဟု မိန့်တော်မူ၏။

ယင်းခါ ရဟန်းရို့စွာ "မြတ်စွာဘုရားစွာ တောကျောင်းရို့မာ နိန်ရေ ရဟန်းစွာ သင်္ကန်းသုံးထည်ရို့တွင် တစ်လုံးထည်သော သင်္ကန်းကို ရွာတွင်း၌ထားခြင်းငှါ ခွင့်ပြုတော်မူအပ်ပြီ"ဟု သင်္ကန်းသုံးထည်ရို့တွင် တစ်လုံးထည်သော သင်္ကန်းကို ရွာတွင်း၌ထားပနာ ခြောက်ညဉ့်ထက် ကကောင်း ကင်းပြီးကေ နီကုန်ရေ၊ ထိုသင်္ကန်းရို့စွာ ပျောက်လည်း ပျောက်ကုန်၏၊ ပျက်လည်း ပျက်ကုန်၏၊ မီးလည်းလောင်ကုန်၏၊ ကြွက်ရို့စွာလည်း ကိုက်ခဲကုန်၏၊ ရဟန်းရို့စွာမကောင်းရေ အဝတ် ရှိကတ်ကုန်၏၊ ခေါင်းပါးသော သင်္ကန်း ရှိကတ်ကုန်၏။

ရဟန်းရို့စွာ "ငါ့သျှင်ရို့ သင်ရို့စွာ အဇာကြောင့် မကောင်းရီတဝတ်ရှိကြ ခေါင်းပါးသောသင်္ကန်းရှိကတ်ကုန်သနည်း"ဟု မေးကတ်ကုန်၏၊ ယင်းခါ ထိုရဟန်းရို့စွာ ရဟန်းရို့အား ဒေအကြောင်းကိုပြောကတ်ကုန်၏။

အလိုနည်းသော ရဟန်းရို့စွာ "ရဟန်းရို့စွာ သင်္ကန်းသုံးထည်ရို့တွင် တစ်လုံးထည်သောသင်္ကန်းကို ရွာတွင်း၌ ထား ပနာ ခြောက်ညဉ့်ထက် ကကောင်းကင်းပြီးကေ အဇာကြောင့် နီကုန်ဘိသနည်း"ဟုသရော်ကုန်၏။ ရှုတ်ချကုန်၏။ အပြစ်ပြပြောဆိုကတ်ကုန်၏။ ယင်းခါ ထိုရဟန်းရို့စွာ ထိုရဟန်းရို့ကိုအများကြီးသော အကြောင်းနန့် သရော် ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။ပ။

"ရဟန်းရို့ ရဟန်းရို့စွာ သင်္ကန်းသုံးထည်ရို့တွင် တစ်လုံးထည်သော သင်္ကန်းကို ရွာတွင်း၌ထားပနာ ခြောက်ညဉ့်ထက် ကကောင်းကင်းပြီးကေ နီကုန်ရေဟူစွာ မှန်သလော"ဟု စိစစ် မီးမြန်းတော်မူ၏။

မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။

ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ "ရဟန်းရို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ထိုယောက်ျားရို့စွာ သင်္ကန်းသုံးထည်ရို့တွင် တစ်လုံးထည်သော သင်္ကန်းကို ရွာတွင်း၌ထားပနာ အဇာကြောင့် ခြောက်ညဉ့်ထက် ကကောင်းကင်းပြီးကေ နီကုန်ဘိသနည်း၊ ရဟန်းရို့ ဒေ (သင်ရို့ပြုမိသော အမှု) စွာ မကြည်ညိုသေးသောသူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။

ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေ သိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။


၆၅၃။ "ဝါကပ်ပြီးနောက် တန်ဆောင်မုန်းလပြည့်နိ၌ သနဖွယ်ဟိ၏ဟု သမုတ်အပ်ကုန်သော ဘေးဘျမ်းရှိကုန်သော အကြင်တောကျောင်းရို့စွာ ဟိကုန်ရေ။ ယင်းပိုင်သဘောရှိကုန်သောကျောင်းရို့မာ နိန်ရေ ရဟန်းစွာ အလိုရှိလတ်သော် သင်္ကန်းသုံးထည်ရို့တွင် တစ်လုံးထည်သောသင်္ကန်းကို ရွာတွင်း၌ ထားရာ၏၊ ထိုရဟန်းအား ထိုသင်္ကန်းနန့် ကင်းပြီးကေ နိန်ခြင်းငှါအကြောင်းတစ်ကျိုင်ံတရီ ရှိငြားအံ့၊ ခြောက်ညဉ့်အပိုင်းအခြား ကာလလုံးလုံး ထိုရဟန်းစွာ ထိုသင်္ကန်းနန့် ကင်းပြီးကေ နီရာ၏၊ အဂယင့်လို့ ယင်းထက်ကကောင်း ကင်းပြီးကေ နေငြားအံ့၊ ရဟန်းရို့၏ သမ္မုတိပီးခြင်းကို ထားပနာ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟုမိန့်တော်မူ၏)။

၉-သာသင်္ကသိက္ခာပုဒ်အဖွင့်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၆၅၄။ ဝါကပ်ပြီးနောက်ဟူစွာ ဝါမှ ထပြီးရေ ရဟန်းရို့အား။

တန်ဆောင်မုန်းလပြည့်ဟူစွာ မိုးလေးလအဆုံး ကြတ္တိကာ 'တန်ဆောင်မုန်း' လကို ဆိုအပ်၏။

အကြင်တောကျောင်းရို့စွာဟူရာမာ တောကျောင်းဆိုစွာ အယုတ်ဆုံး လေး (အတာ) အပြန်ငါးရာ ဟိရေ ကျောင်းတည်း။

သနဖွယ်ဟိ၏ ဆိုစွာ အရံ အရံ၏ ဥပစာ၌ ခိုးသူရို့ ဝင်ရာ စားရာ ရပ်ရာ ထိုင်ရာ လျောင်းရာရို့ကို တွိရ၏။

ဘေးဘျမ်းဟိ၏ ဆိုစွာ အရံ အရံ၏ ဥပစာ၌ ခိုးသူရို့သတ်အပ်ရေ လူရို့ကို တွိရ၏၊ လုယက်အပ်သူရို့ကို တွိရ၏၊ ရိုက်နှက်အပ်သူရို့ကို တွိရ၏။

ယင်းပိုင်သဘောရှိကုန်သော ကျောင်းရို့မာနိန်ရေ ရဟန်းဟူစွာ ဧပိုင် သဘောရှိကုန်သောကျောင်းရို့မာ နိန်ရေ ရဟန်းစွာ ။

အလိုရှိလတ်သော်ဟူစွာ တောင့်တလတ်သော်။

သင်္ကန်းသုံးထည်ရို့တွင် တစ်လုံးတစ်လုံးသော သင်္ကန်းကိုဟူစွာ ဒုကုဋ်ကိုသော်လိ့ကောင်း၊ ဧကသီကိုသော်လိ့ကောင်း၊ သင်းပိုင်ကိုသော်လိ့ကောင်း။

ရွာတွင်း၌ထားရာ၏ဟူစွာ ပတ်ဝန်းကျင် ဂေါစရဂံရွာ၌ ထားရာ၏။

ထိုရဟန်းအား ထိုသင်္ကန်းနန့် ကင်းပြီးကေနိန်ခြင်းငှါ အကြောင်းတစ်ကျိုင်ံတရီရှိငြားအံ့ဟူစွာ အကြောင်းရှိငြားအံ့၊ ပြုဖွယ်ရှိငြားအံ့။

ခြောက်ညဉ့်အပိုင်းအခြား ကာလလုံးလုံး ထိုရဟန်းစွာ ထိုသင်္ကန်းနန့် ကင်းပြီးကေနီရာ၏ဟူစွာခြောက်ညဉ့် အတိုင်းအရှည်ဟိရေ၏ အဖြိုက် နန့် ကင်းပြီးကေ နေအပ်၏။

ရဟန်းရို့၏ သမ္မုတိပီးခြင်းကိုထားပနာဟူစွာ ရဟန်းရို့၏ သမ္မုတိပီးခြင်းကို ဖယ်ထားပနာ။

အဂယင့်လို့ ယင်းထက်ကကောင်းကင်းပြီးကေ နေငြားအံ့ဟူစွာ ခုနစ်ရက်မြောက် အာရုဏ်တက်လတ်သော်စွန့်ခြင်း (ဝိနည်းကံ) ဟိ၏။ သံဃာအားသော်လိ့ကောင်း၊ ဂိုဏ်းအားသော်လိ့ကောင်း၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။

ရဟန်းရို့ ဧပိုင် စွန့်ရဖို့။ပ။


"အသျှင်ဘုရားရို့ ဒေ အကျွန်ုပ်၏ သင်္ကန်းစွာ ရဟန်းရို့၏ သမ္မုတိမရဘဲ ခြောက်ညဉ့်ထက်ကကောင်းကင်းပြီးကေ နေအပ်အနိန်နန့် စွန့်ခြင်း (ဝိနည်းကံ) ဟိပါရေ၊ အကျွန်ုပ်စွာ ဒေသင်္ကန်းကို သံဃာအားစွန့်ပါ၏"ဟု။ပ။ ပီးရာ၏ဟု။ပ။ ပီးကုန်ရာ၏ဟု။ပ။ အသျှင့်အား ပီးပါ၏ဟု (ပြန်ပီးရဖို့)။

၆၅၅။ ရဟန်းရို့၏ သမ္မုတိကို မရဘဲ ခြောက်ညဉ့်ထက် လွန်စွာ၌ လွန်ရေလို့ ထင်မှတ်ခြင်းရှိအနိန်နန့် ကင်းပြီးကေ နေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ရဟန်းရို့၏သမ္မုတိကို မရဘဲ ခြောက်ညဉ့်ထက်လွန်စွာ၌ ယုံမှားရှိအနိန်နန့် ကင်းပြီးကေနေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ရဟန်းရို့၏ သမ္မုတိကိုမရဘဲခြောက်ညဉ့်ထက် လွန်စွာ၌ ယုတ်လျော့ရေလို့ ထင်မှတ်ခြင်းရှိအနိန်နန့် ကင်းပြီးကေ နေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

ပစ္စုဒ္ဓိုရ်၁ မပြုအပ်သိမ့်ရေ၌ ပစ္စုဒ္ဓိုရ်ပြုအပ်ပြီးဟု ထင်မှတ်ခြင်းဟိပြီးကေ။ပ။ မစွန့်အပ်သိမ့်ရေ၌ စွန့်အပ်ပြီးဟု ထင်မှတ်ခြင်းဟိပြီးကေ။ပ။ မပျောက်စွာ၌ ပျောက်ရေလို့ ထင်မှတ်ခြင်းဟိပြီးကေ။ပ။ မပျက်စွာ၌ပျက်ရေလို့ ထင်မှတ်ခြင်းဟိပြီးကေ။ပ။ မီးမလောင်စွာ၌ မီးလောင်ရေလို့ ထင်မှတ်ခြင်းဟိပြီးကေ။ပ။ ရဟန်းရို့၏ သမ္မုတိကို မရဘဲ မလုယူအပ်ရေ၌ လုယူအပ်ရေဟု ထင်မှတ်ခြင်းရှိအနိန်နန့် ကင်းပြီးကေနေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

စွန့်အပ်ရေ သင်္ကန်းကို မစွန့်ဘဲ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ခြောက်ညဉ့်အောက်ယုတ်လျော့စွာ၌ ကကောင်းဟု ထင်မှတ်ခြင်းရှိအံ့ ဒုက္ကဋ်အာပတ် သင့်၏။ ခြောက်ညဉ့်အောက် ယုတ်လျော့စွာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ခြောက်ညဉ့်အောက် ယုတ်လျော့စွာ၌ ယုတ်လျော့ရေလို့ထင်မှတ်ခြင်း ရှိအံ့၊ အာပတ် မသင့်။

၆၅၆။ ခြောက်ညဉ့်လုံးလုံး ကင်းပြီးကေ နေအံ့၊ ခြောက်ညဉ့်အောက် ကင်းပြီးကေ နေအံ့၊ ခြောက်ညဉ့်လုံးလုံးကင်းပြီးကေ နေပြီးနောက် တစ်ဖန် ဂါမသိမ် 'ရွာအပိုင်းအခြား' သို့ သက်ပနာ နိန်ပြီးကေမှ ဖဲသွားအံ့၊ ခြောက်ညဉ့်အတွင်းမာ ပစ္စုဒ္ဓိုရ်ပြုအံ့၊ စွန့်အံ့၊ ပျောက်အံ့၊ ပျက်အံ့၊ မီးလောင်အံ့၊ လုယူကုန်အံ့၊ အကျွမ်းဝင်ပြီးကေ ယူကုန်အံ့၊ သမ္မုတိရငြားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသောရဟန်းအား အာပတ် မသင့်။

နဝမ သာသင်္ကသိက္ခာပုဒ် ပြီး၏။

၁။ ပစ္စုဒ္ဓိုရ်- စွန့်လွှတ်ခြင်း။