Jump to content

သုက္ကဝိဿဋ္ဌိသိက္ခာပုဒ်

ဝီကီးပီးဒီးယား က

သုက္ကဝိဿဋ္ဌိသိက္ခာပုဒ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အသျှင်သေယျသက ဝထု

အသျှင်ရို့ ဒေတစ်ဆယ့်သုံးပါးဖြိုက်တေ သံဃာဒိသိသ်အာပတ်ရို့စွာ သရုပ်အားနန့် ပြဆိုအပ်စွာဧ့အဖြိုက်သို့ ရောက်ကုန်ဧ့။

၂၃၄။ အယင်ခေါက်ကခါ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သူဌေးဧ့ အရံဖြိုက်ရေ ဇေတဝန်ကျောင်းတော်မာ သီတင်းသုံးနိန်တော်မူဧ့။ ထိုစိုင်အခါမာ အသျှင်သေယျသကစွာမမွေ့လျော်ဘဲ မြတ်ရေ အကျင့်ကို ကျင့်သုံးနိန်ရဧ့၊ ထိုအသျှင်သေယျသကစွာ ယင်းပိုင် ကျင့်သုံးနိန်ခြင်းကြောင့် ပိန်ကြုံဧ့၊ အသွီးအသားခေါင်းပါးဧ့၊ ရုပ်အဆင်းပျက်ဧ့၊ (ဖက်ရွက်ရော်ပိုင်) ဖြော့တော့ရေ အဆင်းဟိဧ့။ (ကွန်ရက်ကို ဖြန့်ခင်းသပိုင်) အကြောပြိုင်းပြိုင်းထရေ ကိုယ်ဟိဧ့။

အသျှင်ဥဒါယီစွာ ပိန်ကြုံရေ အသွီးအသားခေါင်းပါးရေ ရုပ်အဆင်းပျက်ရေ (ဖက်ရွက်ရော်ပိုင်) ဖြော့တော့ရေ အဆင်းဟိရေ (ကွန်ရက်ကို ဖြန့်ခင်းသပိုင်) အကြောပြိုင်းပြိုင်းထရေကိုယ်ဟိရေ အသျှင်သေယျသကကို မြင်အတွက်နန့်-'ငါ့သျှင်သေယျသက အဇာကြောင့် သင်စွာ ပိန်ကြုံရေလဲ၊ အသွီးအသား ခေါင်းပါးရေလဲ၊ ရုပ်အဆင်းပျက်ရေလဲ၊ (ဖက်ရွက်ရော်ပိုင်) ဖြော့တော့ရေ အဆင်း ဟိရေလဲ၊ (ကွန်ရက်ကို ဖြန့်ခင်းသပိုင်) အကြောပြိုင်းပြိုင်းထရေ ကိုယ်ဟိရေလဲ၊ ငါ့သျှင်သေယျသက သင်စွာ မမွေ့လျော်ဘဲ မြတ်ရေ အကျင့်ကို ကျင့်သုံးနိန်ရသလော'လို့ မီးဧ့။

မှန်လီရေ ငါ့သျှင်လို့ (ပြန်လျှောက်ဧ့)။

'ငါ့သျှင်သေယျသက သို့ဖြိုက်ကေ သင်စွာ အလိုဟိတိုင်း စားဖိ၊ အလိုဟိတိုင်း အိပ်ဖိ၊ အလိုဟိတိုင်း ရီချိုးဖိ၊ အလိုဟိတိုင်းစား အလိုဟိတိုင်းအိပ် အလိုဟိတိုင်း ရီချိုးပြီးကေ သင့်အားပျင်းရိမှုဖြိုက်ပေါ်လာပြီးကေ ရာဂစွာ စိတ်ကို နှိပ်စက်ရေအခါ လက်နန့် လုံ့လပြုပနာ သုက်ကို လွတ်စီလောလို့ (ပြောဧ့)။

ငါ့သျှင် ဒေပိုင် ပြုငှါ အပ်ပါဖို့လောလို့ (မီးရေအခါ)

အပ်ပါရေ ငါ့သျှင်၊ ငါလည်း အေပိုင် ပြုလုပ်ပါရေလို့ (ပြန်ပြောဧ့)။

ယင်းခါ အသျှင်သေယျသကစွာ အလိုဟိတိုင်း စားလီယာ၊ အလိုဟိတိုင်း အိပ်လီယာ၊ အလိုဟိတိုင်းရီချိုးလီယာ၊ အလိုဟိတိုင်း စား အလိုဟိတိုင်း အိပ် အလိုဟိတိုင်း ရီချိုးပြီးကေ ပျင်းရိမှုဖြိုက်ပေါ်လာပြီးကေ ရာဂစွာ စိတ်ကို နှိပ်စက်ရေအခါ လက်နန့် လုံ့လပြုပနာ သုက်ကို လွတ်စီဧ့၊ ထိုနောက် အသျှင်သေယျသကစွာ အခါတစ်ပါးမာ အဆင်းလှလီယာ၊ ဣန္ဒြေပြည့်ဖြိုးလီယာ၊ မျက်နှာအဆင်း ကြည်လင်လီယာ၊ ကိုယ်ရီအဆင်းကြည်လင်လီယာ၊ ယင်းခါ အသျှင်သေယျသကဧ့ သူငယ်ချင်း ရဟန်းရို့စွာ အသျှင်သေယျသကအား-'ငါ့သျှင် သေယျသက သင်စွာ ရှီးအခါမာ ပိန်ကြုံခဧ့၊ အသွီးအသား ခေါင်းပါးခဧ့၊ ရုပ်အဆင်းပျက်ခဧ့၊ (ဖက်ရွက်ရော်ပိုင်) ဖြော့တော့ရေ အဆင်းဟိဧ့။ (ကွန်ရက်ကို ဖြန့်ခင်းသပိုင်) အကြောပြိုင်းပြိုင်းထရေ ကိုယ်ဟိဧ့၊ ထိုသင်စွာ အဂုအခါမာ အဆင်းလှဧ့၊ ဣန္ဒြေပြည့်ဖြိုးဧ့၊ မျက်နှာအဆင်း ကြည်လင်ဧ့၊ ကိုယ်ရီအဆင်း ကြည်လင်ဧ့၊ ငါ့သျှင် သေယျသက သင်စွာ ဇာဆီးကိုအသုံးလုပ်ရေလဲ'လို့ မီးမြန်းကက်ကုန်ဧ့။

ငါ့သျှင်ရို့ ငါစွာ ဆီးကို အသုံးမလုပ်ပါ၊ အမှန်စင်စစ်အားနန့် ငါစွာ အလိုဟိတိုင်း စားလီရေ၊ အလိုဟိတိုင်း အိပ်ပါရေ၊ အလိုဟိတိုင်း ရီချိုးပါရေ၊ အလိုဟိတိုင်း စား အလိုဟိတိုင်း အိပ် အလိုဟိတိုင်းရီချိုးပြီးကေ ငါ့အား ပျင်းရိမှုစွာ ဖြိုက်ပေါ်လာပြီးကေ ရာဂစွာ စိတ်ကို နှိပ်စက်ရေ အခါ ငါစွာလက်နန့် လုံ့လပြုပနာ သုက်ကို လွတ်စီပါရေလို့ (ပြန်ပြောဧ့)။

ငါ့သျှင် သေယျသက သင်စွာ သဒ္ဓါပြီးကေ လှူအပ်တေ ဝန်ကို သုံးဆောင်ရေလက်နန့်ပင် လုံ့လပြုပနာ သုက်ကို လွတ်စီသလောလို့ (မီးရေအခါ)

မှန်လီရေ ငါ့သျှင်ရို့လို့ (ပြန်လျှောက်ဧ့)။

'အဇာကြောင့် အသျှင်သေယျသကစွာ လက်နန့် လုံ့လပြုပနာ သုက်ကို လွတ်စီဘိရေလဲ'လို့အလိုနည်းရေ ရဟန်းရို့စွာ သရော်ကုန်ဧ့။ ရှုတ်ချကုန်ဧ့၊ အပြစ်ပြ ပြောဆိုကက်ကုန်ဧ့။

ယပြီးနောက် ထိုရဟန်းရို့စွာ အသျှင်သေယျသကကို အများကြီးဖြိုက်တေအကြောင်းနန့် သရော်ကုန်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကက်ကုန်ဧ့။ ယင်းခါ မြတ်စွာဘုရားစွာ ဒေအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝီးစီပြီးကေ အသျှင်သေယျသကကို-

'သေယျသက သင်စွာ လက်နန့် လုံ့လပြုပနာ သုက်ကို လွတ်စီဧ့ဆိုစော် မှန်သလော'လို့ စိစစ်မီးမြန်းတော်မူဧ့။

မှန်ပါရေ မြတ်စွာဘုရားလို့ (လျှောက်ဧ့)။

ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူဧ့။

'(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား (ဒေအပြုအမူစွာ) ရဟန်းရို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းရို့ အပြုအမူမဟုတ်၊ မအပ်၊ မလုပ်သင့်။ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြိုက်ရေ ယောက်ျား သင်စွာ လက်နန့် လုံ့လပြုပနာ သုက်ကို အဇာကြောင့် လွတ်စီဘိရေလဲ၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ငါစွာ အများကြီးဖြိုက်တေအကြောင်းနန့် ရာဂနန့်တကွ ဖြိုက်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းဖို့ ဟောတော်မူစွာ မဟုတ်ပါလော၊ ကာမဂုဏ်နန့်စပ်ယှဉ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ကာမဂုဏ်နန့်မစပ်ယှဉ်ဖို့ ဟောတော်မူစွာ မဟုတ်ပါလော၊ (တဏှာဒိဋ္ဌိနန့်) စွဲလမ်းခြင်းနန့်တကွ ဖြိုက်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ (တဏှာဒိဋ္ဌိနန့်) မစွဲလမ်းဖို့ ဟောတော်မူစွာ မဟုတ်ပါလော။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ငါစွာ ယင်းပိုင် ရာဂကင်းဖို့ တရားတော်ကို ဟောအပ်ပါပနာ သင်စွာ အဇာကြောင့် ရာဂဖြိုက်ခြင်းငှါ အားထုတ်ဘိရေလဲ၊ ကာမဂုဏ်နန့် မစပ်ယှဉ်ဖို့တရားတော်ကို ဟောအပ်ပါပနာ ကာမဂုဏ်နန့် စပ်ယှဉ်ခြင်းငှါ အားထုတ်ဘိရေလဲ၊ (တဏှာဒိဋ္ဌိနန့်) မစွဲလမ်းဖို့ တရားတော်ကို ဟောအပ်ပါပနာ (တဏှာဒိဋ္ဌိနန့်) စွဲလမ်းခြင်းနန့်တကွ ဖြိုက်ခြင်းငှါ အားထုတ်ဘိသလဲ။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ငါစွာ အများကြီးဖြိုက်တေအကြောင်းနန့် ရာဂကင်းခြင်းငှါတရားတော်ကို ဟောတော်မူစွာ မဟုတ်ပါလော၊ မာန်မယစ်ခြင်းငှါ (ကိလီသာဆိုရေ) ဆာလောင်မွတ်သိပ်ခြင်းကို ပယ်ဖျောက်ခြင်းငှါ အတာအတွယ်ကို ပယ်ဖြတ်ခြင်းငှါ ဝဋ် (မြစ်) ကို ဖြတ်ခြင်းငှါ တဏှာကုန်ခြင်းငှါ မတပ်မက်ခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ငြိမ်းအီးခြင်းငှါ တရားတော်ကို ဟောတော်မူစွာမဟုတ်ပါလော။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ငါစွာ အများကြီးဖြိုက်တေအကြောင်းနန့် ကာမဂုဏ် ပယ်မှုကိုဟောတော်မူစွာ မဟုတ်ပါလော၊ ကာမဂုဏ်သညာ (စိတ်) တိကို ပိုင်းခြားပြီးကေ သိမှုကို ဟောတော်မူစွာမဟုတ်ပါလော၊ ကာမဂုဏ်မွတ်သိပ်ခြင်း ပယ်ဖျောက်မှုကို ဟောတော်မူစွာ မဟုတ်ပါလော၊ ကာမဂုဏ်မာ ကြံစည်ခြင်း 'ကာမဝိတက်' ပယ်သတ်မှုကို ဟောတော်မူစွာ မဟုတ်ပါလော၊ ကာမဂုဏ်အပူအအိုက်ရို့ဧ့ ငြိမ်းအီးမှုကို ဟောတော်မူစွာ မဟုတ်ပါလော။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ဒေ (သင်လုပ်မိရေ အမှု) စွာ မကြည်ညိုသီးရေသူရို့အား ကြည်ညိုစီခြင်းငှါဖြစ်စီ၊ ကြည်ညိုပြီးရေ သူရို့အား တိုးပြီးကေ ကြည်ညိုစီခြင်းငှါဖြစ်စီ မဖြိုက်နိုင်ပေ။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား အမှန်စင်စစ် ဒေ (သင်လုပ်မိရေ အမှု) စွာ မကြည်ညိုသီးရေ သူရို့အား မကြည်ညိုစီခြင်းငှါဖြစ်စီ၊ ကြည်ညိုပြီးရေ အချို့သူရို့အားအကြည် ညိုပျက်စီခြင်းငှါဖြစ်စီ ဖြိုက်လီဧ့'လို့ (သရော်တော်မူဧ့)။

ထိုနောက် မြတ်စွာဘုရားစွာ အသျှင်သေယျသကကို အများကြီးဖြိုက်တေအကြောင်းနန့် သရော်ပြစ်တင်တော်မူပြီးကေ ကိုယ်တိုင် ပြုစုမွီးမြူနိုင်ဖို့ ခက်ခဲခြင်း။ပ။ ရဟန်းရို့ အေပိုင်ပင် ဒေသိက္ခာပုဒ်တော်ကိုပြကက်ကုန်ဖိ။

ပဌမပညတ်သိက္ခာပုဒ် အနုပညတ်သိက္ခာပုဒ်

(က) 'စေတနာနန့်တကွဖြိုက်ရေ သုက်လွတ်ခြင်းစွာ သံဃာဒိသိသ်အာပတ် သင့်ဧ့'

အေပိုင် (ပြကက်ကုန်ဖိလို့ မိန့်တော်မူဧ့)၊

အေပိုင်ပင် မြတ်စွာဘုရားစွာ ရဟန်းရို့အား ဒေသိက္ခာပုဒ်ကို ပညတ်တော်မူဧ့။

၂၃၅။ အယင်ခေါက်ကခါ ရဟန်းရို့စွာ မွန်မြတ်ရေ ဘောဇဉ်တိကို စားကက်ပြီးကေ သတိလွတ်ကင်းအဆင်ခြင်ကင်းကုန်ပနာ အိပ်ပျော်ခြင်းသို့ ရောက်ကုန်ဧ့။ သတိလွတ်ကင်း အဆင်ခြင်ကင်းကုန်ပနာ အိပ်ပျော်ခြင်းသို့ ရောက်ကုန်ရေ ထိုရဟန်းရို့အား အိပ်မက်မြင်မက်အနိန်နန့် သုက်လွတ်ဧ့၊ ထိုရဟန်းရို့ အား 'စေတနာနန့်တကွ ဖြိုက်ရေ သုက်လွတ်ခြင်းစွာ သံဃာဒိသိသ်အာပတ် သင့်ဧ့'လို့မြတ်စွာဘုရား စွာ သိက္ခာပုဒ်ကို ပညတ်တော်မူအပ်လီယာ၊ ငရို့ပင်လည်း အိပ်မက်မြင်မက်အနိန်နန့်သုက်လွတ်ကုန်ဧ့၊ ဒေအိပ်မက်မြင်မက်ရာမာစေတနာကို ရထိုက်စွာသာတဲး၊ ငရို့စွာသံဃာဒိသိသ်အာပတ် သင့်ကုန် သလော'လို့ တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ကက်ကုန်ဧ့၊ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကုန်ဧ့။

ရဟန်းရို့ ထိုစေတနာစွာ ဟိလီရေ၊ ယကေလည်းသော့ ထိုစေတနာစွာ မပြောပလောက်ပေ၊ ရဟန်းရို့ အေပိုင်ပင် ဒေသိက္ခာပုဒ်တော်ကို ပြကက်ကုန်ဖိ။

၂၃၆။ 'အိပ်မက်မာ သုက်လွတ်ခြင်းမှတစ်ပါး စေတနာနန့်တကွ ဖြိုက်ရေ သုက်လွတ်ခြင်းစွာ သံဃာဒိသိသ်အာပတ် သင့်ဧ့' အေပိုင် (ပြကက်ကုန်ဖိလို့ မိန့်တော်မူဧ့)။

သိက္ခာပုဒ်အဖွင့်

၂၃၇။ စေတနာနန့်တကွ ဖြိုက်ရေဆိုစော် သိပနာ အသီအချာသိပနာစီ့ဆော်ပြီးကေ လွန်ကျူးပြီးကေ ကျော်နင်းခြင်းတဲး။

သုက်ဆိုစော် ဆယ်မျိုးဟိဧ့၊ ဒုတ္တာရောင် အဝါရောင် အနီရောင် အဖြူရောင် ရက်တက်ရည်ရောင် ရီရောင် ဆီရောင် နွားနို့ရောင် နို့ဓမ်း (ဒိန်ခဲ) ရောင် ထောပတ်ရောင် ဟိရေ သုက်ရို့တဲး။

လွတ်ခြင်းဆိုစော် နိန်ရာမှ ရွီ့စီခြင်းကို ဆိုဧ့။

အိပ်မက်မာ သုက်လွတ်ခြင်းမှတစ်ပါးဆိုစော် အိပ်မက်မာ သုက်လွတ်ခြင်းကို ထားပြီးကေ။

သံဃာဒိသိသ်ဆိုစော် ထိုအာပတ်အတွက် သံဃာနိန်ပြီးကေ ပရိဝါသ် ပီးရဧ့၊ အရင်းသို့ ငင်ရဧ့၊ မာနတ် ပီးရဧ့၊ အဗ္ဘာန်သွင်းရဧ့၊ နှစ်ပါးသုံးပါးပင်ဖြစ်စီ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ပင်ဖြစ်စီ ပရိဝါသ် မပီးရ၊ အရင်းသို့ မငင်ရ၊ မာနတ်မပီးရ၊ အဗ္ဘာန်မသွင်းရ၊ ယင်းချင့်ကြောင့် 'သံဃာဒိသိသ်'လို့ ဆိုအပ်ဧ့။ (သံဃာဒိသိသ်ဆိုရေ နာမည်စွာ) ထိုအာပတ်အပေါင်းဧ့ နာမည်နိန်ပြီးကေတဲး၊ ယင်းချင့်ကြောင့်လည်း 'သံဃာဒိသိသ်'လို့ ဆိုအပ်ဧ့။

၁-သုက္ကဝိဿဋ္ဌိသိက္ခာပုဒ် အဖွင့်ပြီးဧ့။

ခေါင်းစိုင် မာတိကာ

အတွင်းရုပ်မာ လွတ်စီဧ့၊ အပြင်ရုပ်မာ လွတ်စီဧ့၊ အတွင်းအပြင် ရုပ်နှစ်ပါးမာ လွတ်စီဧ့၊ ကောင်းကင်မာ ခါးကို လှုပ်စီပြီးကေ လွတ်စီဧ့၊

ရာဂကြောင့် အင်္ဂါဇာတ် တောင့်တင်းခိုင်မာရေ အခါမာ လွတ်စီဧ့၊ ကျင်ကြီးကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာရေအခါမာ လွတ်စီဧ့၊ ကျင်ငယ်ကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာရေ အခါမာလွတ်စီဧ့၊ လီကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာရေ အခါမာ လွတ်စီဧ့၊ ဥစ္စာလိင်္ဂပိုးထိုးခြင်းကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာရေ အခါမာ လွတ်စီဧ့။

အနာရောဂါကင်းခြင်းငှါ လွတ်စီဧ့။ ချမ်းသာခြင်းအတွက် လွတ်စီဧ့။ ဆီးအတွက် လွတ်စီဧ့။ အလှူအတွက် လွတ်စီဧ့။ ကောင်းမူ့အတွက် လွတ်စီဧ့။ ယဇ်ပူဇော်ဖို့အတွက် လွတ်စီဧ့။ နတ်ပြည် အတွက် လွတ်စီဧ့။ မျိုးစီ့အတွက် လွတ်စီဧ့။ စနည်းနာဖို့အတွက် လွတ်စီဧ့။ ပျော်ပါးဖို့အတွက် လွတ်စီဧ့။

အညိုအဆင်းဟိရေ သုက်ကို လွတ်စီဧ့၊ အဝါအဆင်းဟိရေ သုက်ကို လွတ်စီဧ့၊ အနီအဆင်းဟိရေ သုက်ကို လွတ်စီဧ့၊ အဖြူအဆင်းဟိရေ သုက်ကို လွတ်စီဧ့၊ ရက်တက်ရည်အဆင်းဟိရေသုက်ကို လွတ်စီဧ့၊ ရီအဆင်းဟိရေ သုက်ကို လွတ်စီဧ့၊ ဆီအဆင်းဟိရေ သုက်ကို လွတ်စီဧ့၊ နွားနို့ အဆင်းဟိရေ သုက်ကို လွတ်စီဧ့၊ နို့ဓမ်းအဆင်းဟိရေ သုက်ကို လွတ်စီဧ့၊ ထောပတ်အဆင်းဟိရေ သုက်ကို လွတ်စီဧ့၊ ဒေကား ခေါင်းစိုင် မာတိကာတဲး။

မာတိကာ အဖွင့်

၂၃၈။ အတွင်းရုပ်မာဆိုစော် စွဲလမ်းအပ်တေ အတွင်းရုပ်မာ။

အပြင်ရုပ်မာဆိုစော် စွဲလမ်းအပ်တေ အပြင်ရုပ်မာဖြိုက်စီ မစွဲလမ်းအပ်တေ အပြင်ရုပ်မာဖြိုက်စီ။

အတွင်းအပြင်ရုပ်မာဆိုစော် ထိုနှစ်ပါးအပေါင်းမာ။

ကောင်းကင်မာ ခါးကို လှုပ်စီပြီးကေဆိုစော် ကောင်းကင်မာ လုံ့လပြုသူအား အင်္ဂါဇာတ်စွာ ပြုငှါအသင့်ဖြိုက်ဧ့။

ရာဂကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာရေ အခါမာဆိုစော် ရာဂနှိပ်စက်သူအား အင်္ဂါဇာတ်စွာပြုငှါ အသင့်ဖြိုက်ဧ့။

ကျင်ကြီးကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာရေ အခါမာဆိုစော် ကျင်ကြီးနှိပ်စက်သူအားအင်္ဂါဇာတ်စွာ ပြုငှါ အသင့်ဖြိုက်ဧ့။

ကျင်ငယ်ကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာရေ အခါမာဆိုစော် ကျင်ငယ်နှိပ်စက်သူအားအင်္ဂါဇာတ်စွာ ပြုငှါ အသင့်ဖြိုက်ဧ့။

လီကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာရေ အခါမာဆိုစော် လီနှိပ်စက်သူအား အင်္ဂါဇာတ်စွာပြုငှါ အသင့်ဖြိုက်ဧ့။

ဥစ္စာလိင်္ဂပိုးထိုးခြင်းကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာရေ အခါမာဆိုစော် ဥစ္စာလိင်္ဂပိုးထိုးခြင်းကြောင့် အင်္ဂါဇာတ်စွာ ပြုငှါ အသင့်ဖြိုက်ဧ့။

၂၃၉။ အနာရောဂါ ကင်းခြင်းငှါဆိုစော် အနာရောဂါမဟိစွာ ဖြိုက်ရအံ့။

ချမ်းသာခြင်းအတွက်ဆိုစော် ချမ်းသာခြင်းသုခဝေဒနာကို ဖြိုက်စီအံ့။

ဆီးအတွက်ဆိုစော် ဆီးဖြိုက်အံ့။

အလှူအတွက်ဆိုစော် အလှူကို ပီးလှူအံ့။

ကောင်းမှုအတွက်ဆိုစော် ကောင်းမှုဖြိုက်အံ့။

ယဇ်ပူဇော်ဖို့အတွက်ဆိုစော် ယဇ်ကို ပူဇော်အံ့။

နတ်ပြည်အတွက်ဆိုစော် နတ်ပြည်သို့ ရောက်အံ့။

မျိုးစီ့အတွက်ဆိုစော် မျိုးစီ့ဖြိုက်အံ့။

စနည်းနာဖို့အတွက်ဆိုစော် အညိုဖြိုက်အံ့၊ အဝါဖြိုက်အံ့၊ အနီဖြိုက်အံ့၊ အဖြူ ဖြိုက်အံ့၊ ရက်တည်ရည် အဆင်းဖြိုက်အံ့၊ ရီအဆင်းဖြိုက်အံ့၊ ဆီအဆင်းဖြိုက်အံ့၊ နွားနို့အဆင်းဖြိုက်အံ့၊ နို့ဓမ်း အဆင်းဖြိုက်အံ့၊ ထောပတ်အဆင်းဖြိုက်အံ့။

ပျော်ပါးဖို့အတွက်ဆိုစော် ရွှင်မြူးလိုပြီးကေ။

မာတိကာအဖွင့်ပြီးဧ့။

၁-သုက္ကဝိဿဋ္ဌိ သံဃာဒိသိသ် သုဒ္ဓိကဝါရ

၂၄၀။ အတွင်းရုပ်မာစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အပြင်ရုပ်မာစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အတွင်းအပြင်ရုပ်မာစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ကောင်းကင်မာ ခါးကို လှုပ်စီပနာစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ရာဂကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာရေ အခါမာစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ကျင်ကြီးကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာရေ အခါမာစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ကျင်ငယ်ကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာရေ အခါမာစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

လီကြောင့် အင်္ဂါဇာတ် တောင့်တင်းခိုင်မာရေ အခါမာစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဥစ္စာလိင်္ဂပိုးထိုးခြင်းကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာရေ အခါမာစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အနာရောဂါကင်းခြင်းငှါစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ချမ်းသာခြင်းအတွက်။ပ။ ဆီးအတွက်။ အလှူအတွက်။ ကောင်းမှုအတွက်။ ယဇ်ပူဇော်ဖို့အတွက်။ နတ်ပြည်အတွက်။ မျိုးစီ့အ လို့ငှါ။ စနည်းနာဖို့အတွက်။ ပျော်ပါးဖို့အတွက်စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အညိုအဆင်းဟိရေ သုက်ကိုစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အဝါအဆင်းဟိရေ သုက်ကို။ အနီအဆင်းဟိရေ သုက်ကို။ အဖြူအဆင်းဟိရေ သုက်ကို။ ရက်တက်ရည်အဆင်းဟိရေ သုက်ကို။ ရီအဆင်းဟိရေ သုက်ကို။ ဆီအဆင်းဟိရေ သုက်ကို။ နို့ရည်အဆင်းဟိရေ သုက်ကို။ နို့ဓမ်းအဆင်းဟိရေ သုက်ကို။ ထောပတ်အဆင်းဟိရေ သုက်ကိုစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

သုဒ္ဓိကဝါရ ပြီးဧ့။

ဧကမူ စက်ပြတ် 'ခဏ္ဍစက်

အနာရောဂါကင်းခြင်းငှါဖြစ်စီ၊ ချမ်းသာခြင်းငှါဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အနာရောဂါကင်းခြင်းငှါဖြစ်စီ၊ ဆီးအတွက်ဖြစ်စီ။ပ။ အနာရောဂါကင်းခြင်းငှါဖြစ်စီ၊ အလှူအတွက်ဖြစ်စီ။ အနာရောဂါကင်းခြင်းငှါဖြစ်စီ၊ ကောင်းမှုအတွက်ဖြစ်စီ။ အနာရောဂါကင်းခြင်းငှါဖြစ်စီ၊ ယဇ်ပူဇော်ဖို့အတွက်ဖြစ်စီ။ အနာရောဂါကင်းခြင်းငှါဖြစ်စီ၊ နတ်ပြည်အတွက်ဖြစ်စီ။ အနာရောဂါကင်းခြင်းငှါဖြစ်စီ၊ မျိုးစီ့အတွက်ဖြစ်စီ။ အနာရောဂါကင်းခြင်းငှါဖြစ်စီ၊ စနည်းနာဖို့အတွက်ဖြစ်စီ။ အနာရောဂါကင်းခြင်းငှါဖြစ်စီ၊ ပျော်ပါးဖို့အတွက်ဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ် အာပတ် သင့်ဧ့။

ဧကမူ စက်ပြတ် 'ခဏ္ဍစက်' ပြီးဧ့။

ဧကမူဧ့ စက်ဝိုင်း'ဗဒ္ဓစက်

၂၄၁။ ချမ်းသာခြင်းငှါဖြစ်စီ၊ ဆီးအတွက်ဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ချမ်းသာခြင်းငှါ ဖြစ်စီ၊ အလှူအတွက် ဖြစ်စီ။ပ။ ချမ်းသာခြင်းငှါ ဖြစ်စီ၊ ကောင်းမှုအတွက်ဖြစ်စီ။ ချမ်းသာခြင်းငှါဖြစ်စီ၊ ယဇ်ပူဇော်ဖို့အတွက်ဖြစ်စီ။ ချမ်းသာခြင်းငှါဖြစ်စီ၊ နတ်ပြည်အတွက်ဖြစ်စီ။ ချမ်းသာခြင်းငှါဖြစ်စီ၊ မျိုးစီ့အတွက်ဖြစ်စီ။ ချမ်းသာခြင်းငှါ ဖြစ်စီ၊ စနည်းနာဖို့အတွက် ဖြစ်စီ။ ချမ်းသာခြင်းငှါဖြစ်စီ၊ ပျော်ပါးဖို့အတွက်ဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ် အာပတ်သင့်ဧ့။ ချမ်းသာခြင်းငှါဖြစ်စီ အနာရောဂါကင်းခြင်းငှါဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

၂၄၂။ ဆီးအတွက် ဖြစ်စီ၊ အလှူအတွက် ဖြစ်စီ။ပ။ ဆီးအတွက် ဖြစ်စီ၊ ကောင်းမှုအတွက်ဖြစ်စီ။ ဆီးအတွက်ဖြစ်စီ၊ ယဇ်ပူဇော်ဖို့အတွက်ဖြစ်စီ။ ဆီးအတွက်ဖြစ်စီ၊ နတ်ပြည်အတွက်ဖြစ်စီ။ ဆီးအတွက်ဖြစ်စီ၊ မျိုးစီ့အတွက်ဖြစ်စီ။ ဆီးအတွက်ဖြစ်စီ၊ စနည်းနာဖို့အတွက်ဖြစ်စီ။ ဆီးအတွက်ဖြစ်စီ၊ ပျော်ပါးဖို့အတွက်ဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဆီးအတွက် ဖြစ်စီ၊ အနာရောဂါကင်းခြင်းငှါဖြစ်စီ။ပ။ ဆီးအတွက်ဖြစ်စီ၊ ချမ်းသာခြင်းငှါဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အလှူအတွက်ဖြစ်စီ၊ ကောင်းမှုအတွက်ဖြစ်စီ။ပ။ အလှူအတွက်ဖြစ်စီ၊ ယဇ်ပူဇော်ဖို့အတွက် ဖြစ်စီ။ အလှူအတွက် ဖြစ်စီ နတ်ပြည်အတွက် ဖြစ်စီ။ အလှူအတွက်ဖြစ်စီ၊ မျိုးစီ့အတွက်ဖြစ်စီ။ အလှူအတွက်ဖြစ်စီ၊ စနည်းနာဖို့အတွက်ဖြစ်စီ။ အလှူအတွက်ဖြစ်စီ၊ ပျော်ပါးဖို့အတွက်ဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အလှူအတွက်ဖြစ်စီ၊ အနာရောဂါကင်းခြင်းငှါဖြစ်စီ။ပ။ အလှူအတွက်ဖြစ်စီ၊ ချမ်းသာခြင်းငှါဖြစ်စီ။ အလှူအတွက်ဖြစ်စီ၊ ဆီးအတွက်ဖြစ်စီစီ့ဆော်ဧ့၊ လုံ့လ လုပ်ဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ကောင်းမှုအတွက်ဖြစ်စီ၊ ယဇ်ပူဇော်ဖို့ အတွက်ဖြစ်စီ။ပ။ ကောင်းမှုအတွက်ဖြစ်စီ၊ နတ်ပြည်အတွက်ဖြစ်စီ။ ကောင်းမှုအတွက်ဖြစ်စီ၊ မျိုးစီ့အတွက်ဖြစ်စီ။ ကောင်းမှုအတွက်ဖြစ်စီ၊ စနည်းနာဖို့အတွက်ဖြစ်စီ။ ကောင်းမှုအတွက်ဖြစ်စီ၊ ပျော်ပါးဖို့အတွက်ဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ကောင်းမှုအတွက်ဖြစ်စီ၊ အနာရောဂါကင်းခြင်းငှါဖြစ်စီ။ပ။ ကောင်းမှုအတွက်ဖြစ်စီ၊ ချမ်းသာခြင်းငှါဖြစ်စီ။ ကောင်းမှုအတွက်ဖြစ်စီ၊ ဆီးအတွက်ဖြစ်စီ။ ကောင်းမှုအတွက်ဖြစ်စီ၊ အလှူအတွက်ဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာ ဒိသိသ်အာပတ် သင့်ဧ့။

ယဇ်ပူဇော်ဖို့အတွက်ဖြစ်စီ၊ နတ်ပြည်အလို့ငှာဖြစ်စီ။ပ။ ယဇ်ပူဇော်ဖို့အတွက်ဖြစ်စီ၊ မျိုးစီ့အတွက် ဖြစ်စီ။ ယဇ်ပူဇော်ဖို့အတွက် ဖြစ်စီ၊ စနည်းနာဖို့အတွက်ဖြစ်စီ။ ယဇ်ပူဇော်ဖို့အတွက်ဖြစ်စီ၊ ပျော်ပါးဖို့အတွက်ဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ် အာပတ် သင့်ဧ့။

ယဇ်ပူဇော်ဖို့အတွက်ဖြစ်စီ၊ အနာရောဂါကင်းခြင်းငှါဖြစ်စီ။ပ။ ယဇ်ပူဇော်ဖို့အတွက်ဖြစ်စီ၊ ချမ်းသာခြင်းငှါဖြစ်စီ။ ယဇ်ပူဇော်ဖို့အတွက်ဖြစ်စီ၊ ဆီးအတွက်ဖြစ်စီ။ ယဇ်ပူဇော်ဖို့အတွက်ဖြစ်စီ၊ အလှူအတွက်ဖြစ်စီ။ ယဇ်ပူဇော်ဖို့အတွက်ဖြစ်စီ၊ ကောင်းမှုအတွက်ဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ်သင့်ဧ့။

နတ်ပြည်အတွက်ဖြစ်စီ၊ မျိုးစီ့အတွက်ဖြစ်စီ။ပ။ နတ်ပြည်အတွက်ဖြစ်စီ၊ စနည်းနာဖို့အတွက်ဖြစ်စီ။ နတ်ပြည်အတွက်ဖြစ်စီ၊ ပျော်ပါးဖို့အတွက်ဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

နတ်ပြည်အတွက်ဖြစ်စီ၊ အနာရောဂါကင်းခြင်းငှါဖြစ်စီ။ပ။ နတ်ပြည်အတွက်ဖြစ်စီ၊ ချမ်းသာခြင်းငှါဖြစ်စီ။ နတ်ပြည်အတွက်ဖြစ်စီ၊ ဆီးအတွက်ဖြစ်စီ။ နတ်ပြည်အတွက်ဖြစ်စီ၊ အလှူအတွက်ဖြစ်စီ။ နတ်ပြည်အတွက်ဖြစ်စီ၊ ကောင်းမှုအတွက်ဖြစ်စီ။ နတ်ပြည်အတွက်ဖြစ်စီ၊ ယဇ်ပူဇော်ဖို့အတွက်ဖြစ်စီ စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

မျိုးစီ့အတွက်ဖြစ်စီ၊ စနည်းနာဖို့အတွက်ဖြစ်စီ။ပ။ မျိုးစီ့အတွက်ဖြစ်စီ၊ ပျော်ပါးဖို့အတွက်ဖြစ်စီ စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

မျိုးစီ့အတွက်ဖြစ်စီ၊ အနာရောဂါကင်းခြင်းငှါဖြစ်စီ။ပ။ မျိုးစီ့အတွက်ဖြစ်စီ၊ ချမ်းသာခြင်းငှါဖြစ်စီ။ မျိုးစီ့အတွက်ဖြစ်စီ၊ ဆီးလို့ငှါဖြစ်စီ။ မျိုးစီ့အတွက်ဖြစ်စီ၊ အလှူအတွက် ဖြစ်စီ။ မျိုးစီ့အတွက် ဖြစ်စီ၊ ကောင်းမှုအတွက် ဖြစ်စီ။ မျိုးစီ့အတွက်ဖြစ်စီ၊ ယဇ်ပူဇော်ဖို့အတွက်ဖြစ်စီ။ မျိုးစီ့အတွက်ဖြစ်စီ၊ နတ်ပြည်အတွက်ဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

စနည်းနာဖို့အတွက် ဖြစ်စီ၊ ပျော်ပါးဖို့အတွက် ဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

စနည်းနာဖို့အတွက်ဖြစ်စီ၊ အနာရောဂါကင်းခြင်းငှါဖြစ်စီ။ပ။ စနည်းနာဖို့အတွက်ဖြစ်စီ၊ ချမ်းသာခြင်းငှါဖြစ်စီ။ စနည်းနာဖို့အတွက်ဖြစ်စီ၊ ဆီးအတွက်ဖြစ်စီ။ စနည်းနာဖို့အတွက်ဖြစ်စီ၊ အလှူအတွက်ဖြစ်စီ။ စနည်းနာဖို့အတွက်ဖြစ်စီ၊ ကောင်းမှုအတွက်ဖြစ်စီ။ စနည်းနာဖို့အတွက်ဖြစ်စီ၊ ယဇ်ပူဇော်ဖို့အတွက်ဖြစ်စီ။ စနည်းနာဖို့အတွက်ဖြစ်စီ၊ နတ်ပြည်အတွက်ဖြစ်စီ။ စနည်းနာဖို့အတွက်ဖြစ်စီ၊ မျိုးစီ့အတွက်ဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ပျော်ပါးဖို့အတွက် ဖြစ်စီ၊ အနာရောဂါကင်းခြင်းငှါ ဖြစ်စီ။ပ။ ပျော်ပါးဖို့အတွက်ဖြစ်စီ၊ ချမ်းသာခြင်းငှါ ဖြစ်စီ။ ပျော်ပါးဖို့အတွက် ဖြစ်စီ၊ ဆီးအတွက်ဖြစ်စီ။ ပျော်ပါးဖို့အတွက်ဖြစ်စီ၊ အလှူအတွက်ဖြစ်စီ။ ပျော်ပါးဖို့အတွက်ဖြစ်စီ၊ ကောင်းမှုအတွက်ဖြစ်စီ။ ပျော်ပါးဖို့အတွက် ဖြစ်စီ၊ ယဇ်ပူဇော်ဖို့အတွက် ဖြစ်စီ။ ပျော်ပါးဖို့အတွက်ဖြစ်စီ၊ နတ်ပြည်အတွက်ဖြစ်စီ။ ပျော်ပါးဖို့အတွက်ဖြစ်စီ၊ မျိုးစီ့ အတွက် ဖြစ်စီ။ ပျော်ပါးဖို့အတွက် ဖြစ်စီ၊ စနည်းနာဖို့အတွက် ဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဧကမူဧ့ စက်ဝိုင်း 'ဗဒ္ဓစက်' ပြီးဧ့။

[ဒုမူ ခဏ္ဍစက် ဒုမူ ဗဒ္ဓစက်တိကို အကျိုင်းချုံးအပ်ဧ့။ တိမူ။ပ။ နဝမူတိကိုလည်း ယင်းအတူ အကျယ်ချဲ့အပ်ဧ့]။

၂၄၃။ အနာရောဂါကင်းခြင်းငှါဖြစ်စီ၊ ချမ်းသာခြင်းငှါဖြစ်စီ၊ ဆီးအတွက်ဖြစ်စီ၊ အလှူအတွက်ဖြစ်စီ၊ ကောင်းမှုအတွက်ဖြစ်စီ၊ ယဇ်ပူဇော်ဖို့အတွက်ဖြစ်စီ၊ နတ်ပြည်အတွက်ဖြစ်စီ၊ မျိုးစီ့အတွက်ဖြစ်စီ၊ စနည်းနာဖို့အတွက်ဖြစ်စီ၊ ပျော်ပါးဖို့အတွက်ဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

သဗ္ဗမူ ပြီးဧ့။

၂၄၄။ အညိုအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အညိုအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အနီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ပ။ အညို့အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဖြူအဆင်းဟိရေ သုက်ကိုဖြစ်စီ။ အညိုအဆင်းဟိရေသုက်ကိုဖြစ်စီ၊ ရက်တက်ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ။ အညိုအဆင်းဟိရေသုက်ကိုဖြစ်စီ၊ ရီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ အညိုအဆင်းဟိရေသုက်ကိုဖြစ်စီ၊ ဆီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ အညိုအဆင်းဟိရေသုက်ကိုဖြစ်စီ၊ နို့ရည်အဆင်း ဟိရေ သုက်ကိုဖြစ်စီ။ အညိုအဆင်းဟိရေသုက်ကိုဖြစ်စီ၊ နို့ဓမ်းအဆင်းဟိရေ သုက် ကိုဖြစ်စီ။ အညိုအဆင်းဟိရေသုက်ကိုဖြစ်စီ၊ ထောပတ်အဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဧကမူဧ့ စက်ပြတ် 'ခဏ္ဍစက်' ပြီးဧ့။

၂၄၅။ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အနီအဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဖြူအဆင်းဟိရေ သုက်ကိုဖြစ်စီ။ပ။ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ရက်တက်ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ။ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ရီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ဆီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ နို့ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ။ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ နို့ဓမ်းအဆင်းဟိရေ သုက်ကိုဖြစ်စီ။ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ထောပတ်အဆင်းဟိရေသုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လ လုပ်ဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အညိုအဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဧကမူဧ့ စက်ဝိုင်း 'ဗဒ္ဓစက်' ပြီးဧ့။

၂၄၆။ အနီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဖြူအဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အနီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ရက်တက်ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ။ပ။ အနီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ရီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ အနီအဆင်းဟိရေသုက်ကိုဖြစ်စီ၊ ဆီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ အနီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ နို့ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ။ အနီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ နို့ဓမ်းအဆင်းဟိရေ သုက်ကိုဖြစ်စီ။ အနီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ထောပတ်အဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အနီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အညိုအဆင်းဟိရေ သုက်ကိုဖြစ်စီ။ အနီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အဖြူအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ရက်တက်ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ။ပ။ အဖြူအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ရီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ အဖြူအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ဆီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ အဖြူအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ နို့ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ။ အဖြူအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ နို့ဓမ်းအဆင်းဟိရေ သုက်ကိုဖြစ်စီ။ အဖြူအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ထောပတ်အဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အဖြူအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အညိုအဆင်းဟိရေ သုက်ကိုဖြစ်စီ။ပ။ အဖြူအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီ။ အဖြူအဆင်းဟိရေသုက်ကိုဖြစ်စီ၊ အနီအဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ရက်တက်ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ရီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ပ။ ရက်တက်ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ဆီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ ရက်တက်ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ နို့ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ။ ရက်တက်ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ နို့ဓမ်းအဆင်းဟိရေ သုက်ကိုဖြစ်စီ။ ရက်တက်ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ထောပတ်အဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လ လုပ်ဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ရက်တက်ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အညိုအဆင်းဟိရေ သုက်ကိုဖြစ်စီ။ပ။ ရက်တက်ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီ။ ရက်တက်ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အနီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ ရက်တက် ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဖြူအဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လ လုပ်ဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ရီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ဆီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ပ။ ရီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ နို့ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ။ ရီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ နို့ဓမ်းအဆင်းဟိရေ သုက်ကိုဖြစ်စီ။ ရီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ထောပတ်အဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ရီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အညိုအဆင်းဟိရေ သုက်ကိုဖြစ်စီ။ပ။ ရီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီ။ ရီအဆင်းဟိရေသုက်ကိုဖြစ်စီ၊ အနီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ ရီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဖြူအဆင်းဟိရေ သုက်ကိုဖြစ်စီ။ ရီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ရက်တက်ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဆီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ နို့ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ။ပ။ ဆီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ နို့ဓမ်းအဆင်းဟိရေ သုက်ကိုဖြစ်စီ။ ဆီအဆင်းဟိရေသုက်ကိုဖြစ်စီ၊ ထောပတ်အဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဆီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အညိုအဆင်းဟိရေ သုက်ကိုဖြစ်စီ။ပ။ ဆီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီ။ ဆီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အနီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ ဆီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဖြူအဆင်းဟိရေ သုက်ကိုဖြစ်စီ။ ဆီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ရက်တက်ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ။ ဆီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ရီအဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

နို့ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ နို့ဓမ်းအဆင်းဟိရေ သုက်ကိုဖြစ်စီ။ပ။ နို့ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ထောပတ်အဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

နို့ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အညိုအဆင်းဟိရေ သုက်ကိုဖြစ်စီ။ပ။ နို့ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီ။ နို့ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အနီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ နို့ရည်အဆင်းဟိရေသုက်ကိုဖြစ်စီ၊ အဖြူ အဆင်းဟိရေ သုက်ကိုဖြစ်စီ။ နို့ရည်အဆင်းဟိရေသုက်ကိုဖြစ်စီ၊ ရက်တက်ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ။ နို့ရည်အဆင်းဟိရေသုက်ကိုဖြစ်စီ ရီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ နို့ရည်အဆင်းဟိရေသုက်ကိုဖြစ်စီ၊ ဆီအဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

နို့ဓမ်းအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ထောပတ်အဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

နို့ဓမ်းအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အညိုအဆင်းဟိရေ သုက်ကိုဖြစ်စီ။ပ။ နို့ဓမ်းအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီ။ နို့ဓမ်းအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အနီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ နို့ဓမ်းအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဖြူအဆင်းဟိရေ သုက်ကိုဖြစ်စီ။ နို့ဓမ်းအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ရက်တက်ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ။ နို့ဓမ်းအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ရီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ နို့ဓမ်းအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ဆီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ နို့ဓမ်းအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ နို့ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာ ဒိသိသ်အာပတ်သင့်ဧ့။

ထောပတ်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အညိုအဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ထောပတ်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီ။ပ။ ထောပတ်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အနီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ ထောပတ်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဖြူအဆင်းဟိရေ သုက်ကိုဖြစ်စီ။ ထောပတ်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ရက်တက်ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ။ ထောပတ်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ရီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ ထောပတ်အဆင်းဟိရေသုက်ကိုဖြစ်စီ၊ ဆီအဆင်းဟိရေ သုက်ကိုဖြစ်စီ။ ထောပတ်အဆင်းဟိရေသုက်ကိုဖြစ်စီ၊ နို့ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ။ ထောပတ်အဆင်းဟိရေသုက်ကိုဖြစ်စီ၊ နို့ဓမ်း အဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဧကမူဧ့ စက်ဝိုင်း 'ဗဒ္ဓစက်'ပြီးဧ့။

[ဒုမူခဏ္ဍစက် ဒုမူဗဒ္ဓစက်တိကို အကျိုင်းချုံးအပ်ဧ့။ တိမူ။ပ။ နဝမူတိကိုလည်း ယင်းအတူ အကျယ်ချဲ့အပ်ဧ့]။

၂၄၇။ အညိုအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အနီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဖြူအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ရက်တက်ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ရီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ဆီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ နို့ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ နို့ဓမ်းအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ထောပတ်အဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

သဗ္ဗမူပြီးဧ့။

၂၄၈။ အနာရောဂါကင်းခြင်းငှါဖြစ်စီ၊ အညိုအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အနာရောဂါကင်းခြင်းငှါဖြစ်စီ၊ ချမ်းသာခြင်းငှါဖြစ်စီ၊ အညိုအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အနာရောဂါကင်းခြင်းငှါဖြစ်စီ၊ ချမ်းသာခြင်းငှါဖြစ်စီ၊ ဆီးအတွက်ဖြစ်စီ၊ အညိုအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အနီအဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

[စက်ပေါင်း နှစ်ခုပွါးကို ဒေနည်းတူပင် (တိုးပြီးကေ တိုးပြီးကေ) ပွါးရဖို့]။

အနာရောဂါကင်းခြင်းငှါဖြစ်စီ၊ ချမ်းသာခြင်းငှါဖြစ်စီ၊ ဆီးအတွက်ဖြစ်စီ၊ အလှူအတွက်ဖြစ်စီ၊ ကောင်းမှုအတွက်ဖြစ်စီ၊ ယဇ်ပူဇော်ဖို့ အတွက်ဖြစ်စီ၊ နတ်ပြည်အတွက်ဖြစ်စီ၊ မျိုးစီ့အတွက်ဖြစ်စီ၊ စနည်းနာဖို့အတွက်ဖြစ်စီ၊ ပျော်ပါးဖို့အတွက်ဖြစ်စီ၊ အညိုအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဝါအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အနီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ အဖြူအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ရက်တက်ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ရီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ဆီအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ နို့ရည်အဆင်းဟိရေ သုက်ကိုဖြစ်စီ၊ နို့ဓမ်းအဆင်းဟိရေ သုက်ကိုဖြစ်စီ၊ ထောပတ်အဆင်းဟိရေ သုက်ကိုဖြစ်စီစီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

စက်ပေါင်း 'မိဿကစက်' ပြီးဧ့။

၂၄၉။ အညိုအဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ အဝါအဆင်းဟိရေသုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အညိုအဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ အနီ။ပ။ အဖြူ။ ရက်တက်ရည်အဆင်း။ ရီအဆင်း။ ဆီအဆင်း။ နို့ရည်အဆင်း။ နို့ဓမ်းအဆင်း။ ထောပတ်အဆင်းဟိရေသုက် လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

စက်ပြတ် 'ခဏ္ဍစက်' ပြီးဧ့။

၂၅၀။ အဝါအဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ အနီအဆင်းဟိရေသုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အဝါအဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ အဖြူ။ပ။ ရက်တက်ရည့်အဆင်း။ ရီအဆင်း။ ဆီအဆင်း။ နို့ရည်အဆင်း။ နို့ဓမ်းအဆင်း။ ထောပတ်အဆင်း။ အညိုအဆင်းဟိရေ သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။ စက်ဝိုင်း 'ဗဒ္ဓစက်' မူကို အကျိုင်းချုပ်အပ်ပြီ။

၂၅၁။ ထောပတ်အဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ အညိုအဆင်းဟိရေ သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ထောပတ်အဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ အဝါ။ပ။ အနီ။ အဖြူ။ ရက်တက်ရည်အဆင်း။ ဆီအဆင်း။ နို့ရည်အဆင်း။ နို့ဓမ်းအဆင်းဟိရေ သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဝမ်းစက် 'ကုစ္ဆိစက်' ပြီးဧ့။

၂၅၂။ အဝါအဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ အညိုအဆင်းဟိရေသုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အနီအဆင်းဟိရေ သုက်ကို။ပ။ အဖြူအဆင်းဟိရေ သုက်ကို။ ရက်တက်ရည် အဆင်းဟိရေ သုက်ကို။ ရီအဆင်းဟိရေသုက်ကို။ ဆီအဆင်းဟိရေ သုက်ကို။ နို့ရည်အဆင်းဟိရေ သုက်ကို။ နို့ဓမ်းအဆင်းဟိရေ သုက်ကို။ ထောပတ်အဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ အညိုအဆင်းဟိရေ သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ကျောစက် 'ပိဋ္ဌိစက်' ပဌမလှည့်ပုံ ပြီးဧ့။

၂၅၃။ အနီအဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ အဝါအဆင်းဟိရေသုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အဖြူအဆင်းဟိရေ သုက်ကို။ပ။ ရက်တက်ရည်အဆင်းဟိရေ သုက်ကို။ ရီအဆင်းဟိရေ သုက်ကိုဆီအဆင်းဟိရေ သုက်ကို။ နို့ရည်အဆင်းဟိရေ သုက်ကို။ နို့ဓမ်းအဆင်းဟိရေ သုက်ကို။ ထောပတ်အဆင်းဟိရေ သုက်ကို။ အညိုအဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ အဝါအဆင်းဟိရေ သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ကျောစက် 'ပိဋ္ဌိစက်' ဒုတိယလှည့်ပုံ ပြီးဧ့။

၂၅၄။ အဖြူအဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ အနီအဆင်းဟိရေသုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ရက်တက်ရည်အဆင်းဟိရေ သုက်ကို။ပ။ ရီအဆင်းဟိရေ သုက်ကို။ ဆီအဆင်းဟိရေ သုက်ကို။ နို့ရည်အဆင်းဟိရေ သုက်ကို။ နို့ဓမ်းအဆင်းဟိရေ သုက်ကို။ ထောပတ်အဆင်းဟိရေ သုက်ကို။ အညို အဆင်းဟိရေ သုက်ကို။ အဝါအဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ အနီ အဆင်းဟိရေ သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ကျောစက် 'ပိဋ္ဌိစက်' တတိယလှည့်ပုံ ပြီးဧ့။

၂၅၅။ ရက်တက်ရည် အဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ အဖြူအဆင်းဟိရေ သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ရီအဆင်းဟိရေ သုက်ကို။ပ။ ဆီအဆင်းဟိရေ သုက်ကို။ နို့ရည်အဆင်းဟိရေ သုက်ကို။ နို့ဓမ်းအဆင်းဟိရေ သုက်ကို။ ထောပတ်အဆင်းဟိရေ သုက်ကို။ အညိုအဆင်းဟိရေ သုက်ကို။ အဝါ့အဆင်းဟိရေ သုက်ကို။ အနီအဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ အဖြူအဆင်းဟိရေ သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ကျောစက် 'ပိဋ္ဌိစက်' စတုတ္ထလှည့်ပုံ ပြီးဧ့။

၂၅၆။ ရီအဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့။ ရက်တက်ရည်အဆင်းဟိရေ သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဆီအဆင်းဟိရေ သုက်ကို။ပ။ နို့ရည်အဆင်းဟိရေ သုက်ကို။ နို့ဓမ်းအဆင်းဟိရေ သုက်ကို။ ထောပတ်အဆင်းဟိရေ သုက်ကို။ အညိုအဆင်းဟိရေ သုက်ကို။ အဝါအဆင်းဟိရေ သုက်ကို။ အနီအဆင်းဟိရေ သုက်ကို။ အဖြူအဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ ရက်တက်ရည်အဆင်းဟိရေ သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ကျောစက် 'ပိဋ္ဌိစက်' ပဉ္စမလှည့်ပုံ ပြီးဧ့။

၂၅၇။ ဆီအဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့။ ရီအဆင်းဟိရေသုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

နို့ရည်အဆင်းဟိရေ သုက်ကို။ပ။ နို့ဓမ်းအဆင်းဟိရေ သုက်ကို။ ထောပတ်အဆင်းဟိရေ သုက်ကို။ အညိုအဆင်းဟိရေ သုက်ကို။ အဝါအဆင်းဟိရေ သုက်ကို။ အနီအဆင်းဟိရေ သုက်ကို။ အဖြူအဆင်းဟိရေ သုက်ကို။ ရက်တက်ရည်အဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ ရီအဆင်းဟိရေ သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ကျောစက် 'ပိဋ္ဌိစက်' ဆဋ္ဌလှည့်ပုံ ပြီးဧ့။

၂၅၈။ နို့ရည်အဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့။ ဆီအဆင်းဟိရေသုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

နို့ဓမ်းအဆင်းဟိရေ သုက်ကို။ ထောပတ်အဆင်းဟိရေ သုက်ကို။ အညိုအဆင်းဟိရေ သုက်ကို။ အဝါအဆင်းဟိရေ သုက်ကို။ အနီအဆင်းဟိရေ သုက်ကို။ အဖြူအဆင်းဟိရေ သုက်ကို။ ရက်တက်ရည်အဆင်းဟိရေ သုက်ကို။ ရီအဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ ဆီအဆင်းဟိရေ သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ကျောစက် 'ပိဋ္ဌိစက်' သတ္တမလှည့်ပုံ ပြီးဧ့။

၂၅၉။ နို့ဓမ်းအဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့။ နို့ရည်အဆင်း ဟိရေသုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ထောပတ်အဆင်းဟိရေ သုက်ကို။ အညိုအဆင်းဟိရေ သုက်ကို။ အဝါအဆင်းဟိရေ သုက်ကို။ အနီအဆင်းဟိရေ သုက်ကို။ အဖြူအဆင်းဟိရေ သုက်ကို။ ရက်တက်ရည်အဆင်းဟိရေ သုက်ကို။ ရီအဆင်းဟိရေ သုက်ကို။ ဆီအဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ နို့ရည်အဆင်းဟိရေ သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ကျောစက် 'ပိဋ္ဌိစက်' အဋ္ဌမလှည့်ပုံ ပြီးဧ့။

၂၆၀။ ထောပတ်အဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့။ နို့ဓမ်းအဆင်းဟိရေ သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အညိုအဆင်းဟိရေ သုက်ကို။ အဝါအဆင်းဟိရေ သုက်ကို။ အနီအဆင်းဟိရေ သုက်ကို။ အဖြူအဆင်းဟိရေ သုက်ကို။ ရက်တက်ရည်အဆင်းဟိရေ သုက်ကို။ ရီအဆင်းဟိရေ သုက်ကို။ ဆီအဆင်းဟိရေ သုက်ကို။ နို့ရည်အဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့။ နို့ဓမ်းအဆင်းဟိရေ သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ကျောစက် 'ပိဋ္ဌိစက်' နဝမလှည့်ပုံ ပြီးဧ့။

၂၆၁။ အညိုအဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့။ ထောပတ်အဆင်းဟိရေ သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အဝါအဆင်းဟိရေ သုက်ကို။ အနီအဆင်းဟိရေ သုက်ကို။ အဖြူအဆင်းဟိရေ သုက်ကို။ ရက်တက်ရည်အဆင်းဟိရေ သုက်ကို။ ရီအဆင်းဟိရေ သုက်ကို။ ဆီအဆင်းဟိရေသုက်ကို။ နို့ရည်အဆင်း ဟိရေ သုက်ကို။ နို့ဓမ်းအဆင်းဟိရေ သုက်ကို လွတ်စီအံ့လို့စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ ထောပတ် အဆင်းဟိရေ သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ကျောစက် 'ပိဋ္ဌိစက်' ဒသမလှည့်ပုံ ပြီးဧ့။

ကျောစက် 'ပိဋ္ဌိစက်' ပြီးဧ့။

၂၆၂။ စီ့ဆော်ဧ့၊ လုံ့လပြုဧ့၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။ စီ့ဆော်ဧ့၊ လုံ့လ လုပ်ဧ့၊ မလွတ်အံ့၊ ထုလ္လစ္စိုင်းအာပတ် သင့်ဧ့။ စီ့ဆော်ဧ့၊ လုံ့လမလုပ်၊ လွတ်အံ့၊ အာပတ်မသင့်၊ စီ့ဆော်ဧ့၊ လုံ့လ မလုပ်၊ မလွတ်အံ့၊ အာပတ်မသင့်။ မစီ့ဆော်၊ လုံ့လပြုဧ့၊ လွတ်အံ့၊ အာပတ် မသင့်။ မစီ့ဆော်၊ လုံ့လပြုဧ့၊ မလွတ်အံ့၊ အာပတ်မသင့်။ မစီ့ဆော်၊ လုံ့လမလုပ်၊ လွတ်အံ့၊ အာပတ်မသင့်။ မစီ့ဆော်၊ လုံ့လမလုပ်၊ မလွတ်အံ့၊ အာပတ်မသင့်။

အိပ်မက်မြင်မက်အနိန်နန့် သုက်လွတ်ရေ ရဟန်း၊ မလွတ်စီလိုရေ ရဟန်း၊ (သည်းခြီပျက်ပြီးကေ) ရူးရေ ရဟန်း၊ (ဘီလူးဖမ်းပြီးကေ) စိတ်ပျံ့လွင့်ရေ ရဟန်း၊ ဝေဒနာဖိစီးရေ ရဟန်း၊ အစလက်ဦးလွန်ကျူးရေ ရဟန်းအား အာပတ် မသင့်။

စက်လှည့်ပုံ ပြဆိုရာအခန်း ပြီးဧ့။


ဝိနီတဝထုခေါင်းစိုင်မာတိကာ

အိပ်မက်၊ ကျင်ကြီး၊ ကျင်ငယ်၊ ကြံစီ၊ တွီးတောခြင်း၊ ရပူချိုးခြင်း၊ ဆီး၊ ယားနာ၊ လမ်းခရီး၊ သိုအိမ်၊ မီးဇရုံးအိမ်၊၁ လုံ့လလုပ်ခြင်း။

မောင်သျှင်၊ အိပ်ပျော်သူ၊ ပေါင်၊ လက်ဆုပ်နန့်၊ ညှပ်ခြင်း၊ ကောင်းကင်မာ ဆန့်ခြင်း၊ ကြေ့ခြင်း၊ သော့ပေါက်၊ သစ်သားနန့် ပွတ်တိုက်သူ။

ရီအလျဉ်၊ ရီညွန်၊ ဗြီးခြင်း၊ ပန်းတစ်သိန်၊ ကြာတော၊ သဲညွန်၊ ရီလောင်းခြင်း၊ အိပ်ရာ၊ လက်မ၊ ဒေကား ခေါင်းစိုင်မာတိကာတဲး။

၁။ မီးဇရုံးအိမ်ဟူစွာ- ဆီးနှင်းများရေ အရပ်ရို့မာ ဆီးနှင်းကြောင့်ဖြိုက်ရေ ရောဂါအစဟိစော်ကို တားမြစ်ရန်အတွက် ကိုယ်မှ ချွေးထုတ်ရာဌာနတဲး။

ဝိနီတဝထုဖြတ်ထုံးတိ

၂၆၃။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးအား အိပ်မက် မြင်မက်အနိန်နန့် သုက်လွတ်ဧ့၊ ထိုရဟန်းအား'ငါစွာ သံဃာဒိသိသ်အာပတ် သင့်လီသလော'လို့ တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့၊ ယင်းခါ ထိုရဟန်းစွာ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားဧ့။ ရဟန်းအိပ်မက်မြင်မက်ပြီးကေ သုက်လွတ်ခြင်းနန့် အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၁)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ကျင်ကြီး စွန့်စိုင် သုက်လွတ်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားဧ့။

ရဟန်း သင်စွာ ဇာစိတ်ဟိရေလဲလို့ (မီးတော်မူရာ)

မြတ်စွာဘုရား တပည့်တော်စွာ လွတ်စီလိုစိတ် မဟိပါလို့ (လျှောက်ထားဧ့)။

ရဟန်း လွတ်စီလိုစိတ်မဟိရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၂)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ကျင်ငယ် စွန့်စိုင် သုက်လွတ်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း လွတ်စီလိုစိတ် မဟိရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၃)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ကာမဂုဏ် အကြံစီအစီကို ကြံစီတွီးတောစိုင် သုက်လွတ်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း ကြံစီတွီးတောရေ ရဟန်းအားအာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၄)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ရပူနန့် ရီချိုးစိုင် သုက်လွတ်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။

ရဟန်း သင်စွာ ဇာစိတ်ဟိရေလဲလို့ (မီးတော်မူရာ)

မြတ်စွာဘုရား တပည့်တော်စွာ လွတ်စီလိုစိတ် မဟိပါလို့ (လျှောက်ထားဧ့)။

ရဟန်း လွတ်စီလိုစိတ်မဟိရေ ရဟန်းအား အာပတ်မသင့်လို့ (မိန့်တော်မူဧ့)။ (၅)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ်ဟိစွာဖြိုက်ပြီးကေ ရပူနန့် ရီချိုးစိုင် သုက် လွတ်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သင်စွာ သံဃာဒိသိသ် အာပတ်သင့်ပြီလို့ (မိန့်တော်မူဧ့)။ (၆)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ်ဟိစွာဖြိုက်ပြီးကေ ရပူနန့် ရီချိုးစိုင် သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ်မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၇)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးအား အင်္ဂါဇာတ်မာ အနာပေါက်အနိန်နန့် ဆီးလိမ်းစိုင် သုက်လွတ်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း လွတ်စီလိုစိတ် မဟိရေ ရဟန်းအားအာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၈)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးအား အင်္ဂါဇာတ်မာ အနာပေါက်အနိန်နန့် သုက်လွတ်စီလိုစွာဖြိုက်ပြီးကေ ဆီးလိမ်းစိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၉-၁၀)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ဝှေးစီ့ကို အယားဖျောက်စိုင် သုက်လွတ်ဧ့၊ ထိုရဟန်းအားတွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း လွတ်စီလိုစိတ် မဟိရေ ရဟန်းအား အာပတ်မသင့်လို့ (မိန့်တော်မူဧ့)။ (၁၁)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုပြီးကေ ဝှေးစီ့ကို အယားဖျောက်စိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ့်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁၂-၁၃)

၂၆၄။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ခရီးလားစိုင် သုက်လွတ်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း လွတ်စီလိုစိတ်မဟိရေ ရဟန်းအား အာပတ်မသင့်လို့ (မိန့်တော်မူဧ့)။ (၁၄)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ်ဟိစွာဖြိုက်ပြီးကေ ခရီးလားစိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁၅-၁၆)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သိုအိမ်ကို ကိုင်ပြီးကေ ကျင်ငယ်စွန့်စိုင် သုက်လွတ်ဧ့၊ ထိုရဟန်းအားတွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း လွတ်စီလိုစိတ်မဟိရေ ရဟန်းအား အာပတ်မသင့်လို့ (မိန့်တော်မူဧ့)။ (၁၇)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ် ဟိစွာဖြိုက်ပြီးကေ သိုအိမ်ကို ကိုင်ပြီးကေ ကျင်ငယ်စွန့်စိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁၈-၁၉)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ မီးဇရုံးအိမ်မာ ဝမ်းပျဉ်းကို မီးကင်စိုင် သုက်လွတ်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း လွတ်စီလိုစိတ် မဟိရေ ရဟန်းအားအာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၂၀)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ်ဟိစွာဖြိုက်ပြီးကေ မီးဇရုံးအိမ်မာ ဝမ်းပျဉ်းကို မီးကင်စိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၂၁-၂၂)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ မီးဇရုံးအိမ်မာ ဥပဇ္ဈာယ်ဆရာအား ကျောမာ ချီးတွန်းခြင်းကို လုပ်စိုင်သုက်လွတ်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း လွတ်စီလိုစိတ်မဟိရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၂၃)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ်ဟိစွာဖြိုက်ပြီးကေ မီးဇရုံးအိမ်မာ ဥပဇ္ဈာယ်ဆရာအားကျောမာ ချီးတွန်းခြင်းကို လုပ်စိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၂၄-၂၅)

၂၆၅။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ပေါင်ကို ထိခိုက်မိစိုင် သုက်လွတ်ဧ့၊ ထိုရဟန်းအားတွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း လွတ်စီလိုစိတ် မဟိရေ ရဟန်းအား အာပတ်မသင့်လို့ (မိန့်တော်မူဧ့)။ (၂၆)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ် ဟိစွာဖြိုက်ပြီးကေ ပေါင်ကို ထိခိုက်စီစိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၂၇-၂၈)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ်ဟိစွာဖြိုက်ပြီးကေ မောင်သျှင်တစ်ပါးကို ငါ့သျှင်မောင်သျှင် လာဖိ၊ ငါဧ့ အင်္ဂါဇာတ်ကို ကိုင်ဖိလို့ ပြောဆိုဧ့၊ ထိုမောင်သျှင်စွာ ထိုရဟန်းဧ့အင်္ဂါဇာတ်ကို ကိုင်ဧ့၊ ထိုရဟန်းအားနိန်ပြီးကေ သုက်လွတ်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယ့ကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် သင့်ပြီလို့ (မိန့်တော်မူဧ့)။ (၂၉)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ အိပ်ပျော်ရေ မောင်သျှင်ဧ့ အင်္ဂါဇာတ်ကို ကိုင်ဧ့၊ ထိုရဟန်းအားနိန်ပြီးကေ သုက်လွတ်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၃၀)

၂၆၆။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ် ဟိစွာဖြိုက်ပြီးကေ ပေါင်ရို့နန့် အင်္ဂါဇာတ်ကိုညှပ်စိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၃၁-၃၂)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ် ဟိစွာဖြိုက်ပြီးကေ လက်ဆုပ်နန့် အင်္ဂါဇာတ်ကိုညှစ်စိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၃၃-၃၄)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ် ဟိစွာဖြိုက်ပြီးကေ ကောင်းကင်မာ ခါးကိုလှုပ်စိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၃၅-၃၆)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ကိုယ်ကို ဆန့်စိုင် သုက်လွတ်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း လွတ်စီလိုစိတ် မဟိရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၃၇)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ် ဟိစွာဖြိုက်ပြီးကေ ကိုယ်ကို ဆန့်စိုင် သုက် လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၃၈-၃၉)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွန်စွာ တပ်မက်ရေစိတ် ဟိစွာဖြိုက်ပြီးကေ မိမဧ့ အင်္ဂါဇာတ်ကိုကြေ့ရှုဧ့၊ ထိုရဟန်းအား သုက်လွတ်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ယကေလည်းသော့ ရဟန်းရို့ လွန်စွာ တပ်မက် ရေ စိတ်နန့်မိမဧ့ အင်္ဂါဇာတ်ကို မကြေ့ရှုအပ်၊ ကြေ့ရှုရေ ရဟန်းအား ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၄၀)

၂၆၇။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ် ဟိစွာဖြိုက်ပြီးကေ သံကောက်ပေါက် 'သော့ပေါက်'သို့ အင်္ဂါဇာတ်ကို သွင်းစိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၄၁-၄၂)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ် ဟိစွာဖြိုက်ပြီးကေ သစ်သားနန့် အင်္ဂါဇာတ်ကိုရိုက်ပုတ်စိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၄၃-၄၄)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ရီစီးကို ဆန်ပြီးကေ ရီချိုးစိုင် သုက်လွတ်ဧ့၊ ထိုရဟန်းအားတွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း လွတ်စီလိုစိတ် မဟိရေ ရဟန်းအား အာပတ်မသင့်လို့ (မိန့်တော်မူဧ့)။ (၄၅)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ် ဟိစွာဖြိုက်ပြီးကေ ရီစီးကို ဆန်ပြီးကေ ရီချိုးစိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၄၆-၄၇)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ရီညွှန်မာ ကစားစိုင် သုက်လွတ်ဧ့၊ ထိုရဟန်းအားတွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း လွတ်စီလိုစိတ် မဟိရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၄၈)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ် ဟိစွာဖြိုက်ပြီးကေ ရီညွန်မာ ကစားစိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၄၉-၅၀)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ရီမာဗြီးလားစိုင် သုက်လွတ်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း လွတ်စီလိုစိတ် မဟိရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၅၁)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ် ဟိစွာဖြိုက်ပြီးကေ ရီမာ ဗြီးလားစိုင် သုက် လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၅၂-၅၃)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ပန်းတစ်သိန်ကစားစိုင် သုက်လွတ်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း လွတ်စီလိုစိတ် မဟိရေ ရဟန်းအား အာပတ်မသင့်လို့ (မိန့်တော်မူဧ့)။ (၅၄)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ် ဟိစွာဖြိုက်ပြီးကေ ပန်းတစ်သိန်ကစားစိုင် သုက် လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၅၅-၅၆)

၂၆၈။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ကြာတောမာ ဗြီးလားစိုင် သုက်လွတ်ဧ့၊ ထိုရဟန်းအားတွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း လွတ်စီလိုစိတ် မဟိရေ ရဟန်းအား အာပတ်မသင့်လို့ (မိန့်တော်မူဧ့)။ (၅၇)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ် ဟိစွာဖြိုက်ပြီးကေ ကြာတောမာ ဗြီးလားစိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၅၈-၅၉)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ် ဟိစွာဖြိုက်ပြီးကေ သဲသို့ အင်္ဂါဇာတ်ကို သွင်းစိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၆၀-၆၁)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ် ဟိစွာဖြိုက်ပြီးကေ ညွန်သို့ အင်္ဂါဇာတ်ကို သွင်းစိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၆၂-၆၃)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ရီနန့် အင်္ဂါဇာတ်ကိုလောင်းစိုင် သုက်လွတ်ဧ့၊ ထိုရဟန်းအားတွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း လွတ်စီလိုစိတ် မဟိရေ ရဟန်းအား အာပတ်မသင့်လို့ (မိန့်တော်မူဧ့)။ (၆၄)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ် ဟိစွာဖြိုက်ပြီးကေ ရီနန့် အင်္ဂါဇာတ်ကိုလောင်းစိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၆၅-၆၆)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ် ဟိစွာဖြိုက်ပြီးကေ အိပ်ရာမာ အင်္ဂါဇာတ်ကို ပွတ်တိုက်စိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၆၇-၆၈)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွတ်စီလိုစိတ် ဟိစွာဖြိုက်ပြီးကေ လက်မနန့် အင်္ဂါဇာတ်ကို ပွတ်တိုက်စိုင် သုက်လွတ်ဧ့။ပ။

သုက်မလွတ်ချေ၊ ထိုရဟန်းအား ငါစွာ သံဃာဒိသိသ်အာပတ် သင့်လီသလောလို့တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့၊ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားဧ့။ ရဟန်းသံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၆၉-၇၀)

ပဌမ သုက္ကဝိဿဋ္ဌိသိက္ခာပုဒ် ရခိုင်ဘာသာပြန်ပြီးပါဗျာလ်။