Jump to content

သုတ္တဝိညတ္တိသိက္ခာပုဒ်

ဝီကီးပီးဒီးယား က

၆-သုတ္တဝိညတ္တိသိက္ခာပုဒ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၆၃၆။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ ရာဇဂြိုဟ်မြို့ ရှဉ့်နက်ရို့အား အစာကျွေးရာ ဖြိုက်ရေဝေဠုဝန်ကျောင်း၌ သီတင်းသုံးနီတော်မူရေအခါ ဆဗ္ဗဂ္ဂီရဟန်းရို့စွာ သင်္ကန်းချုပ်သော အခါ၌အများကြီးသော ချည်ကို တောင်းကတ်ကုန်၏၊ သင်္ကန်းချုပ်ပြီးကေလေ့ ချည်အတိကြီး ကြွင်းကျန်နီ၏၊ ယင်းခါ ဆဗ္ဗဂ္ဂီရဟန်းရို့အား "ငါ့သျှင်ရို့ အဂု ငါရို့စွာ အခြားသော ချည်ကိုလဲ့ တောင်းပနာယိုင်စွာရို့ကို သင်္ကန်းရက်စီကုန်အံ့"ဟု အကြံဖြိုက်ပေါ်၏။

ယင်းခါ ဆဗ္ဗဂ္ဂီရဟန်းရို့စွာ အခြားသော ချည်ကိုလဲ့ တောင်းပနာ ယိုင်စွာရို့ကိုသင်္ကန်းရက်စီကုန်၏၊ သင်္ကန်းရက်ပြီးကေလေ့ ချည်အတိကြီး ကြွင်းကျန်နီသိမ့်၏၊ နှစ်ကြိမ်မြောက်လည်း ဆဗ္ဗဂ္ဂီရဟန်းရို့စွာ အခြားသော ချည်ကိုလဲ့ တောင်းပနာ ယိုင်စွာရို့ကို သင်္ကန်းရက်စီကုန်၏၊ သင်္ကန်းရက်ပြီးကေလေ့ ချည်အတိကြီး ကြွင်းကျန်နီပြန်သိမ့်၏၊ သုံးကြိမ်မြောက်လည်းဆဗ္ဗဂ္ဂီရဟန်းရို့စွာ အခြားသော ချည်ကိုလဲ့ တောင်းပနာ ယိုင်စွာရို့ကို သင်္ကန်းရက်စီကုန်၏။

လူရို့စွာ "အဇာကြောင့် သာကီဝင်မင့်သား ဘုရားအနွယ်တော်ဖြိုက်ရေ ရဟန်းရို့စွာကိုယ်တိုင်ချည်ကို တောင်းပနာ ယိုင်စွာရို့ကို သင်္ကန်းရက်စီကုန်ဘိသနည်း"ဟု သရော်ကုန်၏၊ ရှုတ်ချ ကုန်၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏၊ ရဟန်းရို့စွာ သရော် ရှုတ်ချ အပြစ်ပြ ပြောဆိုကတ်သော ဟိုလူရို့၏ စကားကို ကြားကတ်ရေသာတည်း၊ အလိုနည်းသော ရဟန်းရို့စွာ "အဇာကြောင့်ဆဗ္ဗဂ္ဂီ ရဟန်းရို့စွာ ကိုယ်တိုင် ချည်ကို တောင်းပနာ ယိုင်စွာရို့ကိုသင်္ကန်းရက်စီကုန်ဘိသနည်း"ဟု သရော် ကုန်၏၊ ရှုတ်ချ ကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏၊ ယင်းခါထိုရဟန်းရို့စွာ ဆဗ္ဗဂ္ဂီ ရဟန်းရို့ကို အများကြီးသော အကြောင်းနန့် သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။

"ရဟန်းရို့ သင်ရို့စွာ ကိုယ်တိုင် ချည်ကို တောင်းပနာ ယိုင်စွာရို့ကို သင်္ကန်းရက်စီကတ်၏ဟူစွာ မှန်သလော"ဟု စိစစ် မီးမြန်းတော်မူ၏။

မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။

ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေယောက်ျားရို့ သင်ရို့စွာ ကိုယ်တိုင် ချည်ကို တောင်းပနာ ယိုင်စွာရို့ကို အဇာကြောင့် သင်္ကန်းရက်စီကုန်ဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားရို့ ဒေ (သင်ရို့ပြုမိသောအမှု) စွာမကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်ငှါလိ့ကောင်း။ပ။

ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။


၆၃၇။ "အကြင်ရဟန်းစွာ ကိုယ်တိုင် ချည်ကိုတောင်းပနာ ယိုင်စွာ ရို့ကိုသင်္ကန်းရက်စီငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။

၆-သုတ္တဝိညတ္တိသိက္ခာပုဒ်အဖွင့်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၆၃၈။ အကြင်ဟူစွာ အကြင်သို့သဘောဟိရေ။ပ။

ရဟန်းဆိုရေ။ပ။ ဒေအရာမာ ဒေဉတ္တိစတုတ္ထကံနန့် ရဟန်းအဖြိုက်သို့ ရောက်သူကို "ရဟန်း"ဟုအလိုရှိအပ်၏၊

ကိုယ်တိုင်ဟူစွာ မိမိ တောင်းပနာ။

ချည် ဆိုစွာ ဂုံချည်၊ ဝါချည်၊ ပိုးချည်၊ သားမွီး 'ကမ္ဗလာ'ချည်၊ ဖေ့သာလျော်ချည်၊ ဘန်ချည် အနိန်နန့် ခြီာက်မျိုးရို့တည်း။

ယိုင်စွာရို့ကိုဟူစွာ ရက်ကန်း အလုပ်သမားရို့ကို ရက်စီအံ့၊ အားထုတ်မှု ပယောဂ တိုင်းပယောဂတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် စွန့်ခြင်း (ဝိနည်းကံ) ဟိ၏။ သံဃာအားသော်လိ့ကောင်း၊ ဂိုဏ်းအားသော်လိ့ကောင်း၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။

ရဟန်းရို့ ဧပိုင် စွန့်ရဖို့။ပ။

"အသျှင်ဘုရားရို့ ဒေ အကျွန်ုပ်၏ သင်္ကန်းစွာ ကိုယ်တိုင် ချည်ကို တောင်းပနာ ရက်ကန်း စွာရို့ကို ရက်စီအပ်အနိန်နန့် စွန့်ခြင်း (ဝိနည်းကံ) ဟိပါရေ၊ အကျွန်ုပ်စွာ ဒေသင်္ကန်းကို သံဃာအားစွန့်ပါ၏"ဟု။ပ။ ပီးရာ၏ဟု။ပ။ ပီးကုန်ရာ၏ဟု။ပ။ အသျှင့် အားပီးပါ၏ဟု (ပြန်ပီးရဖို့)။

၆၃၉။ ရက်စီအပ်ရေ၌ ရက်စီအပ်ရေဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ရက်စီအပ်ရေ၌ ယုံမှားရှိအံ့၊ နိဿဂ္ဂိပါစိတ် အာပတ် သင့်၏။ ရက်စီအပ်ရေ၌ မရက်စီအပ်ဟု ထင်မှတ်ခြင်း ရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် မသင့်။

မရက်စီအပ်ရေ၌ ရက်စီအပ်ရေဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မရက်စီ့အပ်ရေ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။ မရက်စီအပ်ရေ၌် မရက်စီအပ်ဟု ထင်မှတ်ခြင်းရှိအံ့၊ အာပတ် မသင့်။

၆၄၀။ သင်္ကန်းချုပ်ခြင်းငှါ (ချည်ကို တောင်းအံ့)၊ အာပတ်မသင့်။ အာယောဂပတ်၌လိ့ကောင်း၊ ခါးကြိုး၌လိ့ကောင်း၊ ပက်ခုံးဖွဲ့ (ကြိုး) ၌လိ့ကောင်း၊ သပိတ်အိတ်၌လိ့ကောင်း၊ ရီစစ်၌လိ့ကောင်း အာပတ် မသင့်၊ အမျိုးတော်သူရို့အားလိ့ကောင်း၊ ဖိတ်ကြားအပ်သူရို့အားလိ့ကောင်း၊ အခြားသူ၏အလို့ငှါလိ့ကောင်း (တောင်းအံ့)၊ မိမိဥစ္စာနန့်ဝယ်အံ့၊ အာပတ်မသင့်။ ရူးသော ရဟန်း အစလက်ဦးလွန်ကျူးသော ရဟန်းအား အာပတ်မသင့်။

ဆဋ္ဌ သုတ္တဝိညတ္တိသိက္ခာပုဒ် ပြီး၏။