Jump to content

သုဒ္ဓကာဠကသိက္ခာပုဒ်

ဝီကီးပီးဒီးယား က

၂-သုဒ္ဓကာဠကသိက္ခာပုဒ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၅၄၇။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ ဝေသာလီမြို့ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ သီတင်းသုံးနီတော်မူရေအခါ ဆဗ္ဗဂ္ဂီရဟန်းရို့စွာ နာမည်း သက်သက်ဖြိုက်ရေ သိုးမွီးအခင်းကို ပြုလုပ်စီကုန်၏၊ ကျောင်းစိုင် ဒေသစာရီလှည့်လည်ကတ်ရေ လူရို့စွာမြင်ကြပနာ "သာကီဝင်မင့်သား ဘုရားအနွယ်တော်ဖြိုက်ရေ ရဟန်းရို့စွာ နာမည်းသက်သက်ဖြိုက်ရေသိုးမွီးအခင်းကို အဇာကြောင့် ပြုလုပ်စီကုန်ဘိသနည်း၊ ကာမဂုဏ်ခံစားကတ်သူ လူရို့ပိုင်တိုင်းး"ဟုသရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏၊ ရဟန်းရို့စွာ သရော် ရှုတ်ချ အပြစ်ပြ ပြောဆိုကတ်သော ဟိုလူရို့၏ စကားကို ကြားကတ်ရေသာတည်း။

အလိုနည်းသော ရဟန်းရို့စွာ "ဇာကြောင့် ဆဗ္ဗဂ္ဂီရဟန်းရို့စွာ နာမည်းသက်သက်ဖြိုက် သောသိုးမွီးအခင်းကို ပြုလုပ်စီကုန်ဘိသနည်း"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏၊ ယင်းခါ ထိုရဟန်းရို့စွာ ဆဗ္ဗဂ္ဂီရဟန်းရို့ကို အများကြီးသော အကြောင်းနန့် သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။ပ။

"ရဟန်းရို့ သင်ရို့စွာ နာမည်းသက်သက်ဖြိုက်ရေ သိုးမွီးအခင်းကို ပြုလုပ်စီကတ်၏ဟူစွာမှန်သလော"ဟု စိစစ် မီးမြန်းတော်မူ၏။

မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။

ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေယောက်ျားရို့ "သင်ရို့စွာ နာမည်းသက်သက်ဖြိုက်ရေ သိုးမွီးအခင်းကို အဇာကြောင့် ပြုလုပ်စီကြဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားရို့ ဒေ (သင်ရို့ပြုမိသောအမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။

ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။

၅၄၈။ "အကြင်ရဟန်းစွာ နာမည်းသက်သက်ဖြိုက်ရေ သိုးမွီးအခင်းကို ပြုလုပ်စီငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။


၂-သုဒ္ဓကာဠကသိက္ခာပုဒ် အဖွင့်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၅၄၉။ အကြင်ဟူစွာ အကြင်သို့သဘောဟိရေ။ပ။

ရဟန်းဆိုရေ။ပ။ ဒေအရာမာ ဒေဉတ္တိစတုတ္ထကံနန့် ရဟန်းအဖြိုက်သို့ ရောက်သူကို "ရဟန်း"ဟုအလိုရှိအပ်၏။

နာမည်း ဆိုစွာ နာမည်းရို့စွာ နှစ်မျိုးရို့တည်း၊ သဘာဝနာမည်းလိ့ကောင်း၊ ဆိုးထားသောနာမည်းလိ့ကောင်းတည်း။

အခင်း ဆိုစွာ မရက်ဘဲ ဖြန့်ပနာ ပြုလုပ်အပ်ရေ အခင်းတည်း။

ပြုလုပ်စီငြားအံ့ဟူစွာ (ကိုယ်တိုင်ကေလေ့) ပြုလုပ်အံ့၊ (သူတပါးရို့ကိုကေလေ့) ပြုလုပ်စီအံ့၊ အားထုတ်မှု ပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် စွန့်ခြင်း (ဝိနည်းကံ) ဟိ၏။ သံဃာအား သော်လိ့ကောင်း၊ ဂိုဏ်းအား သော်လိ့ကောင်း၊ ပုဂပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။ပ။

ရဟန်းရို့ ဧပိုင် စွန့်ရဖို့။ပ။

"အသျှင်ဘုရားရို့ ဒေအကျွန်ုပ်၏ အခင်းစွာ နာမည်းသက်သက်ဖြိုက်ရေ သိုးမွီးကို ပြုလုပ်စီအပ်အနိန်နန့် စွန့်ထိုက်ပါရေ၊ အကျွန်ုပ်စွာ ဒေအခင်းကို သံဃာအား စွန့်ပါ၏"ဟု။ပ။ ပီးရာ၏ဟု။ပ။ ပီးကုန်ရာ၏ဟု။ပ။ အသျှင်အား ပီးပါ၏ဟု (ပြန်ပီးရဖို့)။

၅၅၀။ မိမိရေ ပြုပနာ မပြီးသိမ့်စွာကို မိမိ ပြီးဆုံးစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ မိမိရေ ပြုပနာ မပြီးသိမ့်စွာကို သူတပါးရို့ကို ပြီးဆုံးစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ သူတပါးရို့စွာ ပြုပနာ မပြီးသိမ့်စွာကို မိမိ ပြီးဆုံးစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ သူတပါးရို့စွာ ပြုပနာ မပြီးသိမ့်စွာကို သူတပါးရို့ကို ပြီးဆုံးစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

သူတပါး၏ အကျိုးငှါ (ကိုယ်တိုင်ကေလေ့) ပြုအံ့၊ (သူတပါးရို့ကိုကေလေ့) ပြုစီအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အခြားသူစော် ပြုအပ်ပြီးကို ရပြီးကေ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၅၅၁။ ဗိတာန် 'ဘုံပိတ်' ကိုသော်လိ့ကောင်း၊ မြေအခင်းကိုသော်လိ့ကောင်း၊ တင်းတိမ်'လန့်ဆန့်ကာ' ကို သော်လိ့ကောင်း၊ ဘုံလျှို'ဖုံ'ကို သော်လိ့ကောင်း၊ ခေါင်းအုံးကိုသော်လိ့ကောင်း ပြုအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသောရဟန်းအား အာပတ် မသင့်။

ဒုတိယ သုဒ္ဓကာဠကသိက္ခာပုဒ် ပြီး၏။