သူငယ်တော်ကျွန်း
အသွင်ပြင်
သူငယ်တော်ကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]သူငယ်တော်ကျွန်းစွာ ဆင်ခြံကျွန်းဧ အရှိဖက်တွင်ဟိရေ။ ဆင်ဖြူဒင်မြစ်က ခြားနားထားရေ။ သူငယ်တော်ကျွန်းဧ မြောက်ဘက်စွာ ဇီးဇာကျွန်း၊ အရှိဖက်ရေ ပါးဒါကျွန်း၊ တောင်ဘက်စွာ ဝင်းကျွန်း ဖြိုက်ရေ။ ဝင်းကျွန်းနန့် မတ်ကန်မြစ်က ခြားနားထားရေ။
ဒေကျွန်းတွင် သူငယ်တော်၊ ပြွန်ခေါင်၊ အဝပြင်၊ သဘွား၊ ဆင်ဖြူဒင်၊ ဆားသမား၊ ငခင်းစပ်၊ ကျွဲနစွေ စစွာတိပါဝင်ကတ်ရေ။ သူငယ်တော်ရွာမာ မတ်ကန်မြစ်နန့် ဆင်ဖြူဒင်မြစ်ရို့ဆုံရာမာဟိရေ။ ဆင်ဖြူဒင်မြစ်ကြောင်းကနိန်တဆင့် ပါးဒါ၊ ဇီးဇာရို့သို့ ပေါက်ရောက်နှိုင်ရေ။
ဒေကျွန်းစွာ သူငယ်တော်ကြီးအမတ်အား မိမိတပ်နန့် အတူ ချထားခရာ အရပ်ဖြိုက်ရေ။ ဒေသူငယ်တော်ကြီးရေ နန်းတွင်း၌ တာဝန်ထမ်းရရေ လေးလမင်းခေါ် အမတ်နန့် တူဟန်မဟိပါ။ မြောက်ဦးနှောင်းခေတ်တွင် ဘုရင်က ယုံကြေအနိန်နန့် သူငယ်တော်ကြီးတဦးကို လက်ယာမြန်အရာ ပီးခကြောင်း ရာဇဝင်၌ဆိုထားရေ။ ( စန္ဒ။၂:၂၅၉)[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။