Jump to content

သြဂတ်

ဝီကီးပီးဒီးယား က

သြဂတ်လ (အင်္ဂလိပ်: August၊ အတိုကောက်: Aug.) စွာ ဂရီဂေါရီးယန်း ပြက္ခဒိန် နန့် ဂျူလီယန် ပြက္ခဒိန် ရို့၏ အဋ္ဌမမြောက်လ ဖြစ်ရေ။ ရက်ပေါင်း ၃၁ ရက် ဟိပြီးကေ ဂျူလိုင်လ နန့် စက်တင်ဘာလ ကြားမာ ကျရောက်ရေ။[၁]

သြဂတ်လကို ရှေးရောမပြက္ခဒိန်မာ Sextilis လို့ ခေါ်ခရေ။ ယင်းနာမည်စွာ လက်တင်ဘာသာနန့် “ဆဋ္ဌမမြောက်လ” လို့ အဓိပ္ပာယ်ရပြီးကေ ရှေးရောမပြက္ခဒိန်၏ လအစဉ်ကို ဖော်ပြရေ။ ဘီစီ ၈ ခုနှစ်မာ ရောမအင်ပါယာ၏ ပထမဦးဆုံးဧကရာဇ် ဩဂတ်စတပ်စ် ဆီဇာ ကို ဂုဏ်ပြုရေအနိန်နန့် Augustus လို့ နာမည်ပြောင်းခရေ။ အင်္ဂလိပ်ဘာသာမာ သုံးနီရေ August ဆိုရေနာမည်စွာ ယင်းက ဆင်းသက်လာစွာ ဖြစ်ရေ။[၁][၂]

ပြက္ခဒိန်နန့် ရိုးရာပွဲတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

သြဂတ်လစွာ နီရောင်ခြည်ပြက္ခဒိန်၏ လတစ်လ ဖြစ်ရေ။ ဝါခေါင်လ စွာ ရခိုင်ရိုးရာပြက္ခဒိန်၏ လတစ်လဖြစ်ပြီးကေ ယေဘုယျအားဖြင့် ဂျူလိုင်လနန့် သြဂတ်လကာလရို့နန့် ဆက်စပ်ကျရောက်ရေ။ ယင်းချင့်ကြောင့် သြဂတ်လနန့် ဝါခေါင်လကို တစ်ထပ်တည်းတူရေလတိအဖြစ် မသတ်မှတ်နိုင်ဘဲ ရိုးရာပွဲတိ၏ အင်္ဂလိပ်ရက်စွဲစွာ နှစ်အလိုက် ပြောင်းလဲနိုင်ရေ။[၃]

ဝါခေါင်လနန့် ဆက်စပ်ရေ ဗုဒ္ဓဘာသာအလှူပွဲတစ်မျိုးစွာ စာရီးတံမဲပွဲ ဖြစ်ရေ။ အလှူရှင်တိက သံဃာတော်တိ၏ ဘွဲ့နာမည်ပါရေ မဲတိကို နှိုက်ပြီးကေ မဲကျရေ သံဃာတော်အား ဆွမ်း၊ သင်္ကန်းနန့် အခြားအသုံးအဆောင်တိ လှူဒါန်းကတ်ရေ။ ဒေပွဲစွာ မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာရိုးရာပွဲတစ်မျိုး ဖြစ်ရေ။[၄]

နိုင်ငံတကာ အထိမ်းအမှတ်နိတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

သြဂတ်လမာ ကျရောက်ရေ နိုင်ငံတကာအထိမ်းအမှတ်နိတချို့မှာ အောက်ပါအတိုင်း ဖြစ်ရေ။[၅]

ရက်စွဲ အထိမ်းအမှတ်နိ
သြဂတ် ၁ ရက်မှ ၇ ရက်အထိ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရီး ရက်သတ္တပတ်
သြဂတ် ၉ ရက် ကမ္ဘာ့ဌာနီတိုင်းရင်းသားတိ၏ နိုင်ငံတကာနိ
သြဂတ် ၁၂ ရက် နိုင်ငံတကာလူငယ်နိ
သြဂတ် ၁၉ ရက် ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနိ
သြဂတ် ၂၁ ရက် အကြမ်းဖက်မှုဒဏ်ခံရသူတိအား အောက်မိဂုဏ်ပြုရေ နိုင်ငံတကာနိ
သြဂတ် ၂၂ ရက် ဘာသာရီး သို့မဟုတ် ယုံကြည်မှုကို အကြောင်းပြုရေ အကြမ်းဖက်မှုဒဏ်ခံရသူတိအား အောက်မိရေ နိုင်ငံတကာနိ
သြဂတ် ၂၃ ရက် ကျွန်ကုန်ကူးမှုနန့် ယင်းစနစ်ဖျက်သိမ်းမှုကို အောက်မိရေ နိုင်ငံတကာနိ
သြဂတ် ၂၇ ရက် ကမ္ဘာ့ရီကန်နိ
သြဂတ် ၂၉ ရက် နျူကလီးယားစမ်းသပ်မှု ဆန့်ကျင်ရီး နိုင်ငံတကာနိ
သြဂတ် ၃၀ ရက် အတင်းအဓမ္မပျောက်ဆုံးစီခံရသူတိအတွက် နိုင်ငံတကာနိ
သြဂတ် ၃၁ ရက် အာဖရိကနွယ်ဖွားတိအတွက် နိုင်ငံတကာနိ

မြန်မာနိုင်ငံနန့် ရခိုင်ပြည်ဆိုင်ရာ အထိမ်းအမှတ်နိတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
ရက်စွဲ အထိမ်းအမှတ်နိ အကြောင်းအရာ
သြဂတ် ၈ ရက် ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နိ ၁၉၈၈ ခုနှစ် သြဂတ် ၈ ရက်မာ နိုင်ငံတစ်ဝန်း ဒီမိုကရေစီတောင်းဆိုရေ လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက်ခစွာကို အောက်မိရေနိ။[၆]
သြဂတ် ၁၃ ရက် ရခိုင်ဆန်ပြဿနာနိ ၁၉၆၇ ခုနှစ် စစ်တွေမြို့ ဆန်ပြဿနာဆိုင်ရာ လူထုဆန္ဒပြမှုနန့် ပစ်ခတ်နှိမ်နင်းမှုအတွင်း သီဆုံးခသူတိကို အောက်မိရေနိ။[၇]
သြဂတ် ၁၄ ရက် ဆရာကြီးဦးဦးသာထွန်း ကွယ်လွန်ခြင်း နှစ်ပတ်လည်နိ ရခိုင်သမိုင်းပညာရှင်နန့် နိုင်ငံရီးသမား ဆရာကြီးဦးဦးသာထွန်းကို အောက်မိရေနိ။[၈]

ရှစ်လေးလုံးအရေးတော်ပုံ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၁၉၈၈ ခုနှစ် သြဂတ် ၈ ရက်မာ ကျောင်းသားတိ၊ ရဟန်းသံဃာတိ၊ ဝန်ထမ်းတိနန့် ပြည်သူတိ ပါဝင်ရေ နိုင်ငံတစ်ဝန်း ဆန္ဒပြလှုပ်ရှားမှုတိ ဖြစ်ပေါ်ခရေ။ ဆန္ဒပြသူတိစွာ စစ်အုပ်ချုပ်ရီး အဆုံးသတ်ရီးနန့် ဒီမိုကရေစီရဟိရီးကို တောင်းဆိုခကတ်ရေ။ ဒေလှုပ်ရှားမှုကို ရှစ်လေးလုံးအရေးတော်ပုံ လို့ သိကတ်ရေ။[၉]

၁၉၆၇ ခုနှစ် သြဂတ် ၁၃ ရက်မာ စစ်တွေမြို့ ၌ ဆန်ရှားပါးမှုနန့် စားနပ်ရိက္ခာအခက်အခဲတိကြောင့် လူထုဆန္ဒပြမှု ဖြစ်ပေါ်ခရေ။ ယင်းဆန္ဒပြမှုကို စစ်တပ်က ပစ်ခတ်နှိမ်နင်းခသဖြင့် လူသီဆုံးမှုတိ ဖြစ်ပေါ်ခရေ။ သီဆုံးသူအရေအတွက်စွာ အရင်းအမြစ်တိအလိုက် ကွဲလွဲနီရေ။ နောက်ပိုင်းမာ သြဂတ် ၁၃ ရက်ကို ရခိုင်ဆန်ပြဿနာနိ အဖြစ် အောက်မိအခမ်းအနားတိ ပြုလုပ်ကတ်ရေ။[၇]

ဆရာကြီးဦးဦးသာထွန်း အောက်မိနိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ရခိုင်သမိုင်းနန့် ယဉ်ကျေးမှုဆိုင်ရာ ပညာရှင် ဦးဦးသာထွန်း စွာ နိုင်ငံရီးလှုပ်ရှားမှုတိမာလည်း ပါဝင်ခရေ။ ဆရာကြီးစွာ ၁၉၉၀ ခုနှစ် သြဂတ် ၁၄ ရက်မာ စစ်တွေထောင်၌ ကွယ်လွန်ခရေ။[၈] ဆရာကြီး၏ ကွယ်လွန်ခြင်းနှစ်ပတ်လည်ကို ရခိုင်လူမှုအသိုင်းအဝိုင်းတချို့က အောက်မိအခမ်းအနားတိ ပြုလုပ်ခကတ်ပြီးကေ ရခိုင်ဆန်ပြဿနာနိနန့် ပူးတွဲကျင်းပခရေ အခမ်းအနားတိလည်း ဟိရေ။[၁၀]

  1. 1 2 Getty Research Institute. August — Art & Architecture Thesaurus.
  2. ↑ Time and Date. August: The 8th Month of the Year.
  3. ↑ Myanmar National Portal. Festivals — Wagaung Festival.
  4. ↑ Myanmar Digital News. Wakhaung, the month of casting lots festival.
  5. ↑ United Nations in Indonesia. List of International Days and Weeks — August.
  6. ↑ https://www.hrw.org/news/2013/08/06/burma-justice-1988-massacres Burma: Justice for 1988 Massacres
  7. 1 2 Development Media Group. Vox Pop: Remembering ‘rice crisis day’ in Arakan State. ၁၃ သြဂတ် ၂၀၂၂။
  8. 1 2 Gaung. The Political Footsteps of Arakan’s Sayargyi U Oo Tha Tun. Development Media Group၊ ၁၂ အောက်တိုဘာ ၂၀၂၂။
  9. ↑ အထောက်အထား အမှား- Invalid <ref> tag; name cannot be a simple integer. Use a descriptive title. အထောက်အထား အမှား- The opening <ref> tag is malformed or has a bad name.
  10. ↑ Narinjara News. Arakanese Observe Day of the Rice Massacre. Burma News International၊ ၂၀၁၁။