Jump to content

ဟန်နီနွေဦး

ဝီကီးပီးဒီးယား က
ဟန်နီနွီဦး
ဟန်နီနွီဦး ၂၀၂၀
မွီးသက္ကရာဇ်ဟန်နီနွီဦး
(1999-03-19) ၁၉ မတ်ချ်လ၊ ၁၉၉၉ (အသက် ၂၇)
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
နိုင်ငံလူမျိုးမြန်မာ
လူမျိုးဗမာ–ရခိုင်
ပညာရီးနိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)
အလုပ်အကိုင်သရုပ်ဆောင်၊ တော်လှန်ရီးသမား
တက်ကြွလှုပ်ယှားနှစ်တိ၂၀၁၉–၂၀၂၁

ဟန်နီနွီဦး ( ၁၉ မတ် ၁၉၉၉ မွီးဖွား) စွာ မြန်မာ့တပ်မတော်ကို လက်နက်စွဲကိုင်တော်လှန်နိန်ရေ ရခိုင်အမျိုးသမီး သရုပ်ဆောင်ဟောင်းတဦး ဖြစ်တေ။ ၂၀၂၁ ခုနှစ်မြန်မာနိုင်ငံအာဏာသိမ်းပြီးနောက်မာ ထင်ရှား‌ရေတော်လှန်ရီးသမားတိထဲက တဦးဖြစ်လာခရေ။[][]

အာဏာသိမ်းမှု ဆန့်ကျင်ရီး ဆန္ဒပြပွဲများမာ ဦးဆောင်ပါဝင်ပတ်သက်မှုကြောင့် သူမအား ဖမ်းဆီးဖို့ စစ်ကောင်စီက ဝရမ်းထုတ်ခရေ။ သူမစွာ သူရဲကောင်းတဦးဖြစ်ပြီးကေ အာဏာသိမ်းမှုဆန့်ကျင်ရီးလှုပ်ယှားမှုများမာ သူမဧ့ ပါဝင်လှုပ်ယှားမှုတိကြောင့် "ပြည်သူ့ကလိန်မေ" အဖြစ် သတ်မှတ်ခံရရေ။[][]

ဟန်နီနွီဦးကို ၉ ရက်နိ မာ့ခ်ျလ ၁၉၉၉ ခုနှစ်မာ ရန်ကုန်မြို့မာ မွေးဖွာခရေ။ ဗမာ – ရခိုင် ဘန်ဒတ်ဖြစ်တေ။[ကိုးကားချက်လိုအပ်ပါရေ]

အသက်မွီးဝမ်းကြောင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မာ ဂျာမန်ဘာသာ ပညာသင်ကြားနီစဉ် ၂၀၁၉ ခုနှစ်မာ ပြည်မားမဂ္ဂဇင်းတိနန့် ဂီတဗီဒီယိုများမာ မော်ဒယ် အဖြစ် ပါဝင်ခရေ။[] သူမစွာ တီဗီကြော်ငြာ ၂၀ ကျော်မာပါဝင်ခရေ။[] Oppo ဧ့ brand ambassador တယောက် အဖြစ်လည်း ခန့်အပ်ခံခရရေ။[][] ၂၀၂၀ ခုနှစ်ထုတ် Yangon In Love ဇာတ်ကားမာ အဓိကနိန်ရာမှ ပါဝင်သရုပ်ဆောင်ခရေ။

သူမစွာ အကျိုးအမြတ်မယူရေအဖွဲ့အစည်း Care Teen မာလည်း ပါဝင်ဆောင်ရွက်ခရေ။ ထိုအဖွဲ့အစည်းစွာ ဆင်းရဲနွမ်းပါးရေအချေတိအား သင်ထောက်ကူပစ္စည်းများ ထောက်ပင့်ခြင်းနန့် ကျန်းမာရီးနန့် ပညာရီးဝန်ဆောင်မှုတိ ပီးခရေ။[]

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ အာဏာသိမ်းပြီးနောက်မာ သူမစွာ အာဏာသိမ်းမှု ဆန့်ကျင်ရီး ဆန္ဒပြပွဲများစွာမာ ပါဝင်လှုပ်ရှားခခြင်းကြောင့် တောခိုရန် ဖြစ်လာခရေ။ တခြားသော ထင်ရှားကျော်ကြားသူ များစွာနန့် တတူ အာဏာဖီဆန်ရီး ပြည်သူ့လှုပ်ယှားမှု (CDM) မာ ပါဝင်ရန် တောင်းဆိုခပြီးကေ ပြည်ထောင်စု လွှတ်တော် တက်စားပြု ကော်မတီကို ထောက်ခံခရေ။ ယေဇုနန့် အများပြည်သူ ငြိမ်းချမ်းတိုင်းရီးကို နှောင့်ယှက်ရန် မြှောက်ပင့်ပီးမှုဖြင့် တရားစွဲဆိုခြင်း ခံခရရေ။ ၂၀၂၁ ခုနှစ် ဂျူလိုင်လ ၃ ရက်နိမာ တပ်မတော်သားတိက လမ်းမတော်မြို့နယ်ဟိ သူမဧ့ မိသားစုနီအိမ်သို့ ရောက်ဟိလာယား စစ်အစိုးရက နီအိမ်အား ချိတ်ပိတ်သိမ်းယူလိုက်ကတ်ောင်း ကြေညာခရေ။ နောက်ပိုင်းမာ သူမစွာ ကျောင်းသားလက်ရုံးတပ်တော် ဟု လူသိများရေ တော်လှန်ရီးအဖွဲ့မာ ပါဝင်ခပြီး လက်ဟိမာ ဘဏ္ဍာရီးမှူး အဖြစ် တာဝန်ထမ်းဆောင်နိန်ရေ။ စစ်ရီးသင်တန်းဆင်းပွဲ အခမ်းအနားမာ သူမစွာ လက်ဖြောင့်တပ်သားဆုကို ရဟိခရေ။[]

  1. Frontier (2022-09-13). "'This is robbery': junta's property seizure spree" (in American English). Retrieved 2023-01-10.
  2. "မော်ဒယ်၊သရုပ်ဆောင် ဟန်နီနွီဦးကို မဇ္ဈိမက ဆက်သွယ်မီးမြန်းချက်" (in English). Retrieved 2023-01-10.
  3. 1 2 "နွီဦးမာပွင့်တဲ့ပန်း – ဟန်နီနွီဦး" (in Burmese). 2022-10-20. Retrieved 2023-01-10.
  4. "တောထဲက ရဲဘော်တိနန့် တသားတည်းဟိကြောင်းကို မြို့ထက်ကပြည်သူတိ လုပ်နိုင်မယ့် နည်းလမ်းသျှေကိုမျှဝီ တိုက်တွန်းလာလတ် ဟန်နီနွီဦး" (in Burmese). Retrieved 2023-01-10.
  5. Express (2020-03-10). "ထွန်းတောက်လာဖို့ YUFL က ကြယ်သျှေတပွင့် (သို့) ဟန်နီနွီဦး" (in American English). Archived from the original on 10 January 2023. Retrieved 2023-01-10.
  6. နားလည်မှုဟိပီးနှိုင်ရေ သူမျိုးကိုရာ သဘောကျရေဆိုရေ ဟန်နီနွီဦး, archived from the original on 10 January 2023, retrieved 2023-01-10
  7. yoyarlay (2020-08-20). "OPPO မှ Reno4 စမတ်ဖုန်းအသစ်ကို သြဂတ်လ ၂၂ ရက်နိမာ တရားဝင် စတင် မိတ်ဆက်မည်" (in American English). Retrieved 2023-01-10.
  8. Live Chat with Cele - ဟန်နီနွီဦး, archived from the original on 10 January 2023, retrieved 2023-01-10
  9. "အသက် (၂၃) နှစ် ပြည့်လားခဗျာဖြစ်တဲ့ ပြည်သူ့အချစ်တော်လေး ဟန်နီနွီဦး" (in Burmese). Retrieved 2023-01-10.