Jump to content

အကူအညီ:ဝီကီပီးဒီးယား မိတ်ဆက်

ဝီကီးပီးဒီးယား က
ဝီကီးပီးဒီးယားမာ ပါဝင်ပံ့ပိုးဆောင်ရွက်ခြင်း မိတ်ဆက်
ဝီကီးပီးဒီးယားစွာ အခမဲ့ စွယ်စုံကျမ်းတစ်ခုဖြစ်ပြီးကေ အသုံးပြုရေ လူတိကရာ ပူးပေါင်း ရီးသားထားကတ်စွာပါ။ ၂၀၀၁ ခုနှစ်ကပင်နီပနာ စတင်ခပြီးကေ အဂုအခါမာ မြန်မြန်ဆန်ဆန် ကြီးထွားလာပြီးကေ ကမ္ဘာ့အကြီးဆုံး ရည်ညွှန်းဝဘ်ဆိုဒ်တစ်ခု ဖြစ်လာပါရာ။ လောလောဆယ်မာ ရခိုင်ဝီကီးပီးဒီးယားမာ ဆောင်းပါးပေါင်း ၁,၅၇၃ ဟိနီပြီးကေ လစိုင် ဝင်ရောက်ကြည့်ရှုမှုထောင်ချီ ဟိနီပါရေ။ ပရောဂျက်အကြောင်း အသေးစိတ် သိဟိနိုင်ဖို့ ဝီကီးပီးဒီးယား အကြောင်းကို ဖတ်ရှုပီးပါ။

ဇာပိုင် ပါဝင်ပံ့ပိုးနိုင်လဲ

A 3D-printed Wikipedia globe being held in someone's hands

တီးဖြတ်ဖို့အတွက် ကြောက်မနီပါကေ့ – စာမျက်နှာတိုင်းနီးပါးကို ဇာသူမဆို ပြင်ဆင်တီးဖြတ်နိုင်ပါရေ။ သင့်အနိန်နန့် အကြောင်းအရာတိ, အကိုးအကားတိ, ပုံတိ, စာလုံးပေါင်းနန့် သဒ္ဒါအမှားတိ ပြင်ဆင်စွာ၊ ဖတ်လို့ကောင်းအောင် ပြင်ဆင်စွာ အစဟိစွတိကို လုပ်ဆောင်နိုင်ပါရေ။ လူသစ်တိအနိန်နန့် အကျွန်ရို့ဧ့ မူဝါဒတိကြောင့် အစောပိုင်းမာ တဖဲ့ချေ လက်တွန့်နီကတ်ကေလေ့ အကုန်လုံးကို နားမလည်သိမ့်ကေတောင် စိတ်ပူမနီပါကေ့။ တီးဖြတ်ပြင်ဆင်မှုကို သာမန်ပိုင်ရာ သဘောထားပြီးကေ ပြင်ဆင်နိုင်ပါရေ။ တကယ်လို့များ တစ်ခုခု မှားယွင်းလုပ်ဆောင်မိခကေဆိုကေတောင် အခြားတီးဖြတ်သူ တစ်ဦးဦးကနိန်ပနာ ပြန်ပနာ ပြင်ဆင်ပီး လားပါလိမ့်မေ။ ဒါကြောင့် ရှိ့ဆက်လုပ်ပါ၊ ဆောင်းပါးတစ်ပုဒ်ကို တီးဖြတ်ပြင်ဆင်ပြီးကေ ဝီကီးပီးဒီးယားကို ကမ္ဘာ့အကောင်းဆုံး သတင်းအချက်အလက် ရင်းမြစ်ဖြစ်အောင် ကူညီလိုက်ပါ။

အကြံပြုဆွီးနွီးခြင်း – ဆောင်းပါးတိုင်းမှာ သက်ဆိုင်ရာ "ဆွီးနွီးချက်" စာမျက်နှာတိဟိပြီးကေ ဆောင်းပါးကို ပိုမိုကောင်းမွန်အောင် အကြံပြုဆွီးနွီးနိုင်ပါရေ။

လှူဒါန်းမှု – ဝီကီပီးဒီးယားကို အခမဲ့အသုံးပြုနိုင်ပြီးကေ စေတနာ့ဝန်ထမ်းတိက ဝိုင်းဝန်းတီးဖြတ် ပြင်ဆင်ပီးနီစွာပါ။ ယကေလေ့ ဆာဗာတိ ဆက်လက်အလုပ်လုပ်နိုင်ဖို့ လှူဒါန်းမှုတိပေါ်မှာ မှီခိုနီရာစွာပါ။ ကျေးဇူးပြုပြီးကေ ပရောဂျက် ထိန်းသိမ်းရီးနန့် ဖွံ့ဖြိုးရီး ကုန်ကျစရိတ်တိအတွက် လှူဒါန်းခြင်းဖြင့်လေ့ ကူညီနိုင်ပါရေ။


အကောင့်သစ်တစ်ခုဖွင့်လိုက်ပါ

အမည်မဖော်ဘဲ တီးဖြတ်လို့လေ့ရပါရေ။ ယကေလေ့ အကောင့်တစ်ခု မှတ်ပုံတင်ထားခြင်းဧ့ အကျိုးကျေးဇူးတိဟိပါသိမ့်ရေ။

အကောင့်သစ်ဖွင့်မယ်


အဂုပဲ တီးဖြတ်စွာကို စမ်းလုပ်ကြေ့ကတ်မေ

တီးဖြတ်ခြင်းက ဇာပိုင်နီလဲဆိုစွာကို စမ်းကြေ့နိုင်ဖို့ အောက်က "sandbox" စမ်းသပ်စာမျက်နှာတစ်ခုခုကို နှိပ်ပြီး ပြင်ဆင်ကြေ့ပါ။

စာမျက်နှာကို မျက်မြင် တီးဖြတ်မေ စာမျက်နှာကို မျက်မြင် တီးဖြတ်မေ ယင့်သို့မဟုတ် wiki markup နန့်တီးဖြတ်မေ wiki markup နန့်တီးဖြတ်မေ

စာသား အချို့ ရိုက်ထည့်ပြီး ကြေ့ရှုရ အဆင်ပြေရာဆိုကေ ပြောင်းလဲမှုတိကို လွှင့်တင်ရန် ခလုတ်ကို နှိပ်လိုက်ပါ။ တစ်ခုခု ပျက်စီးလားဖို့စွာကို မစိုးရိမ်ပါကေ့။ ယင့်စာမျက်နှာတိက စမ်းသပ်ဖို့ လုပ်ထားစွာပါ။


A video that articulates the diversity and enthusiasm of the Wikipedia community. (4 min 10 s)

နောက်ကွယ်မှာ အများကြီး ဟိပါသိမ့်ရေ

ဝီကီပီးဒီးယားမှာ ဆောင်းပါးစာမျက်နှာတိအပြင် နောက်ကွယ်မှာ ပူးပေါင်းလုပ်ဆောင်နီကတ်ရေ စာမျက်နှာတိ အများကြီး ဟိပါသိမ့်ရေ။

WikiProjects – Special-interest editor communities
Extensive help pages – Support and advice from other Wikipedians
Community portal – A general directory to the community pages