အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်
အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ် (ပါဠိ: Aggamahāsīrisudhammamaṇijotadhara; Agga Maha Sirisudhamma Manijotadhara Title)
အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ် ဂုဏ်အင်္ဂါအရည်အခြင်း
(၁) ဥပါသကာဂုဏ်ရည်(၁၀)ပါးကို စောင့်ထိန်းသူဖြစ်ခြင်း။
(၂) မောင်သျှင် အပါး ၃၀၀ နန့်အထက် တဦးတည်းဒါယကာခံလို့ ရှင်ပြုပီးခြင်း။
(၃) မောင်သျှင်အပါး ၃၀ ကို တဦးတည်းဒါယကာခံလို့ ရဟန်းခံပီးပြီး ပစ္စည်းလေးပါးထောက်ပင့်ပီးခြင်း။
(၄) ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းရေ ဒေသများမာ ဘုရား၊ ပုထိုး၊ စာတီ၊ သိမ်၊ ကျောင်း၊ သာလယံ၊ အုတ်တွင်း၊ ရီကန်၊ သာသနိကအဆောက်အဦများ အသစ်တည်ဆောက် လှူဒါန်းခြင်း၊ ပြုပျင်မွမ်းမံခြင်းရို့ကို ကျပ်သိန်း ၃၀၀ အထက် လှူဒါန်းခခြင်း။
(၅) ပရိယတ္တိတက္ကသိုလ်၊ ပရိယတ္တိစာသင်တိုက်ရို့မာ ထာ၀ရဖေသာပဒေသာပင်၊ ပစ္စည်းလေးပါးနန့် သာသနိကအဆောက်အဦရို့အတွက် ကျပ်သိန်း ၃၀၀ အထက် လှူဒါန်းခခြင်း။
(၆) ပြစ်ဒဏ်ကျခဖူးသူ မဖြစ်ခြင်း။
(၇) တည်ဆဲဥပဒေတိနန့်အညီ လိုက်နာနီထိုင်သူ ဖြစ်ခြင်း။
(၈) သမ္မာအာဇီဝလုပ်ငန်းဖြင့် အသက်မွီးဝမ်းကျောင်းပြုသူ ဖြစ်ခြင်း။
(၉) ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းရေဒေသတိသို့ လှူဒါန်းခြင်း၊ ပရိယတ္တိစာသင်တိုက်တိသို့ လှူဒါန်းခြင်းအပါအဝင် အရာ သာသနာရီးဆိုင်ရာကိစ္စရပ်များမာ လှူဒါန်းခြင်းစရေ လှူဒါန်းဖေသာ စုစုပေါင်းစွာ ကျပ်သိန်း ၅၀၀၀ အထက် ဟိခြင်း။