အဆောက်အဦးနန့် စပ်ဆိုင်ရာ ဝေါဟာရတိ
အသွင်ပြင်
| မြန်မာ | ရခိုင် |
|---|---|
| ကွင်း | ပြင် |
| အိမ်ရာမြေ | ဇဂါ |
| အိမ်ဝင်းခြံမြေ | ဝင်း၊ ခြံဝင်း၊ ခြံမြီ၊ ဇဂါ |
| ဝင်ပေါက် | လမ်းဝ |
| ၀င်းထရံ | တပ် |
| အိမ်ပန္နက်ရိုက်တယ် | အိမ်သမိုင်းရေ |
| အိမ်မိုးခေါင် | အိမ်ခေါင်မိုး |
| ဓနိမိုး | အုန်းမိုး |
| သွပ်မိုး | သံဖြူမိုး |
| ရေလျှောက် | တန်းဒေါက်၊တန်းရှောက် |
| ပန်းဆွဲ | ပန်းယတ်၊ ပန်းဒက် |
| အောက်ထပ် | အောက်ဆင့် |
| နှစ်ထပ်တိုက် | နှစ်ဆင့်တိုက် |
| လှေကား | လှကာ့/လှီကား(အသံထွက်လှဂါး) |
| ဘိနပ်ချွတ် | လှီကားစင်(အသံထွက် လှဂဇင်) |
| လသာဆောင် | ဗရံဒါ၊ သရဲပြီး |
| အပေါ်အိမ်ဦးခန်း | ပျော့ထက်၊ ပြော့ဦး |
| ဧည့်ခံခန်း | ဒန်ခံ |
| အိမ်ခန်း | အထဲ၊ အိမ်ထဲ |
| ခန်းလွတ်နေရာ | ယောင်ပြင် |
| ဘုရားဆောင် | ဖရဇင် |
| အိမ်ရှေ့ခန်းမ | ဆင်ဝင် |
| အဖီ | မောင်းဂါ၊ အယတ် |
| မီးဖိုချောင် | စဖိုထောင့်၊ ထမချက်ခန်း/ဘယ်လက်ခေါင် |
| ရေချိုခန်း | အတွင်းခန်း၊ ရီချိုးခန်း |
| အိမ်သာ | ချဖောင်သာ၊ ရီအိမ် |
| ပြတင်းပေါက် | ြပတင်းပေါက် |
| ဝါးကြမ်းခင်း | ဒေါင်ဒမာ (ဒေါင်ဒမာ ငါးရှာနည်း ဟုသက်သက်ဟိ ၊ ထပ်မံလေ့လာရန်) |
| မျက်နှာကြက် | ဘံုပိတ် |
| မီးဖို | ဆဖို၊ စားဖို(အသံထွက် စဖို) |
| အိမ်နံရံ | ထရံ |
| မင်းတုန်း | မိုးကျောက်၊ ကန့်လန့် (ဂလန့်ဟုအသံထွက်) |
| ယက်မ | ပုန်းလျား/ ကုန်းလျား |
| ဆင့် | ပုန်းဖီ၊ ကုန်းဖီ |
| ဒိုင်း | ကတ်ကျိတ်/ ကိုက်ကျပ် (ကတ်ကျေးသဏ္ဌာန်) |
| ထရံတန်း | ရံတန်း၊ ကြွက်လျှောက် |
| ဖား | ပက်ကျိ၊ တောက်တဲ့ |
| အုန်းလက် | ငမန်းစွယ် |
| ထုတ်၊ | ေလျာက်ပတ် နတ်ရီကန် |
| ရေနှုတ်မြောင်း | နာလာ |
| ရေအိုးစင် | ရီဖုံးစင် |
| တံစက်မြိတ် | တန်းစက်အောက်/ တန်းစက် |