Jump to content

အညာတကဝိညတ္တိသိက္ခာပုဒ်

ဝီကီးပီးဒီးယား က

၆-အညာတကဝိညတ္တိသိက္ခာပုဒ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၅၁၅။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သဌီး၏ အရံဖြိုက်ရေဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူရေအခါ သာကီဝင်မင့်သား အသျှင်ဥပနန္ဒစွာ တရားစကားကို ဟောပြခြင်းငှါ လိမ္မာ ကျွမ်းကျင်၏၁။ ယင်းခါ သဌီးသားတယောက်စွာ သာကီဝင်မင့်သား အသျှင်ဥပနန္ဒပါးကို ချိုင်းကပ်ပနာ သာကီဝင်မင့်သား အသျှင်ဥပနန္ဒကို ရိုသီစွာယှိခိုးပြီးကေ တစ်ခုသော နီရာမာ ထိုင်နီ၏၊ တစ်ခုသော နီရာမာ ထိုင်နီသော ထိုသဌီးသားကိုရာကီဝင်မင့်သား အသျှင် ဥပနန္ဒစွာ တရားစကားနန့် (အကျိုးစီးပွားကို) သိမြင်စီပြီးကေ (တရားကို) ဆောက်တည်စီကာ (တရားကျင့်သုံးဖို့) ထက်သန်ရွှင်လန်းစီတော်မူ၏၊ ယင်းခါ ထိုသဌီးသားစွာသာကီဝင်မင့်သား အသျှင်ဥပနန္ဒက တရားစကားနန့် (အကျိုးစီးပွားကို) သိမြင်စီပြီးကေ (တရားကို) ဆောက်တည်စီကာ (တရားကျင့်သုံးဖို့) ထက်သန် ရွှင်လန်းစီရားဖြိုက် ရပြီးကေး သာကီဝင်မင့်သားအသျှင်ဥပနန္ဒအား- "အသျှင်ဘုရား အလိုဟိရာကို အမိန့်ရှိတော်မူပါ၊ အငရို့တိစွာ အသျှင့်အား သင်္ကန်း ဆွမ်း ကျောင်းသူနာ၏ အထောက်အပံ့ ဆေးဝန်တိကို လှူနှိုင်ကတ်ပါရေ"ဟု လျှောက်၏။

ငါ့သျှင် ဒါယကာ အဂယင့်လို့ သင်ရေ ငါ့အား လှူလိုစွာ ဖြိုက်အံ့၊ ဒေ သင်ဝတ်လာရေ အဝတ်နှစ်ထည်မှ တစ်လုံးကို လှူလော့ဟု (ဆို၏)။

အသျှင်ဘုရား အကျနော်ရို့ အမျိုးရားရို့အား အဝတ်တစ်လုံးတည်းနန့် လားဖို့ရာ ရလားပါရာပိုင် ဖြိုက်ပါရေ၊ အသျှင်ဘုရား အိမ်သို့ ရောက်ရေထိတောင် ဆိုင်းငံ့တော်မူပါ၊ အိမ်ရောက်ကေ ဒေနှစ်ထည်မှ တစ်လုံးကိုသော်လိ့ကောင်း၊ ဒေထက် သာလွန်ကောင်းမြတ်သော အထည်ကိုသော်လိ့ကောင်း အပို့လွှတ်ပါဖို့လို့ (လျှောက်၏)။

နှစ်ကြိမ်မြောက်လည်း သာကီဝင်မင့်သား အသျှင်ဥပနန္ဒစွာ ထိုသဌီးသားကို "ငါ့သျှင်ဒါယကာအဂယင့်လို့ ငါ့အား လှူလိုစွာ ဖြိုက်အံ့၊ ဒေအဝတ်နှစ်ထည်မှ တစ်လုံးကို လှူလော့"ဟု (ဆို၏)။

အသျှင်ဘုရား အကျနော်ရို့ အမျိုးရားရို့အား အဝတ်တစ်လုံးတည်းနန့် လားဖို့ရာ ရလားပါရာပိုင် ဖြိုက်ပါရေ၊ အသျှင်ဘုရား အိမ်သို့ ရောက်ရေထိတောင် ဆိုင်းငံ့တော်မူပါ၊ အိမ်ရောက်ကေ ဒေနှစ်ထည်မှ တစ်လုံးကိုသော်လိ့ကောင်း၊ ဒေထက် သာလွန်ကောင်းမြတ်သော အထည်ကိုသော်လိ့ကောင်း အပို့လွှတ်ပါဖို့လို့ (လျှောက်၏)။

သုံးကြိမ်မြောက်လည်း သာကီဝင်မင့်သား အသျှင်ဥပနန္ဒစွာ ထိုသဌီးသားကို "ငါ့သျှင်ဒါယကာအဂယင့်လို့ ငါ့အား လှူလိုစွာဖြိုက်အံ့၊ ဒေအဝတ်နှစ်ထည်မှ တစ်လုံးကို လှူလော့"ဟု (ဆို၏)။

အသျှင်ဘုရား အကျနော်ရို့ အမျိုးရားရို့အား အဝတ်တစ်လုံးတည်းနန့် လားဖို့ရာ ရလားပါရာပိုင် ဖြိုက်ပါရေ၊ အသျှင်ဘုရား အိမ်သို့ ရောက်ရေထိတောင် ဆိုင်းငံ့တော်မူပါ၊ အိမ်ရောက်ကေ ဒေနှစ်ထည်မှ တစ်လုံးကိုသော်လိ့ကောင်း၊ ဒေထက် သာလွန်ကောင်းမြတ်သော အထည်ကိုသော်လိ့ကောင်း အပို့လွှတ်ပါဖို့လို့ (လျှောက်၏)။

ငါ့သျှင်ဒါယကာ သင်ရေ မပီးလှူပိုင်ရာ ဖိတ်ကြားအနိန်နန့် အဇာအကျိုးဟိအံ့နည်း၊ အကြင် သင်ရေ (ပီးလှူချင်ယောင်ဆောင်ကာ) ဖိတ်ကြားပြီးကေ မပီးလှူဟု (ဆို၏)။


ယင်းခါ ထိုသဌီးသားစွာ သာကီဝင်မင့်သား အသျှင်ဥပနန္ဒစွာ အားဒမပြောအပ်အနိန်နန့်အဝတ်တစ်လုံးကို လှူပနာ လားလီ၏၊ လူရို့စွာ ထိုသဌီးသားကို "အသျှင် သင်ရေအဇာကြောင့် အဝတ်တစ်လုံးတည်းနန့် ဟပ်ပါခသနည်း"ဟု ဆိုကတ်ကုန်၏၊ ယင်းခါထိုသဌီးသားစွာ ဟိုလူရို့အား ဒေအကြောင်းကို ပြောကြားလေ၏။

လူရို့စွာ "သာကီဝင်မင့်သား ဘုရားအနွယ်တော်ဖြိုက်ကုန်သော ဒေရဟန်းရို့စွာ အလိုကြီး ကုန်၏၊ မရောင့်ရဲနိုင်ကုန်၊ ဒေရဟန်းရို့အား တရားအနိန်နန့် ဖိတ်ကြားခြင်းငှါလည်း မလွယ်ကူပေ၊ အဇာကြောင့်သဌီးသားစွာ တရားအနိန်နန့် ဖိတ်ကြားအပ်ကေလည်း အဝတ်ကို ယူကုန်ဘိသနည်း"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏၊ ရဟန်းရို့စွာ သရော် ရှုတ်ချ အပြစ်ပြ ပြောဆိုကတ်ရေ ဟိုလူရို့၏ (စကားကို) ကြားကတ်ရေသာတည်း။ အလိုနည်းသော ရဟန်းရို့စွာ "သာကီဝင် မင့်သားအသျှင်ဥပနန္ဒစွာ သဌီးသားအား သင်္ကန်းကို အဇာကြောင့် တောင်းဘိသနည်း"ဟု သရော် ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏။

ယင်းခါ ထိုရဟန်းရို့စွာ သာကီဝင်မင့်သား အသျှင်ဥပနန္ဒကို အများကြီးသော အကြောင်းနန့်သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကုန်ကတ်၏။ပ။

"ဥပနန္ဒ သင်ရေ သဌီးသားအား သင်္ကန်းကို တောင်း၏ဟူစွာ မှန်သလော"ဟု စိစစ် မီးမြန်းတော်မူ၏။

မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်၏)။

ဥပနန္ဒ သင်နန့် အမျိုးတော်သလော၊ ဆွီမျိုးမတော်စပ်သလောဟု (မေးတော်မူရာ)

မြတ်စွာဘုရား ဆွီမျိုးမတော်စပ်ပါဟု (လျှောက်၏)။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ဆွီမျိုးမတော်စပ်သူစော် ဆွီမျိုးမတော်စပ်သူ၏သင့်တော်စွာကိုလိ့ကောင်း၊ မသင့်တော်စွာကိုလိ့ကောင်း၊ ရှိစွာကိုလိ့ကောင်း၊ မဟိစွာကိုလိ့ကောင်း မသိနှိုင်။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ယင်းပိုင်ဖြိုက်လျက် သင်ရေ ဆွီမျိုးမတော်စပ်သော သဌီးသားအား သင်္ကန်းကို တောင်းတုံဘိ၏၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားဒေ (သင်ပြုမိသောအမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။

ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။

၁။ ပဋ္ဋောဟု အဋ္ဌကထာ၌ဟိ၏။

၅၁၆။ "အကြင် ရဟန်းစွာ ဆွီမျိုးမတော်စပ်သော အိမ်ရှင်ကိုသော်လိ့ကောင်း ၊ အိမ်ရှင်မကိုသော်လိ့ကောင်း သင်္ကန်းကို တောင်းငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ်သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။

ဒေပိုင်ဆိုကေ မြတ်စွာဘုရားစွာ ရဟန်းရို့အား ဒေသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

၅၁၇။ ယင်းခါ အများကြီးသော ရဟန်းရို့စွာ သာကေတမြို့မှ သာဝတ္ထိမြို့ကို ခရီးရှည် လားကုန်ရေ၊ လမ်းခရီးအကြား၌ ခိုးသူရို့စွာ ထွက်ပြီးကေ ထိုရဟန်းရို့ကို လုယက်ကုန်၏၊ ယင်းခါ ရဟန်းရို့စွာ"မြတ်စွာဘုရားစွာ ဆွီမျိုးမတော်စပ်သော အိမ်ရှင်အားသော်လိ့ကောင်း၊ အိမ်ရှင်မအားသော်လိ့ကောင်း သင်္ကန်းကို တောင်းခြင်းငှါ မြစ်တားတော်မူ၏"ဟု တွီးတောမှု 'သံသယကုက္ကုစ္စ'ဖြိုက်ကတ်ပနာ မတောင်းကတ်ကုန်၊ (အဝတ် မဆီး) အချည်းနှီးအတိုင်းပင် သာဝတ္ထိမြို့ကို လားပနာ ရဟန်းရို့ကိုယှိခိုးကတ်ကုန်၏။

ရဟန်းရို့စွာ "ငါ့သျှင်ရို့ ဒေအာဇီဝက'တက္ကတွန်း'ရို့စွာ ကောင်းကတ်လီ၏၊ ရဟန်းရို့ကို ယှိခိုးကတ်ရေ"ဟု ပြောဆိုကတ်ကုန်၏၊ ထို (အာဇီဝက အထင်ခံရရေ) ရဟန်းရို့စွာ "ငါ့သျှင်ရို့ ငါရို့စွာအာဇီဝကတိ မဟုတ်ကတ်ပါ၊ ငါရို့စွာ ရဟန်းရို့ပါတည်း"ဟု ပြန်ပြောကတ်ကုန်၏၊ ရဟန်းရို့စွာအသျှင်ဥပါလိကို "ငါ့သျှင်ဥပါလိ တိုက်တွန်းပါ၏၊ ဒေသူတိကို မေးစိစစ်လော့"ဟု ဆိုကုန်၏၊ ယင်းခါအသျှင်ဥပါလိစွာ မေးစိစစ်အပ်ရေ် ထိုရဟန်းရို့စွာ ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။ ယင်းခါအသျှင်ဥပါလိစွာ ထိုရဟန်းရို့ကို မေးစိစစ်ပြီးနောက် ရဟန်းရို့ကို "ငါ့သျှင်ရို့ ဒေသူရို့စွာ ရဟန်းရို့တည်း၊ ထိုရဟန်းရို့အား သင်္ကန်းရို့ကို ပီးကတ်ကုန်လော့"ဟု ပြောဆို၏။

အလိုနည်းသော ရဟန်းရို့စွာ "ဇာကြောင့် ရဟန်းရို့စွာ အချည်းနှီး လာကုန်ဘိသနည်း၊ မြက်နန့်သော်လိ့ကောင်း၊ သစ်ရွက်နန့်သော်လိ့ကောင်း ဖုံးလွှမ်းပနာ လာရာသည် မဟုတ်လော"ဟုသရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏။

ယင်းခါ ထိုရဟန်းရို့စွာ ထိုရဟန်းရို့ကို အများကြီးသော အကြောင်းနန့် သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။ ယင်းခါ မြတ်စွာဘုရားစွာ ဒေအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူပြီးကေ ရဟန်းရို့ကို "ရဟန်းရို့ သင်္ကန်းကို ခိုးသူ အလုခံရရေ ရဟန်းအားသော်လိ့ကောင်း၊ သင်္ကန်းပျောက်သော ရဟန်းအားသော်လိ့ကောင်း၊ ဆွီမျိုးမတော်စပ်သော အိမ်ရှင်ကိုသော်လိ့ကောင်း၊ အိမ်ရှင်မကိုသော်လိ့ကောင်း သင်္ကန်းကို တောင်းခြင်းငှါခွင့်ပြုရေ၊ အကြင် ကျောင်းတိုက်သို့ ရှီးဦးစွာ ကပ်ရောက်၏၊ အဂယင့်လို့ ထိုကျောင်းတိုက်၌ သံဃာ၏ကျောင်းပိုင် သင်္ကန်းသော်လိ့ကောင်း၊ အပေါ်လွှမ်းအခင်းသော်လိ့ကောင်း၊ မြေအခင်းသော်လိ့ကောင်း၊ ဘုံလျိုရေ 'အစွပ်' သော်လိ့ကောင်း ရှိအံ့၊ ယူပနာ (သင်္ကန်း) ရရေအခါ ပြန်ထားဖို့လို့ (နှလုံး ပြုပနာ) ဝတ်ရုံခြင်းငှါ ခွင့်ပြုရေ၊ အဂယင့်လို့ သံဃာ၏ ကျောင်းပိုင်သင်္ကန်းသော်လိ့ကောင်း၊ အပေါ်လွှမ်း အခင်းသော်လိ့ကောင်း၊ မြေအခင်းသော်လိ့ကောင်း၊ ဘုံလျိုရေ 'အစွပ်' သော်လိ့ကောင်း မဟိအံ့၊ မြက်နန့်သော်လိ့ကောင်း၊ သစ်ရွက်နန့်သော်လိ့ကောင်း ဖုံးလွှမ်းပနာ လာရဖို့၊ (အဝတ်မဆီး) အချည်း နှီးနန့်ကားမလှာရရေသာတည်း၊ လာရေ ရဟန်းအား ဒုက္ကဋ် အာပတ် သင့်၏"ဟု မိန့်တော်မူ၏။


ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။

၅၁၈။ "အကြင် ရဟန်းစွာ ဆွီမျိုးမတော်စပ်သော အိမ်ရှင်ကိုသော်လိ့ကောင်း ၊ အိမ်ရှင်မကိုသော်လိ့ကောင်း ၊ အခါမှ တပါး သင်္ကန်းကို တောင်းငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ထိုဆွီမျိုး မတော်စပ်သူကို သင်္ကန်းတောင်းရာမာ ဒေဆိုအံ့ စွာကားအခါတည်း၊ ရဟန်းစွာ သင်္ကန်းကို ခိုးသူအလုခံရရေမူလည်း ဖြိုက် ၏၊ သင်္ကန်းပျောက်စွာမူလည်းဖြိုက် ၏၊ ဒေကား ထိုဆွီမျိုးမတော်စပ်သူကို သင်္ကန်းတောင်းရာမာ အခါတည်း" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။


၅၁၉။ အကြင်ဟူစွာ အကြင်သို့ သဘောဟိရေ။ပ။

ရဟန်းဆိုရေ။ပ။ ဒေအရာမာ ဒေဉတ္တိစတုတ္ထကံနန့် ရဟန်းအဖြိုက်သို့ ရောက်သူကို "ရဟန်း"ဟုအလိုရှိအပ်၏။

ဆွီမျိုးမတော်စပ်သူ ဆိုစွာ အမိဘက်မှသော်လိ့ကောင်း၊ အဖဘက်မှသော်လိ့ကောင်းခုနစ်ဆက်မြောက် ဘိုးဘေးအစုံထိတောင် မဆက်စပ်သူတည်း။

အိမ်ရှင် ဆိုစွာ အိမ်၌ နီသူ ယောက်ျားလုံးချင်းတည်း။

အိမ်ရှင်မ ဆိုစွာ အိမ်၌ နီသူ မိမလုံးချင်းတည်း။

သင်္ကန်း ဆိုစွာ ခြီာက်မျိုးသော သင်္ကန်းရို့တွင် အယုတ်ဆုံးအနိန်နန့် ဝိကပ္ပနာလောက်သောသင်္ကန်း တစ်မျိုးမျိုးတည်း။

အခါကလွဲကေဟူစွာ အခါကိုထားပနာ။

သင်္ကန်းကို ခိုးသူအလုခံရရေ ရဟန်း ဆိုစွာ ရဟန်း၏ သင်္ကန်းကို မတ်ရို့သော်လိ့ကောင်း ၊ ခိုးသူရို့သော်လိ့ကောင်း၊ သီရီက်ကြူးရို့သော်လိ့ကောင်း လုယက်ကုန်၏၊ ဇာသူမဆို တဦးတစ်ယောက်ကေလေ့ လုယက်၏။

သင်္ကန်းပျောက်သော ရဟန်း ဆိုစွာ ရဟန်း၏ သင်္ကန်းကို မီးကေလေ့လောင်အပ်၏၊ ရေမျောစွာမူလည်း ဖြိုက် ၏၊ ကြွက်ရို့သော်လိ့ကောင်း၊ ခြရို့သော်လိ့ကောင်း ခဲစားအပ်ရေမူလည်း ဖြိုက် ၏၊ သုံးဆောင်ပနာ ဆွီးရေမူလည်း ဖြိုက် ၏။

အခါကလွဲကေ တောင်းအံ့၊ အားထုတ်မှုပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏၊ ရခြင်းကြောင့်စွန့်ခြင်း (ဝိနည်းကံ) ဟိ၏၊ သံဃာအားသော်လိ့ကောင်း၊ ဂိုဏ်းအားသော်လိ့ကောင်း၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။ ရဟန်းရို့ ဧပိုင် စွန့်ရဖို့။ပ။

"အသျှင်ဘုရားရို့ ဒေ အကျွန်ုပ်၏ သင်္ကန်းစွာ ဆွီမျိုးမတော်စပ်သော အိမ်ရှင်အား အခါမှ တပါးတောင်းအပ်အနိန်နန့် စွန့်ခြင်း (ဝိနည်းကံ) ဟိပါရေ၊ အကျွန်ုပ်စွာ ဒေသင်္ကန်းကို သံဃာအား စွန့်ပါ၏"ဟု။ပ။ ပီးရာ၏ဟု။ပ။ ပီးကုန်ရာ၏ဟု။ပ။ အသျှင်အား ပီးပါ၏ဟု (ပြန်ပီးရဖို့)။

၅၂၀။ ဆွီမျိုးမတော်စပ်သူ၌ ဆွီမျိုးမတော်စပ်ဟု ထင်မှတ်ခြင်းဟိပြီးကေ အခါကလွဲကေ သင်္ကန်းကိုတောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ဆွီမျိုးမတော်စပ်သူ၌ ယုံမှားဟိပြီးကေ အခါမှ တပါး သင်္ကန်းကိုတောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ဆွီမျိုးမတော်စပ်သူ၌ အမျိုးတော်သူဟုထင်မှတ်ခြင်းဟိပြီးကေ အခါမှ တပါး သင်္ကန်းကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

အမျိုးတော်သူ၌ ဆွီမျိုးမတော်စပ်ဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အမျိုးတော်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အမျိုးတော်သူ၌ အမျိုးတော်သူဟု ထင်မှတ်ခြင်း ရှိအံ့၊ အာပတ် မသင့်။

၅၂၁။ အခါ၌ အာပတ် မသင့်၊ အမျိုးတော်သူရို့အား ဖိတ်ကြားအပ်သူရို့အား သူတပါး အလို့ငှါမိမိဥစ္စာနန့် (တောင်းသော ရဟန်းအား) အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသောရဟန်းအား အာပတ် မသင့်။

ဆဋ္ဌ အညာတကဝိညတ္တိသိက္ခာပုဒ် ပြီး၏။