Jump to content

အတ္တကာမပါရိစရိယသိက္ခာပုဒ်

ဝီကီးပီးဒီးယား က

အတ္တကာမပါရိစရိယသိက္ခာပုဒ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၄- အတ္တကာမပါရိစရိယသိက္ခာပုဒ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၂၉၀။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သူဌေးဧ့ အရံဖြိုက်ရေဇေတဝန်ကျောင်းမာ သီတင်းသုံးနိန်တော်မူရေအခါ အသျှင်ဥဒါယီစွာ သာဝတ္ထိမြို့မာ အိမ်သို့ ကပ်တတ်ရေ ရဟန်း ဖြိုက်ဧ့၊ အများကြီးဖြိုက်တေ အိမ်ရို့သို့ ချဉ်းကပ်ဧ့၊ ထိုစဉ်အခါမာ လင်သီဆုံးပြီးရေ မိမတစ်ယောက်စွာ ကကောင်းလှဧ့၊ ရှုချင်ဖွယ်ကောင်းဧ့၊ စိတ်ကို ကြည်လင်စီတတ်ဧ့၊ ယင်းခါ အသျှင်ဥဒါယီစွာ စစော အချိန်မာ သင်္ကန်းကို ပြင်ဝတ်ပြီးကေ သပိတ်သင်္ကန်းကို ယူဆောင်ကာ ထိုမိမအိမ်သို့ချဉ်းကပ်ပြီးကေ ခင်းထားရေ နိန်ရာမာ ထိုင်နိန်ဧ့၊ ယင်းခါ ထိုမိမစွာ အသျှင်ဥဒါယီထံသို့ ချဉ်းကပ်ပြီးကေအသျှင်ဥဒါယီကို ရိုသီစွာ ဟိခိုးပြီးကေ တစ်ခုရေ နိန်ရာမာ ထိုင်နိန်ဧ့၊ တစ်ခုရေ နိန်ရာမာ ထိုင်နိန်ရေ ထိုမိမကို အသျှင်ဥဒါယီက တရားနန့် လျော်ရေ စကားနန့် (အကျိုးစီးပွားကို) သိမြင်စီပနာ (တရားကို) ဆောက်တည်စီကာ (တရားကျင့်သုံးရန်) ထက်သန်စီပြီးကေ ရွှင်လန်းစီပြီး ဖြိုက်ရကား ထိုမိမစွာ အသျှင်ဥဒါယီအား-

'အသျှင်ဘုရား အလိုဟိရာကို အမိန့်ဟိတော်မူပါ၊ တပည့်တော်ရို့စွာ အသျှင်မြတ်အား သင်္ကန်းဆွမ်း ကျောင်း သူနာအထောက်အပံ့ ဆီးအသုံးအဆောင်တိကို ပီးလှူနိုင်ပါကုန်ဧ့'လို့ (လျှောက်ဧ့)။

နှမ ထို သင်္ကန်း ဆွမ်း ကျောင်း သူနာအထောက်အပံ့ ဆီးအသုံးအဆောင်ရို့စွာ ငရို့အားမခဲယိုင်းပေ၊ စွမ်းနိုင်ပါမူ ငရို့အား ခဲယိုင်းရေ အရာဝတ္ထုကို လှူပါလို့ (ဆိုဧ့)။

ဇာအရာဝတ္ထုပါလဲဘုရားလို့ (လျှောက်ဧ့)။

မေထုန်အမှုတဲးလို့ (ဆိုဧ့)။

အလိုဟိပါလားဘုရားလို့ (လျှောက်ဧ့)။

အလိုဟိပါရေ နှမလို့ (ပြောဆိုဧ့)။

အသျှင်ဘုရား ကြွပါလို့ ဆိုပြီးကေ တိုက်ခန်းသို့ ဝင်ပြီးကေ ထမီကို ချွတ်ပြီးကေ ညောင်စောင်း 'ခုတင်' ထက်မာ ထလန်းဂါး အိပ်လေဧ့၊ ယင်းခါ အသျှင်ဥဒါယီစွာ ထိုမိမထံသို့ ချဉ်းကပ်ပြီးကေ 'အဇာသူ စွာ ယုတ်မာ ဆိုးရွား မကောင်းရေ အနံ့ဟိရေ ဒေ အရာဝတ္ထုကို သုံးသပ်လိမ့်ဖို့လဲ'လို့ သန်ထွီးထွီးပြီးကေ ဖဲခွါ လားလီဧ့။

ယင်းခါ ထိုမိမစွာ 'ဒေသာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြိုက်ကုန်ရေ ရဟန်းရို့စွာ အရှက် မဟိကုန်၊ သီလ မဟိကုန်၊ မမှန်စော်ကို ဆိုလိ့ဟိကုန်ဧ့၊ သို့စင်ပနာ ဒေရဟန်းရို့က တရားကို ကျင့်လိ့ဟိကုန်ဧ့၊ ညီညွတ်မျှတရေ အကျင့်ကို ကျင့်လိ့ဟိကုန်ဧ့၊ မြတ်စော်ကို ကျင့်လိ့ ဟိကုန်ဧ့၊ အမှန်ကို ဆိုလိ့ဟိကုန်ဧ့၊ သီလဟိကုန်ဧ့၊ ကောင်းရေသဘော ဟိကုန်ဧ့လို့ ဝန်ခံကက်တုံဘိဧ့၊ ဒေရဟန်းရို့အား ရဟန်းအဖြိုက် သူတော်သူမြတ်အဖြိုက်စွာ မဟိတော့ယာ၊ ဒေရဟန်းရို့အား ရဟန်းအဖြိုက် သူတော်သူမြတ်အဖြိုက်စွာ ပျောက်ပျက်ခလေယာ၊ ဒေရဟန်းရို့အား အဇာမှာ ရဟန်းအဖြိုက် သူတော် သူမြတ်အဖြိုက်စွာ ဟိဖို့ရာလဲ၊ ဒေရဟန်းရို့စွာ ရဟန်းအဖြိုက် သူတော်သူမြတ်အဖြိုက်မှ ကင်းကွာ ကုန်ယာ၊ အဇာကြောင့် ရဟန်းဥဒါယီစွာ ငါ့ကိုကိုယ်တိုင် မေထုန်အမှုကို တောင်းပြီးကေ 'အဇာသူ စွာ ယုတ်မာဆိုးရွား မကောင်းရေ အနံ့ဟိရေ ဒေ အရာဝတ္ထုကို သုံးသပ်လိမ့်ဖို့လဲ'လို့ သန်ထွီး ထွီးပြီးကေ ဖဲခွါ လားလီဘိသလဲ၊ ငါဧ့ယုတ်မာမှုစွာ အဇာမှာလဲ၊ ငါဧ့ အနံ့ မကောင်းမှုစွာ အဇာမှာလဲ၊ ငါစွာဇာ မိမအောက် ဇာ အရာနန့် ယုတ်နိမ့်သလဲ'လို့ သရော်ဧ့၊ ရှုတ် ချဧ့၊ အပြစ်ပြ ပြောဆိုဧ့။

အခြားမိမရို့စွာလည်း 'ဒေသာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြိုက်ကုန်ရေ ရဟန်းရို့စွာ အရှက်မဟိကုန်၊ သီလမဟိကုန်၊ မမှန်စော်ကို ဆိုလိ့ဟိကုန်ဧ့။ပ။ အဇာ့ကြောင့် ရဟန်း ဥဒါယီ စွာ ဒေမိမအား ကိုယ်တိုင် မေထုန်အမှုကို တောင်းပြီးကေ 'အဇာသူစော် ယုတ်မာဆိုးရွားမကောင်းရေ အနံ့ဟိရေ ဒေအရာဝတ္ထုကို သုံးသပ်လိမ့်ဖို့လဲ'လို့ သန်ထွီးထွီးပြီးကေ ဖဲခွါလားလီဘိ သလဲ၊ ဒေမိမဧ့ ယုတ်မာမှုစွာ အဇာမှာလဲ၊ ဒေမိမဧ့ အနံ့မကောင်းမှုစွာ ဇာ မှာလဲ၊ ဒေမိမစွာ အဇာမိမအောက် ဇာအရာနန့် ယုတ်နိမ့်သလဲ'လို့ သရော်ကုန်ဧ့၊ ရှုတ်ချကုန်ဧ့၊ အပြစ်ပြ ပြောဆိုကက်ကုန်ဧ့။

ရဟန်းရို့စွာ သရော် ရှုတ်ချ အပြစ်ပြ ပြောဆိုကက်ရေ ထိုမိမရို့ဧ့ စကားကို ကြားကက်ကုန်ရာ အလိုနည်းပါးရေ ထိုရဟန်းရို့စွာ 'အဇာကြောင့် အသျှင်ဥဒါယီစွာ မိမဧ့ အထံမာ မိမိအလိုဟိအပ်တေ ကာမနန့် လုပ်ကျွေးခြင်းဧ့ ဂုဏ်ကျေးဇူးကို ပြောဆိုဘိသလဲ'လို့ သရော်ကုန်ဧ့၊ ရှုတ်ချကုန်ဧ့၊ အပြစ်ပြ ပြောဆိုကက်ကုန်ဧ့။

ယပြီးနောက် ထိုရဟန်းရို့စွာ အသျှင်ဥဒါယီကို အများကြီးဖြိုက်တေ အကြောင်းနန့် သရော်ပြစ်တင်ကက် ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကက်ကုန်ဧ့၊ ယင်းခါ မြတ်စွာဘုရားစွာ ဒေအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝီးစီပြီးကေ အသျှင်ဥဒါယီကို-

'ဥဒါယီ သင်စွာ မိမဧ့ အထံမာ မိမိ အလိုဟိအပ်တေ ကာမနန့် လုပ်ကျွေးခြင်းဧ့ ဂုဏ်ကျေးဇူးကို ပြောဆိုဧ့ဆိုစော် မှန်သလော'လို့ စိစစ် မီးမြန်းတော်မူဧ့။

မှန်ပါရေ မြတ်စွာဘုရားလို့ (လျှောက်ဧ့)။

ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူဧ့၊ '(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေယောက်ျား ဒေ (အလုပ်အမူစွာ) ရဟန်းရို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းရို့အလုပ်အမူမဟုတ်၊ မအပ်၊ မလုပ်သင့်။ (မဂ်ဖိုလ်မှ) အချည်းနှီးးဖြိုက်ရေ ယောက်ျား အဇာကြောင့် သင်စွာ မိမဧ့ အထံမာ မိမိ အလိုဟိအပ်တေ ကာမနန့် လုပ်ကျွေးခြင်းဧ့ ဂုဏ်ကျေးဇူးကို ပြောဆိုဘိလဲ။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ငါစွာ အများကြီးဖြိုက်တေ အကြောင်းနန့် ရာဂနန့်တကွဖြိုက်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းရန် ဟောတော်မူစွာ မဟုတ်ပါလော။ပ။ ကာမ ဂုဏ် အပူ အအိုက်ရို့ဧ့ ငြိမ်းအီးမှုကို ဟောတော်မူစွာ မဟုတ်ပါလော။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ဒေ (သင်လုပ်မိရေအမှု) စွာ မကြည်ညိုသီးရေ သူရို့အား ကြည်ညိုစီခြင်းငှါဖြစ်စီ။ပ။ ရဟန်းရို့ အေပိုင်ကေ ဒေသိက္ခာပုဒ်တော်ကို ပြကက်ကုန်ဖိ။

ပညတ်သိက္ခာပုဒ်နန့် သိက္ခာပုဒ်အဖွင့်

၂၉၁။ 'အကြင် ရဟန်းစွာ ရာဂဘီလူး ပူးဝင်အပ်စွာဖြိုက်ပြီးကေ ဖေါက်ပြန်ရေ စိတ်နန့် မိမဧ့ အထံမာ မိမိ အလိုဟိအပ်တေ ကာမနန့် လုပ်ကျွေးခြင်းဧ့ ကျေးဇူးကို ပြောဆိုငြားအံ့၊ 'နှမအကြင်မိမစွာ အကျင့်သီလဟိရေ ကောင်းရေ တရားဟိရေ မြတ်ရေ အကျင့်ကိုကျင့်လိ့ဟိရေ ငါ့ပိုင် လူကို ထို မေထုန်အမှုနန့် လုပ်ကျွေးရာဧ့၊ ဒေလုပ်ကျွေးခြင်းစွာ လုပ်ကျွေးခြင်း တိုင်းရို့တွင် အမြတ်ဆုံးပေတဲး'လို့ မေထုန်နန့် စပ်ရေ စကားနန့် ပြောဆိုငြားအံ့၊ ထိုရဟန်းအား သံဃာဒိသိသ်အာပတ် သင့်ဧ့' အေပိုင် (ပြကက်ကုန်ဖိလို့ မိန့်တော်မူဧ့)။

၄-အတ္တကာမပါရိစရိယသိက္ခာပုဒ် အဖွင့်

၂၉၂။ အကြင်ဆိုစော် အကြင်သို့ သဘောဟိရေ။ပ။

ရဟန်းဟူရေပ။ ဒေအရာမာ ဒေဉတ္တိစတုတ္ထကံနန့် ရဟန်းအဖြိုက်သို့ ရောက်သူကို 'ရဟန်း'လို့ အလိုဟိအပ်ဧ့။

ရာဂဘီလူးပူးဝင်အပ်စွာဖြိုက်ပြီးကေ ဆိုစော် ကကောင်းတပ်မက်စွာ ဖြိုက်ပြီးကေ ငဲ့ကွက်ခြင်းဟိစွာ ဖြိုက်ပြီးကေ ဖွဲ့နှောင် ရစ်ပတ်အပ်တေ စိတ်ဟိစွာဖြိုက်ပြီးကေ။

ဖောက်ပြန်ဆိုစော် တပ်မက်ရေ စိတ်စော်လည်း ဖောက်ပြန်စွာ မည်ဧ့၊ အမျက်ထွက်ရေစိတ်စော်လည်း ဖောက်ပြန်စွာ မည်ဧ့၊ တွီဝေရေ စိတ်စော်လည်း ဖောက်ပြန်စွာ မည်ဧ့၊ ယေကေလဲ တပ်မက်ရေ စိတ်ကို ဒေနိန်ရာမာ 'ဖောက်ပြန်'လို့ အလိုဟိအပ်ဧ့။

မိမဆိုစော် လူမိမတဲး၊ ဘီလူးမ (နတ်သမီး) မဟုတ်၊ ပြိတ္တာမ မဟုတ်၊ တိရစ္ဆာန်မ မဟုတ်၊ ကောင်း မကောင်း ရုန့်ရင်း မရုန့်ရင်းရေ စကားကို နားလည်နိုင်စွမ်းရေ မိမတဲး။

မိမဧ့ အထံမာဆိုစော် မိမဧ့ အနီးမာ၊ မိမနန့် မဝီးရေ အရပ်မာ။

မိမိအလိုဟိအပ်တေကာမဆိုစော် မိမိဧ့ အကြိုက်ကို၊ မိမိဧ့ အကြောင်းကို၊ မိမိဧ့ အလိုကို၊ မိမိအား လုပ်ကျွေးခြင်းကို။

ဒေလုပ်ကျွေးခြင်းစွာ အမြတ်ဆုံးပေတဲးဆိုစော် ဒေလုပ်ကျွေးခြင်းစွာ သာလွန်ဧ့၊ ဒေလုပ်ကျွေးခြင်းစွာ မြတ်ဧ့၊ ဒေလုပ်ကျွေးခြင်းစွာ အကြီးအမှူးဖြိုက်ဧ့၊ ဒေလုပ်ကျွေးခြင်းစွာ ကဲလွန်ဧ့၊ ဒေလုပ်ကျွေးခြင်းစွာ တောင့်တအပ် မြတ်ဧ့။

အကြင် မိမဆိုစော် မင်းသမီးပင်ဖြစ်စီ၊ ပုဏ္ဏေးမပင်ဖြစ်စီ၊ ကုန်သည်မပင်ဖြစ်စီ၊ သူဆင်းရဲမပင်ဖြစ်စီ။

ငါပိုင်ရေသူကိုဆိုစော် မင်းကိုဖြစ်စီ၊ ပုဏ္ဏားကိုဖြစ်စီ၊ ကုန်စော်ကိုဖြစ်စီ၊ သူဆင်းရဲကိုဖြစ်စီ။

အကျင့်သီလဟိရေဆိုစော် သူ့အသက်သတ်ခြင်းမှ ယှောင်ကြဥ်ရေ၊ မပီးရေ ဥစ္စာကို ယူခြင်းမှ ယှောင်ကြဥ်ရေ၊ အမှား ပြောခြင်းမှ ယှောင်ကြဥ်ရေ။

မြတ်ရေ အကျင့်ကို ကျင့်လိ့ဟိရေဆိုစော် မေထုန်အကျင့်မှ ယှောင်ကြဥ်ရေ။

ကောင်းရေ တရားဟိရေ ဆိုစော် ထိုအကျင့်သီလအားနန့်ဖြစ်စီ၊ ထိုမြတ်ရေအကျင့်အားနန့်ဖြစ်စီ ကောင်းရေတရားဟိဧ့။

ထိုအမှုနန့်ဆိုစော် မေထုန်အမှုနန့်။

လုပ်ကျွေးရာဧ့ဆိုစော် မွေ့လျော်စီရာဧ့။

မေထုန်နန့် စပ်ရေဆိုစော် မေထုန် အမှုနန့်ယှဉ်ရေ။

သံဃာဒိသိသ်ဆိုရေပ။ ယင်းချင့်ကြောင့်လည်း 'သံဃာဒိသိသ်'လို့ ဆိုအပ်ဧ့။

၂၉၃။ မိမလည်းဟုတ်ဧ့၊ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း မိမဧ့ အထံမာ ထိုမိမိအလိုဟိအပ်တေ ကာမနန့် လုပ်ကျွေးခြင်းဧ့ ဂုဏ်ကျေးဇူးကိုပြောဆိုအံ့၊ သံဃာဒိသိသ် အာပတ် သင့်ဧ့။

မိမလည်းဟုတ်ဧ့၊ ယုံမှားဟိပြီးကေ။ပ။ ပဏ္ဍုက်လို့ ထင်မှတ်ပြီးကေ။ ယောက်ျားလို့ ထင်မှတ်ပြီးကေ။ တိရစ္ဆာန်လို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း မိမဧ့ အထံမာ ထိုမိမိအလိုဟိအပ်တေ ကာမနန့် လုပ်ကျွေးခြင်းဧ့ ဂုဏ်ကျေးဇူးကို ပြောဆိုအံ့၊ ထုလ္လစဉ်းအာပတ် သင့်ဧ့။

ပဏ္ဍုက်လည်းဟုတ်ဧ့၊ ပဏ္ဍုက်လို့ ထင်မှတ် ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း ပဏ္ဍုက်ဧ့ အထံမာ ထိုမိမိအလိုဟိအပ်တေ ကာမနန့် လုပ်ကျွေးခြင်းဧ့ ဂုဏ်ကျေးဇူးကို ပြောဆိုအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။

ပဏ္ဍုက်လည်းဟုတ်ဧ့၊ ယုံမှားဟိပြီးကေ။ပ။ ယောက်ျားလို့ ထင်မှတ်ပြီးကေ။ တိရစ္ဆာန်လို့ ထင်မှတ်ပြီးကေ။ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း ပဏ္ဍုက်ဧ့ အထံမာ ထိုမိမိအလိုဟိအပ်တေ ကာမနန့် လုပ်ကျွေးခြင်းဧ့ ဂုဏ်ကျေးဇူးကို ပြောဆိုအံ့၊ ဒုက္ကဋ် အာပတ် သင့်ဧ့။

ယောက်ျားလည်းဟုတ်ဧ့။ပ။ တိရစ္ဆာန်လည်းဟုတ်ဧ့၊ တိရစ္ဆာန်လို့ ထင်မှတ်ပြီးကေ။ပ။ ယုံမှားဟိပြီးကေ။ မိမလို့ ထင်မှတ်ပြီးကေ။ ပဏ္ဍုက်လို့ ထင်မှတ်ပြီးကေ။ ယောက်ျားလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်းဟိဧ့၊ ရဟန်းစွာ လည်း တိရစ္ဆာန်ဧ့ အထံမာ ထိုမိမိအလိုဟိအပ်တေ ကာမနန့် လုပ်ကျွေးခြင်းဧ့ဂုဏ်ကျေးဇူးကို ပြောဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။

မိမနှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ မိန်းနှစ်ယောက်တိုမာ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေစိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း မိမနှစ်ယောက်ရို့ဧ့ အထံမာ ထိုမိမိအလိုဟိအပ်တေ ကာမနန့် လုပ်ကျွေးခြင်းဧ့ ဂုဏ်ကျေးဇူးကို ပြောဆိုအံ့၊ သံဃာဒိသိသ်အာပတ် နှစ်ချက် သင့်ဧ့။ပ။

မိမဖြစ်စီ၊ ပဏ္ဍုက်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့အထံမာ ထိုမိမိအလိုဟိအပ်တေကာမနန့် လုပ်ကျွေးခြင်းဧ့ ဂုဏ်ကျေးဇူးကို ပြောဆိုအံ့၊ သံဃာဒိသိသ်အာပတ်နန့် ဒုက္ကဋ်အာပတ်သင့်ဧ့။ပ။

၂၉၄။ 'သင်္ကန်း ဆွမ်း ကျောင်း သူနာအထောက်အပံ့ ဆီးအသုံးအဆောင်နန့် လုပ်ကျွေးဖိ'လို့ဆိုအံ့၊ အာပတ် မသင့်။ ရူးရေ ရဟန်း၊ အစ လက်ဦး လွန်ကျူးရေ ရဟန်းအား အာပတ် မသင့်။

အတ္တကာမပါရိစတိယသိက္ခာပုဒ်အဖွင့် ပြီးဧ့။

ဝိနီတဝထု ခေါင်းစိုင်မာတိကာ

ဇာပိုင်ကေ အမြုံမစွာ မောင်နှမ ရပါဖို့လဲ၊ ချစ်ခင်အပ်သူပင်ဖြစ်စီ၊ တင့်တယ်ရေသူပင်ဖြစ်စီ ဖြိုက်ရပါဖို့လဲ၊ အဇာကို လှူရဖို့လဲ၊ ဇာနန့် လုပ်ကျွေးရဖို့လဲ၊ ဇာပိုင်ကေ ကောင်းရာသုဂတိသို့ ရောက်ရပါဖို့လဲ။ ဒေကား ခေါင်းစိုင် မာတိကာတဲး။

ဝိနီတဝထု ဖြတ်ထုံးတိ

၂၉၅။ အယင်ခေါက်ကခါ အမြုံမတစ်ယောက်စွာ အိမ်သို့ ကပ်တတ်ရေ ရဟန်းအား 'အသျှင်ဘုရား ဇာပိုင်ကေ တပည့်တော်မစွာ သားဖွားမြင်ရပါအံ့လဲ'လို့ လျှောက်ဧ့။

နှမ သို့ဖြိုက်ကေ မြတ်ရေ အလှူကို လှူဖိလို့ (ဆိုဧ့)။

အသျှင်ဘုရား မြတ်ရေ အလှူကား ဇာပါလဲလို့ (မီးဧ့)။

မေထုန်အမှုတဲးလို့ (ပြောဧ့)။

ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သင်စွာ သံဃာဒိသိသ် အာပတ်သင့်ယာလို့ (မိန့်တော်မူဧ့)။ (၁)

အယင်ခေါက်ကခါ သားဖွားလိ့ဟိရေ မိမတစ်ယောက်စွာ အိမ်သို့ ကပ်တတ်ရေ ရဟန်းအား'အသျှင်ဘုရား ဇာပိုင်ကေ တပည့်တော်မစွာ သားကို ရပါအံ့လဲ'လို့ လျှောက်ဧ့။

နှမ သို့ဖြိုက်ကေ မြတ်ရေ အလှူကို လှူဖိလို့ (ဆိုဧ့)။

အသျှင်ဘုရား မြတ်ရေ အလှူကား ဇာပါလဲလို့ (မီးဧ့)။

မေထုန်အမှုတဲးလို့ (ပြောဧ့)။

ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သင်စွာ သံဃာဒိသိသ် အာပတ်သင့်ယာလို့ (မိန့်တော်မူဧ့)။ (၂)

အယင်ခေါက်ကခါ မိမတစ်ယောက်စွာ အိမ်သို့ ကပ်တတ်ရေ ရဟန်းအား 'အသျှင်ဘုရားဇာပိုင်ကေ တပည့်တော်မစွာ လင်ယောက်ျားဧ့ ချစ်ခင်အပ်သူ ဖြိုက်ရပါအံ့လဲ'လို့ လျှောက်ဧ့။

နှမ သို့ဖြိုက်ကေ မြတ်ရေ အလှူကို လှူဖိလို့ (ဆိုဧ့)။

အသျှင်ဘုရား မြတ်ရေ အလှူကား ဇာပါလဲလို့ (မီးဧ့)။

မေထုန်အမှုတဲးလို့ (ပြောဧ့)။

ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သင်စွာ သံဃာဒိသိသ် အာပတ်သင့်ယာလို့ (မိန့်တော်မူဧ့)။ (၃)

အယင်ခေါက်ကခါ မိမတစ်ယောက်စွာ အိမ်သို့ ကပ်တတ်ရေ ရဟန်းအား 'အသျှင်ဘုရားဇာပိုင်ကေ တပည့်တော်မစွာ တင့်ရေရေ အဆင်းအင်္ဂါဟိသူ ဖြိုက်ရပါဖို့လဲ'လို့ လျှောက်ဧ့။

နှမ သို့ဖြိုက်ကေ မြတ်ရေ အလှူကို လှူဖိလို့ (ဆိုဧ့)။

အသျှင်ဘုရား မြတ်ရေ အလှူကား ဇာပါလဲလို့ (မီးဧ့)။

မေထုန်အမှုတဲးလို့ (ပြောဧ့)။

ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သင်စွာ သံဃာဒိသိသ်အာပတ်သင့်ယာလို့ (မိန့်တော်မူဧ့)။ (၄)

အယင်ခေါက်ကခါ မိမတစ်ယောက်စွာ အိမ်သို့ ကပ်တတ်ရေ ရဟန်းအား 'အသျှင်ဘုရားတပည့်တော်မစွာ အသျှင်ဘုရားအား အဇာကို လှူရပါဖို့လဲ'လို့ လျှောက်ဧ့။

နှမ မြတ်ရေ အလှူကို လှူဖိလို့ (ဆိုဧ့)။

အသျှင်ဘုရား မြတ်ရေ အလှူကား ဇာပါလဲလို့ (မီးဧ့)။

မေထုန်အမှုတဲးလို့ (ပြောဧ့)။

ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သင်စွာ သံဃာဒိသိသ် အာပတ်သင့်ယာလို့ (မိန့်တော်မူဧ့)။ (၅)

အယင်ခေါက်ကခါ မိမတစ်ယောက်စွာ အိမ်သို့ ကပ်တတ်ရေ ရဟန်းအား 'အသျှင်ဘုရားတပည့်တော်မစွာ အသျှင်ဘုရားကို ဇာနန့် လုပ်ကျွေးရပါဖို့လဲ'လို့ လျှောက်ဧ့။

နှမ မြတ်ရေ အလှူနန့် လုပ်ကျွေးဖိလို့ (ဆိုဧ့)။

အသျှင်ဘုရား မြတ်ရေ အလှူကား ဇာပါလဲလို့ (မီးဧ့)။

မေထုန်အမှုတဲးလို့ (ပြောဧ့)။

ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သင်စွာ သံဃာဒိသိသ် အာပတ်သင့်ယာလို့ (မိန့်တော်မူဧ့)။ (၆)

အယင်ခေါက်ကခါ မိမတစ်ယောက်စွာ အိမ်သို့ ကပ်တတ်ရေ ရဟန်းအား 'အသျှင်ဘုရားတပည့်တော်မစွာ ဇာပိုင်ကေ ကောင်းရာသုဂတိသို့ ရောက်ရပါဖို့လဲ'လို့ လျှောက်ဧ့။

နှမ သို့ဖြိုက်ကေ မြတ်ရေ အလှူကို လှူဖိလို့ (ဆိုဧ့)။

အသျှင်ဘုရား မြတ်ရေ အလှူကား ဇာပါလဲလို့ (မီးဧ့)။

မေထုန်အမှုတဲးလို့ (ပြောဧ့)။

ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ဧ့။ပ။ ရဟန်း သင်စွာ သံဃာဒိသိသ် အာပတ်သင့်ယာလို့ (မိန့်တော်မူဧ့)။ (၇)

စတုထ္ထ အတ္တကာမပါရိစရိယသိက္ခာပုဒ် ပြီးဧ့။