Jump to content

အမှုန်အဟိန်မြင့်စက်

ဝီကီးပီးဒီးယား က
Sketch of an electrostatic Van de Graaff accelerator
Sketch of the Ising/Widerøe linear accelerator concept, employing oscillating fields (1928)

အမှုန်အဟိန်မြင့်စက် ရေ လျှပ်စစ်သံလိုက်စက်ကွင်းကို အသုံးချပြီး လျှပ်စစ်ဝင်နီရေ အမှုန်တိကို အလင်းအလျင်နီးပါးခန့် တွန်းကန်ရန် အသုံးချသည့် စက်ပစ္စည်းဖြစ်ရေ။ ကြီးမားရေ အဟိန်မြင့်စက်တိရေ အမှုန်ရူပဗေဒတွင် ထိတိုက်ပစ္စည်းအဖြစ် အသုံးပြုကတ်ရေ။ သေးငယ်ရေ အမှုန်အဟိန်မြှင့်စက်တိကိုလည်း ဆေးဘက်ဆိုင်ရာ၊ ရူပဗေဒနယ်ပယ်တိတွင် အသုံးတိကတ်ရေ။ ယခုလက်ဟိ ကမ္ဘာပေါ်တွင် အဟိန်မြှင့်စက်ပေါင်း ၃၀၀၀၀ ကျော်ဟိရေဟု ဆိုရေ။[] အဟိန်မြင့်စက် အမျိုးအစား ၂ ခုဟိပြီး ယင်းရို့မှာ electrostatic နန့် electrodynamic အဟိန်မြင့်စက်ရို့ ဖြစ်ကတ်ရေ။[] Electrostatic အဟိန်မြှင့်စက်တိရေ လျှပ်စစ် စက်ကွင်းကို အသုံးပြုပြီး အမှုန်တိကို အဟိန်မြှင့်တင်ကတ်ရေ။ အသုံးအတိဆုံး အမျိုးအစားတိမှာ Cockcroft–Walton ဂျင်နယ်ရေတာနန့် Van de Graaff ဂျင်နယ်ရေတာရို့ဖြစ်ကတ်ရေ။ အသေးစား နမူနာကိုပြရလျင် ရုပ်မြင်သံကြားတိတွင် အသုံးပြုရေ cathode ray tube ဖြစ်ရေ။ ယင်းပစ္စည်းတိထဲတွင် အမှုန်တိအတွက် ဖြစ်နိုင်ရေ kinetic energy မှာ ဗို့အားကိုမြှင့်တင်ခြင်းဖြင့် ဆုံးဖြတ်ရေ။ အီလက်ထရို ဒိုင်းနမိုက် သို့မဟုတ် လျှပ်စစ်သံလိုက် အဟိန်မြင့်စက်တိရေ တနည်းအားဖြင့် လျှပ်စစ်သံလိုက်စက်ကွင်း သို့မဟုတ် ရေဒီယိုကြိမ်နှုန်းစက်ကွင်းကို ဖယ်ထုတ်ရင်းဖြင့် အမှုန်ဟိန်မြင့်တင်ခြင်းဖြစ်ရေ။ ယင်းအမှုန်အမျိုးအစားတိရေ တူညီရေအဟိန်တင်နည်းဖြင့် အကြိမ်ပေါင်းတိစွာ ဖြတ်ကျော်နိုင်ရေကြောင့် အထွက်စွမ်းအင်ရေ အဟိန်တင်စက်ကွင်းဖြင့် ကန့်သတ်မထားပေ။ ၁၉၂၀ ခုနှစ်တိတွင် ပထမဆုံး မွမ်းမံခရေ ယင်းအမျိုးအစားတိရေ ခေတ်သစ်အဟိန်မြင့်စက်တိအတွက် အခြီခံဖြစ်လီရေ။ ထိတိုက်စက်တိရေ အက်တမ်အောက်ကမ္ဘာ တည်ဆောက်ပုံဧ ခြေရာကို ပီးစွမ်းနိုင်ရေကြောင့် အဟိန်မြင့်စက်တိကို အများအနိန်နန့် ၂၀ ရာစုတွင် အက်တမ်ဖြိုခွင်းစက်ဟု ရည်ညွန်းကတ်ရေ။[] အဟိန်မြင့်စက်အတိစုရေ တကယ်တမ်းတွင် အက်တမ်အောက်အမှုန်တိနန့် တွန်းကန်ကေလည်း ယေဘုယျအားဖြင့် အဟိန်မြင့်စက်တိဟုသာ ရည်ညွန်းကတ်ရေ။[][][]

အစ္စရီးနိုင်ငံ Weizmann Institute ဟိ Koffler အဟိန်မြင့်စက်

စွမ်းအားမြင့် အမှုန်တိတန်းရေ အခြီခံနန့် လက်တွိ့အသုံးချ သိပ္ပံသုတေသနလုပ်ငန်းတိတွင် အသုံးဝင်ပြီး နည်းပညာရပ်နန့် အခြားရေ စက်မှုနယ်ပယ်တိအတွက်လည်း အသုံးဝင်လှရေ။ ခန့်မှန်းချက်အရ တစ်ကမ္ဘာလုံး အမှုန်အဟိန်မြင့်စက်ပေါင်း ၃၀၀၀၀ ဟိရေဟုဆိုရေ။ ၁ ရာခိုင်နှုန်းသာလျင် ၁ GeV အထက်စွမ်းအားဟိပြီး ၄၄ ရာခိုင်နှုန်းမှာ ရေဒီယို ကုသရီးစနစ်အတွက်ဖြစ်ကာ ၉ ရာခိုင်နှုန်းမှာ စက်မှုလုပ်ငန်းနန့် အခြီခံ သုတေသနလုပ်ငန်းတိအတွက်ဖြစ်ရေ။ ၄ ရာခိုင်နှုန်းမှာ ဇီဝဆေးလုပ်ငန်းနန့် စွမ်းအားနိမ့် သုတေသနလုပ်ငန်းအတွက် ဖြစ်ကတ်ရေ။[] ဂရပ်မျဉ်းက ညွန်ပြနေရေမှာ ၂၀၁၂ မှ အချက်အလက်ဖြစ်ပြီး ရင်းမြစ်တိစွာက အခြီခံထားခြင်း ဖြစ်ရေ။[]

စွမ်းအားမြင့် ရူပဗေဒ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အရာဝတ္ထု၊ အာကာသအချိန်ဧ တည်ဆောက်ပုံနန့် ဒိုင်းနမိုက်သဘောတရားတိကို လီ့လာရာတွင် ရူပဗေဒပညာသျှင်တိရေ စွမ်းအားမြင့်ရေ အရိုးသျှင်းဆုံးအရာတိကို ရှာဖွေကြလီ့ဟိရေ။ ယင်းကဲ့သို့ရေ အမှုန်အဟိန်မြင့်စက်တိရေ ဂီဂါဗို့ (GeV) တိစွာ ထုတ်ပီးရေ။ အမှုန်အဟိန်မြင့်စက်တိဖြင့်သာ လက်ပတွန်အီလက်ထရွန်ပိုစီထရွန်ဖိုတွန်ဂလူယွန် အစဟိရေ အက်တက်အောက်အမှုန်တိကို လီ့လာနိုင်လီရေ။ ယင်းကဲ့သို့လီ့လာရန် GeV ရာချီကာ သို့မဟုတ် ထိုထက်ပိုမိုလိုအပ်ရေ။ အခြီခံကျရေ အမှုန်ရူပဗေဒပညာရပ်အတွက် အသုံးပြုသည့် အကြီးမားဆုံးနန့် စွမ်းအင်အတိဆုံး အမှုန်အဟိန်မြှင့်စက်မှာ ၂၀၀၉ ခုနှစ်ကတည်းက လည်ပတ်နီရေ CERN ဟိ Large Hadron Collider (LHC) ဖြစ်ရေ။[]

နယူကလိယ ရူပဗေဒနန့် အိုင်ဆိုတုပ် ထုတ်လုပ်ခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

နယူကလိယား ရူပဗေဒပညာသျှင်တိနန့် စကြဝဠာဗေဒပညာသျှင်တိရေ အီလက်ထရွန်တိကို ထက်ခြမ်းခွဲရန် အက်တော့မစ် နယူကလိယတိကို အသုံးချနိုင်ကောင်းရေ။ ယင်းကဲ့သို့ လုပ်ဆောင်ချက်တိရေ မြင့်မားရေအပူချိန်နန့် သိပ်ရီးမှုရို့တွင် နယူကလိယတိဧ တည်ဆောက်ပုံကို လီ့လာရန် ဖြစ်လီရေ။ ထိုကဲ့သို့အခြီနေရေ မဟာပေါက်ကွဲမှုတွင် ဖြစ်ပွားသည့်ဖြစ်စဉ်နန့် ဆင်တူလှရေ။ ယင်းကဲ့သို့ လီ့လာမှုတိတွင် အိုင်ယွန်း သို့မဟုတ် ရွှေတိကို မြင့်မားရေစွမ်းအားဖြင့် လီးလံရေ အက်တမ်တိကို ထိတိုက်မိစေရန် စီမံခြင်းဖြစ်ရေ။ ယင်းကဲ့သို့လုပ်ဆောင်သည့် အကြီးမားဆုံး အဟိန်မြင့်စက်မှာ ဘရုတ်ဟေဗန် အမျိုးသားဓာတ်ခွဲခန်းမှ Relativistic Heavy Ion Collider (RHIC) ဖြစ်ရေ။ အမှုန်အဟိန်မြင့်စက်တိရေ ပရိုတွန်တန်းတိကို ထုတ်လုပ်ပီးနိုင်သိမ်းရေ။ ယင်းရေ ပရိုတွန်ကြွယ်ဝသည့် ဆေးဘက်တွင် အသုံးချရေ အိုင်ဆိုတုပ်တိကို ထုတ်ပီးနိုင်ပြီး နယူထရွန်ကြွယ်ဝရေ အိုင်ဆိုတုပ်တိရေ fission ဓာတ်ပေါင်းဖိုတိတွင် ပြုလုပ်ရေ။ မကြာသိမ်းခင်မှ 99Mo အား ဟိုက်ဒရိုဂျင် အိုင်ဆိုတုပ်တိကို အဟိန်မြင့်တင်ရင်း မည်ကဲ့သို့ပြုလုပ်ရရေကို တွိ့ဟိခရေ။[၁၀] ယကေလည်းလည်း ဒေနည်းလမ်းရေ ထရီသီယမ်အား ထုတ်လုပ်ရန် ဓာတ်ပေါင်းဖိုတစ်ခု လိုအပ်လီရေ။ ယင်းကဲ့သို့ရေ နမူနာဓာတ်ပေါင်းဖိုမှာ LANSCE ဟိ Los Alamos အမျိုးသား ဓာတ်ခွဲခန်းဖြစ်ရေ။

ဆင်ခရိုထရွန် ဖြာထွက်မှု

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အခြီခံစိတ်ဝင်စားမှု ဟိကေလည်း စွမ်းအားမြင့် အီလက်ထရွန်တိကို စွမ်းအင်မြင့် ဖိုတွန်တိနန့် ဆင်ခရွန်ထရွန် ရောင်ခြည်ဖြာထွက်မှုဖြင့် အင်မတန်တောက်ပရေ အလင်းတိ ထုတ်ပီးနိုင်ကောင်းရေ။ ဆင်ခရွန်ထရွန်တိကို အက်တမ် တည်ဆောက်ပုံ၊ ဓာတုဗေဒရူပဗေဒဇီဝဗေဒနန့် နည်းပညာနယ်ပယ်တိအား လီ့လာရာတွင် တိစွာ အသုံးချရေ။ ဆင်ခရွန်ထရွန် အလင်းပင်ရင်းတိစွာ ကမ္ဘာအနှံ့ ဟိရေ။ ဥပမာအားဖြင့် အမေရိကန်တွင် Stanford Synchrotron Radiation Lightsource နန့် SLAC National Accelerator Laboratory ရို့ဖြစ်ကတ်ရေ။ European Synchrotron Radiation Facility မှလည်း ပြင်သစ်နိုင်ငံတွင် တည်ဆောက်ထားကာ အင်းဆက်တိအား အခန်းထဲတွင် လှီာင်ပိတ်ကာ သုံးဘက်မြင်ပုံရိပ် အသေးစိတ်တိ ဖော်ထုတ်ရန် အသုံးချခရေ။[၁၁] ယင်းရို့ရေ အတော်အသင့် စွမ်းအင်မြင့် အီလက်ထရွန် အဟိန်မြင့်စက်တိ ဖြစ်ကြလီရေ။

စွမ်းအားနိမ့်စက်ပစ္စည်းတိနန့် အမှုန်ကုသမှု

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

နေ့စဉ်မြင်တွိ့နေရသည့် အမှုန်အဟိန်မြင့်စက် နမူနာတိမှာ တီလီဗေးသျှင်းတိတွင် ထည့်ထားရေ cathode ray tube တိနန့် X-ray ဂျင်နေရေတာတိ ဖြစ်ကတ်ရေ။ ယင်းစွမ်းအားနိမ့် အဟိန်မြင့်စက်တိကိုမူ အီလက်ထရုတ် တစ်စုံ၊ ဗို့အား ၁၀၀၀ ဝန်းကျင် DC ရို့ကို အသုံးပြုထားရေ။ အိုင်စီ ဆားကပ်ပတ်လမ်းတိတွင်အသုံးပြုရေ ion implanter တိရေလည်း စွမ်းအားနိမ့် အဟိန်မြင့်စက်တိ ဖြစ်ကတ်ရေ။


Ernest Lawrence ဧ ပထမဆုံး ဆိုင်ကလိုထရွန်စက်ရေ အချင်းအားဖြင့် ၄ လက်မ ရှည်လျားပြီး ၁၉၃၉ နောက်ပိုင်းတွင် သူရေ ဝင်ရိုးစွန်းမျက်နှာပြင် ၆၀ လက်မဟိရေစက်ကို တည်ဆောက်ခရေ။ ၁၉၄၂ ခုနှစ်တွင် ၁၈၄ လက်မအရှည်ဟိရေ စက်ကို တည်ဆောက်ရန် စီစဉ်ထားခကေလည်း ဒုတိယကမ္ဘာစစ်ကြောင့် ရပ်နားခရရေ။ ယကေလည်းလည်း သူတေသနနန့် ဆေးဘက်ဆိုင်ရာအတွက် နှစ်ပေါင်းတိစွာ ဆက်လက် အကောင်အထည်ဖော်ခရေ။ ပထမဆုံး ကြီးမားရေ ပရိုတွန် ဆိုင်ခရိုထရွန်ရေ ဘရုတ်ဟေဗန် အမျိုးသား ဓာတ်ခွဲခန်းမှ Cosmotron ဖြစ်ပြီး ယင်းရေ ပရိုတွန်တိအား ၃ GeV ခန့် အဟိန်မြင့်ခရေ။ ၁၉၅၄ ခုနှစ်တွင် ပြီးဆုံးရေ ဘာကလီမှ Bevatron ရေ ဆန့်ကျင်ဘက်ပရိုတွန်တိ ဖန်တီးနိုင်သည့်အထိ ပရိုတွန်တိအား အဟိန်မြင့်တင်ရန် ဒီဇိုင်းဆွဲခရေ။ ၁၉၉၁ ခုနှစ်တွင် အကောင်အထည်ဖော် တည်ဆောက်ခသည့် တက္ကဆပ်ပြည်နယ်မှ Superconducting Super Collider (SSC) ရေ မြေအောက်သို့ မီတာအနည်းငယ်ခန့် အကျယ်ယူရရေကြောင့် ကုန်ကျစရိတ်များပြားကာ ရပ်နားခရရေ။

တွင်းနက်ထုတ်လုပ်ခြင်းနန့် လူထုစိုးရိမ်ဖွယ်ရာတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အနာဂတ်တွင် ကြိုတင်ဟောကိန်းထုတ်ထားရေ ဆူပါကြိုးမျှင်သီအိုရီ မှန်ကန်ခပါက စွမ်းအားအတိဆုံးအဟိန်မြင့်စက်တိ၌ တွင်းနက်တိ ထုတ်လုပ်နိုင်ခြေရေ ဖြစ်လာနိုင်ရေ။[၁၂][၁၃] ယင်းဖြစ်နိုင်ခြေကိစ္စရေ ၂၀၀၈ ခုနှစ်အတွင်း LHC တွင် မောင်းနှင်ရီးနန့်ပတ်သက်ပြီး လူထုကြား စိုးရိမ်ဖွယ်ဖြစ်လာခရေ။ LHC Safety Assessment Group ကမူ စိုးရိမ်ဖွယ်မဟိဟု ဖော်ပြခရေ။[၁၄] အကယ်ပနာ တွင်းနက်ကို ဖန်တီးပါက ကြိုတင်ခန့်မှန်းထားရေ ဘက်ကစတိန်း-ဟောကင်း သီအိုရီအရ တွင်းနက်ရေ လျင်မြန်ဆန်စွာ အငွေ့ပျံလားမည်ဖြစ်ရေ။ ယကေလည်းလည်း လက်တွိ့အရမူ အတည်ပြုနိုင်ခြင်းမဟိပေ။ အကယ်ပနာ အဟိန်မြင့်စက်ရေ တွင်းနက်တိကို ထုတ်လုပ်ပီးနိုင်မည်ဆိုပါက ကော့စမစ်ရောင်ခြည်တိရေ အဆပေါင်းတိစွာ ထုတ်လုပ်ပီးမည်ဖြစ်ရေ။[၁၅]

အဟိန်မြင့်စက် မောင်းနှင်သူ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အဟိန်မြင့်စက် မောင်းနှင်သူ ရေ အဟိန်မောင်းစက်အား ထိန်းချုပ်မောင်းနှင်ပြီး လီ့လာဆန်းစစ်သူဖြစ်ရေ။ သူရို့ရေ လီဟာနယ်၊ သံလိုက်၊ ပါဝါရင်းမြစ်၊ ရေဒီယိုကြိမ်နှုန်းနန့် ရေအားပီးစက်တိ ကောင်းမွန်စေရန်အလိုငှာ ပစ်မှတ်တိဧ တည်နီရာကို သတ်မှတ်ပီးခြင်း၊ ထိန်းပြင်သမားတိနန့် ဆက်သွယ်ကူညီပီးခြင်းလုပ်ငန်းတိ ဆောင်ရွက်ပီးရေ။

  1. Witman, Sarah. "Ten things you might not know about particle accelerators". Symmetry Magazine. Fermi National Accelerator Laboratory. Retrieved 21 April 2014.
  2. "Textbook: Principles of Charged Particle Acceleration". Field Precision (in English). Retrieved 2026-01-11.
  3. "six Million Volt Atom Smasher Creates New Elements" (April 1935). Popular Mechanics.
  4. Higgins၊ A. G.။ "Atom Smasher Preparing 2010 New Science Restart"၊ U.S. News & World Report၊ December 18, 2009။
  5. Cho, A. (June 2, 2006). "Aging Atom Smasher Runs All Out in Race for Most Coveted Particle". Science 312 (5778): 1302. doi:10.1126/science.312.5778.1302.
  6. The American heritage science dictionary (1st ed.). Boston, Mass.: Houghton Mifflin. 2005. p. 49. ISBN 978-0-618-45504-1. LCCN 2004019696. OCLC 56356196. OL 7605358M.
  7. Feder, T. (2010). "Accelerator school travels university circuit". Physics Today 63 (2): 20. doi:10.1063/1.3326981. Bibcode: 2010PhT....63b..20F.
  8. Hamm, Robert W; Hamm, Marianne E (2012-08). Industrial Accelerators and Their Applications (in English). WORLD SCIENTIFIC. doi:10.1142/7745. ISBN 978-981-4307-04-8. LCCN 2012288802. OCLC 809620996. OL 26014878M. {{cite book}}: Check date values in: |date= (help)
  9. http://press.cern/press-releases/2009/11/two-circulating-beams-bring-first-collisions-lhc
  10. Nagai, Y. (2009). "Production of 99Mo for Nuclear Medicine by 100Mo(n,2n)99Mo". Journal of the Physical Society of Japan 78 (3): 033201. doi:10.1143/JPSJ.78.033201. Bibcode: 2009JPSJ...78c3201N.
  11. Amos၊ J.။ "Secret 'dino bugs' revealed"၊ BBC News၊ April 1, 2008 2008-09-11 တွင် ပြန်စစ်ပြီး
  12. "An Interview with Dr. Steve Giddings". Essential Science Indicators. Thomson Reuters. July 2004. Archived from the original on 16 October 2017. Retrieved 25 January 2017.
  13. Chamblin, A. (2002). "Black hole production at the CERN LHC: String balls and black holes from pp and lead-lead collisions". Physical Review D 66 (9): 091901. doi:10.1103/PhysRevD.66.091901. Bibcode: 2002PhRvD..66i1901C.
  14. Ellis, J. LHC Safety Assessment Group (5 September 2008). "Review of the Safety of LHC Collisions". Journal of Physics G 35 (11): 115004. doi:10.1088/0954-3899/35/11/115004. Bibcode: 2008JPhG...35k5004E. CERN record.
  15. Jaffe, R. (2000). "Review of Speculative "Disaster Scenarios" at RHIC". Reviews of Modern Physics 72 (4): 1125–1140. doi:10.1103/RevModPhys.72.1125. Bibcode: 2000RvMP...72.1125J.