Jump to content

အယုတ်ညံ့ဆုံးစိတ်ဆိုစော်

ဝီကီးပီးဒီးယား က

❝ အယုတ်ညံ့ဆုံးစိတ်ဆိုတာ ❞

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]


လောကမှာ...အဆိုးဆုံး အယုတ်ညံ့ဆုံးလို့ ဘုန်းကြီးယူဆရေ ဆင်းရဲစိတ် ကိလေသာစိတ်စော် မနာလိုရေစိတ် ဣဿာရာ။ သူများ ကိုယ့်ထက် ရုပ်လှနီစော်ကို မနာလို။ အလကား သက်သက် သူ့စော်သူ ရုပ်လှစော် ကိုယ်နဲ့ ဇာဆိုင်လဲ?

ယင်းဟင့်စော် လွားယာ ရွံစရာ မနာလိုရေ စိတ်ဖြစ်စော်။ သူများ ကိုယ့်ထက် ပညာတတ်နီစော် မနာလို။ သူများ ကိုယ့်ထက် နာမည်ကြီးနီစော် မနာလို။ သူများ ကိုယ့်ထက် လူချစ်လူခင် များစော်၊ ကြည်ညိုလူတိများစော် မနာလို။ သူများ ကိုယ့်ထက် ကြီးပွားချမ်းသာနီစော် မနာလို။

အမှန်ဆိုကေတော့ခါ... လောကမှာ လူတိုင်းလူတိုင်း ချမ်းသာနီရေ၊ ကောင်းစားနီရေဆိုကေ ဘ၀တူလူသားတစ်ယောက်အနီနဲ့ ၀မ်းသာနီရဖို့။

ယင်းဟင့်ကို ၀မ်းမသာနိုင်ဘဲနဲ့ သက်သက်လားပနာ သူများကောင်းစားနီစော်ကို၊ ချမ်းသာနီစော်ကို စိတ်ထဲမှာ မကြည့်နိုင်၊ မမြင်နိုင်ဖြစ်ပနာ စိတ်မချမ်းသာ ဖြစ်နီစော်။ အကုသိုလ် ဖြစ်နီစော။

သူများတိကို မနာလိုလို့ ကိုယ့်မှာ တစ်ခုလဲ ရစော်မဟုတ်ဘဲနဲ့၊ တစ်ခုလဲ မပတ်သက်ဘဲနဲ့ စိတ်ဆင်းရဲနီကတ်ရစော်။

စိတ်ထား မတတ်ရေခါ အလကားသက်သက် စိတ်ဆင်းရဲကို ယှာယူနီကတ်စော်။ ဒေပိုင်စိတ်ဟိကေ သူ့မှာ ဇာအမြတ်ရလဲ? ဇာတစ်ခုလဲ မရဘဲနဲ့ကို စိတ်ဆင်းရဲ ခံနီရစော်။

ယင်းကြောင့် ဒေစိတ်ကို အဆိုးဆုံး အယုတ်ညံ့ဆုံး စိတ်လို့ ယူဆရေ။ တဝဆိုးရေစိတ် အဂင့်ယုတ်ညံ့ရေစိတ်။ ဒေစိတ်တိ ဟိနီသမျှတော့ခါ ဆင်းရဲနီစော်ယာ။

လောကမှာ ပျက်စီးကတ်စာတိစော် ယင်းမနာလိုစိတ် အရင်းခံလို့ ပျက်စီးကတ်စော်တိက ကကောင်းများရေ။ တစ်ယောက်နဲ့တစ်ယောက် မတည့်ကတ်စော်ကအစ စစ်ပွဲကြီးတိရာ ကြည့်ကတ်ပါ။ ယင်း မနာလိုမှုက စပနာ ဖြစ်ရရေစစ်ပွဲတိ ကကောင်းများရေ။

ယင်းအတွက်ကြောင့် ယင်းစိတ်တိကို ကိလေသာလို့ခေါ်ရေ။ ယင်းဟင့်စော် ဆင်းရဲတိရာ။ ဒေကိလေသာတိ ဟိနီသမျှ လူစော် ဆင်းရဲနီစော်ယာ။ ဒေကိလေသာတိ မဟိကေ လူစော် မဆင်းရဲပါ။

(ယင်းချင့်ကို မှတ်ရလွယ်အောင် ဆောင်ပုဒ်ချေနဲ့ လုပ်ထားရေ။)

"မိမိကိန်းရာ၊ သတ္တဝါကို

ဗျာပါလှိုက်ဆူ၊ ပူလောင်စီတတ်

နှိပ်စက်တတ်၍၊ ထပ်ထပ်ညစ်ပတ်

ပြုတတ်လီ ဆယ်ထွေ ကိလေသာ"

[]

  1. (ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ ဟောကြားသော “ဆင်းရဲငြိမ်းအေး ချမ်းသာရေး” တရားတော်မှ)