အရည်ပျော်မှတ်
အသွင်ပြင်

အရည်ပျော်မှတ် ဆိုစွာမှာ လီထုဖိအားအောက်တွင် အရာဝတ္ထုတစ်ခုဧ အစိုင်အခဲအခြီအနီမှ အရည်အခြေအနီသို့ ပြောင်းလဲလားရေ အပူချိန်မှတ်ဖြစ်ရေ။ အရည်ပျော်မှတ်တွင် အစိုင်အခဲနန့် အရည်စွာ မျှခြီအနီအထား၌ တည်ဟိရေ။ အရာဝတ္ထုတစ်ခုဧ အရည်ပျော်မှတ်သည် ပုံမှန်အနိန်နန့် စံပြုထားရေ အပူချိန်နန့် ဖိအားအောက်တွင် မူတည်ရေ။ အကယ်၍ အရည်အခြီအနီမှ အစိုင်အခဲအခြီအနီသို့ ပြောင်းပြန် ကူးပြောင်းကေ ယင်းကို ရေခဲမှတ် သို့မဟုတ် ပုံဆောင်ခဲကူးပြောင်းမှတ်ဟု ခေါ်ဆိုလီရေ။ ယကေလည်းသော အချို့သော အရာဝတ္ထုတိစော် ဆူပါအီးမြသည့်စွမ်းရည်ဟိအတွက်နန့် ယင့်ရို့ကို ရေခဲမှတ်ဟု မမှတ်ယူနိုင်လီ။ အရည်ပျော်မှတ်အား ဒေကိုင်မှတ်ယူရာဧ။ ရေခဲ ဖြစ်တည်ခြင်းထက် အရာဝတ္ထုစွာ ပျောက်ကွယ်လားကေ အရည်ပျော်မှတ်ဖြစ်ရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ Ramsay, J. A. (1949). "A new method of freezing-point determination for small quantities". J. Exp. Biol. 26 (1): 57–64. PMID 15406812.