အရှိုချင်းလူမျိုး
| လူဦးရွီ စုစုပေါင်း | |
|---|---|
| (တရားဝင်စာရင်း အတည်ပြုဆဲ) | |
| အများစု နီထိုင်ရေ နီရာ | |
| မြန်မာနိုင်ငံ • ရခိုင်ပြည်နယ် (ရခိုင်ရိုးမတလျှောက်) • မကွေးတိုင်းဒေသကြီး • ပဲခူးတိုင်းဒေသကြီး (ပဲခူးရိုးမဝန်းကျင်) • ဧရာဝတီတိုင်းဒေသကြီး | |
| ဘာသာစကား | |
| အရှိုချင်းဘာသာစကား၊ မြန်မာဘာသာစကား | |
| ကိုးကွယ်မှု | |
| ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ နတ်ကိုးကွယ်မှု | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုတိ | |
| ချင်းလူမျိုး၊ ကရင်လူမျိုး |
အရှိုချင်းလူမျိုး (အိန်းဂလိချ်: Asho Chin) စွာ မြန်မာနိုင်ငံ အလယ်ပိုင်း မြီပြန့်ဒေသတိနန့် ရခိုင်ပြည်နယ် ရခိုင်ရိုးမတောင်တန်း တလျှောက်မာ ကွဲပြားပျံ့နှံ့စွာ နီထိုင်ကတ်ရေ ချင်းမျိုးနွယ်စု တစု ဖြစ်တေ။ အရှိုချင်းလူမျိုးတိစွာ ပထဝီဝင်အနိန်အထားအရ တခြားသော တိုင်းရင်းသားလူမျိုးစုများအကြား ပျံ့နှံ့အခြီချ နီထိုင်တတ်ကတ်ပြီး စရိုက်လက္ခဏာအားဖြင့် ရိုးသားအအီးသသာစွာ နီထိုင်တတ်ရေ လူမျိုးစုအဖြစ် ထင်ရှားရေ။[၁]
အရှိုချင်းလူမျိုးတိစွာ ကိုယ်ရို့ဧ့ နာမည်ရှိ့မာ အမျိုးသားဖြစ်ကေ "ဆလိုင်း" (Salai)၊ အမျိုးသမီးဖြစ်ကေ "မိုင်" (Mai) ဆိုပနာ ဂုဏ်ယူစဖွယ် ခေါ်ဆိုသုံးနှုန်းလေ့ ဟိကတ်တေ။
အခြီချရာဒေသ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အရှိုချင်းလူမျိုးများ အဓိက ရောက်ဟိနီထိုင်ရာ ဒေသတိမာ ရခိုင်ရိုးမတောင်တန်းတလျှောက် (ရခိုင်လူမျိုးတိနန့် ချင်းတောင်တန်းဟိ ချင်းလူမျိုးတိကြား)၊ဧရာဝတီမြစ်ဝှမ်းနန့် စစ်တောင်းမြစ်ဝှမ်း မြီပြန့်ဒေသများ၊ ပဲခူးရိုးမနန့် ရှမ်းရိုးမတောင်ခြီဒေသတိဖြစ်တေ။
ယင်းရို့စွာ ကွဲပြားရေ တိုင်းရင်းသားလူမျိုးစုများ အကြားမာ အဆင်ပြေပြေနန့် ငြိမ်းချမ်းစွာ တတူလက်တွဲ နီထိုင်နှိုင်ရေ စိတ်နီသဘောထား ဟိကတ်တေ။
ဝတ်စားဆင်ယင်မှုနန့် ဓလိထုံးစံ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အရှိုချင်းလူမျိုးရို့၏ ရိုးရာဝတ်စုံမာ ကြက်သွီးနီရောင်နန့် အနက်ရောင်ကို အဓိက အခြီခံပြီး အပြာ၊ အဝါနန့် အစိမ်းရောင်လိုင်းတိကို သီးသန့်အစင်းကြောင်းတိအဖြစ် ပါးပါးအချေ ပေါင်းစပ်ခြုပ်လုပ်ကတ်တေ။ ရိုးရာအဓိပ္ပာယ်ဖွင့်ဆိုချက်အရ အရဲရင့်ရောင်စွာ "ရဲရင့်မှု" ကို ပြသပြီး အနက်ရောင်စွာ "တည်ကြည်ခန့်ညားမှုနန့် မြင့်မြတ်မှု" ကို ဖော်ဆောင်ရေ။ အမျိုးသမီးတိစွာ ငွီထည်တန်ဆာပလာတိနန့် မှန်ဝိုင်းပါဝင်ရေ ရိုးရာနားတောင်းတိကို ဆင်ယင်လိဟိရေ။
ပါးရဲထိုးခြင်း (ဆီးမှင်ကြောင်) ဓလိ့
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရှီးခေတ်အခါက အရှိုချင်းအမျိုးသမီးတိစွာ ပါးပြင်ထက်မာ ဆီးမှင်ကြောင် (ပါးရဲ) ထိုးရေ ဓလိ့ ဟိခရေ။ ယင်းဓလိ့စွာ ရှီးမင်းညီမင်းသားတိနန့် လူမျိုးခြားဘုရင်များ တော်ကောက်ခြင်းက ကာကွယ်ရန်နန့် ကိုယ်ရို့ဧ့ ရိုးရာအမှတ်အသားကို ထိန်းသိမ်းဖို့အတွက် ရုပ်အလှပျက်ခံကာ စွန့်လွှတ်စွန့်စားခကတ်ရေ သမိုင်းဝင်အမှတ်လက္ခဏာ ဖြစ်တေ။ ဒေနိခေတ် ခေတ်သစ်အရှိုချင်းလူမျိုးများမာမူ ဒေပါးရဲထိုးရေ ဓလိ့ကို ကျင့်သုံးခြင်း မဟိတော့ပါ၊၊
အစားအစာ ယိုင်ကျေးမှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အရှိုချင်းလူမျိုးရို့၏ ရိုးရာဟင်းလျာတိစွာ ဆီ၊ မဆလာနန့် အရောင်တင်မှုန့်များ အသုံးပြုမှု နည်းပါးပြီး ချက်ပြုတ်ပုံ ရိုးယှင်းခြင်းကို အခြီခံရေ။ အဓိကကတော့ခါ အပြုတ်၊ လက်သုတ်နန့် အထောင်းဟင်းလျာတိကို ပိုပြီးကေ နှစ်သက်ကတ်တေ။
ရိုးရာချက်ပြုတ်မှုမာ ဟင်းခတ်အမွှီးအကြိုင်အဖြစ် သဘာဝအပင်တိဖြစ်ကတ်တေ တူရသိန်၊ ဂြင့်ခါးရွက်၊ ရုံးဗွေ၊ ပိတ်ချင်း၊ ဗိစပ်နန့် ကန့်ဘလူ စသည်ရို့ကို ဟင်းလျာအမျိုးအစားအလိုက် စနစ်တကျ တွဲဖက်သုံးစွဲတတ်ကတ်ရေ။ ယင်းအပြင် အရှိုချင်းလူမျိုးတိစွာ ငရုတ်သီးအစပ်ကို ကောင်းစွာစားနှိုင်ရေ ဓလိ့ဟိရေ။
တေးဂီတနန့် အနုပညာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အရှိုချင်းလူမျိုးရို့၏ တေးခြင်းအကြောင်းအရာများမာ ဖိုမအချစ်အကြောင်းအပြင် လူမှုဘဝ ဆင်ခြင်တုံတရား၊ သဘာဝအလှအပနန့် ကြိုးစားအားထုတ်မှုဆိုင်ရေ အတွေးအခေါ်တိကို ထည့်သွင်းစပ်ဆိုလိဟိရေ။ ပြည်တွင်း တေးဂီတလောကမာ အရှိုချင်းလူမျိုး တေးရီး၊ တေးဆိုတိဖြစ်ကတ်တေ ဆလိုင်းတင်မိုး၊ ဆလောကျော်သိန်း စသူရို့က အရှိုချင်းဘာသာစကားနန့် အတွေးအခေါ်တိကို ဂီတဖြင့် ထိန်းသိမ်းခကတ်တေ။
ဂီတပညာရပ်ပိုင်းမာ ချင်းတိုင်းရင်းသားအနုပညာသျှင် အများစုစွာ ခေတ်ပေါ်တီးဝိုင်းများမာ ဘေ့စ်ဂစ်တာ (Bass Guitar) တီးခတ်မှုအပိုင်းမာ သစ္စာဟိစွာ ပံ့ပိုးတတ်ရေ လူမျိုးစုစရိုက်အတိုင်း ထင်ရှားကျော်ကြားရေ အစိုင်အလာ ဟိရေ။
ဘာသာစကားနန့် စာပီ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အရှိုချင်းဘာသာစကားစွာ တိဗက်-ဗမာနွယ်ဝင် ကူကီး-ချင်းနွယ် ဘာသာစကားတိမာ ပါဝင်ရေ။ လီယူလီသိမ်း၊ အဖိအဖွနန့် အနိမ့်အမြင့်သံများပြားသဖြင့် ပြောဆိုရာမာ စနစ်တကျ လိ့လာရန် လိုအပ်ရေ။ အရှိုချင်းဘာသာစကားဧ့ ထူးခြားချက်မာ လူသားရို့ဧ့ စိတ်ခံစားချက်နန့် စိတ်နီစိတ်ထားကို တိုက်ရိုက်ဖော်ပြရေ သီးသန့်စိတ်ခံစားမှုပြ ဝေါဟာရများ (နမူနာ - အလှဆင်ခြင်းကို ပြောင်လှောင်ချစ်ခင်စွာ သုံးနှုန်းရေ "ဆာဟေးဟို့" Sahay Ho စရေ စကားလုံးတိ) ကြွယ်ဝစွာ တည်ဟိခြင်း ဖြစ်တေ။
စာပီအပိုင်းမာ အရှိုချင်းလူမျိုးတိစွာ မြန်မာအက္ခရာ ရီးနည်းစနစ်ကို အခြီခံပနာ ရီးသားကတ်ရေ။
အက္ခရာဗေဒနန့် အသံထွက်ဇယား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]| အရှိုစာပီ | မြန်မာအသံထွက် (စနစ် ၁) | မြန်မာအသံထွက် (စနစ် ၂) |
|---|---|---|
| အၧ | အုံ | အုန် |
| အၨ | အေတ် | အစ် |
| အၩ | အာ | အာ |
| အၪ | အား | အား |
| အၩ့ | အံ | အန် |
| အၪ့ | အံး | အန်း |
| အၭ | အတ် | အက် |
| အၬ | အပ် | အပ် |
| အံ | အည် | အီ |
| အ့ | ဧ | အေ |
| အဲ | အယ် | အယ် |
| အဴ | အိုင် | အိုင် |
| အု | အူ | အူ |
| အူ | အွတ် | အွတ် |
| အိ | အွို | အဝို |
| အီ | ဪ | အော် |
| အဳ | ဩောင် | အောင် |
| အျ | အ္လ | အလ |
| အှ | အှ | အဟ |
| အၠ | အျ | အယ |
| အွ | အွ | အဝ |
ကိုးကားချက်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ Sowards, E. P., & Maung Shwe Wa. (1963). Burma Baptist Chronicle. Board of Publications, Burma Baptist Convention. p. 345.