အဝခမီလူမျိုး
အသွင်ပြင်
အဝခမီလူမျိုးစွာ မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားရေ တိုင်းရင်းသား (၁၃၅)မျိုးထဲမာ ပါဝင်လီရေ။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းတိုင်းရင်းသားထဲက လူမျိုးစု တစုဖြစ်တေ။ အဝခမီရို့စွာ မြောက်ပိုင်း ချင်းတောင်တိက ခမီရို့နန့်အတူ တဆတ်ဆတ် ဆင်းလှာကတ်တေ ခမီရို့နန့် အနွယ်တူ လူမျိုးစု တစုဟု ယူဆရလီရေ။ ခန်းလုံးတောင်မာ ခမီအုပ်စုတိနန့်ခွဲကာ ဖန်ချောင်း၊ ရန်ချောင်း၊ သီရိချောင်းအတိုင်း စုန်ဆင်းလားပြီးကေ ယင်းချောင်းဝ တဝိုက်မာ နိန်ရေ လူမျိုးကို (ခမီရို့အခေါ်) အဝခမီတိဖြစ်တေဟု ထင်ရရေ။ [၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ မောင်ပုဆိုးကြမ်း ရီး တိုင်းရင်းသားလူမျိုးများ အဘိဓာန်