အဟုန်
| အဟုန် | |
|---|---|
ဘိလိယက်ခုံတစ်ခုတွင် တြိဂံပုံစီထားရေ ဘောလုံးတိကို တိုက်မိပြီးနောက် ဒိုးဘောလုံးဧအဟုန်ရေ ထိုဘောလုံးတိဆီသို့ ပြောင်းလဲရောက်ဟိလားပုံ။ | |
ယေဘုယျ သင်္ကေတ | p, p |
| SI ယူနစ် | ကီလိုဂရမ်.မီတာ/စက္ကန့် (kg⋅m/s) |
အခြားယူနစ်တိ | slug⋅ft/s |
| SI ဒိုင်မင်းသျှင်း | MLT−1 |
| Conserved? | Yes |
အဟုန် (အင်္ဂလိပ်: momentum) ဆိုရေမှာ နယူတန်၏ ရွေ့လျားမှုဆိုင်ရာ နိယာမတိတွင် အဖြောင့်လားအဟုန်၊ ရွေ့ရှားအဟုန် (သို့) သာမန်အဟုန် ရေ အရာဝတ္ထုတစ်ခု၏ ဒြပ်ထုနန့် အလျင်ရို့၏ မြှောက်လဒ်ဖြစ်ရေ။ ဗက်တာတန်ဖိုးဟိရေကြောင့် ပမာဏနန့် လားရာရို့ဟိကတ်ရေ။ အရာဝတ္ထုတစ်ခုဧ ဒြပ်ထုကို m ဟုသတ်မှတ်ပနာ အလျင်ကို v ဖြင့် သတ်မှတ်ထားကာ အဟုန်ကိုလိုချင်ကေ
- အဖြစ် ရီးသားနိုင်ရေ။
နိုင်ငံတကာသုံးယူနစ်ဖြစ်သည့် SI unit တွင် အဟုန်ကို တစ်စက္ကန့်၌ဟိရေ ကီလိုဂရမ် မီတာ (kg m/s) ဖြင့် ပြသရေ။
နယူတန်၏ ရွေ့လျားမှု ဆိုင်ရာ ဒုတိယနိယာမတွင် အရာဝတ္ထုတစ်ခု၏ အဟုန်ပြောင်းလဲနှုန်းရေ ထိုအရာဝတ္ထုအပေါ်တွင် သက်ရောက်ရေ အသားတင်အားနန့် ညီရေဟု ဖွင့်ဆိုထားရေ။ အဟုန်ရေ ရည်ညွှန်းဘောင် (frame of reference-ရည်ညွှန်းကိုးကားသည့် စံ/ဥပဒေ) အပေါ်တွင်မူတည်ကေလည်း ရွေ့မြဲတည်မြဲဘောင် (inertial frame-အင်နားရှားဘောင်) တွင်မူ တစ်သတ်မတ်တန်ဖိုး (conserved quantity-မပြောင်းလဲသည့်တန်ဖိုး) ဟိ၏ ။ ဆိုလိုစွာမှာ အပိတ်စနစ် (closed system-ပြင်ပ၏စွက်ဖက်မှုမဟိခြင်း) ကို ပြင်ပမှ အားတိသက်ရောက်မှုမဟိကေ ၎င်းဧစုစုပေါင်းအဖြောင့်အဟုန်ရေလည်း ပြောင်းလဲခြင်းမဟိနိုင်ပေ။ အထူးနှိုင်းရသီအိုရီ (အထူးပြုထားရေ ဖော်မြူလာပုံစံတစ်ခုဖြင့်)၊ အထူးပြုမွန်းမံပုံစံ၊ ယေဘုယျနှိုင်းရသီအိုရီ၊ လျှပ်စစ်သံလိုက်စက်ကွင်းဘာသာရပ်၊ ကွမ်တမ်မက္ကင်းနစ်၊ ကွမ်တမ်စက်ကွင်းသီအိုရီ ရို့တွင်လည်း တသတ်မတ်တန်ဖိုးအဖြစ် သတ်မှတ်ထားရေ။ နီရာနန့်အချိန်ရို့၏ အခြီခံအချိုးညီခြင်းတိထဲက တစ်ခုဖြစ်ရေ။ (translational symmetry-ရွိလျားမှုဆိုင်ရာ အချိုးညီခြင်း)