Jump to content

အိတ်(တသတ်) နန့် အိပ်(ပသတ်)

ဝီကီးပီးဒီးယား က

တသတ် နန့် ပသတ် (-ိတ် / -ိပ်)

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
က-ဝဂ်IPAကျ/စ-ဝဂ်IPAတ/ပ-ဝဂ်IPAခ/လ-ဝဂ်IPA
ကိတ် / ကိပ်[keiʔ]ကျိတ် / ကျိပ်[tɕeiʔ]တိတ် / တိပ်[teiʔ]ခိတ် / ခိပ်[kʰeiʔ]
စိတ် / စိပ်[seiʔ]ပြိတ်[pɹeiʔ]ဖြိတ်[pʰɹeiʔ]ခြိတ် / ခြိပ်[tɕʰeiʔ]
ပိတ်[peiʔ]မြိတ်[mɹeiʔ]လိပ်[leiʔ]--
စကားလုံးIPAစကားလုံးIPAစကားလုံးIPA
စာအိတ်[sà ʔeiʔ]ကြိတ်ဆုံ[tɕeiʔ sʰòʊɴ]ဆိတ်မ[sʰeiʔ ma̰]
လိပ်[leiʔ]လိပ်ပြာ[leiʔ bɹà]လူတကျိပ်[lù də tɕeiʔ]
အဖိတ်နိ[ʔəpʰeiʔ nḭ]ပရွက်စိ[pəɹwɛʔ sḭ]အဖုအကျိတ်[ʔəpʰṵ ʔətɕeiʔ]
ခြိပ်မြို့[tɕʰeiʔ mɹo̰]ဝါးစိတ်[wà zeiʔ]ခွဲစိပ်[kʰwɛ́ zeiʔ]
လောင်းဆိပ်[láuɴ zeiʔ]သလိပ်[θəleiʔ]--
ဖတ်စာ (Arakanese)IPA Phonetic Rendering
နို့စို့သားချေ အိပ်ချင်ရေ။ ပုချေကို အီးယေသိပ်မေ။[no̰ zò θá tɕʰè ʔeiʔ tɕʰɪ̀ɴ ɹè] ။ [pṵ tɕʰè ɡò ʔí ɹè θeiʔ mè]
တိန်းလို့ ဆိတ်လို့ နီပါ။ မျက်စိ နှိတ်လားယာ။[tèiɴ lo̰ sʰeiʔ lo̰ nì pà] ။ [mɹɛʔ sḭ n̥eiʔ là ɹà]
ဆိတ်မဝင်အောင် လိုက်ရွှတ်ပါ။ တပ်တန်းခါးကို ပိတ်ထားပါ။[sʰeiʔ mə wɪ̀ɴ ʔauɴ loɪʔ ʃwʊʔ pà] ။ [taʔ tàɴ ɡá ɡò peiʔ dʰà pà]
ပင်နုထိပ်ဖျား ဆိတ်မစားရ။ အရိပ်အောက်က ထိုင်စောင့်ပါ။[bɪ̀ɴ nṵ teiʔ pʰɹá sʰeiʔ mə sà ɹa̰] ။ [ʔəɹeiʔ ʔàuʔ ɡa̰ tʰàɪɴ sʰàuɴ pà]
ဆွမ်းကြီးလောင်းပွဲ ကျင်းပရေ။ ကျိတ်ကျိတ်တိုး စည်ကားရေ။[sʰʊ́ɴ tɕí láuɴ pwɛ́ tɕɪ́ɴ ba̰ ɹè] ။ [tɕeiʔ tɕeiʔ tó sɪ̀ ɡá ɹè]
သပိတ်ထဲမာ ဆွမ်းလောင်းပါ။ မမှိတ်ပါစီကေ့။[θəbeiʔ dʰɛ́ mà sʰʊ́ɴ láuɴ pà] ။ [mə m̥eiʔ pà sì ɡḛ]

လယ်သမား - ကျွဲကျောင်းသံ (ရခိုင်ရိုးရာ တေးကဗျာ)

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

မက္ကလာယေရိုင်ရိုင်၊ ကြိမ်သားဒုတ်ကို နောင်းနောင်းကိုင်၊
ကယိုင်ကပါး နှင်းမြိုင်မြိုင်ကေ၊ တောင်ကျိုင်ကြားမာ ကျွဲကျောင်းလားရေ။
အစ်ကိုမပါ ညီမပါ၊ ကြိမ်သားဒုတ်ကို နောင်းနောင်းကိုင်၊
ကယိုင်ကပါး နှင်းမြိုင်မြိုင်ကေ၊ တောင်ကျိုင်ကြားမှာ ကျွဲကျောင်းလားရေ။
ဟူး...ရေ ...ရေ ... ဟူး။
ထွေတောင်ဒေတောင် ချောင်မြောင်တလွှား၊ ပိုးပဇိုင်းသံ ညံသွားသွား။
တောသံလီသံ မဆူညံ၊ နှင်းသံဖြောက်ဖြောက်၊ ပေါက်ပေါက်ဖေါက်သို့ ကြားရရေ။
ဂြောင်တောင်ဂြောင် နက်ပြောင်ခေါင်းလောင်း၊ တောဘယံမှာ သာငြိမ့်ညောင်းပျာ ကြားရရေ။
ဟူး...ရေ ...ရေ ... ဟူး။

အပုချေငိုရေ ပခက်က (ရခိုင်အချေချော့ကဗျာ)

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အပုချေငိုရေ၊ ပခက်က
ကြောင်ချေမြည်ရေ၊ ပုတ်ဒေါင့်က
ကြက်ဖကြီးတွန်ရေ၊ အိမ်နောက်က
အဘာလာရေ၊ ချောင်းဝက
အမင်ကြည့်ရေ၊ တန်းပျင်းက
တန်းပျင်းကိုလက်တင်၊ သဗြီပင်
သဗြီပင်ကိုင်းလိုင်း၊ ကိုင်း ကိုင်း။