Jump to content

အိုက် (ကသတ်)

ဝီကီးပီးဒီးယား က
က-ဝဂ်IPAကျ-ဝဂ်IPAကြ-ဝဂ်IPAဟ-ထိုး/ဝ-ဆွဲIPA
ကိုက်[koɪʔ]ကျိုက်[tɕoɪʔ]ကြိုက်[tɕoɪʔ]နှိုက်[n̥oɪʔ]
ခိုက်[kʰoɪʔ]ချိုက်[tɕʰoɪʔ]ခြိုက်[tɕʰoɪʔ]မှိုက်[m̥oɪʔ]
ပိုက်[poɪʔ]ပျိုက်[pɹoɪʔ]ပြိုက်[pɹoɪʔ]ယှိုက်[ʃoɪʔ]
စိုက်[soɪʔ]ဖျိုက်[pʰɹoɪʔ]ဖြိုက်[pʰɹoɪʔ]လှိုက်[l̥oɪʔ]
ထိုက်[tʰoɪʔ]မျိုက်[mɹoɪʔ]မြိုက်[mɹoɪʔ]--
စကားလုံးIPAစကားလုံးIPAစကားလုံးIPA
ငှက်သိုက်[ŋ̥ɛʔ θoɪʔ]မီးကိုက်[mí ɡoɪʔ]သိုက်[θoɪʔ]
ပိုက်[poɪʔ]တိုက်[toɪʔ]ခေါင်းငိုက်စိုက်[ɡáuɴ ŋoɪʔ soɪʔ]
အိပ်ငိုက်[ʔeiʔ ŋoɪʔ]အပင်စိုက်[ʔəbɪ̀ɴ soɪʔ]ကနန့်နှိုက်[kəna̰ n̥oɪʔ]
နောက်လိုက်[nàuʔ loɪʔ]ပိုက်သည်[poɪʔ θì]ချွေးပြိုက်ပြိုက်[tɕʰwé bɹoɪʔ bɹoɪʔ]
သိုက်စာ[θoɪʔ sà]လမိုက်[lə moɪʔ]အဆိုက်ကျ[ʔə sʰoɪʔ tɕa̰]
ဖတ်စာ (Arakanese)IPA Phonetic Rendering
သီးပင်စားပင် စိုက်ပါ။ သရက်သီး မကြိုက်လား။[θí bɪ̀ɴ sà bɪ̀ɴ soɪʔ pà] ။ [θəɹɛʔ θí mə tɕoɪʔ lá]
ပေါ်ခိုက်မာ စားပါ။ လက်ဆောင်ပီးလိုက်ယင့်။[pɔ́ ɡoɪʔ mà sà pà] ။ [lapa̰ pʰwḛ pí loɪʔ ɹɪ̰ɴ]
အင်းကျီကို မီးကိုက်တိုက်ပါ။[ʔɪ́ɴ tɕì ɡò mí ɡoɪʔ toɪʔ pà]
လက်သမားကိုက်တိုက်နီရေ။[lapa̰ θəmà koɪʔ toɪʔ nì ɹè]
ချွေးပြိုက်ပြိုက် ကျရေ။ နိခင်းဖက် အိပ်ငိုက်တေ။[tɕʰwé bɹoɪʔ bɹoɪʔ tɕa̰ ɹè] ။ [nḭ ɡɪ́ɴ pʰɛʔ ʔeiʔ ŋoɪʔ dè]
နောက်ကခွီးရူး လိုက်လာရေ။ ကိုက်ဖို့စွာ သတိထား။[nàuʔ ɡa̰ kʰwí ɹú loɪʔ là ɹè] ။ [koɪʔ pʰo̰ zà θədḭ dʰà]
ခွီးရူးကိုက်ကေ သီနိုင်ရေ။[kʰwí ɹú koɪʔ ɡè θì nòɪɴ ɹè]
ကထိုက်ကရိုက် မလားကေ့။[ɡədəɪʔ ɡəɹoɪʔ mə lá ɡḛ]

မောင်တော်တမ်း အလွမ်းပြေ (ရခိုင်ရိုးရာကဗျာ)

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အပွင့်ယေဖြူပြာ၊ အညှာယေကောင်းခြင်း၊ ယာတောင်ထက်မာဝါဂွမ်းခြင်းလေ။
ဝါဂွမ်းပင်ငုံ ဖူးပွင့်စုံ၊ ဆွတ်တုံမေရို့ ဗိုင်းငင်ဖို့။
ဗိုင်းဝင့်ဝါခြည် လက်ရက်ထည်၊ မေ့ မောင်ရို့မှာ ဝတ်ရမေလေ။
ဝါခြည်ဒယောအသားညက်၊ အကွက်အဆန်း မောင်တော်တမ်း၊ အလွမ်းလေ့ပြေ ခေါ်ကတ်တေ။
ရက်တေမေပျော လက်စချော၊ နှမလက်ရာ မောင်ဝတ်လာ၊ အဘာကြီးသား လှရေဂါး။
ကြွရေပရေ သာထွန်းဝေ၊ အမေရို့မာ မျက်ငါးသွယ်လေ ... မျက်ငါးသွယ်။

မှိုဟင်းလေ့ခူး-စူးလေ့စူး (ကလေးကဇာပ်နည်းကဗျာ)

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အမျေလေ၊ ရောက်မလေ။
မှိုဟင်းခူးစောင်၊ လားကတ်မေ။
မှိုဟင်းလေ့ခူး၊ စူးလေ့စူး။
အစူးလေ့တွင်၊ နီလေ့ဝင်။
အိမ်ကိုလေ့ရောက်၊ မိုးလေ့သောက်။
ကောက်ကရီကောက်။