အိုင်းစတိုင်း
| အဲလ်ဘတ် အိုင်းစတိုင်း | |
|---|---|
Albert Einstein in 1921 | |
| ဇာတိနာမည် | Albert Einstein |
| မွီးဖွား | ၁၄ မတ်၊ ၁၈၇၉ အမ်းမြို့၊ ဂျာမန်အင်ပါယာ။ |
| ဆုံးပါး | ၁၈ ဧပြီ၊ ၁၉၅၅ (အသက် ၇၆) ပရင်စင်တင်၊ နယူးဂျာစီ၊ အမေရိကန်။ |
| နီထိုင်ရာ | ဂျာမနီ၊ အီတလီ၊ ဆွမ်စလန်၊ ဩစထရီးယား၊ ဘယ်လ်ဂျီယံ၊ အမေရိကန်။ |
| နိုင်ငံသား |
|
| နယ်ပယ် | ရူပဗေဒ၊ အတွေးအခေါ်ပညာ |
| အဖွဲ့အစည်းဌာန |
|
| ပညာရီး |
|
| ဘွဲ့ယူစာတမ်း | Eine neue Bestimmung der Moleküldimensionen (A New Determination of Molecular Dimensions) (၁၉၀၅) |
| ပါရဂူဘွဲ့ ကြီးကြပ်သူ | Alfred Kleiner |
| တခြား ကြီးကြပ်သူတိ | Heinrich Friedrich Weber |
| ကျော်ကြားမှုအရင်းခံ |
|
| သူ့အပေါ် ဩဇာလွှမ်းမိုးသူတိ | |
| သူဧဩဇာလွှမ်းမိုးခံ |
|
| ထင်ပေါ်ကျော်ကြား ဆုတံဆိပ်တိ |
|
| အိမ်ထောင်ဘက် | Mileva Marić (၁၉၀၃–၁၉၁၉) Elsa Löwenthal (၁၉၁၉–၁၉၃၆)[၂]တမ်းပလိတ်:Sfnp |
| ရင်သွီး(တိ) | "Lieserl" (၁၉၀၂–၁၉၀၃) Hans Albert (၁၉၀၄–၁၉၇၃) Eduard "Tete" (၁၉၁၀–၁၉၆၅) |
| လက်မှတ် | |
အဲလ်ဘတ် အိုင်းစတိုင်း (အင်္ဂလိပ်: Albert Einstein/ˈaɪnstaɪn/ ;[၃] ဂျာမန်: [ˈalbɛʁt ˈʔaɪnʃtaɪn] (
)) ကို ဂျာမနီနိုင်ငံ၊ အမ်းမြို့မှာ ၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်နိက ဖွားမြင်ခရေ။[၄] သူဧ မိဘတိရေ ယဟူဒီ (ဂျူးလူမျိုး) နွယ်ဖွားတိဖြစ်ပြီး လျှပ်စစ်ပစ္စည်း အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ကတ်ရေ။ အိုင်းစတိုင်းဧ ဖခင် Hermann Einstein ရေ အောင်မြင်ရေ စီးပွားရီးသမားတစ်ယောက် မဟုတ်ခကေငြားလည်း ဂျာမန် ဂန္ထဝင်မြောက် စာပေတိ၊ ဒဿနကျမ်းတိနန့် ကဗျာစာပေတိကို မြတ်မြတ်နိုးနိုး နှစ်သက်တတ်သူ ဖြစ်ရေ။ ယင့်ချင့်ကြောင့် သူဧ အိမ်တွင် ခံ့ညားသည့် စာကြည့်ခန်းတစ်ခုကို ထားပီးပြီး အိမ်ကိုအလည်လာရေ ဧည့်ရေတိနန့်လည်း စာပေအကြောင်း၊ ဒဿနအကြောင်း ပြောဆိုဆွေးနွေးတတ်သူ ဖြစ်ရေ။ အိုင်းစတိုင်းဧ မိခင် Pauline Koch ရေ ဂီတအနုပညာကို နှစ်သက်သူဖြစ်ပြီး စန္ဒယားတီးကောင်းသူ ဖြစ်ရေ။[၅] အိုင်းစတိုင်းတွင် မွေးချင်းညီမတစ်ဦးပီးပြီး Maja ဟု ခေါ်ရေ။ ခေတ်သစ်ရူပဗေဒဧ ခက်မာ ၂ ခုဖြစ်ရေ (ကွမ်တမ်မက္ကင်းနစ်နန့်အပြိုင်) ယေဘုယျနှိုင်းရသီအိုရီကို မွမ်းမံဆန်းသစ်ခသူလည်း ဖြစ်ရေ။[၁][၆]
ငယ်ဘဝ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အိုင်းစတိုင်းရေ ငယ်စဉ် ကလေးဘဝမှာ အလွန်ထုံထိုင်းလေးလံရုံသာမက စကားလည်း နည်းလီရေ။ အခြားကလေးတိလို ဆော့ကစားခြင်း မပီးဘဲ တစ်ယောက်တည်း တွေးနေ ငေးနေတတ်ရေ။ မူလတန်း စတတ်သည့်အခါတွင်လည်း ဉာဏ်ထိုင်းရေဟု ဆရာတိက မှတ်ချက်ပီးခြင်းခံရရေ။ ဒါပေမယ့် သူရေ အသက် ခြောက်နှစ်သားအရွယ်မှာ တယောထိုးခြင်းကို စတင်သင်ကြားနေပြီဖြစ်ပြီး ဂီတကိုလည်း မြတ်နိုးတန်ဖိုးထားတတ်နေပြီဖြစ်ရေ။[၇] အသက် ၁၀ နှစ်အရွယ်တွင် ကျောင်းမနေချင်တော့ဘူးဟု မိဘတိကို ပြောခဖူးပါရေ။
အိုင်းစတိုင်းနန့် သင်္ချာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အိုင်းစတိုင်းရေ ငယ်စဉ်ကတည်းက သင်္ချာနန့် ရူပဗေဒဘာသာရပ်တိတွင် ထူးချွန်ခရေ။ ၁၂ နှစ်သားအရွယ်ကပင် အက္ခရာသင်္ချာနန့် ယူကလစ် ဂျီဩမေတြီကို တစ်နွေအတွင်း မိမိဘာသာ သင်ယူတတ်မြောက်ခရေ။[၈] ယင်းချင့်အပြင် အိုင်းစတိုင်းရေ ပိုင်သာဂိုရ သီအိုရမ်ဧ မူလသက်သေပြချက်အား ၎င်းကိုယ်တိုင် ရှာဖွီတွေ့ပီးခသိမ်းရေ။[၉]

ပထမကမ္ဘာစစ် စတင်ရန် နီးကပ်လာသည့်အချိန်တွင် ဂျာမန်လူမျိုးကြီးဝါဒ ကြီးထွားလာနေပြီး ပညာရီးစနစ်ကလည်း တင်းကျပ်ပြင်းထန်လွန်းနီလီရေ။ အိုင်းစတိုင်းဧ မိဘတိလည်း စီးပွားရီး အဆင်မပြေသည့်အတွက် ဂျာမနီမှာ ဆက်နေရန် ခက်ခဲလာသည့်အတွက် မြူးနစ်မြို့က မိတ်ဆွေတစ်ဦးဆီမှာ အိုင်းစတိုင်းကို အပ်ထားခပြီး သူရို့က အီတလီနိုင်ငံ မီလန်မြို့ကို ပြောင်းရွှေ့လားကတ်ရေ။ ယကေလည်း အိုင်းစတိုင်းရေ အထက်တန်းပညာ မပြီးဆုံးခင် ၁၅ နှစ်သားအရွယ်မှာ ကျောင်းထုတ်ခံခရပြီး ဂျာမနီနိုင်ငံကနေ ထွက်ခွာပြီး မိဘတိပီးရာ မီလန်ကို လိုက်လားခလီရေ။
အိုင်းစတိုင်းဧ မိဘတိရေ စီးပွားရီး အခြီအနေမကောင်းလှကေလည်း သားဖြစ်သူကို ပညာတတ်ကြီး ဖြစ်စေချင်သည့်အတွက် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့က သိပ္ပံကျောင်းတိုက်တွင် ပညာဆက်သင်နိုင်အောင် ပို့ပီးခလီရေ။ ဇူးရစ်သိပ္ပံကျောင်းကို ဝင်ခွင့်ရရန် စာမေးပွဲဖြေဆိုရာမှာ အိုင်းစတိုင်းရေ သင်္ချာဘာသာတွင် အမှတ်ကောင်းကေလည်း နိုင်ငံခြားဘာသာ (ခေါမ၊ လက်တင်)၊ ရုက္ခဗေဒနန့် သတ္တဗေဒ ဘာသာရပ်တိမှာ ကျရှုံးခလီရေ။ ယကေလည်း ကျောင်းအာဏာပိုင်တိက သင်္ချာဘာသာရပ်တွင် ထူးထူးခြားခြား တော်နေသည့် အိုင်းစတိုင်းကို အထက်တန်းကျောင်း တစ်ကျောင်းမှာ ပြန်လည်သင်ယူဖို့ အကြံပီးခကတ်ရေ။ အိုင်းစတိုင်းရေ Aarau ရေ မြို့ငယ်လေးက အထက်တန်းကျောင်း တစ်ကျောင်းတွင် တစ်နှစ်ကြာ တက်ရောက် ဆည်းပူးခလီရေ။
သူရေ ၁၈၉၆ ခုနှစ် အောက်တိုဘာလမှ ၁၉၀၀ ပြည့်နှစ် ဩဂုတ်လအထိ ဇူးရစ်သိပ္ပံကျောင်းတွင် ပညာသင်ကြားနေချိန်အတွင်း ဩစတြီးယား ဟန်ဂေရီနိုင်ငံက ဆာဘီးယား မျိုးနွယ်စုဝင် မိန်းကလေး Mileva Maritsch နန့် ချစ်ကြိုးသွယ်ခလီရေ။
လုပ်ငန်းခွင် ဝင်ခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကျောင်းပြီးလားသည့်အချိန်တွင် သူငယ်ချင်းဖြစ်သူ Grossmann ဧ အကူအညီဖြင့် ဘန်းမြို့မှ စက်မှုလုပ်ငန်းဆိုင်ရာ မူပိုင်ခွင့် ကန့်သတ်လက်မှတ် ထုတ်ပီးသည့် ရုံးတစ်ရုံးတွင် ၁၉၀၂ ဇူလိုင်လမှ စတင် အလုပ်ဝင်ခလီရေ။ ၁၉၀၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နိတွင် အိုင်းစတိုင်းနန့် မီလီဗာရို့ လက်ထပ်ခလီရေ။
နှိုင်းရသီအိုရီ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အိုင်းစတိုင်းရေ တတ်ထားသည့်ပညာရပ်တိနန့် လားလားမှမဆိုင်ရေ အလုပ်ကို လုပ်နေရကေငြား စိတ်ပျက်ခြင်းမပီးဘဲ အားလပ်ချိန်တိတွင် တစ်ယောက်တည်း စဉ်းစားတွေးတောရင်း စာရွက်လွတ်တစ်ရွက်ပေါ်မှာ ခဲတံတိုတစ်ချောင်းဖြင့် တွက်ချက်နေတတ်လီရေ။ သူရေ ဓာတ်ခွဲခန်းမပီးဘဲ ရှေ့ ခေတ်အဆက်ဆက်က ပညာသျှင်ကြီးတိဧ စာအုပ်စာတမ်းတိကို ဖတ်ရှုစဉ်းစားပြီး တွက်ချက်လိုက်၊ အကြံထုတ်လိုက်၊ ညောင်းညာလာသည့်အခါ တယောထိုးလိုက်နန့် နေခလီရေ။ ၁၉၀၅ ခုနှစ်တွင် သူဧ နှိုင်းရသီအိုရီ (Relativity Theory) ကို ကမ္ဘာသိအောင် တင်ပြနိုင်ခလီရေ။ ယပြီးနောက်မှာတော့ ဇူးရစ်သိပ္ပံကျောင်းတိုက်က အိုင်းစတိုင်းကို အထူးပါမောက္ခရာထူးပီးပြီး အလုပ်ခန့်ခလီရေ။ အိုင်းစတိုင်းရေ ဂျာမနီဖွား ယဟူဒီအနွယ်ဝင် တစ်ဦး ဖြစ်ရေအတွက် မခန့်ချင်ခန့်ချင် ခန့်ခကြခြင်း ဖြစ်ရေ။
သူဧ ကျော်ကြားလှသည့် သီအိုရီကို ကမ္ဘာသိအောင် မထုတ်ပြန်ခင် တစ်နှစ်အလို ၁၉၀၄ ခုနှစ်က မီလီဗာက သူရို့ရဲ့ သားဦး Hans Albert ကို မွေးဖွားပီးခရေ။ အိုင်းစတိုင်းရေ သူဧ သီအိုရီကို ကမ္ဘာသိအောင် ထုတ်ပြန်ပြီးသည့်နောက်တွင် သဘောတရားပိုင်းကနေ သင်္ချာ ရူပဗေဒ ဖြစ်လာအောင် ကိန်းဂဏန်းတွေ၊ ညီမျှခြင်းတွေနန့် ပြည့်စုံလာရေအထိ ခြောက်နှစ်ကြာ ကြိုးစားခလီရေ။ ၁၉၁၁ ခုနှစ်ရောက်ရေအခါ သူဧ အထူး နှိုင်းရသီအိုရီ (Special Relativity Theory) ရေ သင်္ချာပညာရပ်ဆိုင်ရာ ညီမျှခြင်းတိနန့် ပြည့်စုံလားလေတော့ရေ။
၁၉၁၀ ခုနှစ် ဇွန်လ တွင် မီလီဗာက ဒုတိယသား Edward ကို မွေးဖွားခရေ။ ယင့်အချိန်တွင် သူရို့မိသားစုမှာ ကျပ်ကျပ်တည်းတည်း ရုန်းကန်နေခကြရရေ။ ၁၉၁၀ နှစ်ကုန်ခါနီးတွင် ဩစတြီးယား ဟန်ဂေရီ အင်ပါယာဧ ဘုရင်က အိုင်းစတိုင်းကို ပရပ်တက္ကသိုလ် (University of Prague) တွင် ပါမောက္ခတာဝန် ထမ်းဆောင်ဖို့ ဖိတ်ခေါ်ခရေ။ ထိုနီရာရေ ဇူးရစ်ထက် အစစအရာရာ သာသည့် အခြီအနေပီးရေကြောင့် အိုင်းစတိုင်းက လားချင်ကေလည်း လူမျိုးကြီး စစ်ဝါဒကို မုန်းတီးရေ မီလီဗာက အပြင်းအထန် ကန့်ကွက်ခလီရေ။ ယကေလည်း အိုင်းစတိုင်းကတော့ ပရပ်တက္ကသိုလ်တွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ဖြစ်ခလီရေ။ ထိုနီရာတွင် အဖိနှိပ်ခံဘဝကို နာကြည်းနေရေ ချက်လူမျိုးတိနန့် ယဟူဒီလူမျိုးတိ အတိအပြား ပီးလီရေ။ ပရပ်တက္ကသိုလ်မှာ အိုင်းစတိုင်း ပီးနေစဉ်က စာရီးဆရာ ကပ်ဖ်ကာ (Franz Kafka) နန့် ယဟူဒီခေတ်ပညာတတ်တိ ဦးဆောင်ပြီး ဇီယွန်လှုပ်ရှားမှုတိ လုပ်နေချိန် ဖြစ်လီရေ။
ယပြီးနောက် အိုင်းစတိုင်းရေ လူမျိုးရီး ကျဉ်းမြောင်းမှုတိကို စိတ်ပျက်သည့်အတွက် ၁၉၁၃ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံသို့ ပြန်လာခရေ။ သူ့အား ဇူးရစ်သိပ္ပံကျောင်းတိုက်က ရူပဗေဒဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်ပိုင် ဂျာမန်ဘုရင်ကလည်း ဘာလင်တက္ကသိုလ် ပါမောက္ခတာဝန် ထမ်းဆောင်ဖို့ ကမ်းလှမ်းခလီရေ။ အိုင်းစတိုင်းရေ ဂျာမန်ဘုရင်ဧ ကမ်းလှမ်းမှုကို လက်ခံခပြီး ၁၉၁၃ ခုနှစ်မှာပင် ဂျာမနီကို ပြန်လားခလီရေ။ ထိုအချိန်မှစပြီး သူနန့် မီလီဗာရို့လည်း လမ်းခွဲခကြလီရေ။
ဂျာမနီတွင် အိုင်းစတိုင်းတစ်ယောက်တည်း ဖြစ်နီချိန်တွင် ညီမဝမ်းကွဲတော်စပ်သူ Elsa က လာရောက် စောင့်ရှောက်ပီးခရေ။ အယ်လ်ဆာရေ သမီးနှစ်ယောက်အမေ မုဆိုးမတစ်ဦးဖြစ်ကေငြား ဆွဲဆောင်မှုအပြည့်ပီးရေ အမျိုးသမီးတစ်ယောက် ဖြစ်လီရေ။ သူမရေ အိုင်းစတိုင်းကို လိုလေသေးမပီးအောင် ပြုစုလီရေ။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး စဖြစ်နီကေလည်း အိုင်းစတိုင်းကတော့ သူဧ ရီလေတီဗတီ သီအိုရီကိုပဲ ဆက်လက် တိုးချဲ့ဆန့်ထုတ်နေခရေ။ ၁၉၁၆ ခုနှစ် စစ်ဖြစ်နီဆဲ အချိန်တွင်ပင် အိုင်းစတိုင်းရေ သူဧ ယေဘုယျနှိုင်းရသီအိုရီ (General Theory of Relativity) ကို ပုံနှိပ်ထုတ်ဝီလိုက်လီရေ။
၁၉၁၉ ခုနှစ်တွင် အိုင်းစတိုင်းရေ မီလီဗာနန့် တရားဝင် ကွာသျှင်းပြီး အယ်လ်ဆာနန့် လက်ထပ်လိုက်ရေ။ ယပြီးနောက် ၁၉၂၃ ခုနှစ်တွင် ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုကို ချီးမြှင့်ခံရလီရေ။ ထိုဆုရေ သူဧ ကျော်ကြားလီရေ ရီလေတီဗတီ သီအိုရီအတွက် မဟုတ်ဘဲ အလင်းလျှပ်စစ်အကျိုး (ဖိုတွန်သဘောတရား) အတွက် ရပီးခြင်းဖြစ်ရေ။ ၁၉၃၃ ခုနှစ်နောက်ပိုင်း ဟစ်တလာ အာဏာရလာသည့်အခါတွင် လူမျိုးကြီးဝါဒတိ ပြန်လည်ခေါင်းထောင်လာသည့်အတွက် အိုင်းစတိုင်းရေ အမေရိကန်ကို အပြီးအပိုင် ထွက်ခွာလားခလီရေ။
သူရေ အမေရိကန် ပရင့်စတန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေရင်း ဒုတိယကမ္ဘာစစ်ကြီး အစပျိုးနေချိန် ၁၉၃၉ ခုနှစ် ဩဂုတ်လ ၂ ရက်နိတွင် အမေရိကန်သမ္မတ ဖရင်ကလင်ဒီ ရုစဗဲ့ဆီသို့ အဏုမြူဗုံးနန့် ပတ်သက်ပနာ သတိပီးစာ ရီးသားခရေ။ သူဧ စာကြောင့် သမ္မတ ရုစဗဲ့ရေ မန်ဟက်တန် စီမံကိန်းကို ရီးဆွဲပြီး အဏုမြူဗုံး ထုတ်လုပ်နိုင်ခခြင်း ဖြစ်ရေ။ ၎င်းအဏုမြူဗုံး (သို့) အက်တမ်ဗုံးကို ထုတ်လုပ်နည်းရေ အိုင်းစတိုင်းဧ ကမ္ဘာကျော် ညီမျှခြင်းဖြစ်ရေ E=mc2 ရေ ဒြပ်ထုစွမ်းအင် တူညီခြင်း နိယာမတရားပင်ဖြစ်ရေ။
သူရေ စစ်ကြီးပြီးသည့်နောက်တွင် အဏုမြူစွမ်းအင်ကို ကောင်းရေဘက်တွင် အသုံးချရန် တိုက်တွန်းခလီရေ။ ယပြီးနောက် သူဧ ပေါင်းစပ်စက်ကွင်း သီအိုရီကို တင်ပြခရေ။ ထိုသီအိုရီရေ သျှင်းလင်းလွယ်ကူမှု မပီးသည့်အတွက် လူအတိ နားမလည်ခချေ။ ထို သီအိုရီကို ပိုပနာ သျှင်းလင်းလွယ်ကူအောင် ထပ်မံသျှင်းမပြနိုင်ခင် ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၈ ရက် မနက် ၁ နာရီ ၂၅ မိနစ်တွင် အိုင်းစတိုင်းရေ ပရင်စတန် ဆီးရုံကြီးပေါ်မှာ သေဆုံးလားခလီရေ။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- 1 2 3 "Albert Einstein. 1879–1955" (1 November 1955). Biographical Memoirs of Fellows of the Royal Society 1: 37–67. doi:.
- ↑ Heilbron, John L., ed. (2003). The Oxford Companion to the History of Modern Science. Oxford University Press. p. 233. ISBN 978-0-19-974376-6.
- ↑ Wells, John (3 April 2008). Longman Pronunciation Dictionary (3rd ed.). Pearson Longman. ISBN 978-1-4058-8118-0.
- ↑ "Albert Einstein – Biography". Nobel Foundation. Archived from the original on 6 March 2007. Retrieved 7 March 2007.
{{cite web}}: Italic or bold markup not allowed in:|publisher=(help); Unknown parameter|deadurl=ignored (|url-status=suggested) (help) - ↑ "Einstein and his love of music" (PDF)၊ Physics World၊ January 2005။
- ↑ Fujia Yang; Joseph H. Hamilton (2010). Modern Atomic and Nuclear Physics. World Scientific. ISBN 978-981-4277-16-7.
- ↑ "The relative beauty of the violin"၊ The Independent၊ 28 January 2011။ 25 December 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 21 November 2015။
- ↑ Bloom, Howard (2012). The God Problem: How a Godless Cosmos Creates (illustrated ed.). Prometheus Books. p. 294. ISBN 978-1-61614-552-1. Archived from the original on 11 May 2021. Retrieved 8 August 2020. Bloom, Howard (30 August 2012). Extract of page 294. ISBN 978-1-61614-552-1. Archived from the original on 11 May 2021. Retrieved 8 August 2020.
- ↑ အထောက်အထား အမှား- Invalid
<ref>tag; no text was provided for refs namedFVfDU
ပြင်ပလင့်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- Einstein's Personal Correspondence: Religion, Politics, The Holocaust, and Philosophy Archived 15 March 2015 at the Wayback Machine. Shapell Manuscript Foundation
- FBI file on Albert Einstein
- Einstein and his love of music, Physics World
- Albert Einstein on NobelPrize.org
- Albert Einstein, videos on History.com
- တမ်းပလိတ်:Wayback – free study course that explores the changing roles of physics and physicists during the 20th century
- Albert Einstein Archives Online (80,000+ Documents)Archived 11 August 2011 at the Wayback Machine. (MSNBC, 19 March 2012)
- Einstein's declaration of intention for American citizenship on the World Digital Library
- Albert Einstein Collection Archived 29 September 2013 at the Wayback Machine. at Brandeis University
- Digital Einstein at Princeton University