အိုလီဗာ ကရွမ်းဝဲလ်
His Highness အိုလီဗာ ကရွမ်းဝဲလ် | |
|---|---|
A 1656 Samuel Cooper portrait of Cromwell | |
| Lord Protector of the Commonwealth of England, Scotland and Ireland | |
| တာဝန်သက်တမ်း ၁၆ ဒီဇင်ဘာ ၁၆၅၃ – ၃ စက်တင်ဘာ ၁၆၅၈ | |
| အရင်လူ | Council of State |
| ဆက်ခံသူ | Richard Cromwell |
| Member of လွှတ်တော် for Cambridge | |
| တာဝန်သက်တမ်း ၁၆၄၀ – ၁၆၄၉ | |
| ဧကရာဇ် | Charles I |
| Member of လွှတ်တော် for Huntingdon | |
| တာဝန်သက်တမ်း ၁၆၂၈ – ၁၆၂၉ | |
| ဧကရာဇ် | Charles I |
| ကိုယ်ရေး အချက်အလက်တိ | |
| မွီးဖွား | ၂၅ ဧပြီ ၁၅၉၉ Huntingdon, Huntingdonshire, Kingdom of England |
| ကွယ်လွန် | စက်တင်ဘာ ၃၊ ၁၆၅၈ (အသက် ၅၉) Palace of Whitehall, London, The Protectorate |
| သင်္ဂြိုဟ်ရာနီရာ | Tyburn, London |
| လူမျိုး | အင်္ဂလိပ် |
| ကြင်ဖော်(တိ) | Elizabeth Bourchier |
| သားသမီး | |
| မိဘ |
|
| မိခင်ကျောင်း | Sidney Sussex College, Cambridge |
| အလုပ်အကိုင် | Farmer, parliamentarian, military commander |
| လက်မှတ် | |
| စစ်မှုထမ်းခြင်း | |
| နာမည်ပြောင် | Old Noll;[၁] Old Ironsides |
| သစ္စာခံနိုင်ငံ | Roundhead |
| တပ်/တပ်ဖွဲ့ခွဲ | Eastern Association (1643–1645); New Model Army (1645–1646) |
| အမှုထမ်းကာလ | 1643–1651 |
| ရာထူး | Colonel (1643 – bef. 1644); Lieutenant-General of Horse (bef. 1644–1645); Lieutenant-General of Cavalry (1645–1646) |
| Commands | Cambridgeshire Ironsides (1643 – bef. 1644); Eastern Association (bef. 1644–1645); New Model Army (1645–1646) |
| တိုက်ပွဲ/စစ်ပွဲတိ | English Civil War (1642-1651): |

အိုလီဗာ ကရွမ်းဝဲလ် (Oliver Cromwell)(၁၅၉၉-၁၆၅၈)ရေ အင်္ဂလန်နိုင်ငံတွင် ပါလီမန် ဒီမိုကရေစီ စနစ် စတင်ကျင့်သုံးနိုင်ရန် ဦးဆောင်ခသူဖြစ်ရေ။ ဘုရင့်ဂိုဏ်းသားတိ နန့် ပါလီမန်ဘက်တော်သားတိ နှစ်ဖက် တိုက်ခိုက်ကြသည့် စစ်ပွဲတိတွင် ပါလီမန်ဘက် စစ်တပ်မှ ခေါင်းဆောင်အဖြစ်ဦးဆောင်ခရေ။ ယင့်ချင့်အပြင် ပါလီမန် ဒီမိုကရေစီ စနစ်ကို တည်ထောင်သူ၊စစ်အာဏာသျှင် အစပီးသဖြင့်လည်း ကျော်ကြားပါရေ။ အိုလီဗာ ကရွမ်းဝဲလ် ကို အင်္ဂလန်၊ဟန်တင်ဒန် တွင်မွေးဖွားရေ။ သူမွေးဖွားစဉ်ကာလက အင်္ဂလန်ဧအခြီအနေမှာ တည်ငြိမ်လီရေတော့မဟုတ်ပေ။ အယူဘာသာအနိန်နန့်လည်း အမျိုးမျိုးကွဲပြားနေပြီး ဘုရင်ဖြစ်သူကလည်း သက်ဦးဆံပိုင်စနစ်ဖြင့်သာ အုပ်ချုပ်နေချိန်လည်းဖြစ်ရေ။
ငယ်ဘဝ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကရွမ်းဝဲလ်ဧ မိဖဘိုးဘေးရို့မှာ အင်္ဂလန်ဘုရင်တိ မြှောက်စားချီးမြှင့်ခြင်းခံရရေ မြေပိုင်သျှင်တိ ဖြစ်ကတ်ရေ။ ကရွမ်းဝဲရေ ဟန်တင်ဒန်တွင် မွေးဖွားပနာ တောနယ်တွင်အနေတိရေ။ ရပ်ရွာသဒ္ဒါကျောင်းတွင် ပညာသင်ကားခပနာ ကိန်းဘရစ်တက္ကသိုလ်တွင် ၂ နှစ်မျှသာ ပညာ ဆက်လက်သင်ကြား ဧခလီရေ။ ထိုနောက်ဖခင်ဖြစ်သူ ကွယ်လွန်သဖြင့် ကျောင်းမှထွက်ပနာ မိဖဧ လက်ငုတ်ဖြစ်ရေ လယ်ယာအလုပ်ကို လုပ်ကိုင်ခလီရေ။
၁၆၂၀ ပြည့်နှစ်တွင် ပစ္စည်း အတော်အတန် ကြွယ်ဝရေအယ်လစ်ဇဘတ် ဗူချီယာ နာမည်ပီး အမျိုးသမီး တစ်ဦးနန့်လက်ထပ်ဧ။ ၁၆၂၈ ခုနှစ်တွင် ဟန်တင်ဒန်နယ်မှ ပါလီမန်အမတ်အဖြစ် အရွေး ခံရရေ။ ထိုစဉ်က ကရွမ်းဝဲအားနောင်တစ်နေ့တွင် ခေါင်းဆောင်ကောင်းကြီး တစ်ဦးဖြစ်လာမည့် အခြီအနေမျိုးကို မတွေ့ရချေ။ ဖျတ်လတ်ပနာ စိတ်ပိုင်းဖြတ်သည့်အတိုင်း မဖြစ်မနေလုပ်တတ်ရေ အကျည်းတန်သည့် လူတစ်ယောက် အနိန်နန့်သာ ဂရုပြုမိကတ်ရေ။ ထိုထက်ပိုပနာ လူသိတိရေမှာ အယူဝါဒ၌ အလွန်ကြည်ညိုလေးစားရေ ပျူရီတန် တစ်ဦးဖြစ်ရေ အကြောင်းပေတည်း။ သူရေ အယူဝါဒအတွက်ဆိုကေ ပျူရီတန်ရို့ဘက်မှ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်းကို ပါလီမန် အစည်းအဝီးတိတွင် မကြာမကြာ ထုတ်ဖော် ပြောဆိုခရေ။ အယူဝါဒလွတ်လပ်မှုကို လွန်စွာ လိုလားသူဖြစ်ပနာ အင်္ဂလန်ပြည်တွင် မနေတော့ဘဲ အမေရိကတိုက်ပီး ပျူရီတန်ရို့ဧ နယ်သစ်သို့ လားရောက် နေထိုင်ရန်ပင် ကြံရွယ်ခဘူးလီရေ။
လွှတ်တော်အမတ်ဘဝ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]နယ်ပိုင်းမှ ဂုဏ်သရေပီး လယ်သမားကြီးဖြစ်သူ ကရွမ်းဝဲလ်ရေ ခရစ်ယာန်ဘာသာဝင်တိထဲမှ နည်းမှန်လမ်းမှန် ကိုးကွယ်သူ၊ ယင်းပိုင်ကိုးကွယ်ရန် လူအတိကို စည်းရုံးသူဖြစ်ရေ။ ၁၆၂၈ တွင်ပါလီမန်(လွှတ်တော်)သို့ ရွေးကောက် တင်မြှောက်ခံရရေ။ ဘုရင်က သက်ဦးဆံပိုင်ဘုရင်စနစ်ကိုသာ အသက်သွင်းလိုရေကြောင့် ခဏအတွင်းပင် ပါလီမန်ကို ဖျက်သိမ်းလိုက်ရေကြောင့် ၎င်းဧ လွှတ်တော်အမတ်ဘဝမှာ ကြာကြာမခံပေ။
ယကေလည်း ၁၆၄၀ တွင် အင်္ဂလန်ဘုရင်က စကော့တလန်နန့် စစ်တိုက်လိုသဖြင့် ပါလီမန်ကို အသစ်တဖန် ပြန်လည်ခေါ်ယူရေ။ ထိုပါလီမန်သစ်တွင် ကရွမ်းဝဲလ် ပြန်လည်ရွေးကောက်ခံရသဖြင့် အမတ်အဖြစ် ပြန်လာရရေ။ ပြည်သူရို့ဖက်မှ ရပ်တည်သည့် ပါလီမန်အနိန်နန့် ဘုရင်အား စိတ်ထင်တိုင်း အုပ်ချုပ် ခြယ်လှယ်ခွင့်ကို မပီးနိုင်ကြောင်း ထင်ရှားစွာပြသလာသပိုင် ဘုရင့်အနိန်နန့်လည်း မိမိအာဏာကို ပါလီမန်သို့ ခွဲမပီးလိုသဖြင့် ၁၆၄၂တွင် ဘုရင့်ဂိုဏ်းသားတိနန့် ပါလီမန်ဂိုဏ်းသားတိ နှစ်ဖက်စတင်တိုက်တိုက်ခိုက်ကတ်ရေ။
စစ်ဗိုလ်ချုပ်ဘဝ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]သို့နန့် ကရွမ်းဝဲလ် တစ်ယောက် ဇာတိသို့ပြန်ပြီး မြင်းတပ်ဖွဲ့ကာ ဘုရင့်ဂိုဏ်းသားတိနန့် တိုက်ခိုက်မှုတိတွင် တက်တက်ကြွကြွ ပါဝင်တော့ရေ။ ပြည်တွင်းစစ်လေးနှစ်အတွင်း ကရွမ်းဝဲလ်ဧ အစွမ်းကြောင့် ပါလီမန်ဂိုဏ်းသားတိဖက်မှ အရီးသာရရေ။ ပါလီမန်ဖက်မှ အရီးသာကြောင်းထင်ရှားသည့် တိုက်ပွဲဖြစ်ရေ မာစတုန်းမိုးလ် တိုက်ပွဲ(၂၊ ဇူလိုင်၊ ၁၆၄၄) နန့် ပါလီမန်ဖက်မှ အပြတ်အသတ် အနိုင်ရပြီဟု သတ်မှတ်နိုင်သည့် နေ့စ်ဘီတိုက်ပွဲ(၁၄၊ ဇွန်၊ ၁၆၄၅)တိတွင် ကရွမ်းဝဲလ် ကောင်းစွာအစွမ်းပြပြီး အောင်နိုင်ရေ။ ၁၆၄၆တွင် ဘုရင် ချားလ်(၁)အားဖမ်းမိရေကြောင့် စစ်ပြီး ရေအခါ ကရွမ်းဝဲလ် အား ပါလီမန်စစ်တပ်ဧ အတော်ဆုံးရေ ဗိုလ်ချုပ်တိအထဲမှ တစ်ဦးအဖြစ် အတိကလက်ခံအသိအမှတ်ပြုကတ်ရေ။ ပါလီမန်စနစ်တွင် သဘောထားတင်းမာသူအဖြစ်လည်း ထင်ရှားလာရေ။
ယကေလည်း ယင့်အချိန်တွင် ပါလီမန်အတွင်းမှ ဆန္ဒချင်းမတူသူတိ ပီးနေသဖြင့် အုပ်စုနှစ်ခုအဖြစ်သိသာစွာ ကွဲလီရေ။ ယကေလည်း အကွဲအပြဲကြောင့် ဘုရင်အား ကောင်းစွာ တရားရုံးတင် စစ်ဆီးနိုင်ခြင်း မပီးရာမှ ဘုရင်ချားလ်(၁) အကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက်လားရသဖြင့် ဒုတိယအကြိမ် ပြည်တွင်းစစ်ထပ်မံ ဖြစ်ပွားရရေ။ ကရွမ်းဝဲလ် ဦးဆောင်သည့် တပ်တိက ဘုရင့်ဘက်တော်သားတိ တဖန်ပြန်လည် စည်းရုံးလှုပ်ရှားလာရေကိုကောင်းစွာ နှိမ်နှင်းနိုင်သပိုင် သဘောထား ပျော့ပြောင်းသည့် ပါလီမန်ဂိုဏ်းသားတိကိုပါ သျှင်းလင်းဖယ်ရှားခရေ။ ထိုနောက် ၁၆၄၉ တွင် ဘုရင် ချားလ်(၁) အားကွပ်မျက်လိုက်ပြီးနောက် ပြည်တွင်းစစ်ပြီးဆုံးလားရေ။ ပါလီမန်မှာလည်း အင်အားအခိုင်အမာဖြင့် အာဏာကို ရယူထားနိုင်ပြီဖြစ်ရေ။
အင်္ဂလန်မှာလည်း ဓနသဟာယနိုင်ငံဖြစ်လာပြီး နိုင်ငံတော်အုပ်ချုပ်ရီး ကောင်စီတွင် ကရွမ်းဝဲလ် ဥက္ကဋ္ဌဖြစ်လာရေ။ ယကေလည်း စကော့တလန် နန့် အိုင်ယာလန် ရို့တွင် ဘုရင့်ဂိုဏ်းသားတိ အင်အားစုစည်းပြီး ချားလ်(၁)ဧသားကို ချားလ်(၂)အဖြစ်နန်းတင်ပြီး ပုန်ကန်ရန် ပြင်ဆင်ကြောင်းသိသဖြင့် စကော့တလန် နန့် အိုင်ယာလန် ရို့ကိုတိုက်ခိုက်ရေ။ ဘုရင့်ဂိုဏ်းသားတိအား ခြီမှုန်းပြီး ၁၆၅၂ တွင် စစ်ပွဲပြီးဆုံးရေ။
နိုင်ငံအုပ်ချုပ်သူဘဝ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တိုက်ပွဲတိပြီးပြီဖြစ်သဖြင့် အစိုးရအသစ်ဖွဲ့ရန် ကြိုးပမ်းကြရာ ဖွဲ့စည်းပုံ တစ်ရပ် ရီးဆွဲကတ်ရေ။ ယကေလည်း ထင်သလောက် မလွယ်ကူပေ။ အကြောင်းမှာ ခရစ်ယာန်ဘာသာဝင်တိအချင်းချင်း (ပရိုတက်စတင့် အချင်းချင်း၊ ပရိုတက်စတင့် နန့် ကတ်သလစ်) အငြင်းပွားမှုတိက အဓိကပြဿနာဖြစ်နီရေကြောင့်ဖြစ်ရေ။
ကရွမ်းဝဲလ် အာဏာရချိန်တွင် သူနန့်အတူ ၁၆၄၀ကပါလီမန်အမတ်အဖြစ် ရွေးကောက်ခံရသူမှာတဖဲ့ချေသာကျန်တော့ရေ။ ထိုလက်ကျန် အစုကို ရန့် ဟုခေါ်ကတ်ရေ။ ပါလီမန်အသစ် ခေါ်ယူရန်ကြိုးပမ်းကေလည်း မအောင်မမြင်ဖြစ်ပြီးနောက် ထိုရန့်အဖွဲ့ ကို ကရွမ်းဝဲလ် က (၂၀၊ ဧပြီ၊ ၁၆၅၃)တွင်အာဏာဖြင့် ဖျက်သိမ်းပစ်လိုက်ရေ။ ထိုနောက် ပါလီမန် သုံးကြိမ်ခေါ်ယူပြီး ဥပဒေတိကို နှစ်ကြိမ်တိုင်တိုင် ပြဋ္ဌာန်းကေလည်း ခိုင်ခံမှုမပီးသဖြင့် မအောင်မြင်ပေ။ အမှန်တွင် ကရွမ်းဝဲလ် အနိန်နန့် စစ်တပ်ကိုပါ အုပ်ချုပ်နေရရေကြောင့် စစ်အာဏာသျှင် ဟုဆိုနိုင်ရေ။ ယကေလည်း ကရွမ်းဝဲလ် ရေ ဒီမိုကရေစီ ကျင့်ထုံးတိကို အမြောက်အမြားပင် သုံးစွဲခရေကိုတွေ့ရရေ။ နောက်လိုက်တိက ထင်ရှားအောင် မပံ့ပိုးပီးနိုင်ရေကြောင့်သာ အောင်မြင်သင့် သလောက်မအောင်မြင်ဟု ဆိုနိုင်ရေ။
၁၆၅၃ မှ ၁၆၅၈ ကွယ်လွန်ချိန်အထိ တိုင်းပြည်ကိုအုပ်ချုပ်နေချိန်တိတွင် ရာထူးအခေါ်အဝေါ်ဖြင့် ကာကွယ်ရီးမင်းကြီး (ဝန်ကြီး)ဟုသာခေါ်တွင်စီရေ။ အင်္ဂလန်အပြင် စကော့တလန်၊ အိုင်ယာလန် ရို့ကိုပါ အုပ်ချုပ်နေရသေးရေ။ နောက်လိုက်တိက သျှင်ဘုရင်အဖြစ် ထီးနန်းသိမ်းပိုက်ရန် အကြံပြုကေလည်း လက်မခံခပေ။ ယေဘုယျအနိန်နန့် သူအုပ်ချုပ်ချိန်တိအတွင်း တိုင်းပြည်ကောင်းကျိုးကို ကြိုးစားထမ်းရွက်ရေ။ ပြင်းထန်တင်းကျပ်သည့် ဥပဒေတိကို သင့်တင့်အောင် ပြုပြင်ပီးရေ။ စည်းစနစ်ကျနသည့် အုပ်ချုပ်ရီးစနစ်ကို တည်ဆောက်ပီးရေ။ ပညာရီးကိုလည်း အားပီးရေ။ ဘာသာရီးနန့်ပတ်သတ်ကေ ရီးခံခြင်းတရားကို လက်ကိုင်ထားစီရေ။ အယူဝါဒချင်းမတူသည့်အတွက် အက်ဒ်ဝပ်ဘုရင်လက်ထက် လွန်ခသည့် နှစ်၃၀၀ကျော်က အင်္ဂလန်မှ နှင်ထုပ်ခံခရသည့် ဂျူးလူမျိုး တိပြန်လည် လာရောက်အခြီချရေကို ခွင့်ပြုပြီး ၎င်းရို့ဧ ဘာသာတရားကိုလည်း ကိုးကွယ်ခွင့်ပြုရေ။ နိုင်ငံခြားရီးတွင်လည်း အထူးအောင်မြင်ရေဟု ဆိုရေ။၁၆၅၈၊ လန်ဒန်တွင် ငှက်ဖျားရောဂါဖြင့် ကရွမ်းဝဲလ် ကွယ်လွန်ရေ။
နောက်ဆက်တွဲ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကရွမ်းဝဲလ်ကွယ်လွန်ပြီးနောက် သားဖြစ်သူရစ်ချက်ကရွမ်းဝဲလ် အဖအရာကိုဆက်ခံပြီးအုပ်ချုပ်ရေ။ ယကေလည်း အချိန်တို အတွင်း ဘုရင့်ဂိုဏ်းသားတိ အင်အားပြန်ကောင်းလာသဖြင့် ၁၆၆၀တွင် ဘုရင်ချားလ်(၂) ထီးနန်းအာဏာ ပြန်သိမ်းရေ။ အိုလီဗာ ကရွမ်းဝဲလ် ဧ ရုပ်ကလာပ်ကို ပြန်လည်တူးဖော်ကာ အိမ်တံစက်မြိတ်တွင် ချိတ်ဆွဲကာ ရှုံချစီရေ။ ထိုပိုင် သေးသိမ်သည့် လုပ်ရပ်မှာ လူအတိစိတ်တွင် သက်ဦးဆံပိုင်စနစ်အား တိစွာ အရိုသေတန်စီရေဟု ဘုရင့်ဂိုဏ်းသားတိ လုံးဝနားမလည်ခချေ။ လူအတိထောက်ခံမှုမရသည့် သက်ဦးဆံပိုင်ဘုရင်စနစ်မှာ အစပျိုးချိန်တိတိမရလိုက်ပဲ ၁၆၈၈တွင် သွေးထွက်သံယိုမှုကင်းသည့် အာဏာသိမ်းပွဲဖြသစ်ပွားကာ ပါလီမန် ဒီမိုကရေစီ စနစ်ကိုထူထောင်လိုက်ကြတော့ရေ။ သက်ဦးဆံပိုင် ဘုရင်မှရေ စည်းမျဉ်းခံဘုရင် အဖြစ်သို့လျောကျလားပြီး တိုင်းပြည်ဧ အချုပ်အခြာအာဏာမှာ ပါလီမန်လက်တွင်းသို့ ရောက်ကာ အင်္ဂလန်နိုင်ငံဧ ခေတ်သစ်တစ်ရပ်ကိုဖော်ဆောင်နိုင်ရေ။
ရည်ညွှန်းကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း
- ↑ Dickens, Charles (1854). A Child's History of England volume 3. Bradbury and Evans. p. 239.
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]