Jump to content

အီလက်ထရွန်

ဝီကီးပီးဒီးယား က

အီလက်ထရွန် ရေ အက်တမ် တစ်ခုတွင် အခြီခံကျရေ အမှုန်ဖြစ်ရေ။ လျှပ်စစ် အမဓာတ်( negative charge) ဆောင်ရေ။[] နျူကလိယ (Nucleus) ကို လှည့်ပတ်နေရေ။ လှိုင်းသဘာဝရော အမှုန်သဘာဝပါဆောင်ရေ။ အီလက်ထရွန် အရီအတွက်နန့် ပရိုတွန် အရီအတွက်ကို အခြီခံပနာ အိုင်းယွန်း (ion) တိ ဖြစ်ပေါ်လာရေ။

ရှေးအခါက ဒြပ်စင်ရို့ဧ အသေးငယ်ဆုံးရေ အစိတ်အပိုင်းရေ အက်တမ်ပင်ဖြစ်ပနာ၊ ထိုထက်ငယ်ရေ အစိတ်အပိုင်း မဟိနိုင်ဟု ယူဆလာခကြလီရေ။ ယကေလည်း ဆာ ဂျေဂျေ သွန်မဆင် ဆိုသူ ကိန်းဘရစ်ချ် တက္ကသိုလ်ပါမောက္ခကြီး တစ်ဦးက အက်တမ်အောက် အလွန်ငယ်ရေ အစိတ်အပိုင်းရို့ဟိကြောင်းကို ခရစ် ၁၈၉၇ ခုနှစ်တွင် သျှင်းလင်းပြသပနာ ထိုအစိတ်အပိုင်းရို့ကို အီလက်ထရွန်ဟု နာမည်ပီးခလီရေ။ ဟိုက်ဒရိုဂျင်ရေ ဓာတုဒြပ်စင်ရို့တွင် အပေါ့ဆုံးဖြစ်ပနာ ယင်းဧအက်တမ်အလီးဆရေ ၁.ဝဝ၈ မျှသာ ဟိဧ။ အီလက်ထရွန်တစ်ခုဧ အလီးချိန်မှာ ထိုဟိုက်ဒြိုဂျင် အက်တမ်ဧ အလီးချိန်ကို အပုံတစ်ထောင့် ရှစ်ရာ လီးဆယ့် ငါးပုံပုံကေ တစ်ပုံ (၁/၁၈၄၅) ခန့်သာဟိလီရေ။[]


    1. "JERRY COFF". Retrieved 10 September 2010.
    2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)