Jump to content

အောက်စဖို့ဒ် အဘိဓာန်

ဝီကီးပီးဒီးယား က
Oxford English Dictionary
Seven of the twenty volumes of the printed second edition of The Oxford English Dictionary (1989)
နိုင်ငံယူနိုက်တက်ကင်းဒမ်း
ဘာသာစကားအိန်းဂလိချ်
ထုတ်ဝီသူအောက်စဖို့ဒ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်း
ထုတ်ဝီခဲ့၁၈၈၄–၁၉၂၈ (ပထမမူ)
၁၉၈၉ (ဒုတိယမူ)
တတိယမူစွာ ပ့င်ဆင်နီတုန်း[]
ဝက်ဘ်ဆိုဒ်www.oed.com

အောက်စဖို့ဒ် အိန်းဂလိချ် အဘိဓာန် (အင်္ဂလိပ်: Oxford English Dictionary; OED) စွာ "အောက်စဖို့ဒ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်း"က ထုတ်ဝီဖြန့်ချိရေ အိန်းဂလိချ်ဘာသာစကားဆိုင်ရေ သမိုင်းဝင် အဘိဓာန်ကြီးတခုဖြစ်တေ။ ကမ္ဘာအနှံ့သုံးစွဲကတ်ရေ ဝေါဟာရမူကွဲတိကို ဖော်ပြထားခြင်း၊ ပညာသျှင်တိ၊ တက္ကသိုလ် သုတေသနသမားတိအတွက် ကျယ်ပြန့်စုံလင်ရေ မှီငြမ်းကိုးကားမှုတိ ထောက်ပင့်ပီးထားခြင်းများအပါအဝင် အိန်းဂလိချ်ဘာသာစကားဧ့ သမိုင်းတလျှောက် ဖြစ်ပေါ်တိုးတက်လာမှုတိကိုလည်း ဇာစ်မြစ်ကောက် ခြီရာလိုက်ထားပီးရေ။[][]

ဒေအဘိဓာန်ကို ၁၈၅၇ မှ စတင်ဆောင်ရွက်ခကတ်ကေလည်း ၁၈၈၄ ကျမှကျကေ ပထမဆုံးစာအုပ်ကို အပေါင်မပါရေပုံစံနန့် စတင်ခုတ်ဝီနှိုင်ခရေ။ ယေကေလဲ အဘိဓာန်လုပ်ငန်းကိုကား "A New English Dictionary on Historical Principles; Founded Mainly on the Materials Collected by The Philological Society" နာမည်ဖြင့် ဆက်ပနာ အကောင်ထည်ဖော်နီတုန်းဖြစ်၏ ။ ၁၈၉၅ မာ The Oxford English Dictionary ကို စာအုပ်အတွဲတိ၏အပေါင်မာ တရားဝင်မဟုတ်ရေပုံစံနန့် ပထမဆုံး စတင်သုံးစွဲခလီရေ။ ၁၉၂၈ အဘိဓာန်အပြည့်အစုံကို အပေါင်ပါ အတွဲ (၁၀) တွဲဖြင့် ဖြန့်ချိခရေ။ ၁၉၃၃ ရောက်ရေအခါ "The Oxford English Dictionary" နာမည်ကို အယင်ထုတ်ဝီခကတ်ရေ အတွဲ (၁၂) တွဲ နန့် ဖြည့်စွက်တွဲတခုရို့၏ နာမည်အားလုံးနီရာမာ အစားထိုးခကတ်၏ ။ ဖြည့်စွက်တွဲတိလေ့ ၁၉၈၉ အထိ ထွက်ဟိလာခလို့ ထိုနှစ်မာပင် ဒုတိယမူ (second edition) ကိုထုတ်ဝီခကတ်ရာ အတွဲ (၂၀) ၊ စာမျက်နှာပေါင်း ၂၁,၇၂၈ အထိပါဝင်လီရေ။[] ၂၀၀၀ ပြည့်နှစ်ကပင် တတိယမူကို လုပ်ကိုင်ဆောင်ရွက်ခကတ်ပြီးကေ ၂၀၁၈ အရောက်မာ တဝက်ခန့်ပြီးစီးခကတ်တေ။[]

ပထမဆုံး ဒီဂျစ်ရေမူ (အီလက်ထရောနစ်) ကို ၁၉၈၈ မာ ဖြစ်မြောက်အောင် ဆောင်ရွက်ခကတ်လို့ အွန်လိုင်းမူကို ၂၀၀၀ ပြည့်နှစ်ကပင် အသုံးပြုနှိုင်ခလီရာ ၂၀၁၄ ဧပြီမာ တလကေ ဝင်ရောက်ကြည့်ရှုလိ့လာသူ နှစ်သန်းကျော်ဟိခဧ့ ။ တတိယမူကို ဒီဂျစ်ရေမူ (အီလက်ထရောနစ်) ပုံစံနန့်သာ ပေါ်ပေါက်လာနှိုင်ဖွယ်ဟိရေ။ အကြောင်းမာ အောက်စဖို့ဒ်တက္ကသိုလ် အမှုဆောင်အရာဟိချုပ်က ပုံနှိပ်ရန် ပိုင်အလာမဟိဟု ဆိုရေကြောင့်ဖြစ်တေ။[][][]

  1. 1 2 3 4 Dickson၊ Andrew။ "Inside the OED: can the world's biggest dictionary survive the internet?"၊ The Guardian၊ 23 February 2018။
  2. "As a historical dictionary, the OED is very different from those of current English, in which the focus is on present-day meanings."
  3. "The OED is a historical dictionary, with a structure that is very different from that of a dictionary of current English." Archived 5 September 2015 at the Wayback Machine.
  4. Alastair Jamieson၊ Alastair။ "Oxford English Dictionary 'will not be printed again'"၊ 29 August 2010။
  5. Flanagan၊ Padraic။ "RIP for OED as world's finest dictionary goes out of print"၊ The Telegraph၊ 20 April 2014။