Jump to content

အောင်ကျော်ထွန်း

ဝီကီးပီးဒီးယား က
အောင်ကျော်ထွန်း
အောင်ကျော်ထွန်းနန့် အိမ်သျှင်မ တင်တင်မူ
ကိုယ်ရီးအချက်အလက်
မွီးသက္ကရာဇ် ၁၃၁၁ခု၊ နတ်တော်လဆန်း ၁၁ ရက် (၃၀-၁၁-၁၉၄၉) ဗုဒ္ဓဟူးနိ
နာမည်ရင်း ဦးတင်အောင်
မိဘနာမည် အဖ ဦးညီသိန်းနန့်အမိ ဒေါ်ငွေစိန်
မွီးဖွားရာနီရာ သံတွဲမြို့၊ ချောင်းဝရွာ
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ၁၀ တန်း
အလုပ်အကိုင် တေးရီး
အိမ်ထောင်ဖက် ဇနီး ဒေါ်တင်တင်မူ
သားသမီး သမီး မကြူကြူသင်း(ခ)မကြူကြူကျော်ထွန်း
ထင်ပေါ်ကျော်ကြားမှု အမေနဲ့ရွာကိုလွမ်းတယ်
ထင်ယှားရေလက်ရာတိ ငယ်သူငယ်ချင်းစာဥအလွမ်းသမားလေးရဲ့သဝဏ်လွှာ
ရယှိခရေဆုတိ
လက်မှတ်
ကွန်ယက်

အမည်အရင်းမှာ ဦးတင်အောင်ဖြစ်တေ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ချောင်းဝရွာနီ အဖ ဦးညီသိန်းနန့်အမိ ဒေါ်ငွေစိန်ရို့မှ ၁၃၁၁ခု၊ နတ်တော်လဆန်း ၁၁ ရက် (၃၀-၁၁-၁၉၄၉) ဗုဒ္ဓဟူးနိတွင် ဖွားမြင်ရေ။ မွီးချင်း ၅ ယောက်ထဲက ဒုတိယမြောက်သားဖြစ်တေ။ ချောင်းဝ (အမက) မှ ၄ တန်းအောင်မြင်ခပြီး ရှင်မောင်သျှင်ဝတ်ခရေ။ ဘွဲ့နာမည်မှာ ရှင်ဝါသဝ ဖြစ်တေ။ ဆြာတော် ဦးနန္ဒိယ(ချောင်းဝ) နန့် ဆြာတော် ဦးနန္ဒမဉ္ဇူ(နံတော်တောင်) ရို့ထံတွင် ပညာသင်ယူဆည်းပူးခရေ။ ပထမငယ်၊ ပထမလတ်တန်းရို့ကို အောင်မြင်ခရေ။ ရန်ကုန်မြို့၊ အလယ်တောရတိုက်သို့ လားရောက်ကာ ဆက်ပနာပညာ ဆည်းပူးရေ။ လောကီပညာ ၁၀ တန်းအထိရောက်ဟိခရေ။

မောင်သျှင်က လူထွက်ပြီးကေ စစ်တပ်ထဲကိုဝင်ခရေ။ တပ်ကထွက်ပြီးကေ အဆိုတော် ဟင်္သာတထွန်းရင် နန့် လက်တွဲမိလားပြီးကေ ဂန္ထဝင်တေးခြင်းတိကို ရီးခရေ။

ရီးသားခရေ တေးခြင်းတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

သူရီးသားခရေ တေးခြင်းတိမာ . . .

  1. ကျွန်တော်ချစ်သောခမ်း
  2. စနေမ
  3. ငယ်သူငယ်ချင်းစာဥ
  4. အလွမ်းသမားလေးရဲ့သဝဏ်လွှာ
  5. အမေနဲ့ရွာကိုလွမ်းတယ်
  6. ဥဩ
  7. ကျွန်တော်သိတဲ့အေးကြည်မ
  8. အမေ့ကျေးဇူးဆပ်မယ်
  9. ပြောပေးပါ ကျေးတမန်
  10. ရင်ခွင်မဲ့သား
  11. မွေးမေကျေးဇူးဆပ်ဖူးချင်တယ်
  12. ထန်းလက်ပုတီးလေးမေးကြည့်ပါ
  13. မအိုဇာညာတယ်
  14. ပင့်ကူအိမ်မာယာနန်း
  15. ရေချမ်းသက်စေ့ပန်းသက်စေ့
  16. လူမနေတဲ့အိမ်ကလေး
  17. ဖိုးထောင်ရေ
  18. အရောက်ပြန်ခဲ့မယ်
  19. ဝမ်းနည်းဝမ်းသာ
  20. အမေ့အလွမ်းပြေ
  21. သာဓုခေါ်ပါ
  22. အမေ့သားလှ

အစဟိစွာရို့ဖြစ်တေ။

အမှတ် ၂၂၃၊ သဒ္ဒါသုခလမ်း၊ ကမ်းနားအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့တွင် (၂၃-၁-၁၉၈၄) တနင်္လာနိတွင် ကွယ်လွန်ခရေ။ ကွယ်လွန်ချိန်မာ ဇနီး ဒေါ်တင်တင်မူ နန့် သမီး မကြူကြူသင်း(ခ)မကြူကြူကျော်ထွန်းရို့ ကျန်ရစ်ခရေ။[]

  1. အထက်ပါအကြောင်းအရာတိစွာ သမိုင်းသုတေသီ စာရီးတတ် ဒွါရာဝတီ-အသျှင်ကုသလ(ငွေသဇင်) လက်ဟိသီတင်သုံးနီထိုင်တော်မူသော သံတွဲမြို့၊ မင်းဗာကြီးလမ်း၊ အောင်မြီသာစည် ပရိယတ္တိစာသင်တိုက် ကျောင်းဝန်းအတွင်းမာ ၂၅-၃-၂၀၁၃ နေ့တွင် ဂုဏ်ပြုစိုက်ထူထားရေ ဂီတစာဆို-အောင်ကျော်ထွန်း အတၳုပတ္တိ ကဗည်းကျောက်စာပါ အကြောင်းအရာတိဖြစ်တေ။