အောင်သာဆန်း (သံတွဲ)
ငယ်ဘဝ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တောင်ကုတ်မြို့နယ်၊ ပန်းထော်ကျွန်း၊ ဂျီပြင်ရွာတွင် (အဖ) ဦးလုံးတော်၊ (အမိ) ဒေါ်စံအေးရို့မှ ၁၉၄၁ -ခု၊ မာ့ခ်ျလ (၈)ရက် နိမာ ဖွားမြင်ရေ။ မွီးချင်း (၄)ဦးတွင် အကြီးဆုံးဖြစ်တေ။ ၁၉၅၄ ခုနှစ်မာ ဂျီပြင်ရွာအစိုးရတန်းကျောင်းမှ စတုတ္ထတန်း အောင်ရေ။ သတ္တမတန်းကို သံတွဲမြို့နယ်၊ လင်းသာရွာအလယ် တန်းကျောင်းမှ အောင်မြင်ရေ။ ကျောင်းထွက်လက်မှတ်ရ - စာမိန်းပွဲကို သံတွဲ အ-ထ-ကမှ အောင်မြင်ရေ။
ကျင်လည်ကျက်စား တာဝန်များ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၉၆ဝ ပြည့်နှစ်မာ ပန်းတော်ထွဋ်တင် (သံတွဲ) ကလောင် နာမည်နန့် အောင်မြင်ရေး၊မဂ္ဂဇင်းတွင် ကဗျာတိစတင်ရီးသား ခရေ။ ၁၉၆၂ ခုနှစ်မာ အောင်သာဆန်း (သံတွဲ) ကလောင် နာမည်ဖြင့် ကဗျာတိ၊ ဝထုတိုတိ စတင်ရီးသားခရေ။ ၁၉၆၃ မှ ၁၉၆၅ ထိ နိုင်ငံသစ်သတင်းစာမာ သံတွဲမြို့နယ် သတင်းထောက်အဖြစ် လုပ်ကိုင်ခရေ။ ၁၉၆၅ ခုနှစ်မာ ပညာရီးဌာနတွင် မူလတန်း လက်ထောက်ဆြာအဖြစ် စတင်အမှုထမ်းရေ။ ၁၉၇၃ ခုနှစ် တွင် ဗဟိုနိုင်ငံရီးတက္ကသိုလ်၊ အခြီခံနိုင်ငံရီးသင်တန်း အပတ်စိုင်(၂၉)ကို တက်ရောက်ခရေ။ ဒုတိယအကြိမ် တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့မာ အဖွဲ့ဝင်အဖြစ် ၄- နှစ်တာ တာဝန်ထမ်းဆောင်ခရေ။
စာပီတာဝန် လက်ရာမွန်များ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ငွေတာရီမဂ္ဂဇင်းတွင် အစွဲပင်လယ်ရတနာ၊ ပင်လယ်စခန်း စရေ ဝတ္ထုတိုသုံးပုဒ်ရီးသားခရေ။ ကဗျာများကို ငွေတာရီ၊ ၁၉၅၉ ခုနှစ်တွင် မာန်အောင်မြို့၊ ဆင်နားချောင်တွေ မြဝတီ၊ ရှုမဝ၊ သွေးသောက်၊ တို့ကျောင်းသား၊ ကာနယ်ဇင်း၊ စစ်ပြန်၊ နဝဒေး၊ ရူဒေါင့်ဂျာနယ်၊ ပညာတန်ဆောင်၊ နိုင်ငံ့ဂုဏ်ရည် (သံတွဲ) မဂ္ဂဇင်းတိတွင် စိုင်ဆက်မပြတ်ရီးသားခရေ။ ပညာတန်ဆောင်မှ ပြုလုပ်ရေ ဦးသန်းညွန့် အမှတ်တရ ကဗျာပြိုင်ပွဲတွင် (ပန်းတကာထက်မွှေး) ကဗျာဖြင့် ၂၀၀၁ ခုနှစ် ကဗျာပထမရဟိခရေ။ တောင်ကုတ်မြို့နယ်စာပီလုပ်သားအဖွဲ့ နန့် စာပီနန့် စာနယ်ဇင်းအဖွဲ့တိတွင် ဥက္ကဋ္ဌတာဝန်ကို ၁၉၉၈ ခုနှစ်ထိ တာဝန်ယူခရေ။ တောင်ကုတ်မြို့နယ်မဂ္ဂဇင်းကို ရိုးလှိုင် အမှတ် (၁၊ ၂)ထိ ထုတ်ဝီခရေ ဖြစ်မြောက်ရီးကောမတီဥက္ကဋ္ဌဖြစ် လေ့ကောင်း၊ တာဝန်ခံ စာတည်း၊ စာတည်းချုပ်အဖြစ် လေ့ကောင်း တာဝန်ယူခရေ။ ၂ဝဝ၄ ခုနှစ်၊ ပခုက္ကူ ဦးအုန်းဖေ၊ ကဗျာစာမူပထဆုကို “ပန်းကောင်းရနံ့ ဆွတ်ပျံ့စေ” ကဗျာများ၊ စာမူဖြင့် ပထမရဟိခရေ။
နီရပ်လိပ်စာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဂုချိန်ခါ မူလတန်းကျောင်းအုပ်တာဝန်မှ အနားယူကာ အမှတ် (၈၃၉)၊ လမ်းသွယ် (၁)၊ ဆီးရုံကွက်သစ်၊ တောင်ကုတ်မြို့တွင် နီထိုင်လျက်ဟိရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ရခိုင်မဂ္ဂဇင်း၊ အမှတ် ၂၉၊ ရန်ကုန်၊ လောကပါလပုံနှိပ်တိုက်၊ ၂၀၀၈။ စာ-၂၆