ဦနပဉ္စဗန္ဓနသိက္ခာပုဒ်
၂-ဦနပဉ္စဗန္ဓနသိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၆၀၉။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သက္ကတိုင်း ကပ္ပိလဝတ်မြို့ နိဂြောဓာရုံကျောင်း၌သီတင်းသုံးနီတော်မူရေအခါ အိုးထိန်းစွာစွာ "သပိတ်အလိုဟိရေ အသျှင်ရို့အား အကျွန်ုပ်စွာ့သပိတ်နန့် (ဖိတ်ကြားပါရေ)"ဟု ရဟန်းရို့ကို ဖိတ်ကြား၏၊ ယင်းခါ ရဟန်းရို့စွာ အတိုင်းအရှည်ကိုမသိကြဘဲ အများကြီးသော သပိတ်ရို့ကို တောင်းကုန်၏၊ ငယ်သော သပိတ်ဟိရေ ရဟန်းရို့စွာ ကြီးရေ သပိတ်ရို့ကို တောင်းကုန်၏၊ ကြီးရေ သပိတ်ဟိရေ ရဟန်းရို့စွာ ငယ်သော သပိတ်ရို့ကိုတောင်းကုန်၏။
ယင်းခါ အိုးထိန်းစွာစွာ ရဟန်းရို့အတွက် အများကြီးသော သပိတ်ရို့ကို လုပ်ရရေဖြိုက်ပနာအခြား အရောင်းအဝယ်ဆိုင်ရာ (အိုးခွက်) ဘဏ္ဍာကို လုပ်ခြင်းငှါ မတတ်နိုင်ပေ၊ မိမိလေးမမျှတ၊ ယင့်သူ၏ သားမယားရို့စွာလည်း ပင်ပန်းကတ်ကုန်၏။
လူရို့စွာ "သာကီဝင်မင့်သား ဘုရားအနွယ်တော်ဖြိုက်ရေ ရဟန်းရို့စွာ အတိုင်းအရှည်ကိုမသိကြဘဲ အများကြီးသော သပိတ်ရို့ကို အဇာကြောင့် တောင်းကုန်ဘိသနည်း၊ ဒေအိုးထိန်းစွာစွာဒေရဟန်းရို့အတွက် အများကြီးသော သပိတ်ရို့ကို လုပ်ရရေ ဖြိုက်ပနာ အခြားအရောင်းအဝယ်ဆိုင်ရာ (အိုးခွက်) ဘဏ္ဍာကို လုပ်ခြင်းငှါ မတတ်နိုင်ပေ၊ မိမိလေး မမျှတ၊ ယင့်သူ၏ သားမယားရို့စွာလည်း ပင်ပန်းကတ်ကုန်၏"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏။
ရဟန်းရို့စွာ သရော် ရှုတ်ချ အပြစ်ပြ ပြောဆိုကတ်သော ဟိုလူရို့၏ စကားကို ကြားကတ်ရေသာတည်း၊ အလိုနည်းသော ရဟန်းရို့က "ရဟန်းရို့စွာ အတိုင်းအရှည်ကို မသိကြဘဲ အများကြီးသောသပိတ်ရို့ကို အဇာကြောင့် တောင်းကုန်ဘိသနည်း" သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏။ ယင်းခါ ထိုရဟန်းရို့စွာ ထိုရဟန်းရို့ကို အများကြီးသော အကြောင်းနန့် သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။ပ။
"ရဟန်းရို့ ရဟန်းရို့စွာ အတိုင်းအရှည်ကို မသိကြဘဲ အများကြီးသော သပိတ်ရို့ကို တောင်းကတ်၏ဟူစွာ မှန်သလော"ဟု စိစစ် မေမြန်းတော်မူ၏။
မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။
ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ ရဟန်းရို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ထိုယောက်ျားရို့စွာ အတိုင်းအရှည်ကိုမသိကြဘဲ အများကြီးသော သပိတ်ရို့ကို အဇာကြောင့်တောင်းကုန်ဘိသနည်း။
ရဟန်းရို့ ဒေ (သင်ရို့ပြုမိသောအမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။ သရော်ပြီးနောက် တရားစကားကို ဟောကြားတော်မူပြီးကေ ရဟန်းရို့ကို "ရဟန်းရို့သပိတ် ကို မတောင်းရ၊ တောင်းသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏"ဟု မိန့်တော်မူ၏။
၆၁၀။ ယင်းခါ ရဟန်းတပါး၏ သပိတ်ရေ ကွဲ၏၊ ယင်းခါ ထိုရဟန်းစွာ မြတ်စွာဘုရားစွာသပိတ်တောင်းခြင်းကို ပယ်တော်မူ၏ဟု တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ပနာ မတောင်းချေ၊ လက်ရို့နန့်ဆွမ်းအလို့ငှါ လှည့်လည်၏။
လူရို့စွာ "သာကီဝင်မင့်သား ဘုရားအနွယ်တော်ဖြိုက်ရေ ရဟန်းရို့စွာ ဇာကြောင့်တိတ္ထိရို့ပိုင် လက်ရို့နန့် ဆွမ်းအလို့ငှါ လှည့်လည်ကုန်ဘိသနည်း"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏။ ရဟန်းရို့စွာ သရော် ရှုတ်ချ အပြစ်ပြ ပြောဆိုကတ်သော ယင့်သူရို့၏ စကားကို ကြားကတ်ရေသာတည်း၊ ယင်းခါ ရဟန်းရို့စွာ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။
ယင်းခါ မြတ်စွာဘုရားစွာ ဒေအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူပြီးကေရဟန်းရို့ကို "ရဟန်းရို့ သပိတ်ပျောက်သော ရဟန်းအားသော်လိ့ကောင်း၊ သပိတ်ကွဲသော ရဟန်းအားသော်လိ့ကောင်း သပိတ်ကို တောင်းခြင်းငှါ ခွင့်ပြုရေ"ဟု မိန့်တော်မူ၏။
ပညတ်သိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၆၁၁။ ယင်းခါ ဆဗ္ဗဂ္ဂီရဟန်းရို့စွာ မြတ်စွာဘုရားစွာ "သပိတ်ပျောက်သော ရဟန်းအားသော်လိ့ကောင်း၊ သပိတ်ကွဲသော ရဟန်းအားသော်လိ့ကောင်း သပိတ်ကို တောင်းခြင်းငှါ ခွင့်ပြုတော်မူ၏"ဟု စိကေသျှေမျှသော အကွဲနန့်လိ့ကောင်း၊ စိကေသျှေမျှသော အက်ကြောင်းနန့်လိ့ကောင်း၊ ကြုတ်မိကာမျှနန့်လိ့ကောင်း အများကြီးသော သပိတ်ရို့ကို တောင်းကုန်၏။
ယင်းခါ ထိုအိုးထိန်းစွာစွာ ရဟန်းရို့အတွက် ရှီးနည်းတူပင် အများကြီးသော သပိတ်ရို့ကိုလုပ်ရရေ ဖြိုက်ပနာ အခြား အရောင်းအဝယ်ဆိုင်ရာ (အိုးခွက်) ဘဏ္ဍာကို လုပ်ခြင်းငှါ မတတ်နိုင်တော့ပေ၊ မိမိလေး မမျှတ၊ ယင့်သူ၏ သားမယားရို့လေ့ ပင်ပန်းကတ်ကုန်၏။
လူရို့စွာ ရှီးနည်းတူပင် "သာကီဝင်မင့်သား ဘုရားအနွယ်တော် ဖြိုက်ရေ ရဟန်းရို့စွာ အတိုင်းအရှည်ကို မသိကြဘဲ အများကြီးသော သပိတ်ရို့ကို အဇာကြောင့် တောင်းကုန်ဘိသနည်း၊ ဒေအိုးထိန်းစွာစွာ ဒေရဟန်းရို့အတွက် အများကြီးသော သပိတ်ရို့ကို လုပ်ရရေဖြိုက်ပနာ အခြားအရောင်းအဝယ်ဆိုင်ရာ (အိုးခွက်) ဘဏ္ဍာကို လုပ်ခြင်းငှါ မတတ်နိုင်တော့ပေ၊ မိမိလေး မမျှတ၊ ယင့်သူ၏ သားမယားရို့စွာလည်း ပင်ပန်းကတ်ကုန်၏"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကတ် ကုန်၏။ ရဟန်းရို့စွာ သရော် ရှုတ်ချ အပြစ်ပြ ပြောဆိုကတ်သော ဟိုလူရို့၏ စကားကိုကြားကတ်ရေ သာတည်း။
အလိုနည်းသော ရဟန်းရို့စွာ "ဆဗ္ဗဂ္ဂီရဟန်းရို့စွာ စိကေသျှေမျှသော အကွဲနန့်လိ့ကောင်း၊ စိကေသျှေမျှသော အက်ကြောင်းနန့်လိ့ကောင်း၊ ကြုတ်မိကာမျှနန့်လိ့ကောင်း၊ အများကြီးသောသပိတ်ရို့ကို အဇာကြောင့် တောင်းကုန်ဘိသနည်း"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏။
ယင်းခါ ထိုရဟန်းရို့စွာ ဆဗ္ဗဂ္ဂီရဟန်းရို့ကို အများကြီးသော အကြောင်းနန့် သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။ပ။
"ရဟန်းရို့ သင်ရို့စွာ စိကေသျှေမျှသော အကွဲနန့်လည်ကောင်း၊ စိကေသျှေမျှသော အက်ကြောင်းနန့်လိ့ကောင်း၊ ကြုတ်မိကာမျှနန့်လိ့ကောင်း အများကြီးသော သပိတ်ရို့ကို တောင်းကတ်ကုန်၏ဟူစွာ မှန်သလော"ဟု စိစစ် မီးမြန်းတော်မူ၏။
မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။
ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေယောက်ျားရို့ သင်ရို့စွာ စိကေသျှေမျှသော အကွဲနန့်လိ့ကောင်း၊ စိကေသျှေမျှသော အက်ကြောင်းနန့်လိ့ကောင်း၊ ကြုတ်မိကာမျှနန့်လိ့ကောင်း အများကြီးသော သပိတ်ရို့ကို အဇာကြောင့်တောင်းကတ်ကုန်ဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားရို့ ဒေ (သင်ရို့ပြုမိသောအမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။
ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။
၆၁၂။ "အကြင်ရဟန်းစွာ ငါးဖွဲ့မပြည့်သေးသော သပိတ်ရှိလျက် အခြား သပိတ်သစ်ကိုတောင်းငြားအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ထိုရဟန်း စွာ ထိုသပိတ်ကို ရဟန်းပရိသတ်၌ စွန့်ရဖို့၊ ထိုရဟန်းပရိသတ်၌ နောက်ဆုံး သပိတ်ကို 'ရဟန်း သင်ရေ ဒေသပိတ်ကိုကွဲရေထိတောင် ဆောင်ရဖို့'ဟု (ဆိုပနာ) ထိုရဟန်းအား ပီးရဖို့၊ ဒေစွာကား ထိုသပိတ်ကိုတောင်းရာမာ ကျင့်ဝတ်တည်း" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။
၂-ဦနပဉ္စဗန္ဓနသိက္ခာပုဒ် အဖွင့်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၆၁၃။ အကြင်ဟူစွာ အကြင်သို့ သဘောဟိရေ။ပ။ ရဟန်းဆိုရေ။ပ။ ဒေအရာမာ ဒေဉတ္တိစတုတ္ထကံနန့် ရဟန်းအဖြိုက်သို့ ရောက်သူကို "ရဟန်း"ဟု အလိုရှိအပ်၏။
ငါးဖွဲ့ မပြည့်သေးသော သပိတ် ဆိုစွာ အဖွဲ့ (လုံးလုံး) မဟိရေ သပိတ်သော်လိ့ကောင်း၊ တစ်တိုင်သားနှစ်ဖွဲ့ သုံးဖွဲ့ လေးဖွဲ့ ဟိရေ သပိတ်သော်လိ့ကောင်းတည်း။
အဖွဲ့ရာ မဟိရေ သပိတ် ဆိုစွာ လက်နှစ်သစ်ရှည်သော အက်ကြောင်းမဟိရေ သပိတ်တည်း။
အဖွဲ့ရာ ဟိရေ သပိတ် ဆိုစွာ လက်နှစ်သစ်ရှည်သော အက်ကြောင်းဟိရေ သပိတ်တည်း။
သပိတ်သစ် ဆိုစွာ တောင်းခြင်းကို စွဲပနာ (ဖြိုက်ရေ သပိတ်ကို) ဆိုအပ်၏။
တောင်းငြားအံ့ဟူစွာ တောင်းအံ့၊ အားထုတ်မှုပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် စွန့်ခြင်း (ဝိနည်းကံ) ဟိ၏။ သံဃာအလယ်၌ စွန့်ရဖို့။ အားနူံးသော ရဟန်းရို့ပင် အဓိဋ္ဌာန်တင်ပြီး သပိတ်ကို ယူပနာ စုဝီးရဖို့။ "ဝါကြီးတန်သပိတ်ကို ယူမည်"ဟု ယုတ်ညံ့သော သပိတ်ကိုအဓိဋ္ဌာန် မတင်ရ။ အဂယင့်လို့ "ဝါကြီးတန်သပိတ်ကို ယူမည်"ဟု ယုတ်ညံ့သော သပိတ်ကို အဓိဋ္ဌာန်တင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းရို့ ဧပိုင် စွန့်ရဖို့။
ထိုရဟန်းစွာ သံဃာသို့ ချိုင်းကပ်ပနာ လက်ဝဲတစ်ဖက် ပက်ခုံးထက်၌ ဧကသီကို စံပယ်တင်ပြီးကေ ကြီးကုန်သော ရဟန်းရို့၏ ခြီရို့ကို ယှိခိုးလျက် ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီပနာ-
"အသျှင်ဘုရားရို့ ဒေအကျွန်ုပ်၏ သပိတ်ရေ ငါးဖွဲ့ မပြည့်သေးသော သပိတ်ရှိလျက်တောင်းအပ်အနိန်နန့် စွန့်ခြင်း (ဝိနည်းကံ) ဟိပါရေ၊ အကျွန်ုပ်စွာ ဒေသပိတ်ကို သံဃာအား စွန့်ပါ၏"ဟု ဆိုပနာ စွန့်ရဖို့။
စွန့်ပြီးနောက် အာပတ်ကို ဒေသနာကြားရဖို့၊ ကျွမ်းကျင် လိမ္မာပနာ စွမ်းရည်ဟိရေ ရဟန်းစွာ အာပတ်ကို ခံယူရဖို့၊ အင်္ဂါငါးပါးနန့် ပြည့်စုံသော ရဟန်းကို သပိတ်ခံယူစီရေ ရဟန်းဟုသမုတ်ရဖို့၊ ၎င်းရဟန်းစွာ ဆန္ဒာဂတိသို့ မလိုက်ရာ၊ ဒေါသာဂတိသို့ မလိုက်ရာ၊ မောဟာဂတိသို့မလိုက်ရာ၊ ဘယာဂတိသို့ မလိုက်ရာ၊ ခံယူအပ် မခံယူအပ်ကိုလဲ့ သိရာ၏၊ ရဟန်းရို့ ဧပိုင် သမုတ်ရဖို့၊ ရှီးဦးစွာ ရဟန်းကို တောင်းပန်ရဖို့၊ တောင်းပန်ပြီးနောက် ကျွမ်းကျင် လိမ္မာပနာ စွမ်းရည်ဟိရေရဟန်းစွာ သံဃာကို သိစီရဖို့။
၆၁၄။ "အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာအားလျောက်ပတ်သောအခါဟိရေကံစွာ ဖြိုက်ငြားအံ့၊ သံဃာစွာ ဒေပိုင်သော ရဟန်းကိုသပိတ်ခံယူစီရေ ရဟန်းဟု သမုတ်ရာ၏၊ ဒေကား သိစီခြင်းတည်း။
အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာစွာ ဒေ မည်သောရဟန်းကို သပိတ်ခံယူစီရေ ရဟန်းဟု သမုတ်၏၊ အကြင်အသျှင်အား ဒေပိုင်သော ရဟန်းကိုသပိတ်ခံယူစီရေ ရဟန်းဟု သမုတ်ခြင်းကို ခြီ၏၊ ထိုအသျှင်စွာ ဆိတ်ဆိတ် နီရာ၏၊ အကြင် အသျှင်အား ခြီခြင်း မဟိ၊ ထိုအသျှင်စွာ ပြောဆိုရာ၏။
သံဃာစွာ ဒေပိုင်သော ရဟန်းကို သပိတ်ခံယူစီရေ ရဟန်းဟု သမုတ်အပ်ပြီ၊ သံဃာ အားခြီခြင်း ဟိ၏၊ ယင်းအတွက်နန့် ဆိတ်ဆိတ် နီ၏၊ ဧပိုင် ဆိတ်ဆိတ်နေအနိန်နန့် ဒေ ခြီရေအဖြိုက်ကေို သိမှတ်ရပါရေဟု (သိစီရဖို့)။
၆၁၅။ သမ္မုတိရရားရေ ထိုရဟန်းစွာ သပိတ်ကို ခံယူစီရေဖို့ "အသျှင်ဘုရား မထေရ်ကြီး စွာသပိတ်ကို ခံယူတော်မူပါ"ဟု မထေရ်ကြီးကို ပြောရဖို့၊ အဂယင့်လို့ မထေရ်ကြီးရေ ယူအံ့၊ မထေရ်ကြီး၏ သပိတ်ကို ဒုတိယ ရဟန်းအား ပီးရဖို့၊ ထိုရဟန်းအား သနားအနိန်နန့် မယူဘဲ မနီရ၊ အကြင် ရဟန်းစွာ မယူငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏၊ သပိတ်မဟိရေ ရဟန်းကိုမခံယူစီရေ၊ ဒေနည်းနန့်ကေ အထွီးဆုံး သံဃာထိတောင် ခံယူစီရေဖို့။
ထိုရဟန်းပရိသတ်၌ နောက်ဆုံး သပိတ်ကို ထိုရဟန်းအား "ရဟန်း သင်ရေ ဒေသပိတ်ကိုကွဲရေထိတောင် သုံးဆောင်ရဖို့"ဟု (ဆိုပနာ) ပီးရဖို့၊ ထိုရဟန်းစွာ ထိုသပိတ်ကို နီရာမဟုတ် စွာ၌ မချထားရ၊ မကောင်းရေ သုံးဆောင်ခြင်းနန့် မသုံးဆောင်ရ၊ "ဒေသပိတ်ရေအဇာသို့ကေ ပျက်ရာအံ့နည်းဟု လိ့ကောင်း၊ ပျောက်ရာအံ့နည်းဟု လိ့ကောင်း၊ ကွဲရာအံ့နည်းဟုလိ့ကောင်း" မစွန့် 'မပစ်' ရ၊ အဂယင့်လို့ နီရာမဟုတ်စွာ၌ ကေလေ့ ချထားအံ့၊ မကောင်းရေသုံးဆောင်ခြင်း နန့်ကေလေ့ သုံးဆောင်အံ့၊ စွန့်ကေလေ့ စွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဒေစွာကား ထိုသပိတ်ကို တောင်းရာမာ ကျင့်ဝတ်တည်းဟူစွာ ဒေစွာကား ထိုသပိတ် ကိုတောင်းရာမာ (လောကုတ္တရာတရားအား) လျော်သော သဘောတည်း။
၆၁၆။ အဖွဲ့ (လုံးလုံး) မဟိရေ သပိတ်နန့် အဖွဲ့ (လုံးလုံး) မဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ် အာပတ် သင့်၏။ အဖွဲ့ (လုံးလုံး) မဟိရေ သပိတ်နန့် တစ်တိုင်သားဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ အဖွဲ့ (လုံးလုံး) မဟိရေ သပိတ်နန့် နှစ်ဖွဲ့ဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ အဖွဲ့ (လုံးလုံး) မဟိရေ သပိတ်နန့် သုံးဖွဲ့ဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ အဖွဲ့ (လုံးလုံး) မဟိရေ သပိတ်နန့် လေးဖွဲ့ဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
တစ်တိုင်သားဟိရေ သပိတ်နန့် အဖွဲ့ မဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ တစ်တိုင်သားဟိရေ သပိတ်နန့် တစ်တိုင်သားဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ တစ်တိုင်သား ဟိရေ သပိတ်နန့် နှစ်ဖွဲ့ဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ တစ်တိုင်သားဟိရေသပိတ်နန့် သုံးဖွဲ့ဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ် အာပတ် သင့်၏။ တစ်တိုင်သားဟိရေ သပိတ်နန့် လေးဖွဲ့ဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ် အာပတ် သင့်၏။
နှစ်ဖွဲ့ဟိရေ သပိတ်နန့် အဖွဲ့မဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ နှစ်ဖွဲ့ဟိရေ သပိတ်နန့် တစ်တိုင်သားဟိရေ သပိတ်ကို။ပ။ နှစ်ဖွဲ့ဟိရေ သပိတ်ကို။ သုံးဖွဲ့ဟိရေ သပိတ်ကို။ လေးဖွဲ့ဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
သုံးဖွဲ့ဟိရေ သပိတ်နန့် အဖွဲ့မဟိရေ သပိတ်ကို။ပ။ တစ်တိုင်သား ဟိရေ သပိတ်ကို။ နှစ်ဖွဲ့ဟိရေသပိတ်ကို။ သုံးဖွဲ့ဟိရေ သပိတ်ကို။ လေးဖွဲ့ဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
လေးဖွဲ့ဟိရေ သပိတ်နန့် အဖွဲ့မဟိရေ သပိတ်ကို။ပ။ တစ်တိုင်သား ဟိရေ သပိတ်ကို။ နှစ်ဖွဲ့ဟိရေသပိတ်ကို။ သုံးဖွဲ့ဟိရေ သပိတ်ကို။ လေးဖွဲ့ဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏။
အဖွဲ့မဟိရေ သပိတ်နန့် အဖွဲ့ ရာမဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ အဖွဲ့မဟိရေ သပိတ်နန့် တစ်တိုင်သားရာဟိရေ သပိတ်ကို။ပ။ နှစ်ဖွဲ့ ရာဟိရေ သပိတ်ကို။ သုံးဖွဲ့ရာဟိရေသပိတ်ကို။ လေးဖွဲ့ရာဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ် အာပတ် သင့်၏။
တစ်တိုင်သားဟိရေ သပိတ်နန့် အဖွဲ့ ရာမဟိရေ သပိတ်ကို။ပ။ တစ်တိုင်သားရာဟိရေ သပိတ်ကို။ နှစ်ဖွဲ့ ရာဟိရေ သပိတ်ကို။ သုံးဖွဲ့ရာဟိရေ သပိတ်ကို။ လေးဖွဲ့ရာဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
နှစ်ဖွဲ့ဟိရေ သပိတ်နန့် အဖွဲ့ရာမဟိရေ သပိတ်ကို။ပ။ လေးဖွဲ့ ရာဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
သုံးဖွဲ့ဟိရေ သပိတ်နန့် အဖွဲ့ရာမဟိရေ သပိတ်ကို။ပ။ လေးဖွဲ့ရာဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
လေးဖွဲဟိရေ သပိတ်နန့် အဖွဲ့ရာမဟိရေ သပိတ်ကို။ပ။ တစ်တိုင်သားရာဟိရေ သပိတ်ကို။ နှစ်ဖွဲ့ရာဟိရေ သပိတ်ကို။ သုံးဖွဲ့ရာဟိရေ သပိတ်ကို။ လေးဖွဲ့ရာဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
အဖွဲ့ရာမဟိရေ သပိတ်နန့် အဖွဲ့မဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ အဖွဲ့ရာမဟိရေ သပိတ်နန့် တစ်တိုင်သားရာဟိရေ သပိတ်ကို။ပ။ နှစ်ဖွဲ့ရာဟိရေ သပိတ်ကို။ သုံးဖွဲ့ရာဟိရေ သပိတ်ကို။ လေးဖွဲ့ရာဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ လေးဖွဲ့ရာဟိရေ သပိတ်နန့် အဖွဲ့မဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ လေးဖွဲ့ရာဟိရေသပိတ်နန့် တစ်တိုင်သားဟိရေ သပိတ်ကို။ပ။ နှစ်ဖွဲ့ ဟိရေ သပိတ်ကို။ သုံးဖွဲ့ဟိရေ သပိတ်ကို။ လေးဖွဲ့ဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ် အာပတ် သင့်၏။
အဖွဲ့ရာမဟိရေ သပိတ်နန့် အဖွဲ့ရာမဟိရေ သပိတ်ကို။ပ။ တစ်တိုင်သားရာဟိရေ သပိတ်ကို။ နှစ်ဖွဲ့ရာဟိရေ သပိတ်ကို။ သုံးဖွဲ့ရာဟိရေ သပိတ်ကို။ လေးဖွဲ့ရာဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ် အာပတ် သင့်၏။
လေးဖွဲ့ရာဟိရေ သပိတ်နန့် အဖွဲ့ရာမဟိရေ သပိတ်ကို။ပ။ တစ်တိုင်သားရာမဟိရေ သပိတ်ကို။ နှစ်ဖွဲ့ရာဟိရေ သပိတ်ကို။ သုံးဖွဲ့ရာဟိရေ သပိတ်ကို။ လေးဖွဲ့ရာဟိရေ သပိတ်ကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
၆၁၇။ သပိတ်ပျောက်သော ရဟန်း၊ သပိတ်ကွဲသော ရဟန်း၊ ဆွီမျိုးရို့ကို (တောင်းသောရဟန်း)၊ ဖိတ်ကြားအပ်သူရို့ကို (တောင်းသော ရဟန်း)၊ သူတပါးအလို့ငှါ (တောင်းသော ရဟန်း)၊ မိမိဥစ္စာနန့် (ဝယ်ယူသော ရဟန်း)၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းအား အာပတ်မသင့်။
ဒုတိယ ဦနပဉ္စဗန္ဓနသိက္ခာပုဒ် ပြီး၏။