Jump to content

ဦးကျော်ထွန်းအောင်

ဝီကီးပီးဒီးယား က
ဦးကျော်ထွန်းအောင်]
U Kyaw Tun Aung
ကိုယ်ရီးအချက်အလက်
မွီးသက္ကရာဇ် ၁၃၁၂ ခု၊ ကဆုန်လဆုတ် ၁၃ ရက်
နာမည်ရင်း ကျော်ထွန်းအောင်
မိဘနာမည် အဘဦးဦးသာထွန်း (ရက္ခိုင်- မြန်မာပဏ္ဍိတ်)၊ အမိ ဒေါ်မစိန်သာ
မွီးဖွားရာနီရာ ရခိုင်ပြည်မြောက်ဦးမြို့၊ ညောင်ပင်ဈီးရပ်
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း B.A (History) ပုသိမ်ကောလိပ်
အလုပ်အကိုင် စာရီးဆရာ၊ ရှီးဟောင်းသုတေသန ဒုတိယညွှန်ကြားရီးမှူး
အိမ်ထောင်ဖက်
သားသမီး
ထင်ပေါ်ကျော်ကြားမှု စာရီးဆရာ
ထင်ယှားရေလက်ရာတိ ရက္ခိုင်ဗျာလ်
ရယှိခရေဆုတိ
လက်မှတ်
ကွန်ယက်

ကောဇာသက္ကရာဇ် ၁၃၁၂ ခု၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ ၁၉၅ဝ ခု၊ မေလ ၁၃ ရက်၊ စနီနိမာ ရက္ခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ညောင်ပင်ဈီးရပ်၌ မွီးဖွားခရေ။ အဘဦးဦးသာထွန်း (ရက္ခိုင်- မြန်မာပဏ္ဍိတ်)၊ အမိ ဒေါ်မစိန်သာရို့၏ သားသမီး ၇ ဦးထဲက တတိယမြောက်သားဖြစ်တေ။ နာမည်ရင်းမှာ ကျော်ထွန်းအောင်၊ ကလောင်ခွဲနာမည်မှာ မောင်ထွန်းထင်(မြောက်ဦး)၊ တက်ထွန်းနီ (မြောက်ဦး)ဖြစ်တေ။

၁၉ရ၃ ခုနှစ်မာ ပုသိမ်ကောလိပ်မှသမိုင်းဘာသာအဓိကဖြင့် ဝိဇ္ဇာဘွဲ့ B.A (History)ကို ရဟိခရေ။ ၁၉၉၁-၁၉၉၂ ခုနှစ်မာ U.N.D.P ပညာတော်သင်ဆုဖြင့် အိန္ဒိယနိုင်ငံနယူးဒေလီမြို့ရှိ National Museum ၌ ပြတိုက်လုပ်ငန်းပညာကို သင်ယူခရေ။ ၁၉၉၆ ခုနှစ်မာ ဂျပန်နိုင်ငံအစိုးရပညာတော်သင်ဆုဖြင့် Nara National Cultural Properties Research Institute og ပြတိုက်လုပ်ငန်းပညာနန့် တူးဖော်မှုလုပ်ငန်းပညာရပ်တိကို သင်ယူ ဆည်းပူးခရေ။ ရက္ခိုင်သမိုင်းနန့်သုတေသန ပညာရပ်တိကို ငယ်ရွယ်စဉ်မှစပြီးကေ ဘခင်ပါးမာ သင်ယူဆည်းပူးခရေ။

၁၉၇၄ ခုနှစ်မှ ၁၉ရရ ခုနှစ်အထိ သမဝါယမဦးစီးဌာနတွင် ငွေစာရင်းကိုင်အဖြစ်လေ့ကောင်း၊ ၁၉ရရ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ရှီးဟောင်းသုတေသနဦးစီးဌာန ရက္ခိုင်ဌာနခွဲ (မြောက်ဦး)တွင် ဌာနခွဲ တာဝန်ခံ ဒုတိယညွှန်ကြားရီးမှူးအဖြစ်လေ့ကောင်း တာဝန် ထမ်းဆောင်ခရေ။

အစိုးရဝန်ထမ်းဘဝ၌ ၁၉၈၀ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ ဝေသာလီတူးဖော်မှုလုပ်ငန်းတွင် အဖွဲ့ဝင်၊ ၁၉၉ရ ခုနှစ် ကိုးသောင်း ပုထိုးတော်ကြီးတူးဖော်မှုလုပ်ငန်းတွင် အဖွဲ့ ဂေါင်းဆောင်၊ ၁၉၉ရ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ မြောက်ဦးနန်းတော်ကုန်း တူးဖော်မှု လုပ်ငန်းတွင် အဖွဲ့ဂေါင်းဆောင်၊ ရက္ခိုင်ပြည်နယ်ယိုင်ကျေးမှု အမွီအနှစ် ထိန်းသိမ်းစောင့်ရှောက်ရီးအဖွဲ့တွင် အတွင်းမာရီးမှူးအဖြစ် တာဝန် ထမ်းဆောင်ခရေ။ ရက္ခိုင်ပြည်နယ်ယိုင်ကျေးမှုအဖွဲ့တွင် အဖွဲ့ပင်၊ မြောက်ဦးမြို့နယ် ယိုင်ကျေးမှုအဖွဲ့တွင် အတွင်းမာရီးမှူး၊ မြန်မာနိုင်ငံ စာပီနန့် စာနယ်ဇင်းအဖွဲ့တွင် အဖွဲ့ဝင်၊ မြောက်ဦးစာပီနန့် စာနယ်ဇင်းအဖွဲ့တွင် အတွင်းမာရီးမှူးအဖြစ် တာဝန်ထမ်းဆောင်ခရေ။ မြောက်ဦးမဂ္ဂဇင်းကော်မတီတွင်လည်း အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခရေ။

၁၉ရ၃ ခုနှစ်မာ စာပီနယ်ထဲကို စတင်ဝင်ရောက်ခရေ။ ၁၉၈ရ ခုနှစ်မာ မြောက်ဦးမြို့ထင်ရှားသော ဘုရားများသမိုင်း အကျိုင်းနန့် ဘုရားဖူးလမ်းညွှန်အမှတ်(၁)၊ ၁၉၉၄ ခုနှစ်မာ ရက္ခိုင်ဗျာလ်စာအုပ်ရို့ကို ရီးသားထုတ်ဝီခရေ။ ရက္ခိုင်ပြည်နယ်က ထုတ်ဝီရေ သမိုင်းစာအုပ်တိ။ သုတေသနစာတမ်းတိ၊ မဂ္ဂဇင်း စာအုပ်တိ၊ စာစောင်တိနန့် ပြည်ပမှ ထုတ်ဝီသော မဂ္ဂဇင်းတချို့မာ သုတေသနဆောင်းပါးတိကို ရီးသားခရေ။ ပြည်တွင်း ပြည်ပ တက္ကသိုလ်အသီးသီးမှ ဘွဲ့အသီးသီးရို့အတွက် ရက္ခိုင်သမိုင်းနန့် သုတေသနဆိုင်ရာ စာတမ်းတိနန့်ကျမ်းတိ ရီးသားပြုစုရာမှာ ကူညီဆောင်ရွက်ပီးခရေ။

၂၀၁၀ ခုနှစ်မာ ရက္ခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်ပနာ ဖွဲ့စည်းရေအခါ ပါတီတည်ထောင်သူ (၂၁)ဦးတွင်ပါဝင်ခရေ။ ရက္ခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခပြီးကေ ၁၁-၁-၂၀၁၄ နိမာ ဆုံးပါးလားရေ။[]

  1. ခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သမိုင်း၊ ၂၀၁၈၊ ရန်ကုန်၊ ရခိုင်သားကြီးစာပေ စာ-၁၃-၁၅