Jump to content

ဦးချန်ထွန်း

ဝီကီးပီးဒီးယား က
ဦးချန်ထွန်း
Mr. Chan-Toon
ကိုယ်ရီးအချက်အလက်
မွီးသက္ကရာဇ် ၁၈၅၉-၁၈၉၄
နာမည်ရင်း
မိဘနာမည် ဦးရဲကျော်သူ၊ ဒေါ်သံဒါဖြူ
မွီးဖွားရာနီရာ ရခိုင်ပြည်နယ်စစ်တွေမြို့
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ဥပဒေဘွဲ့ (Barrister at Law)
အလုပ်အကိုင် စာရီးဆရာ၊ဆရာဝန်
အိမ်ထောင်ဖက် Mrs. Chan-Toon
သားသမီး သမီး Marie
ထင်ပေါ်ကျော်ကြားမှု စာရီးဆရာ
ထင်ယှားရေလက်ရာတိ [The King of Arakan]
ရယှိခရေဆုတိ ဝိတိုရိယ ရွှေတံဆိပ်ဆု
လက်မှတ်
ကွန်ယက်

စစ်တွေမြို့မှ ရွှီစလွယ်ရ သူဌီးကြီးဦးရဲကျော်သူ ဆိုကေ ရခိုင်သားတိ လောကမာ မသိသူမဟိသလောက် ပင် ထင်ပေါ်ကျော်ဇောရေ။ သူ့သားဦးချန်ထွန်း အဖခြီရာကိုနင်းပနာ ထိုခေတ်ထိုချိန်က မြန်မာနိုင်ငံမက ဥရောပနိူင်ငံတိ အထိပင် သူ့အဟိန်အဝါ လွှမ်းမိုးခသော နာမည်ကြီး ဥပဒေပါရဂူတစ်ဦးဖြစ်ရေ။ ဦးရဲကျော်သူ၊ ဒေါ်သံဒါဖြူတို့ မိဘနှစ်ပါးမာ သားသမီး(၁၀)ဦး ထွန်းကားခရာ သားယောကျ်ားတိမှာ ဦးကျော်ဦး၊ ဦးချန်ထွန်း၊ ဦးစံကျော်၊ ဦးရွှေဘန်း၊ ဦးသာဇံ၊ ဦးရွှေသာတို့ ဖြစ်ကတ်ပြီး သမီးတိမှာ ဒေါ်စံဝင်း၊ ဒေါ်စံမြခိုင်၊ ဒေါ်ရွှေခိုင်၊ ဒေါ်သျှင်ထွီးမတို့ ဖြစ်ကတ်တေ။ ဦးချန်ထွန်း အပါအဝင် သား(၆)ယောက်စလုံးရေ ထိုခေတ်က အင်္ဂလန် ကျောင်းမာကျောင်းနီခကတ်ပနာ စာတတ်ပီတတ် ပုဂ္ဂိုလ်တိ ဖြစ်ကတ်ရေ။ ညီအစ်ကို လေးယောက် ဖြစ်တေ ဦးချန်ထွန်း အပါအဝင် ဦးရွှေဘန်း၊ ဦးရွှေသာ၊ ဦးသာဇံတို့ရေ ဘိလပ်မှ ဥပဒေဘွဲ့ Barrister at Law) ကို ရဟိခကတ်သူတိ ဖြစ်ရေ။ ဦးချန်ထွန်းရေ ဥပဒေဘွဲ့ နောက်ဆုံးနှစ် ဖြစ်သော ၁၈၈၁ခုနှစ်တွင် ရောမ ဥပဒေဘာသာရပ်၊ ဥပဒေ အတတ်ပညာ ဘာသာရပ်၊ အင်္ဂလိပ် လူမျိုးရို့၏ ရှိဟောင်းထုံးတမ်းစဉ်လာ ဘာသာရပ် အားလုံးကို အမှတ်အများဆုံး ဂုဏ်ထူးနန့် အောင်မြင်ပနာ ဝိတိုရိယဘုရင်မကြီး ကိုယ်တိုင် ဝိတိုရိယ ရွှီတံဆိပ်ဆုကို ချီးမြှင့်ခရေ။ ဘာသာရပ်တိုင်း ထူးချွန်ဆု ရဟိခပနာ ဘာသာရပ်တခုမာ ထိုခေတ်က စတာလင်ပေါင် (၁၀၀)စီ ချီးမြှင့်ခံခသူဖြစ်ပါရေ။

ဝိတိုရိယဘုရင်မ ပီးအပ်ခရေဆု

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဦးချန်ထွန်းရဟိခသော ဂုဏ်ထူးဆောင် အမှတ်မျိုးကို ဒုတိယကမ္ဘာစစ်ဖြစ်ရေ အချိန်အထိ နောက်ထပ် ထိုဆုမျိုးရဟိသူ လုံးဝမဟိကြောင်း သိဟိရရေ။ ရန်ကုန်ပြန်လာပနာ ဝိတိုရိယ ဘုရင်မဆုကို ဆွဲပနာ လားကေ ဦးချန်ထွန်းနန့် မျက်နှာချင်းဆိုင် ဆုံမိရေ လူတိုင်းက သူ့ကို အလေးပြုရရေ။ စက်သီးစီးလာသူ ဖြစ်နီကေ စက်သီးမှ ဆင်းရပ်ပနာ အလေးပြုရရေလို့ ရှိနီဦးမောင်ကျော်ဇံဇနီး ဒေါ်ရီရီဇံ (အမှတ်-၂၈၊ စမ်းချောင်း၊ အောင်မင်္ဂလာလမ်း)တွင် ဦးချန်ထွန်း ဆောင်းပါးရီးရန် Interview လားလုပ်စဉ်က ပြောပြလိုက်စွာကို အမှတ်ရမိပါရေ။

ဝိတိုရိယ ဘုရင်မကြီးက သူပိုင်စိုးသော ကိုလိုနီနိူင်ငံတိထဲမှ ဒေလောက် ပညာတော်ရေ အသျှေမျိုး ဟိစွာကို တအံတသြ ဖြစ်ခရရေလို့ သိဟိရရေ။ တွိချင်လွန်းပနာ အခေါ်ခံရရေအခါ ကျွန်းသားသျှေက ရခိုင်ရိုးရာဝတ်စုံဖြစ်တေ တောင်ရှည်ပုဆိုး၊ ရင်ဖုံးအင်္ကျီဝတ်ဆင်ပမာ ရခိုင်ရိုးရာ ဖော့လုံးခေါင်းပေါင်း ဝတ်ပြီး လားရောက်ခရေ။ ဘုရင်မကြီးက လက်ဆွဲ နှုတ်ဆက်ပြီး လက်ဖက်ရည်ပွဲနှင့် မောင်ချန်ထွန်းကို ဧည့်ခံခရေ။ ဝိတိုရိယ ဘုရင်မကြီးဆုကို သူကိုယ်တိုင် ချီးမြှင့်ပြီး ဘုရင်မကြီး၊ သားတော်နှင့် တော်ဝင် မြင်းရထားကို စီးခွင့်ရသော ဆုလည်းပါဝင်ရေအပြင် နန်းတော်ထဲသို့ အချိန်မရွေး လားလာနိုင်ခွင့် အခွင့်အရီးကိုပင် ဘုရင်မကြီးက ပီးအပ်ခရေ။

အင်္ဂလန်မာ ထုတ်ဝီခရေ စာအုပ်တိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဦးချန်ထွန်းရေ အင်္ဂလန်တွင်နီစဉ် သူမိတ်ဆွေတိအနက် ကမ္ဘာကျော် စာရေးဆရာကြီး အော်စကာဝိုင်း (Mr.Oscar Wild) တစ်ယောက်လည်း အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦး ဖြစ်ခရေ။ အော်စတာဝိုင်းနန့် အတူလား အနီများခပနာ ဦးချန်ထွန်းက ရခိုင်လူမျိုး၊ ရခိုင်ယဉ်ကျေးမှု၊ ရခိုင်သမိုင်းတိကို ပြောပြခဟန် ဟိရေ။ အော်စကာဝိုင်းရေ ရခိုင်သမိုင်းကြောင်းတိကို စိတ်ဝင်စားလာပနာ ရခိုင်သမိုင်းနန့် ပတ်သတ်တေ စာအုပ်စာတမ်းတိ၊ ပီစာတိကို စုဆောင်းရှာဖွေပီးရာ The King of Arakan (ရခိုင်မင်းတရားကြီး) ဆို သော စာအုပ်ကို အင်္ဂလန်တွင် ထုတ်ဝီခရေ။

ဦးချန်ထွန်းလည်း အင်္ဂလန်တွင် နီစဉ် The Nature and Value of Jurisprudence စာအုပ်ကို Messrs Sweet And Maswell စာအုပ်တိုက်မှ ထုတ်ဝီခရေ။ ယင်းစာအုပ်ရေ အင်္ဂလန်တွင် အလွန်လူကြိုက်များပနာ တတိယအကြိမ်ပင် ထုတ်ဝီခရရေ။

ဦးချန်ထွန်းရီးခရေ ဥပဒေစာအုပ်တိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဦးချန်ထွန်း ရန်ကုန်သို့ ပြန်ရောက်လာသောအခါ Leading Cases in BurmeseLaw စာအုပ်နှင့် Burmese Buddhist law စာအုပ်နှစ်အုပ်ကို ရီးသားခရေ။ ယင်းစာအုပ်(၂)အုပ်ရေ ဂနိထက်တိုင် မြန်မာတရားရီးရာ ဌာနမာ လက်သုံး (Manual)အဖြစ် အသုံးပြုနီဆဲဟု သိရရေ။

၁၈၅၄ ခုနှစ်တွင် ဗြိတိသျှ အစိုးရရေ စီမံကိန်းချပနာ ရန်ကုန်မြို့ကို ခေတ်မီမြို့တော် ပြုလုပ်ခရာ အကွက်ရိုက်ပြီး အိမ်ရာတိုက်တာတိ ဆောက်လုပ်ခရေ။ ထိုစဉ်က အဂု သိမ် ကြီးဈီး နီရာတွင် ဆူးလေစေတီလောက် ကြီးသော `ကျိုက်မြတ်သံချို` စေတီတစ်ဆူ ဟိခစွာကို လမ်းနန့် မလွတ်ဆိုပနာ ဖြိုဖျက်ပစ်ခရေ။ ရန်ကုန်မြို့ဟိ ဘုန်းကြီးကျောင်းတိ အားလုံးနီးပါးကို အကွက်တိချရာတွင် မလွတ်ဆိုပြီး လမ်းမတော်မြို့နယ် သရက်တောဥယျာဉ် အတွင်း စုပေါင်းပနာ ရွှိပြောင်းခရေ။ (ဂနိ့တိုင် သရက်တော ကျောင်းဝင်းအတွင်း ထိုစဉ်ကအမည်အတိုင်း ဘုန်းကြီးကျောင်း မြောက်များစွာ ဟိနီပါသိမ့်ရေ။

ဆူးလေစေတီ မဖျက်ဖို့ တားဆီးခသူ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဒုတိယအကြိမ် လမ်းတိ တိုးချဲ့ရာတွင် လမ်းမလွတ်ဟု ဆိုပြီး ဆူးလေဘရားကို အဂုနီရာမှ အခြားတနီရာသို့ ရွှိပြောင်းရန် ဆွေးနွေးခကတ်တေ။ ယင်းချိန်က ဗြိတိသျှ အရာဟိတိ တင်ပြချက်တွင် နောက်အနှစ် ၅၀- ၁၀၀ အတွင်း ရန်ကုန်မြို့ရေ ကမ္ဘာ့အဆင့်မီ မြို့တော်ကြီး တမြို့ ဖြစ်လာဖို့ဖြစ်ရာ ပတ်ချာလည် ဝိုင်းရံ လျက်ဟိသော မိုးထိအောင် မြင့်မားရေ အဆောက်အအုံတိအောက် ရောက်နီဖို့ဖြစ်လို့ မသင့်တော်ဟု အကြောင်းပြခပါရေ။ မြန်မာလူမျိုးတိ စိတ်ကြိုက် သင့်တော်ရေ နီရာ ရွှိပနာ ပုံတူဆောက်ပီးဖို့ အ ကြောင်းပြခရေ။

ယင်းကိစ္စကို အင်္ဂလိပ် အရာဟိတိ အပါအဝင် မြန်မာအရာဟိတိက ကန့်ကွက်သူမဟိ သဘောတူကတ်ရေ။ ဦးချန်ထွန်းတယောက်သာ အကြီးအကျယ် ကန့်ကွက်ခရေ။ အင်္ဂလိပ်ခောတ်တွင် အထက်မှ ချက်မှတ်ထားသော အမိန့်တခုကို လုပ်သင့်ရေ ဖြစ်စီ မလုပ်သင့်ရေ ဖြစ်စီ မပြောရဲသော ခေတ်။ အလုပ်ပြုတ်ဖို့ ကြောက်စွာက တကြောင်းကြောင့် ဇာသူလေ့ ဦးချန်ထွန်းဘက်မှ မားမားရပ်တည်ပနာ ပြောဝံ့သူ မဟိခပါ။ မြန်မာ လူမျိုးတိ၏ ထုံးတမ်းစဉ်လာတွင် ဘုရားတည်ပြီးကေ ရွှိပြောင်းခြင်း၊ ဖျက်ခြင်း ပြုလုပ်ရိုး ထုံးစဉ်မဟိဟု တင်ပြခရေ။ အလားတူ လန်ဒန်ကို ခောတ်မီမြို့တော် ဆောက်လုပ်စဉ်က Square Building အဝိုင်းကို ရှိဟောင်း အဆောက်အအုံတစ်ခုအဖြစ် အနီဖြင့် ဇာကြောင့် ချန်ထားခသလဲဟု အရေးဆိုခရေ။ ဦးချန်ထွန်း၏ ကန့်ကွက်ချက်တိ လုံး၀ အရာမရောက်ခပနာ စနီဒေါင့်မှစပနာ ဆူးလေဘုရားကို ဖျက်ခရေ။ ဦးချန်ထွန်းရေ အာဂသတ္တိသျှင်တစ်ဦး ဖြစ်တေ။ လုပ်ရဲရေ။ လုပ်ရဲသော သတ္တိဟိရေ။ အလုပ်ပြုတ်ချင် ပြုတ်ပါစီ လုံး၀ နောက်မဆုတ်ခပါ။ သူ့ကိုရွှီတံဆိပ်ဆု ပီးထားသော ဝိတိုရိယ ဘုရင်မကို ချက်ချင်း သတိရခရေ။ ကြီးနန်းရိုက်ပြီး စာတစ်စောင်ကိုလည်း ဘုရင်မကြီးထံ အကျိုးအကြောင်း ရီးသားပနာ ပီးပို့လိုက်တေ။ ဦးချန်ထွန်း၏ ကျေးဇူး၊ ဝိတိုရိယ ဘုရင်မကြီး၏အမိန့်ကြောင့် ဂနိ မြန်မာလူမျိုးရို့ ဆူးလေစေတီကို ရန်ကုန်မြို့လည်တွင် တွိနီရခြင်း ဖြစ်တေ။ ဦးချန်ထွန်းကျေးဇူးကား အလွန် ကြီးမားပါရေ။ ဆပ်လို့ ကုန်နိုင်ဖို့ မဟုတ်ပါ။ ဆူးလေစေတီကို ဖူးတွိရတိုင်း ဦးချန်ထွန်းကို သတိရသင့်ပါရေ။

ဒေါက်တာတင်အောင်နှင့် တရားလွှတ်တော် တရားဝန်ကြီး မစ္စတာဒတ်(ခ်)တို့က အရှေ့တောင်အာရှ နိုင်ငံတိမာ ဦးချန်ထွန်းလောက် ဥပဒေရီးရာ ကျွမ်းကျင်သူမပေါ်သိမ့်။ အိန္ဒိယတိုက်မာ အတော်ဆုံး(၃)ဦးကို ရွီးထုတ်ပနာ ပြောရကေ (၁)ဦးချန်ထွန်း၊ (၂)ဦးမဲအောင်၊ (၃)ဦးသိန်းမောင်ရို့ ဖြစ်တေဟု သိဟိရရေ။

အိုင်ယာလန်သူနန့် ဖူးစာပါခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဦးချန်ထွန်းရေ အင်္ဂလန်မှ ပြန်လာစဉ် အိုင်ယာလန်သူ Miss Cosgroves ကိုလက်ထပ်ပနာ ခေါ်လာခရေ။ ဦးချန်ထွန်းအား ရခိုင်ယဉ်ကျေးမှု ရှုထောင့်က ကြည့်ကေ အမှားတစ်ခုကို ပြုလုပ်ခရေဟု ဆိုပမာရပါဖို့။ (ပြစ်မှုတစ်ခုကို ကျူးလွန်ခြင်းတော့မဟုတ်ပါ) ဦးချန်ထွန်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်ပနာ စာရေးသူအနီ နှင့် ဝေဖန်ပိုင်ခွင့် မဟိပါ။ သို့သော်`ငါမှားလေခြင်း` ဆိုသော နောင်တ တစ်ခုကိုတော့ သူ၏ အသဲနှလုံးကြားထဲတွင် ရင်နင့်အောင် သီရေအထိ ခံစားလားရရေလို့ စာရေးသူ ကောက်ချက်ဆွဲယူပါရေ။

ထိုခေတ် ထိုအခါရေ ဗြိတိသျှအင်ပါယာကြီး နီမဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်လျက်ဟိသောအခြေအနီ အချိန် အခါ။ သူတို့ သွေးနားထင် ရောက်နီသောအချိန်။ အာရှတိုက်သားတိကို လူညံ့၊ လူဖျင်း၊ လူအဟု ယူဆပြီး မတူမတန် ဆက်ဆံနီသော အချိန်။ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို တန်ဖိုးထားရမှန်းပင် မသိဘဲ ဘုရား ကျောင်းကန်တိကို ဖိနပ်စီးပနာ တက်ခကတ်ရေ။ (Shoe's Question) ပေါ်ပေါက်ခရေ။

မျိုးခြားယူလို့ ပူပန်ရသူ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဦးချန်ထွန်းရေ သူ၏ ရှုမငြီး ချစ်ဇနီး အသားဖြူဖြူ ဘိုမသျှေ Mrs. Cosgroves ကို သူ့မွိးရာ ဇာတိရပ် မိသားစု နီထိုင်သော စစ်တွေမြို့သို့ ခေါ်လာခပါရေ။ မိသားစုအားလုံးက ကြမ်းမှာထိုင်ပြီး ဂါဝန်ဝတ်ထားသောဘိုမကို ကုလားထိုင်နန့် အထက်မှာ ထိုင်ခိုင်းခရရေ။ ရခိုင်တိ စားပွဲအဝိုင်းတွင် ဝိုင်းထိုင်ပြီး ထမင်းတိကို လက်နန့် နယ်ပမာ စားပြရေ။ ဘောင်းဘီမဝတ်ဘဲ စားပွဲခြင်းအစ (လုံချည်ကိုဆိုလိုရေ)ကို ချုပ်ပနာ ဝတ် သောလူမျိုး၊ ကွမ်းစားသောလူမျိုး၊ ဘိုကေမထားဘဲ ဆံပင်မဖြတ် သျှောင်ထုံးထားရေ။ ဆံပင်ကိုအဝတ်နှင့် ပတ်ထားရေ (ခေါင်းပေါင်းကို ဆိုလိုရေ) စရေဖြင့် အင်မတန်မှ အထင်သေး အမြင်သေးနှင့် ဝေဖန်ခံခရစွာကို ဦးချန်ထွန်း အလူးအလဲ ခံခရရေ။ မိဘလက်ထက်မှ သူ့ဘ၀ တလျှောက်လုံး အပွဲပွဲ နိူင်လာခသမျှ မယားသည် Mrs. Cosgroves နှင့်ကျမှ ဒူးထောက်အရှုံးပီးခရသော စစ်သူကြီး။

ဦးချန်ထွန်းနှင့် Miss Cosgroves ရို့၏ အိမ်ထောင်ရေးရေ ဇာလောက်အထိ အဆင်ပြေ မပြေ ဆိုရေ အတိုင်းအတာ ဒီဂရီကို စာရေးသူ မသိပါ။ ဦးချန်ထွန်းနန့် ရခသော Miss. Marie Chan Tun ကိုခေါ်ပြီး အင်္ဂလန်သို့ ပြန်လားပါရေ။ သူရေ မြန်မာလူမျိုး ယဉ်ကျေးမှုကို အထင်သေး အမြင်သေး တိစွာဖြင့် ရှုမြင် သုံးသပ်ပြီး နောက်ပိုင်း`The Marriage in Burma` ဟူသော စာအုပ်တအုပ်ကို ရေးသားခပါရေ။

မကြာသေးမီက ကမာရွတ်၊ လှည်းတန်းဟိ အတ္တိယလမ်းတွင် နီထိုင်သော ဦးချန်ထွန်းညီ၊ ဦးရွှေသာ၏မြီး ဘဏ်မန်နီဂျာ ဦးရွှေဖြူနှင့် တွိ့ဆုံစဉ် မေးမြန်းကြည့်ရာ ထိုစာအုပ်က လွန်ခသော(၃၀)ကျော်က ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှ ငှားရမ်းပမာ သူကိုယ်တိုင် ဖတ်ဖူးကြောင်း ပြောပြပါရေ။ စာရေးသူရေ Miss Cosgroves ရေးသားသော စာအုပ်ကို ပြန်လည်ချေပ ရေးသားရန် ရန်ကုန် တက္ကသိုလ် စာကြည်တိုက်တွင် လားရှာပါရေ။ လုံးဝမတွိဘဲ ပြန်လာခရရေ။ လူမျိုးမတူ၊ ဘာသာမတူ၊ ယဉ်ကျေးမှုမတူကေ ယောင်္ကျားဖြစ်စီ၊ မိန်းမဖြစ်စီ မိမိဘဝအတွက် တစ်သက်တာ အိမ်ထောင်ဖက် ရွီးချယ်သောအခါ အထူးသတိထားရန် အချက်တချက် ဖြစ်စွာကို ဦးချန်ထွန်း၏ ကိုယ်တွိ တစ်သက်တာက သင်ခန်းစာယူစရာ ကျန်ရစ်ခပါရေ။

ဦးမောင်ကျော်ဇံ (BA.BL) ရှိနီကြီး၏ဇနီး ဒေါ်ရီရီဇံ ပြောပြချက်အရ Miss Cosgroves ရေ ဦးချန်ထွန်း နီရေ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လုံး၀ ပြန်မလာခပါလို့ သိဟိရပါရေ။ ဦးချန်ထွန်းလည်း နောက်အိမ်ထောင် မပြုခပါ။ သူ့မယားနန့် သူအလွန်ချစ်သော သမီးသျှေ ပြန်မလာယာလို့ သိရရေအခါ ဦးချန်ထွန်း တစ်ယောက် ဇာပိုင် ဝေဒနာမျိုးကို ခံစားရပါဖို့လဲ။ မိမိဘဝတွင် ဟာလာဟင်းလင်းနန့် တယောက်ကိုလေ့ ရင်ဖွင့်ပြောကြားလို့ မဖြစ်။ ပြောလည်းမပြောချင်။ သူများနန့်လည်း မဆိုင်။ ဇာသူမပြု မိမိမှု။ ဦးချန်ထွန်းမှလွဲပနာ ဇာသူလေ့ သိနိုင်ဖို့ မဟုတ်ပါ။ နောက်ပိုင်းတွင် တယောက်တည်း ဦးတည်ရာမဟိ စိတ်သောက ဖိစီးပြီး စက်သီးတစ်စီးနန့် လျှောက်လားနီခရေ။

  • ဝိတိုရိယ ဘုရင်မကြီးကိုယ်တိုင် နန်းတွင်းခေါ်ပမာ လက်ဖက်ရည်ပွဲနန့် ဧည်ခံပြီး ဝိတိုရိယ ရွှီတံဆိပ်ဘွဲ့ကို ပီးခရေ။ နန်းတွင်းတွင် အချိန်မရွေး ဝင်ထွက်ခွင့် အမိန့်ရသူတဦး။
  • ဒုတိယကမ္ဘာစစ် မဖြစ်မီအထိ အင်္ဂလန်နိုင်ငံ ဥပဒေဘာသာရပ်တွင် သူ့လို ဒီဂရီအမြင့်ဆုံး အမှတ်မျိုး မည် သူမျှ မရဟိခ။
  • သူရေးခသော ဥပဒေစာအုပ်တိရေ မြန်မာနိုင်ငံ တရားရုံးချုပ်တွင် အဂုထိ အသုံးပြုနီဆဲ ရည်ညွှန်းကိုးကား နီဆဲဖြစ်ရေ။
  • ဆူးလေဘုရားကို မဖျက်ရန် အရေးဆိုခရာတွင် နီမဝင်ဝိတိုရိယ ဘုရင်မကြီးထံ ကြီးနန်းနှင့်တစ်မျိုး၊ စာရီးပနာ တစ်ဖုံ သတ္တိဟိဟိ ရဲရဲတောက်တင်ပြခသူ။

ဒေလောက် နိုင်ငံအတွက် အဖိုးတန် ရတနာသားကောင်း တစ်ဦးရေ အသဲကျွမ်းဝေဒနာ(ဝါ)စိတ်ထိခိုက်ရေ ဝေဒနာနန့် အသက်(၃၅)နှစ်မာ ကွယ်လွန်ခရရေ။ ရီတိမ်နစ်ခရရေ။ နိူင်ငံအတွက်ဆုံးရှုံးမှု တရပ်အဖြစ် စာရေးသူ ဝမ်းနည်းစွာဖြင့် မှတ်တမ်းတင်ပါရေ။ တချို့သောရခိုင်အချို့က မိမိကိုယ်ကို သတ်သီလားရေလို့ ပြောကတ်တေ။ ဟုတ်မဟုတ်တော့ စာရေးသူ အတိအကျ စုံစမ်းမရပါ။ ဒေါ်ရီရီဇံကို မိန်းကြည့်ရေအခါ `မဟုတ်ပါ`လို့ ဆိုရေ။

ဦးချန်ထွန်းဧ၏ဖခင် သူဌီးကြီးဦးရဲကျော်သူရေ ကွယ်လွန်ခါနီးတွင် သားသမီး(၁၀)ယောက်ကို တစ်ယောက်လျှင် ရူပီး(၁၀)သိန်းကျစီ အမွီပီးခရာ ဦးချန်ထွန်း၏သမီး Miss. Marie Chan Tun ရေ စစ်တွေမြို့သို့ လာပနာ အဘိုးပီးသော ရူပီ(၁၀)သိန်းကို လာယူပြီး အင်္ဂလန်သို့ ပြန်လားခပါရေ။[]

  1. အေးသိန်း၊ နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ