Jump to content

ဦးစံရွှေ

ဝီကီးပီးဒီးယား က
ဦးစံရွှေ
ဦးစံရွှေ
ကိုယ်ရီးအချက်အလက်
မွီးသက္ကရာဇ် ၁၈၈၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်၊ ဗုဒ္ဓဟူးနိ
နာမည်ရင်း
မိဘနာမည် ဦးစံလှအောင်၊ ဒေါ်သုနန္ဒာ
မွီးဖွားရာနီရာ ရခိုင်ပြည်နယ်စစ်တွေမြို့
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း M.A(University of Cambridge)
အလုပ်အကိုင် စာရီးဆရာရှေ့နီ,ပညာရေး ကော်မတီ အတွင်းရေးမှူး
အိမ်ထောင်ဖက်
သားသမီး
ထင်ပေါ်ကျော်ကြားမှု စာရီးဆရာ
ထင်ယှားရေလက်ရာတိ အင်္ဂလန် ပြည်ဟိ အမေရိကန်တိ
ရယှိခရေဆုတိ တက္ကသိုလ် ပညာသင်ဆု, (B.Aပထမဆင့်ရွှေတံဆိပ် ),ဝဏ္ဏကျော်ထင်ဘွဲ့
လက်မှတ်
ကွန်ယက်

"မြန်မာ့ ပညာရေးလောကတွင် ထင်ရှားရေ။ အထူးသဖြင့် သက်ကြီးတက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် လူသိများရေ။ အင်္ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်မှ ပထမဆုံး ဘီအေဘွဲ့ရသူတိတွင် တဦး အပါအဝင် ဖြစ်ရေ။ ကိုလိုနီခေတ်ဦးအစိုးရ အထက်တန်းကျောင်း အမြဲတမ်းကျောင်းအုပ်ကြီး ရာထူးကို မြန်မာ တိုင်းရင်း သားတိထဲမှ ပထမဦးဆုံး ခန့်ထားခံရသူ၊ အိန္ဒိယ ပဋိညာဉ်ခံ ပညာရေးဝန်ထမ်း သတ်မှတ်ချက် ကို ငြင်းပယ်ခ သူ၊ အမျိုးသား ပညာရေးကို အားပီးကူညီပနာ ဗြိတိသျှ အစိုးရ၏ အငြိုအငြင်ခံရသူ၊ အင်္ဂလန်မှ ထိပ်တန်း ဝတ်လုံဘွဲ့ (Barrister at Law) ရခကေလည်း ပညာရေးသမား တဦးအဖြစ် ဘဝတလျှောက်လုံး ပညာရေး နယ်ပယ်တွင်သာ အစဉ်တစိုက် ဆောင်ရွက်ခသူ ဖြစ်ရေ"


ဦးစံရွှေစွာ .မြန်မာသက္ကရာဇ် ၁၂၄၄ ခုနှစ် ကဆုန်လဆန်း ၆ ရက် ဗဒူးနေ့ (၁၁-၄-၁၈၈၃)တွင် စစ်တွေမြို့၌ အဖကျောင်းဆြာကြီး ဦးစံလှအောင် မိခင်သုနန္ဒာရို့မှ မွီးဖွားခရေ သားကြီးသြရသပင် ဖြစ်တေ။ အသက် ၅ နှစ်အရွယ်မှပင်စပြီးကေ စစ်တွေမြို့ဦးဖသက်နှံကျောင်း တွင် ပညာစတင်သင်ကြားခရေ။ အသက် ၇ နှစ် အရွယ်သို့ ရောက်သော အခါ စစ်တွေမြို့ အထက်တန်းကျောင်းတွင် ပြောင်းရွိ၍ ပညာဆက်ပနာ သင်ကြားခရေ။ ငယ်စဉ်က ပညာရီးမာရာ ထူးချွန်ခရေမဟုတ်။ ကျန်းမာရီးကိုလေ့ ကကောင်းလိုက်စားခသူဖြစ်တေ။ စစ်တွေမြို့ အစိုးရ အထက်တန်းကျောင်းသားဘဝကံပင် ခရစ်ကတ်ရိုက်ခြင်း၊ တင်းနစ်ကစပ် ခြင်း၊ ဘောလုံးကစပ်ခြင်းရို့ကို ကကောင်းပင် တတက်ကကြွ ပါဝင်လှုပ်ရှားခသူတဦးဖြစ်တေ။ ၁၅ နှစ်အရွယ်ကပင် ကျောင်းဘောလုံးအသင်းတွင် ကပ္ပတိန် အဖြစ်ဦးဆောင်နီခပြီးကေဖြစ်တေ။ ထိုနှစ်မာပင် ကာလကတ္တားတက္ကသိုလ်ဝင် တွင် ထူးချွန်စွာအောင်မြင်ခရေအတွက် ရွှေတံဆိပ်ဆုနန့် စကောလားရှစ်ကိုပင် ရဟိခရေ။[]

၁၈၈၇ ခုနှစ်တွင် ဆရာ ဦးဖေသက်နှံဧ့ တိုင်းရင်းသား စာသင်ကျောင်း၊ ၁၈၈၉ ခုနှစ်တွင် စစ်တွေ အစိုးရ အ ထက်တန်းကျောင်းရို့၌ ပညာသင်ရေ။ ၁၈၉၇ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ်ဝင်ခွင့် စာမေး ပွဲ အောင်ရေ။ တက္ကသိုလ် ပညာသင်ဆု ရရေ။ ၁၉ဝ၁ ခုနှစ်တွင် ရန်ကုန်ကောလိပ်မှ ဘီအေ စာမေး ပွဲကို ပထမအဆင့်ဖြင့် အောင်ရေ။ ရွှေတံဆိပ် ချီးမြှင့်ခံရရေ။ ၁၉ဝ၁ ခုနှစ်၊ သြဂုတ်လတွင် အင်္ဂလန်နိုင် ငံသို့ ပညာတော်သင် လားရောက်ခရေ။[]

Cambridge မာ မြန်မာထဲက ပထမဆုံး B.A နန့် M.A ဘွဲ့ ရဟိသူ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ရန်ကုန်ကောလိပ်မှ ဘီအေအောင်ပြီးကေ ၁၉ဝ၁ ခုနှစ်မာ အင်္ဂလန်ကမ်းဘရစ်(q) (Cambridge)တက္ကသိုလ် အီမန်ညူဝယ်(လ်) ကောလိပ်တွင် ပညာဆည်းပူးခွင့်ရခရေ။ ဦးစံရွှေစွာ မြန်မာလူမျိုးတိထဲက ပထမဆုံး ကမ်းဘရစ် ကျောင်းသားတဦးဖြစ်ခရေ။[] ၁၉ဝ၄ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ် အီမယ်ညူဝယ် ကောလိပ်မှ ဘီအေဘွဲ့ ရရေ။[] ဦးစံရွှေစွာ ယင်းတက္ကသိုလ်မှပင် အိုင်စီတက်စာမိန်းပွဲဂုဏ်ထူးအတွက် ရူပဗေဒ၊ ဓာတု ဗေဒ၊ ဘူမိဗေဒဘာသာရပ်တိကို ဆည်းပူးနေစဉ် ၁၉ဝ၄ ခုနှစ်မာ မျက်စိတွင်တိမ်စွဲ၍ မျက်လုံးတစ်ဖက်မှုန်လာရီကြားထဲကပင် စာမိန်းပွဲကို အောင်မြင်ယောင်ကြိုးစားခရေ။ ဦးစံရွှေစွာ ဗြိတိသျှတက္ကသိုလ်တွ မြန်မာထဲက B.A ဘွဲ့ကို ပထမဆုံးရဟိသူတဦးဖြစ်တေ။ ဦးစံရွှေစွာ မျက်စိဝေဒနာကို ခံစားနီရစွာကြားကပင် ဂရီး(စ်)အင် (Grays Inn) ခေါ် ဝတ်လိုကောလိပ်တွင် ဥပဒေပညာရပ် တိကို လိ့လာသင်ကြားပြန်ရာ ၁၉ဝ၇ ခုနှစ်မာ ဝတ်လုံဘွဲ့ကို ဂုဏ်ထူးနန့် အောင်မြင်ပြီး ဒုတိယအဆင့်အတန်းတွင် နံပါတ် ၉ နီရာမှ အောင်မြင်ခရေ။ အင်္ဂလန်မာ နီစဉ် မြန်မာပြည်နန့် အိန္ဒိယကလာရေ ဥပဒေ ကျောင်းသားတိကို ဥပဒေဘာသာရပ်တိ သင်ကြားပြသခရေ။ အခွင့် အရီးတိရကေ ရရေပိုင် ဆောင်းပါးတိလည်း ရီးသားခရေလို့ သိရရေ။ အင်္ဂလန်တွင် ဘွဲ့ရပြီး ၃ နှစ်လောက် နီခသိမ့်ရာ ကမ်းဘရစ်(ဂ) တက္ကသိုလ်မှ MA ဘွဲ့ကိုရယူခသိမ့်ရေ။[]

ထို့နောက် အိုင် စီ အက်စ် စာမေးပွဲအတွက် တနှစ်ခန့် ကြိုတင် ပြင်ဆင်ခရေ။ ယကေလေ့ မျက်စိအထူးကု ဆရာဝန်၏ တားမြစ်ချက်အရ စာမိန်းပွဲ မဖြေဖြစ်ခပါ။ မျက်စိရောဂါ ပျောက်ကင်းပြီးနောက် ဥပဒေပညာကို ဆက်လက် ဆည်းပူးရာ ၁၉ဝ၇ ခုနှစ်တွင် ဝတ်လုံစာမေးပွဲကို ဒုတိယတန်း ဂုဏ်ထူးဖြင့် အောင်ရေ။ အောင်မြင်သူတိအနက် အဆင့်၉ ရခရေ။ ထို့နောက် လန်ဒန်တွင် ဥပဒေပညာ သင်ကြားနီသည့် အိန္ဒိယနန့်မြန်မာကျောင်းသားအချို့ကို ကျူတာအဖြစ် ဆောင်ရွက်ရေ။ အင်္ဂလန်နိုင်ငံမှ စာနယ်ဇင်း တိမာလေ့ ဆောင်းပါးတိ ရီးသားခရေ။ ၁၉ဝ၈ မှ ၁၉၁ဝ ပြည့်နှစ်အတွင်း လန်ဒန်မှနီပနာ ရန်ကုန်တွင် ထုတ်ဝီရေ ရန်ကုန်တိုင်း မ်၊ သည်ဘားမား ကရစ်တစ်စ်ရို့တွင် အပတ်စဉ် ဆောင်းပါးတိ ရေးခရေ။ ၁၉၁ဝ ပြည့်နှစ်တွင် လန်ဒန် ဂရေးအင်းမှ ဘာရစ်စတာအက်လော ဝတ်လုံဘွဲ့နန့် ကိန်းဘရစ် တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ ထပ်မံ ရဟိရေ။

၁၉၁ဝ ပြည့်နှစ်၊ ဇွန်လတွင် မြန်မာပြည် ဘုရင်ခံ ဆာအာသာဝှိုက်ဧ့ မေတ္တာရပ်ခံ ချက်ကြောင့် မြန်မာပြည် သို့ ပြန်လာရေ။ ဘုရင်ခံ ပီးအပ်ရေ ဝန်ထောက်ရာထူးကို ငြင်းပယ်ပနာ ပြည်မြို့ အစိုးရ အထက် တန်း ကျောင်း ကျောင်းအုပ်ရာထူးကိုသာ လက်ခံ ရွေးချယ်ခရေ။ ထိုအချိန်က အစိုးရ အထက် တန်း ကျောင်းအုပ် ကြီးတိ အထဲတွင် တဦးတည်းရေ မြန်မာတိုင်းရင်းသား ဖြစ်ရေ။ ဦးစံရွှေဧ့ လက်ထက်တွင် ပြည် အစိုးရ အထက်တန်းကျောင်းရေ ကျောင်းသား နှစ်ဆခန့် တိုးပွားလာရေ။ ပညာ သင်ကြားရေးတွင် ကျောင်းစာ သာမက ခေတ်မီ အားကစားနည်း၊ စာကြည့်တိုက် အသုံးပြု နည်းနန့် ကျောင်း မဂ္ဂဇင်း ထုတ်ဝေခြင်းရို့ကို စတင် မိတ်ဆက်ပီးခရေ။

၁၉၁၆ ခုနှစ်၊ သြဂုတ်လတွင် ပဲခူးတိုင်း ပညာဝန်၊ ၁၉၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ရခိုင် ပညာဝန်၊ ၁၉၁၇ ခုနှစ်တွင် ရခိုင် ပညာဝန် ရာထူးအပြင် စစ်တွေ အစိုးရ အထက်တန်းကျောင်း ကျောင်းအုပ်ကြီး တာဝန်ကိုပါ ပူးတွဲ တာဝန် ထမ်းဆောင်ခရရေ။ ၁၉၂၁ ခုနှစ်တွင် မြန်မာပြည် ဘုရင်ခံ ကရက်ဒေါက်က အိန္ဒိယ ပညာ ရေး ပဋိညာဉ်ခံ ဝန်ထမ်းအဖြစ် တိုးမြှင့် ပီးခ ကေ လည်း လက်မခံခချေ။ ပညာမင်းကြီး မတ်ဟန့် တားနန့် ပြဿနာ ဖြစ်ပနာ အစိုးရဝန်ထမ်း ဘဝမှ နုတ်ထွက်ကာ ဝတ်လုံ ဦးဘဒွန်းနန့် တွဲပနာ ရှေ့နီ အဖြစ် ဆောင်ရွက် ခရေ။

ကျွန်ပညာရေးကို တွန်းလှန်ခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဦးစံရွှေ၏ ပထမဆုံးတောင်းဆိုမှုရေ မြန်မာလူမျိုးရို့၏ နိမ့်ကျနီသော ပညာရီးကို အဓိကထားပနာ တောင်းဆိုလီရေ။ ဦးစံရွှေစွာ ယင်းခါကအခေါ် ဘိလပ်တွင် နှစ်ပေါင်းတိစွာ ပညာသင်လားရောက်ပနာ ဘွဲ့တိအများကြီးယူလာခရာ မြန်မာလူမျိုးတိ၏ အနှိမ်ခံပညာရီး စနစ်ကို သူစွာ သူများထက် ပိုပြီးကေ သိမြင်ခရေ။ ပိုပြီးကေခံစားရဖို့မှာ မလွဲပါ၊၊ သူစွာ ကျောင်းအုပ်ဆြာကြီးဘဝဖြင့် အနယ်နယ်အရပ်ရပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးရာ သူများထက်ပိုပြီးကေ သိခရေ။ ပိုပြီးကေ `ခံစားခရဖို့မှာ `ဆိုဖွီရာမဟိပါ။ နောက်ဆုံး သူစွာ နယ်ချဲ့မှပီးအပ်ရေ အဆောင်အယောင်တိ၏ လောင်းရိပ်အောက်မာ ပွဲဝင်လို့မရဆိုရေ အချက်ကို ဦးစံရွှေ စွာ ကကောင်းသဘောပေါက်ခရေ။ နောက်ဆုံးသူစွာ ကကောင်း မြတ်နိုးတန်ဖိုးထားခရေ ကျောင်းဆြာအလုပ်ကို ထွက်စာတင်ပနာ.. နုတ်ထွက်လိုက်ရရေ။ ဒေချင့်က စပြီးကေ ဦးစံရွှေစွာ မြန်မာလူမျိုးတိ၏ မျိုးချစ်ပုဂ္ဂိုလ်တဦး၊ တပ်သားတယောက်အဖြစ် အသိအမှတ်ပြုခံခ ရလီရေ။ နောက်ပိုင်း မိမိနန့်တကွ မိသားစု၏စားဝတ်နီရီးအတွက် ရှိနိန်အလုပ်ဖြင့်သာ အနည်းဆုံးသော ဝင်ငွီကိုရှာဖွီ၍ မိမိနန့်တကွ မိသားစုရပ်တည်ရီးအတွက် ကြိုးပမ်းခရေ။ မြန်မာပြည်ရှိ အမျိုးသားကျောင်းတိကို အစိုးရက အသိအမှတ် ပြုဖို့အတွက် ဥပဒေနန့်ညီညွတ်ပြီး စည်းကမ်းတကျဟိစီရန် ဦးစံရွှေအား ယင်းခါက ပညာရီးဝန်ကြီးဖြစ်သူ အမ်အေဦးမောင်ကြီးကို စီလွှတ်ခရာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခရေ။ ဦးစံရွှေစွာ မြန်မာလူမျိုး ရို့၏ ပညာရီးအဆင့်အတန်းမြင့်လာစီရန် နယ်ချဲ့အင်္ဂလိပ်အစိုးရနန့် အကြိမ်ပေါင်းတိစွာ စကားအကြိတ်အနယ်ပြောဆိုခရရေ။ ဗြိတိသျှ ဩဇာအာဏာအောက်မာ သူ၏စကားစွာ အရာမရောက်ခ။ ယင်းအတွက်နန့် နောက်ဆုံးသူ၏ ဘဝရပ်တည်လျက်ဟိရေ အစိုးရရာထူးက နုတ်ထွက်ပြီး ကိုယ်ပိုင်ရှိနိန်အလုပ် လုပ်စားပါလတ်သည်က သူစွာ နိုင်ငံနန့်လူမျိုး အပေါ် ဇာလောက်မျိုးချစ်စိတ်ဟိရေ ပုဂ္ဂိုလ်တဦးဖြစ်ကြောင်း ခန့်မှန်းနှိုင်ပါရေ။[]

သက်ကြီးတက္ကသိုလ်တည်ထောင်ခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၁၉၂ဝ ခုနှစ်မာ ယူနီဗာစတီအက်ဥပဒေကို မကြိုက်၍ ကျောင်းသားတိသပိတ်မှောက်ခပြီးကေ မြန်မာအမျိုးသားကျောင်းတိနန့် အမျိုးသားကောလိပ်ကို တည်ထောင်ခကတ်ရေ။ ယင်းခါက အစိုးရအမှုထမ်း ဖြစ်နီရေ ရန်ကုန်တိုင်းပညာရီးဝန်ဦးစံရွှေစွာ ၁၉၃၆ ခုနှစ်မာ ဒုတိယအကြိမ် ဦးသွင်နန့် သခင်နုရို့ တည်ထောင်ရေ အမျိုးသား တက္ကသိုလ်၌ ပထဝီသင်တန်းတွင် လားရောက်ပြသရာ အင်္ဂလိပ်အစိုးရက ‘မပြရ’ ဆိုရေ အမိန့်ကြောင့် သင်တန်းကို ဆက်ပနာမပြရဘဲ ရပ်ဆိုင်းခရရေ။ ယကေလေ့ ပင်စင်ယူပြီးခါကား ထိုတက္ကသိုလ်တွင် တစ်ဖန်ပြန်ပနာဝင်ရောက်ပြသပြီး နောက်ဆုံးမာ သူ၏ မျိုးချစ်စိတ်ဓာတ်အခံကြောင့် သူတည်ထောင်ခရေ သက်ကြီးတက္ကသိုလ်တွင် အသက်ထက်ဆုံး ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခလီရေ။ ဦးစံရွှေစွာ နိုင်ငံအနှံ့၌ ကျင်းပခရေ အမျိုးသားစာပီညီလာခံတိမာ တက်ရောက်ပနာ အမျိုးသားစိတ်ဓာတ်အခြီခံလို့ အမြဲတမ်းပင် မိန့်ခွန်းတိပြောကြားခရေ။ ဦးစံရွှေစွာ အထူးသဖြင့် နိုင်ငံရီးထက် ပညာရီးကို ဇောင်းပီး၍ ကြိုးစားခသူတဦးဖြစ်စွာကို တွိဟိရရေ။ ဦးစံရွှေစွာ ပင်စင်မယူမီ တစ်နှစ်အလိုကလည်း ပထမပြန်စုံစမ်းရီး ကော်မတီအဖွဲ့ဝင်တဦးအဖြစ်နန့်လေ့ကောင်း၊ စက္ကထရီအဖြစ်နန့်လေ့ကောင်း ဝင်ရောက်ဆောင်ရွက်ခရေ ဆရာတော်ကြီးတိနန့် လူထုပရိသတ်တိ၏ ယုံကြေလေးစားနှစ်သက်မှုကို ခံခရရေ။ - ၁၉၃၆ ခုနှစ်မှ ၁၉၄ဝ ခုနှစ်အထိ ရန်ကုန်ကော်ပိုရီးယှင်း ပညာဘက်၌ ပညာရီးအရာဟိအဖြစ် ဆောင်ရွက်ခသိမ့်ရေ။ မိမိလက်ထောက်ခံကျောင်းတိုင်းတွင် ကိုယ်လက်ကြံ့ခိုင်ရီးအတွက်၊ ဆြာ၊ ဆြာမတိ ခန့်အပ်ပနာ လိ့ကျင့်ပီးခရာ အောင်မြင်သင့်သလောက် အောင်မြင်ခရေ။ မြူနီစပယ်ကျောင်း ၁၁ ကျောင်းမှ ၇၉ ကျောင်းအထိ တိုးချဲ့ပီးခရေ။ မသင်မနီရပညာရီးစည်းမျဉ်းကိုလေ့ ဦးစံရွှေက ရီးဆွဲပီးခရေ။ ဒုတိယကမ္ဘာစစ်ဖြစ်ပွား၍ ယင်းခါက ယင်းစည်းမျဉ်းတိကို အကောင်အထည်မဖော်ခနိုင်ကေလေ့ ယင်းဥပဒေစွာ ဒေနိန့်ထိ တရားဝင်နီဆဲဖြစ်တေ။ ဦးစံရွှေစွာ ပညာတတ်တစ်ယောက်ပင်ဖြစ်ကေလေ့ အကြောင်းအမျိုးမျိုးကြောင့် အထက်တန်းပညာကို တက်ရောက်မသင် ကြားနိုင်သူတိအတွက် စိတ်မကောင်းတိစွာဖြစ်ခ၍ သက်ကြီး တက္ကသိုလ်ကို မဖြစ်မနီ တည်ထောင်ခရေ။ သူ့မာ ဖေသာတစ်ပြား တစ်ချပ်မှ မဟိပါ။ မိသားစုစားဝတ်နီရီးကိုပင် အားခဲကျင်လုံးပနာ ကြိုးစား နီရသူတဦးဖြစ်တေ။ ဦးစံရွှေ၏ကြိုးပမ်းမှု၊ လူအများ၏ ဝိုင်းဝန်း ထောက်ပံ့မှုကြောင့် ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းတွင် ပထမဆုံးသက်ကြီးတက္ကသိုလ် (နောက်ခါ လုပ်သားတိကောလိပ်)ကို စတင်ဖွင့်လှစ်နှိုင်ခပါရေ။ နောက်ပိုင်းတွင် စစ်တွေမြို့တွင်လည်း သက်ကြီး တက္ကသိုလ်ကို တည်ထောင်ခသိမ့်ရေ။ ပစ္စည်မဲ့အလုပ်သမားတိစွာ ဦးစံရွှေ၏ ကြိုးပမ်းမှုကြောင့် ရုံးချိန်ပြီးလို့ ညဇာ ၅ နာရီမှ ၉ နာရီအထိ အချိန်ပိုင်းတက္ကသိုလ်ပညာကို ဆည်းပူးနှိုင်ခကတ်ပနာ ဘွဲ့ရခရေ အလုပ်သမားတိကို မွီးထုတ်ပီးနှိုင်ခစွာရေ သက်ကြီးတက္ကသိုလ် (ခေါ်) ဦးစံရွှေ၏ကျေးဇုကြောင့်ပင် ဖြစ်တေ။ စာပီမြတ်နိုးသူအဖြစ်လေ့ကောင်း၊ မျိုးချစ်သူရဲကောင်းကြီး တစ်ယောက်အဖြစ်လေ့ကောင်း၊ ပြည်သူပြည်သားတိ၏ ပညာရီးကိုရာ အဓိကထားပနာ ဆောင်ရွက်ရေ အမျိုးသားပညာရီးပါရဂူ ကြီးတစ်ဆူအဖြစ်လေ့ကောင်း၊ ဦးစံရွှေစွာ အခက်အခဲအမျိုးမျိုး ကြားထဲက မိမိအတွက် ကိုယ်ကျိုးမငဲ့ပဲ ပညာဆီမီးဖြင့် လမ်းပြရှိဆောင် ပြုလုပ်ခပါရေ။[]

ပညာရေးဝန်ကြီး အမ်အေ ဦးမောင်ကြီး လက်ထက်တွင် အမျိုးသားကျောင်းတိကို အစိုးရ အသိ အမှတ်ပြု ရေး အတွက် အင်တိုက်အားတိုက် ဆောင်ရွက်ခရေ။ ၁၉၂၂ ခုနှစ်၊ သြဂုတ်လတွင် ပဲခူးတိုင်း ပညာဝန် အ ဖြစ် ပြန်လည် ခန့်အပ်ခံရရေ။ ထို့နောက် မကွေးတိုင်း ၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းရို့တွင် ပညာဝန် အဖြစ် ဆက်လက် ဆောင်ရွက်ရေ။ ပဲခူးတိုင်း ပညာဝန်အဖြစ် ဆောင်ရွက်စဉ် ၁၉၃၆ ခုနှစ်၊ အမျိုးသား တက္ကသိုလ် တွင် ပထဝီဘာသာကိုသင်ကြားပြသပနာ အစိုးရဧ့ တားမြစ်ခြင်း ခံရရေ။ ၁၉၃၇ ခုနှစ်၊ သြဂုတ်လတွင် အငြိမ်း စား ယူခရေ။

အငြိမ်းစား ယူပြီးနောက် ၁၉၃၇-၄ဝ ခုနှစ်တွင် ရန်ကုန် မြူနီစီပယ် ပညာရေး အရာဟိအဖြစ် ဆောင်ရွက် ရေ။ ရန်ကုန် မြူနီစီပယ်ကျောင်း ၁၁ ကျောင်းမှ ၇၉ ကျောင်း အထိ တိုးချဲ့ ဆောင်ရွက် နိုင်ခရေ။ မသင်မ နီရ ပညာရေးစီမံကိန်းကိုလည်း ပထမဆုံးရေးဆွဲတင်ပြခရေ။ ယကေလေ့ ဒုတိယကမ္ဘာစစ် ဖြစ်ပွား လာပနာ အ ကောင်အထည် မဖော်နိုင်ခချေ။ စစ်ကြီးအပြီး ၁၉၄၇ ခုနှစ်တွင် အမျိုးသား ကောလိပ် ပထဝီ ပါမောက္ခ၊ ဆက် လက်ပနာ ၁၉၄၈ မှ ၁၉၆၄ ခုနှစ်အထိ သက်ကြီးတက္ကသိုလ် ကျောင်းအုပ်နန့်၊ ပထဝီနန့် အင်္ဂလိပ်စာပီ ပါမောက္ခ အဖြစ် လည်း ဆောင်ရွက်ခပါရေ။

ငယ်စဉ်ကပင် ဘောလုံး၊ ခရစ်ကက်၊ တင်းနစ် ကစားနည်းတိကို ဝါသနာပါပနာ လိုက်စားခရေ။ ရန်ကုန် ကောလိပ် ဘောလုံးအသင်း ခေါင်းဆောင်၊ ကိန်းဘရစ် တက္ကသိုလ် ကောလိပ်ဘောလုံးနန့် ခရစ်ကက် ကစား သမား အဖြစ်လည်း ကစားခရေ။ ပထမဇနီး ဒေစီဟန်နီဂန် ကွယ်လွန်ပြီးနောက် ဒေါ်စိန်လတ်နန့် ထပ်မံ လက်ထပ်ရေ။ ဒေါ်စိန်လတ်ရေ သက်ကြီးတက္ကသိုလ် အုပ်ချုပ်ရေး ကော်မတီ ဘဏ္ဍာရေးမှူးနန့် လက်ထောက် မော်ကွန်းထိန်း အဖြစ် ဆောင်ရွက်ခရေ။

ဦးစံရွှေရေ ပညာရေးဝန်ထမ်း တဦးအဖြစ် ၁၉၃၅ခုနှစ်တွင် တိုင်းရင်းသားနန့် အသက်မွေး ဝမ်းကျောင်း ပြုပြင်စီမံမှု အဖွဲ့ဝင်၊ ၁၉၃၇ ခုနှစ်တွင် ပထမပြန် ပညာရေး ကော်မတီ အတွင်းရေးမှူး၊ ၁၉၄၆ ခုနှစ်တွင် ပညာရေး ပေါ်လစီ စုံစမ်းရေး ကော်မတီ အဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ် ပြန်လည် တည်ဆောက်ရေး ကော်မ တီ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခရေ။ နိုင်ငံတော် အစိုးရ၏ ဝဏ္ဏကျော်ထင်ဘွဲ့ တံဆိပ် ချီးမြှင့်ခံရရေ။ မြို့မ ဦးဘလွင်နန့် တွဲပနာ ပထဝီ ပညာရပ် ဝေါဟာရတိကို မြန် မာပြန်ခ ရေ။ မြန် မာဘာသာဖြင့် 'အင်္ဂလန် ပြည်ဟိ အမေရိကန်တိ' စာအုပ်နန့် အင်္ဂလိပ် စာနယ်ဇင်းတိ တွင် ဆောင်းပါးတိ ရီးသားခရေ။[]


ဦးစံရွှေရေ ၁၉၇၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် ကွယ်လွန်ခရေ။

  1. အေးသိန်း၊ နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ၊ ၂၀၀၇၊ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ စာ-၁၄၁-၁၄၇။
  2. ၂၀၁၀၊ မတ်လမှာ UNITY စာပေမှ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့ မောင်ဇေယျာ ရေးသားတဲ့ 'မြန်မာ လူကျော် ၁၀၀ (ပထမအုပ်)' စာအုပ်မှ
  3. အေးသိန်း၊ နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ၊ ၂၀၀၇၊ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ စာ-၁၄၁-၁၄၇။
  4. ၂၀၁၀၊ မတ်လမှာ UNITY စာပေမှ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့ မောင်ဇေယျာ ရေးသားတဲ့ 'မြန်မာ လူကျော် ၁၀၀ (ပထမအုပ်)' စာအုပ်မှ
  5. အေးသိန်း၊ နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ၊ ၂၀၀၇၊ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ စာ-၁၄၁-၁၄၇။
  6. အေးသိန်း၊ နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ၊ ၂၀၀၇၊ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ စာ-၁၄၁-၁၄၇။
  7. အေးသိန်း၊ နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ၊ ၂၀၀၇၊ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ စာ-၁၄၁-၁၄၇။
  8. ၂၀၁၀၊ မတ်လမှာ UNITY စာပေမှ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့ မောင်ဇေယျာ ရေးသားတဲ့ 'မြန်မာ လူကျော် ၁၀၀ (ပထမအုပ်)' စာအုပ်မှ