Jump to content

ဦးထွန်းလှအောင်

ဝီကီးပီးဒီးယား က
ဦးထွန်းလှအောင်
ဦးထွန်းလှအောင်
ကိုယ်ရီးအချက်အလက်
မွီးသက္ကရာဇ် ၁၈၉၂ ခုနှစ်
နာမည်ရင်း
မိဘနာမည် ဘာဘာဦးဖိုးခိုင်၊ မိခင် ဒေါ်မိမဖွား
မွီးဖွားရာနီရာ မွန်ပြည်နယ်သထုံမြို့ဟောင်း
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း Calcutta Boy's School နန့် St. Xavier စိန့်ဇေဗီယာကျောင်း(အိန္ဒိယနိုင်ငံ)၊ ပညာသင်ကြားခ
အလုပ်အကိုင် အုပ်ချုပ်ရေး၊ ဘာသာရေး၊ ပညာရေး
အိမ်ထောင်ဖက် သံတွဲသူ
သားသမီး
ထင်ပေါ်ကျော်ကြားမှု စာရီးဆရာ
ထင်ယှားရေလက်ရာတိ The Maha Mangala Sutta in Pali, Burmese & English. The Last Sermon of Buddha.
ရယှိခရေဆုတိ Doctor of Philosophy : and Literature (From Spiritual University of Co-Iumbia)၊ The Highest Honourable Award ရွှီတံဆိပ်တခု (၁၉၅၇၊ ပြင်သစ်ပြည်၊ ပါရီမြို့)
လက်မှတ်
ကွန်ယက်

ရက္ခိုင်သား ဦးထွန်းလှအောင်ကို သုဝဏ္ဏဘူမိ (ခေါ်) အဂုသထုံ မြို့၊ မနူဟာမင်းနန်းတော်ကုန်းတွင် သက္ကရာဇ် ၁၂၅၃ ခုနှစ် (ခရစ်နှစ် ၁၈၉၂)မွီးဖွားခပါရေ။ ဦးထွန်းလှအောင်စွာ နှယ်နှယ်ရရ လူတဦးမဟုတ်၊ ရက္ခိုင် မင်းနန်းဆက်ပြုတ်ပြီးကေပိုင်း မျိုးခြားရန်ကို တော်လှန်ခရေ ခေါင်းဆောင်ကြီး ဗိုလ်မင်းမျက်တောင်ရှည်၏ မြီးတော်မှာ ဦးထွန်းလှအောင်၏ ဘာဘာဦးဒိုးခိုင်ပင်ဖြစ်တေ။ ယင်းအတွက်နန့် ဦးထွန်းလှအောင်စွာ ဗိုလ်မင်းမျက်တောင်ရှည်၏မြစ်တော်သူဖြစ်တေ။ ဦးဖိုးခိုင်စွာ -အင်္ဂလိပ် အစိုးရလက်ထက် သုဝဏ္ဏဘူမိ သထုံမြို့တော်ဟောင်းတွင် ကြီးတိုင်ဝန် (Settlement Officer) အဖြစ် ထမ်းရွက်နီစဉ် သထုံမြို့တော်ဟောင်းမာ ကြီးတိုင်ဝန်နန်းတော်ရာကုန်းတွင် ဘာဘာဦးဖိုးခိုင်၊ မိခင် ဒေါ်မိမဖွားရို့က မွီးဖွားခရေ သားလတ်ဖြစ်တေ။

ဦးထွန်းလှအောင်၏ ဘိုးစဉ်ဘောင်ဆက်နီထိုင်ခကတ်တေ အိမ်တော်ရာမှာ မြောက်ဦးမြို့နန်းတော်ရာကုန်းတန်းခါး အရှိမုခ်အပြင် ဘယ်ဘက် နှုန်းသားကန်(နန်းတော်သူနန်းတော်သားတိ ရီချိုးသော ကန်) နန့် အစပ် ပြင်လယ်ဂေါင်ကြီးပင်ဖြစ်တေ။ အဂုထက်တိုင် တံတိုင်းရံလျက် ဟိသိမ့်ရေ။ ဦးထွန်းလှအောင် ငယ်စဉ်အခါက (Calcutta Boy's School) ကာလကတ္တားကလွေသျှေကျောင်းတွင် ပညာစပြီးကေ သင်ကြားခရေ။ ယပြီးကေ (St. Xavier) စိန်ဇေဗီယာကျောင်းတွင် ပညာဆက်ပနာ သင်ကြားခရေ။ အိန္ဒိယမှ ပြန်လာယားကေ မိဘတိနန့်အတူ ကျောက်ဖြူမြို့မာ နီထိုင်ခရေ။ သူ၏ အိမ်ထောင်ဖက်မှာ သံတွဲသူဖြစ်တေ။ ၁၉၂၆ ခုနှစ်မှစပြီးကေ နိုင်ငံတာဝန်ဝတ္တရားတိကို အနယ်နယ် အရပ်ရပ်ကို ပြောင်းရွိ၍ တာဝန်ထမ်းဆောင်ခရေ။

ဆရာရီးခရေ ဗုဒ္ဓဘာသာဆိုင်ရာ အင်္ဂလိပ်စာအုပ်တိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဦးထွန်းလှအောင်စွာ ဘာသာတရားကို များစွာလိုက်စားသူ တဦးဖြစ်ပနာ ဗုဒ္ဓဘာသာကို ကမ္ဘာကသိယောင် စာအုပ်ပေါင်းမြောက်မြားစွာကို ရီးသားထုတ်ဝီခရေ။

1. The Moral Renovation (Anatta) through Sound Educa- tion, in the name of Dhammpalusasia.

2. The Maha Mangala Sutta in Pali, Burmese & English.

3. The Maha Mangala Sutta, The Buddha's Philosophy & Ethics Through Applied Mathematics & The Selected Speeches.

4. The Dhamma Chakkar Pavattana Suttana- The First Sermon of Buddha.

5. The Last Sermon of Buddha.

6. Mode of Concentration in Burmese.

7. Seven-foldNoble Wealth; The Last Sermon of Buddha. အစဟိစော်ရို့ဖြစ်တေ။

မြတ်စွာဘုရားသခင်၏ ဓမ္မစကြာတရားဦး၊ မဟာမင်္ဂလသုတ်တော်နန့် ပရိနိဗ္ဗာန်စံခါနီး ဟောကြားခသော တရားတော်၊ အဘိဓမ္မာတရားတော်ရို့ကို တိုးတက်သော အဘိဓမ္မာနည်းကျကျ ဝေဖန်ရီးသားထားလီရေ။ ဧပိုင်အပြင် သင်္ချာနည်းအရသျှေကောင်း၊ သဘာဝထုနည်း အရဖြင့်သျှေကောင်း တရားတော်ကို ချက်ကျလက်ကျ စေ့စေ့ငင သျှင်းလင်း ထားပါသိမ့်ရေ။ ဒေဝေဖန်သျှင်းလင်းထားသောစာအုပ်ရို့ကို အနောက် နိုင်ငံ အဘိဓမ္မာပါရဂူ၊ သာသနာပိုင်ကြီးရို့ လိ့လာကာ အထူးခြီ သဘောကျကတ်ရေ။ ဗုဒ္ဓတရားတော်ကို သျှင်းလင်းပြတ်သားစွာ နားလည် လာကတ်တေ။ ချီးကျူးထောမနာပြုကာ သဝဏ်လွှာတိကို ရဟန်းမတ်ရို့ ပါးကသျှေကောင်း၊ မင်းညီမင့်သားရို့မှသျှေကောင်း၊ စာရီးဆရာကြီးရို့ပါးကလေ့ကောင်း ရဟိခရေ။

ပါရဂူ (Ph.D) ဘွဲ့နန့် ရွှီတံဆိပ်တိ ပီးအပ်ခံရခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ယင်းချင့်အပြင် ၁၉၅၄ ခု အောက်တိုဇာလတွင် ပြင်သစ်ပြည် ပါရီ (Paris) မြို့တော်တွင် ကျင်းပသော (Grand Assembly) ခမ်းနားသိုက် မြိုက်သောအစည်းအဝီးမှ ဦးထွန်းလှအောင်အား ကမ္ဘာ့ဘာသာရာပန်းစုံ အဖွဲ့ချုပ်ကြီးနာယက (Patron and Chairman of UniversalReli- gious Alliance) အဖြစ် ခန့်အပ်လီရေ။ ထိုနောက် ကနိန်ဒါပြည် ခရစ်ယန် ဂိုဏ်းချုပ်ဘုန်းတော်ကြီး (The Universal Apostolic Church of Life) m (A Knight in the Valiant Order of St. Hone the BaptistO.SJ) ကမ္ဘာ့ (Sir) ဆာဘွဲ့ကို ပီးအပ်ခီရေ။ တစ်ဖန် အမင်ရိကန် ပြည် ဟာဗနာ (Harvana) မြို့တော် (Spiritual University) စိတ္တ တက္ကသိုလ်မှ ဦးထွန်းလှအောင်၏ စာပီအရီးအသားအဖွဲ့အနွဲ့ရို့စွာ “ ကကောင်းကောင်းမွန်သပ်ရပ်လှအနိန်နန့် ပါရဂူ (Ph.D) ဘွဲ့ကို ပီးအပ်ခလေ ရေ။ ထိုဘွဲ့နန့်အတူ ကမ္ဘာ့ငြိမ်းချမ်းရီး ရွှေတံဆိပ်ဆုဖြစ်ရေ (Order of Peace) OiP ဘွဲ့ကို ဆက်သကတ်လီရေ။ နောက်မရှီးမနှောင်းပင် အမင်ရိကန်ပြည် ကိုလံဘီယာ (Co- Iumbia) ၏ (University ofSpiritual) မှ (Doctor of Philosophy : and Literature) အဘိဓမ္မာနန့် စာပီဒေါက်တာဘွဲ့ကို ချီးမြှင့်ခရေ။ ၁၉၅၇ ခု ဂျုန်လ ၁၅ ရက်နိတွင် ပြင်သစ်ပြည်၊ ပါရီမြို့တော်တွင် အမြဲတမ်း သာသနာ့လွှတ်တော်ကြီး၏ အထူးအစည်းအဝီးကြီး ပြုလုပ် လျက် ဦးထွန်းလှအောင်အား ၎င်းအစည်းအဝီးတွင် အမြင့်ဆုံးနီရာသို့ အပ်နှင်းကာ (The Highest Honourable Award) ရွှေတံဆိပ်တစ်ခု ချီးမြှင့်ရန် တညီတညွတ်တည်း ဆုံးဖြတ်ကတ်ရေ။ ဦးထွန်းလှအောင်· ရဟိခသော (Sr) ဆာဘွဲ့မှာ ၁၈၆၀ ခုနှစ်မာ ချုပ်ဆိုခရေ အက်ဥပဒေပုဒ်မ ၂၁ အရ ကမ္ဘာတစ်ဝှမ်းလုံးရှိ နိုင်ငံအသီး သီးရို့ အသိအမှတ်ပြုရရေ ရွှေစလွယ်နန့်တကွ ဆက်အပ်ရေဘွဲ့ထူး ဖြစ်တေ။ မိမိ၏ပင်ကိုပညာရင်းမူလကြောင့် ရထိုက်ရအပ်ရေဘွဲ့မျိုး ဖြစ်တေ။ ဒေအချက်ကို ကမ္ဘာကျော် စာရီးတတ်ကတ်ီး (Morris Collis ၏ Hidden into Burma) ခေါ် သော စာအုပ်တွင် အောက်ပါအတိုင်း ရီးသားထားလီရေ။

Tun Hla Aung was a man of about my own age, thirty- two with a wonderful command of English, which he spoke better than most Frenchmen. His written English was some- times unconventional; he would win a phrase like an Elizabe- than. In fact Tun HlaAung has some solid qualities. He was extremely competent and would find in a minute any section required in the Code or Manuals. And another quality he pos- sessed, which in the average sycophant is much diluted, was genuine warmth and steady devoultion.

ဦးထွန်းလှအောင်ဆွတ်ခူးခရေ ပါရဂူဘွဲ့၊ ဒေါက်တာဘွဲ့နန့် ငြိမ်းချမ်းရီး ရွှေတံဆိပ်တော်ရို့မာ တိုင်းပြည်တပြည် အစိုးရတစ်တိုင်သား၏ အကြိုက်သဘောကျလုပ်ပြီးကေ အခြားတိုင်းပြည်၊ အခြားအစိုးရတစ်တိုင်သား အား မကောင်းရေစိတ်ထားဖြင့် တုံစပ်၍ရအပ်ရေ တံဆိပ်ဘွဲ့မျိုး မဟုတ်။ ကမ္ဘာ့တိုင်းပြည်အပေါင်း စုဝီးဆုံးဖြတ်ပနာရအပ်ရေ ပညာ ဉာဏ်ပူဇော်သော ဘွဲ့မျိုးဆုမျိုးရာဖြစ်လီရေ။

ရခိုင့်သာသနာ့အာဇာနီအဖြစ် လေးစားကတ်ခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အဂုကာလဟိ ပြည်ထောင်စု၏ ထင်ရှားသော ပုဂ္ဂိုလ်ကြီး တချို့ ရို့စွာလေ့ ဦးထွန်းလှအောင်ကို ကကောင်းရိုသီလေးစားကတ်တေ။ ဗုဒ္ဓတရားတော်ကို ဆွေးနွေးရာမာ များစွာသဘောကျရေအတွက်နန့် “အဘိဇေမဟာရဋ္ဌဂုရု မဂ္ဂမဟာပဏ္ဍိတ' ဆဋ္ဌအင်္ဂါယနာ ဥက္ကဌမစိုးရိမ် ဆြာတော်ကြီးက “အကယ်တန္တိ တကာကြီးရာ ရဟန်းဖြစ်ခကေ ငါစွာ ဝါကြီးငယ်မလိုက်ဘဲ ဦးချဖို့။ အကယ်တန္တိ ငါရာ လူဖြစ်ခကေ အသက်ကြီးငယ်မလိုက်ဘဲ ရှိခိုးဖို့'လို့ ပြောကြားပနာ ဆရာတော်၏ ဓာတ်ပုံ တစ်ပုံပီးခလီရေ။ ကမ္ဘာ့ဘာသာမဟာမိတ်အဖွဲ့၏ ဂုဏ်ထူးဆောင် အဓိပတိကြီး ဂျာမန်မင်းသား (The Grand Chancellor of Univer- sal.Religious Alliance-Prince O.M.Lind Scherezig) ကလေ့ ဦးထွန်းလှအောင်အား များစွာကျိုးနွံလှရေ။ ထိုမင်းသား၏ ပီးစာတွင် (Dear Illustrious Brother) လို့ အမွှမ်းတင်ပနာ သုံးနှုန်းထားလီရေ။ ဦးထွန်းလှအောင်စွာ စိတ်ထားဖြူစင်စွာ ကမ္ဘာ့လူမျိုးပေါင်းစုံ၊ ဘာသာရာပန်းစုံ၏ ကြည်ညိုလေးစားခြင်းကိုခံရရေ ရခိုင့်သာသနာ့ အာဇာနည်ဖြစ်လီရေ။

ဦးထွန်းလှအောင်စွာ ဂျပန်ဧကရာဇ်၊ ဥရောပမှ မင်းညီ မင်းသားတိ၊ ခရစ်ယာန် ရဟန်းတော်တိ၊ မဟာမေဒင် ရဟန်းတော်တိ ရို့နန့် သာသနာရီးဆွေးနွေးရာမာ ရည်လည်စွာယှင်းပြနိူင်ရေအတွက်နန့် ထိုထိုသော ပုဂ္ဂိုလ်ရို့နန့်ရင်းနှီးခင်မင်ပနာ ရိုသီခြင်းကို ခံရလီရေ။ ရုပ်ဝါဒသမားတိ၏ မီးမြန်းချက်ရို့ကိုလေ့ ကကောင်းဖြေကြားနိုင်လီရေ။ ဦးထွန်းလှအောင် ရီးသားခရေစာအုပ်ရို့ကို ကမ္ဘာအရပ်ရပ်ကို ဝီငှကာ ဆွေးနွေးဝေဖန် အများ လက်ခံကတ်လီရေ။ အားလပ်သောအချိန်အခါရို့မာ ရန်ကုန်မြို့ဟိ ထောင်တိ၊ အတွင်းဝန်များရုံး၊ တက္ကသိုလ်ကျောင်းနန့် တန်းမြင့်ကျောင်းရို့သို့ ဖိတ်ကြားချက်အရလားရောက်ကာ ` ဗုဒ္ဓတရားတော်ကို ဟောပြောဆုံးမလီရေ။ ဝေဒနာရှင်အပေါင်းအားလည်း ရက္ခိုင်တိုင်းရင်းဆီးဖြင့် အခမဲ့ကုသပီးခရေ။ ဗုဒ္ဓ၏ မွိညက်မြင့်မြတ်ရေ အဘိဓမ္မာတရားတော်ကို ပြတ် ပြတ်သားသား သျှင်းလင်းကာ ကမ္ဘာ့ဘာသာပေါင်းစုံသာသနာ့ လွှတ်တော်မာ တင်ပြခလီရေ။ ယင်းအတွက်နန့် ဦးထွန်းလှအောင်စွာ ဘွဲ့တော်၊ တံဆိပ်တော်ရို့ကို ဆက်သခြင်းခံရရေ။ ဒေပိုင်နန့် ကမ္ဘာတစ်လွှားမာ ဗုဒ္ဓတရားတော်၏ အလင်းရောင် ထွန်းပြောင်စီခြင်းငှာ ရခိုင့်သာသနာ့ အာဇာနည် ဦးထွန်းလှအောင်စွာ ရခိုင့်တန်ဆောင်မီးရှူးတိုင်ကို ထွန်းညှိ ခလီရေ။[]

  1. အေးသိန်း၊ နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ၊ ၂၀၀၇၊ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ စာ-၁၃၆-၁၄၀။