Jump to content

ဦးထွန်းအောင်ကျော်

ဝီကီးပီးဒီးယား က
ဦးထွန်းအောင်ကျော်
ကိုယ်ရီးအချက်အလက်
မွီးသက္ကရာဇ် ၁၈၉၄ ခုနှစ်
နာမည်ရင်း ထွန်းအောင်ကျော်
မိဘနာမည် အဖ ဦးထွန်းစံ (ဘီအေ၊ ဘီအယ်လ်)၊ အမိ ဒေါ်မဦး
မွီးဖွားရာနီရာ ရခိုင်ပြည်နယ်စစ်တွေမြို့၊ ရူပရပ်
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ဘီအေ၊ အယ်လ်အယ်လ်ဘီဝတ်လုံတော်ရဘွဲ့(အင်္ဂလန်)
အလုပ်အကိုင် ပညာရီး၊ ဘဏ္ဍာရီး ဝန်ကြီး
အိမ်ထောင်ဖက် ဒေါ်ဝေသာ
သားသမီး ဒေါက်တာထွန်းဝေနန့် ဦးသာကျော်ဝေ
ထင်ပေါ်ကျော်ကြားမှု
ထင်ယှားရေလက်ရာတိ
ရယှိခရေဆုတိ “၁၉၄၃ ခုနှစ်၊ ဆာဘွဲ့(ဗြိတိသျှအစိုးရ)
လက်မှတ်
ကွန်ယက်

ဦးထွန်းအောင်ကျော် (၁၈၉၄-၁၉၇၈)

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဦးထွန်းအောင်ကျော်စွာ ရက္ခိုင်ပြည်နယ်၊ စစ်တွေမြို့ ရူပရပ် အဖ ဦးထွန်းစံ (ဘီအေ၊ ဘီအယ်လ်)နန့် အမိ ဒေါ်မဦးရို့၏ အကြီး ဆုံးသားဖြစ်တေ။ ၁၈၉၄ ခုနှစ်မာ ဖွားမြင်ပြီး မွီးချင်း (၆)ဦးဟိရေ။ အိုင်စီအက်စ် 'ဦးကျော်မင်း.. (အင်္ဂလိပ်စစ်အစိုးရလက်ထက် ဘဏ္ဍာရီးဝန်ကြီး)နန့် ဦးကျော်သာ (ရန်ကုန်ဆိပ်ကမ်းကော်မရှင်မင်းကြီးနန့် ကနိန်ဒါ နိုင်ငံမွန်ထရီရယ်မြို့ အခြီစိုက် အပြည်ပြည်ဆိုင်ရာ မြို့ပြလီကြောင်း ပျံသန်းရီးအဖွဲ့ (အိုင်စီအေအို)၏အဖွဲ့ဝင်) ရို့၏ အစ်ကိုကြီးဖြစ်တေ။

ဦးထွန်းအောင်ကျော်စွာ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ စိန့် ဇေဗီးယာကောလိပ်ကို-တက်ရောက်ခပြီး ယင်းကတဆင့် အင်္ဂလန်နိုင်ငံ၊ ကင်းဘရစ်ချ်တက္ကသိုလ် ထရင်နီတီကောလိပ်သို့ စီလွှတ်ခံရပြီးကေ ဘီအေ၊ အယ်လ်အယ်လ်ဘီဝတ်လုံတော်ရဘွဲ့ကို ရဟိခရေ။

၁၉၁၄ ခုနှစ်မာ ကုန်စွာကြီး ဦးရွှေသာ၊ ဒေါ်ရှမ်းဖြူရို့၏ သမီးအကြီးဆုံး ဒေါ်ဝေသာနန့် ပဇပ်ခရေ။ ဒေါက်တာထွန်းဝေနန့် ဦးသာကျော်ဝေဆိုရေ သား နှစ်ဦးထွန်းကားခရေ။ နှစ်ဦးစလုံး ဒုတိယကမ္ဘာစစ်အတွင်းမာ ရီးလ် တက္ကသိုလ်၌ ပညာသင်ကြားခရေ။ ဦးထွန်းဝေစွာ စီးပွားရီးပညာ မဟာနန့် ဒေါက်တာဘွဲ့ရို့ကို ရဟိခပြီး ဦးသာကျော်ဝေစွာ မြို့ပြအင်ဂျင် နီယာဘွဲ့ကို ရဟိခရေ။

တာဝန်ထမ်းဆောင်ခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဦးထွန်းအောင်ကျော်စွာ အင်္ဂလန်မှ မြန်မာပြည်သို့ ပညာသင်ရာမှ ပြန်လာပြီးကေ ရန်ကုန်မြို့ဟိ တရားစီရင်ရီးဌာန၌ တိုးချဲ့တရား သူကြီးအဖြစ် တာဝန်ထမ်းဆောင်ခရေ။ ၁၉၃၄-၃၅ ခုနှစ်မာ အထက်အရာဟိအင်္ဂလိပ်၏ အုပ်ချုပ်မှု (စည်းမျဉ်းတိ)နန့် ပတ်သက်ပြီးကေ သဘော ထားမတိုက်ဆိုင်မှုကြောင့် အလုပ်နုတ်ထွက်ကာ စစ်တွေမြို့ကို ပြောင်းရွိ ပြီး မိသားစုပိုင် လယ်ယာစိုက်ပျိုးမြေတိကို ဦးစီးလုပ်ကိုင်နီခရေ။ ၁၉၃၅ ခွဲရီးအက်ဥပဒေ အတည်ပြုပြီးကေ ဥပဒေပြုလွှတ် တော်တွင် ရွီးချယ်ခံကိုယ်စားလှယ်တိနန့် ဖွဲ့စည်းထားသော အောက် လွှတ်တော်နန့် ဗြိတိသျှအစိုးရမှ ရွီးချယ်သော ကိုယ်စားလှယ်တိ ပါဝင်ရေ အထက်လွှတ်တော်ဆိုပနာ ဟိလာရာ ဦးထွန်းအောင်ကျော်စွာ မောင်းတောခရိုင်ကိုယ်စားလှယ်အဖြစ် ရွီးချယ်တင်မြှောက်ခံရရေ။ ၁၉၃၅ ခုနှစ် ဥပဒေအရ ဝန်ကြီးချုပ်ဒေါက်တာဗမော် ဦးဆောင်ရေ ပထမဆုံး အစိုးရအဖွဲ့ကို ဧပြီလ ၁ ရက် ၁၉၃၇ တွင် ဖွဲ့စည်းခရေ။ -ညွှန့်ပေါင်းအစိုးရ အဖွဲ့ဖြစ်ရေအတွက်နန့် ရခိုင်ပြည်နယ်မှ အစိုးရ အဖွဲ့ဝင်တဦးအဖြစ်ပါဝင်လှာရေ ဦးထွန်းအောင်ကျော်စွာ ပညာရီး ဝန်ကြီးအဖြစ် ခန့်ထားခြင်းခံရရာ ခြောက်လအကြာ၌ ဘဏ္ဍာရီးဝန်ကြီး အဖြစ်ခန့်အပ်ခြင်း ခံရရေ။ ယင်းရာထူးဖြင့် ၁၉၄၂ ခုနှစ်ထိတိုင် အစိုးရ အဖွဲ့အဆက်ဆက်တွင် ဘုရင်ခံ၏ ဖိတ်ကြားချက်ဖြင့် ဝန်ကြီးချုပ်ဆာပေါ်ထွန်းနန့်အတူ အတိုင်ပင်ခံလူကြီးတိအဖြစ် ဆောင်ရွက်ခရေ။ စစ်ပြီး အစိုးရ၏အလုပ်တာဝန်မှာ မြန်မာပြည်အား ပြန်လည်သိမ်းပိုက်ပြီးရေခါ ပြန်လည်ထူထောင်ရီးအတွက် စီမံကိန်းမူကြမ်းတိ ရီးဆွဲခြင်းဖြစ်ရေ။ အိန္ဒိယအစိုးရ၏ နွီရာသီမြို့တော် ဆင်းမလာတွင် ရုံးစိုက်ခရေ။ ၁၉၄၃ ခုနှစ်မာ ဗြိတိသျှအစိုးရက ဦးထွန်းအောင်ကျော်ကို “ဆာ ဘွဲ့ချီးမြှင့်ခရေ။ စစ်ပြီးကာလ ၁၉၄၆ ခုနှစ် မြန်မာပြည်သို့ ပြန်လာရေ အခါ ကုန်းကြောင်းပို့ဆောင်ရီးဌာန၏ အကြံပီးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပီးခြင်းခံရရေ။ ၁၉၄၈ ခုနှစ် ဇန်နှဝါရီလ ၄ ရက် မြန်မာပြည် လွတ်လပ်ရီးရရေအခါ အစိုးရံအလုပ်မှ အနားယူခရေ။

ဦးထွန်း အောင်ကျော်စွာ ကျန်ဟိနီသောသက်တမ်းတလျှောက် ဘာသာရီး ဆိုင်ရာကိစ္စတိနန့် ဗုဒ္ဓဘာသာဝင်တဦး၏ အလိ့အကျင့်တိ ကျင့်သုံး၍ အိမ်အမှတ် ၄၆ဝ၊ မြို့မကျောင်းလမ်း၊ ရန်ကုန်မြို့တွင် နီထိုင်ခရေ။ ဦးထွန်းအောင်ကျော်စွာ ၁၉၇၈ ခုနှစ် အသက် ၈၄ နှစ်အရွယ်၌ ၎င်းနီအိမ်တွင် ကွယ်လွန်အနိစ္စရောက်ခရေ။[]

  1. အေးသိန်း၊ နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ၊ ၂၀၀၇၊ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ စာ-၂၁၈-၂၁၉