Jump to content

ဦးဘစော

ဝီကီးပီးဒီးယား က
ဦးဘစော
ကိုယ်ရီးအချက်အလက်
မွီးသက္ကရာဇ်
နာမည်ရင်း
မိဘနာမည်
မွီးဖွားရာနီရာ ရခိုင်ပြည်နယ်ရမ်းဗြဲ မြို့
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင် သံအမတ်ကြီး
အိမ်ထောင်ဖက်
သားသမီး
ထင်ပေါ်ကျော်ကြားမှု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ
ထင်ယှားရေလက်ရာတိ
ရယှိခရေဆုတိ နိုင်ငံဂုဏ်ရည် (ပထမဆင့်)၊လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိ ယဆင့်)
လက်မှတ်
ကွန်ယက်

နိုင်ငံဂုဏ်ရည် (ပထမဆင့်)ရ၊ ဝန်ကြီးဟောင်းနန့် အငြိမ်းစား သံအမတ်ကြီးဖြစ်ရေ။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲ မြို့ အောင်စေတီရပ်တွင် မွီးဖွားရေ။ အချေခါက ကျောက်ဖြူမြို့တွင် ပညာသင်ကြားခရေ။ ယပြီးကေ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ဟိ၊ အာနန္ဒာကောလိပ်တွင် ပညာသင်ကြားခပြီးကေ၊ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားအတွက်နန့် အိန္ဒိယ နိုင်ငံသို့ ပြောင်းရွှေ့နီထိုင်ခရေ။အိန္ဒိယနိုင်ငံတွင် ဦးသိန်းဖေမြင့်နန့် ဆုံတွိ့ဆုံပြီးကေ မြန်မာ့ နိုင်ငံရီး လောကသို့ ရောက်ဟိရေ။ ဒုတိယကမ္ဘာစစ်အတွင်း အောလ်အိန္ဒိယ ရေဒီယို မြန်မာပိုင်း အစီအစဉ်မာ တာဝန်ထမ်းဆောင်ခရေ။

မဟာမိတ် တပ်ပေါင်းစုဧ့ မြန်မာပြည် ထိုးစစ်ကို ပြန်လည်ဆင်နွှဲရေအခါ၊ ရခိုင်ပြည်အတွင်းဟိ ဂျပန်စစ်ရီး အခြီကို စုံစမ်းထောက်လှမ်းဖို့ ဦးဘစောရေ လီထီးနန့် ရခိုင်ပြည်နယ် အတွင်းသို့ ခုန်ဆင်းဝင် ရောက်ပနာ ဂျပန်တော်လှန်ရီး လုပ်ငန်းတိကို ဆောင်ရွက်ခရေ၊ ယင်းအတွက် လွတ်လပ်ရီး မော်ကွန်းဝင် (ဒုတိ ယဆင့်) ချီးမြှင့်ခြင်း ခံရရေ။ လွတ်လပ်ရီးမရခင် ဗြိတိသျှ အုပ်ချုပ်ရီး ကာလမာ ကျောက်ဖြူခရိုင် အထူး အရေးပိုင်အဖြစ် တာဝန်ယူခရေ။

လွတ်လပ်ရီး ရပြီးအခါမာ ကျောက်ဖြူ မဲဆန္ဒနယ်ကပြည်သူ့လွှတ်တော်အမတ် ဖြစ်လာခပြီးကေ၊ ဦးနု အစိုးရ လက်ထက်မာ၊ သာသနာရီး၊ လူမှုဝန်ထမ်းနန့် ကယ်ဆယ်ရီး ဝန်ကြီးအဖြစ် ဆောင်ရွက်ခရေ။ ၁၉၆၂ ခုနှစ် တော်လှန်ရီး ကောင်စီအစိုးရ လက်ထက်မာ ဥရောပတိုက်ဟိ နိုင်ငံ အများစု အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံ၌ မြန်မာနိုင်ငံ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခရေ။ အငြိမ်းစား ယူပြီးနောက်ပိုင်း တွင် ကျောက်ဖြူမြို့၌ ပြန်လည်နေထိုင်ပြီးကေ၊မြို့ရွာအကျိုးကိုစွမ်းစွမ်းတမံသယ်ပိုးဆောင်ရွက်ခရေ။ ကျောက်ဖြူ မြို့မာ ကွယ်လွန်ရေ။