ဦးမြတ်ကျော်
| ဦးမြတ်ကျော်
| |
| ကိုယ်ရီးအချက်အလက် | |
| မွီးသက္ကရာဇ် | မေလ၂၀၊ ၁၉၃၅-ခုနှစ် |
| နာမည်ရင်း | |
| မိဘနာမည် | ဦးဘကျော်နန့် အမိ ဒေါ်သာနု |
| မွီးဖွားရာနီရာ | ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပျားတဲရွာ |
| နိုင်ငံသား | မြန်မာနိုင်ငံ |
| လူမျိုး | ရခိုင် |
| ကိုးကွယ်ရေဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
| ပညာအရည်အချင်း | ရန်ကုန်မြို့ စေတိယင်္ဂဏအဘိဝံသဘွဲ့၊ သုဓမ္မာပရိယတ္တိ ပထမကျော်ဘွဲ့ |
| အလုပ်အကိုင် | စာရီးဆရာ၊ ရန်ကုန်ဝိဇ္ဇာနန့်သိပ္ပံတက္ကသိုလ် မြန်မာစာဌာန နည်းပြ |
| အိမ်ထောင်ဖက် | ဒေါ်ရင်ကြည် |
| သားသမီး | သားတဦး၊ သမီးငါးဦး |
| ထင်ပေါ်ကျော်ကြားမှု | စာရီးဆရာ၊ |
| ထင်ယှားရေလက်ရာတိ | [[မြန်မာ့ရိုးရာအမွီအနှစ် ရှီးဟောင်းပီစာ ပုရပိုက်စာ၊ မြန်မာစာမြန်မာမှုသုတ္တန်ရတနာ၊ ပုဂံ ခေတ် မြန်မာကျောက်စာအဘိဓာန်]] |
| ရယှိခရေဆုတိ | အမျိုးသားစာပေဆု၊ ပခုက္ကူဦးအုံးဖေ စာပီဆု |
| လက်မှတ် | |
| ကွန်ယက် | |
ဆြာကြီးဦးမြတ်ကျော်ကို ၁၉၃၅-ခုနှစ်၊ မေလ၂၀ ရက်နိတွင် အဖ ဦးဘကျော်နန့် အမိ ဒေါ်သာနု ရို့က မြောက်ဦးမြို့နယ်၊ ပျားတဲကျေးရွာ၌ မွီးဖွားခရေ။ ဖခင် ဦးဘကျော်မှာ မြောက်ဦးမြို့နယ်ဦ လေးဇူးပြားရွာဇာတိ ဖြစ်တေ။ မိခင် ဒေါ်သာနုမှာ မြောက်ဦးမြို့နယ်၊ ပျားတဲရွာ ဇာတိ ဖြစ်တေ။ လယ်ယာလုပ်ကိုင်စားသောက်သူတိ ဖြစ်တေ။
ပရိယတ္တိ စာပီတိကို သင်ကြားခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆြာကြီးရေ ငယ်စဉ်က မြောက်ဦးမြို့နယ်၊ မှိုဟင်းကျေးရွာဆြာတော်နန့် စက်သားကျေးရွာ ဆြာတော်ရို့ထံမာ အခြီခံပရိယတ္တိစာပီတိကို သင်ယူခရေ။ အသက် ၁၁ နှစ်အရွယ်တွင် ရန်ကုန်မြို့ကို ရောက်ဟိပြီဂ ရန်ကုန်မြို့ မင်္ဂလာရာမကျောင်းတိုက်၊ ခရမ်းမြို့ ဓမ္မိကာရာမကျောင်းတိုက်၊ မြောင်းမြမြို့ ပဇ္ဇောတာရုံကျောင်းတိုက်တွင် ပရိယတ္တိစာပီတိကို လိ့လာ သင်ယူရေ။ ရွှေကျင်သာသနာပိုင်ဆြာတော်၊ အင်္ဂလန်ဆြာတော်၊ မှော်ဘီသာသနာ့ဝန်ဆောင် ကျောင်းတိုက် အလင်္ကာပန်းကုံးဆြာတော် စရေ ဆြာတော်တိပါးမာ ပရိယတ္တိစာပီတိကို ဆက်ပနာသင်ယူရေ။
အောင်မြင်မှုတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အသက် ၂၀ အရွယ်တွင် နိုင်ငံတော်အစိုးရပါဠိပထမပြန် ငယ်၊ လတ်၊ ကြီး စာမိန်းပွဲတိ၊ ပထမကျော်စာမိန်းပွဲနန့် ဓမ္မာစရိယစာချတန်း စာမိန်းပွဲတိကို ဂုဏ်ထူးဖြင့် အောင်မြင်ရေ။ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့တံဆိပ် ရဟိရေ။ ယင်းအပြင် ရန်ကုန်မြို့ စေတိယင်္ဂဏအဘိဝံသဘွဲ့နန့် ညောင်တုန်းမြို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သုဓမ္မာ ပရိယတ္တိ စာမိန်းပွဲ ပထမကြီးတန်းကို ပထမဂုဏ်ထူးဖြင့် အောင်မြင်ပြီးကေ သုဓမ္မာပရိယတ္တိ ပထမကျော်ဘွဲ့ ရဟိရေ။
လူဝတ်လဲခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆြာကြီးရေ ၁၉၅၉-ခုနှစ်မာ လူဝတ်လဲပနာ တက္ကသိုလ်ဘာသာပြန်နန့် စာအုပ် ထုတ်ဝီရီးဌာနတွင် စာပြု၊ ရန်ကုန်ဝိဇ္ဇာနန့်သိပ္ပံတက္ကသိုလ် မြန်မာစာဌာန နည်းပြနန့် တက္ကသိုလ်ကောလိပ်တိ အရှိတိုင်းပညာ သင်ကြားရီး အကြံပီးအဖွဲ့ဝင်တာဝန်တိကို ထမ်းဆောင်ရေ။ ၁၉၇၄-ခုနှစ်မာ မြန်မာစာအဖွဲ့ဦးစီးဌာနတွင် လက်ထောက်စာတည်းမှ ၁၉၉၅-ခုနှစ်အထိ စာတည်းမှူးတာဝန်ကို ထမ်းဆောင်ပြီး ပင်စင်ယူခရေ။ ၁၉၉၆-ခုနှစ်မာ မြန်မာစာအဖွဲ့တွင် အချိန်ပြည့်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရရေ။ ဆြာကြီးရေ မြန်မာစာ မြန်မာမှုဆောင်းပါးတိ၊ ဘာသာရီးဆောင်းပါးတိ၊ ဘာသာရီးကျမ်းစာအုပ်တိကို ရီးသား ပြုစုခရေ။
ရီးသားပြုစုခရေ စာအုပ်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- လျှပ်စစ်ကင်္ဒါကျမ်း၊
- ၃၁ဘုံ ခရီးသည်၊
- လျှပ်စစ်ရူပ သိဒ္ဓိကျမ်း၊
- လျှပ်စစ်ဋီကာကျော်ကျမ်း၊
- ရာဟုလာမာတာ၊
- မြန်မာအက္ခရာရီးသားနည်းစနစ်၊
- မြန်မာ့ရိုးရာအမွေအနှစ် ရှေးဟောင်းပေစာ ပုရပိုက်စာ၊
- ဗုဒ္ဓကျမ်းစာ မြစ်ဖျားခံသော အသုံးချမြန်မာစာ မြန်မာ့ယဉ်ကျေးမှုအမွီအနှစ်၊
- မြန်မာစာမြန်မာမှုသုတ္တန်ရတနာ၊
- ပုဂံခေတ် မြန်မာကျောက်စာအဘိဓာန်၊
- ထေရဝါဒဗုဒ္ဓဘာသာ မြတ်ဗုဒ္ဓပါဝစနအဘိဓာန်၊
- မြန်မာစာမြန်မာမှု ပါဠိအဘိဓာန်၊
- မြန်မာ့ပေါရာဏမိတ်လင်စုံ၊
စာပီဆုတိ ရဟိခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆြာကြီးရေ ၁၉၉၁-ခုနှစ်မာ မြန်မာ့ရိုးရာအမွီအနှစ် ရှီးဟောင်းပီစာ ပုရပိုက်စာ စာအုပ်ဖြင့် လေ့ကောင်း၊ ၁၉၉၅-ခုနှစ်မာ ဗုဒ္ဓကျမ်းစာ မြစ်ဖျားခံသော အသုံးချမြန်မာစာ မြန်မာ့ယိုင်ကျေးမှု အမွီအနှစ် စာပီဗိမာန်စာမူ ဒုတိယဆု၊ ၁၉၉၀-ခုနှစ်မာ မြန်မာစာမြန်မာမှုသုတ္တန်ရတနာ စာအုပ်နန့် အမျိုးသားစာပီဆု၊ ဗုဒ္ဓကျမ်းစာ မြစ်ဖျားခံသော အသုံးချမြန်မာစာ မြန်မာ့ယိုင်ကျေးမှုအမွီအနှစ်၊ မြန်မာစာမြန်မာမှုသုတ္တန်ရတနာ၊ ပုဂံခေတ် မြန်မာကျောက်စာ အဘိဓာန်၊ မြန်မာ့ပေါရာဏမိတ်လင်စုံ စရေ ကျမ်းစာမူတိနန့် ပခုက္ကူဦးအုံးဖေ စာပီဆု လေးကြိမ်၊ ၂၀၀၅-ခုနှစ်မာ ဓမ္မဗိမာန်စာပီဆု တသက်တာစာပီဆုတိ ချီးမြှင့်ခြင်းခံရရေ။
ဘဝနိဂုံး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆြာကြီးရေ မြန်မာစာအဖွဲ့၏ တာဝန်ဝတ္တရားတိကို ထမ်းဆောင်ယင်း အသက်(၇၄)နှစ်အရွယ် ၂၀၀၉-ခုနှစ်၊ မာ့ခ်ျလ ၃ ရက်နိတွင် ကွယ်လွန်ခရေ။ ဇနီး ဒေါ်ရင်ကြည်နန့် သားတဦး၊ သမီးငါးဦး ကျန်ခပါရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ အေးသိန်း၊ နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ၊ ၂၀၀၇၊ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ စာ-၂၈၇-၂၈၉
