Jump to content

ဦးရဲကျော်သူ

ဝီကီးပီးဒီးယား က
ဦးရဲကျော်သူ
ဦးရဲကျော်သူ
ကိုယ်ရီးအချက်အလက်
မွီးသက္ကရာဇ် ၁၁၉၄ ခုနှစ်၊ နတ်တော် လဆုတ် ၁၀ ရက်
နာမည်ရင်း ရဲကျော်သူ
မိဘနာမည် ဦးအောင်ကြွယ်
မွီးဖွားရာနီရာ ပင်းဝါမြို့ အနီး ပဲတလီရွာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင် ကုန်သည်၊ ဘဏ်လုပ်ငန်း
အိမ်ထောင်ဖက် ဒေါ်သံဒါဖြူ
သားသမီး သား ဦးကျော်ဦး၊ ဦးချန်ထွန်း၊ ဦးစံကျော်၊ ဦးရွှေဘန်း၊ ဦးသာဇံ၊ ဦးရွှေသာ။ သမီး ဒေါ်စံဝင်း၊ ဒေါ်စံမြခိုင်၊ ဒေါ်ရွှေခိုင်၊ ဒေါ်ရှင်ထွီးမ
ထင်ပေါ်ကျော်ကြားမှု ဘဏ်သူဌီး
ထင်ယှားရေလက်ရာတိ
ရယှိခရေဆုတိ ကျက်သရီဆောင် ရွှီစလွယ်တစ်ခုနန့် သူဌီးဘွဲ့
လက်မှတ်
ကွန်ယက်

ဦးရဲကျော်သူ (၁၈၈၃-၁၉၁ဝ)

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ရက္ခိုင်တိုင်းနန့် ကပ်လို့ဟိရေ ဘင်္ဂလားဒေ့(ရှ်)နိုင်ငံကို ရက္ခိုင် ပြည်သားတိက ရက္ခိုင်တိုင်း၏အနောက်ဘက်မာဟိပြီးကေ ၎င်းဒေသကို ‘အနောက်ပြည်’ ဟုခေါ်ကတ်တေ။ ယင်းဒေသတွင် နီထိုင်လျက်ရှိကြ သော ရက္ခိုင်တိကိုလေ့ အနောက်သား” ဆိုပနာ ခေါ်ဝေါ်လေ့ရှိကတ်ရေ။ ရက္ခိုင်သျှင်ဘုရင်တိလက်ထက်ကပင် နှစ်ပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်နယ်မြီကို သိမ်းပိုက်အုပ်ချုပ်ခကတ်ရာ ယင်းခါကပင် ရက္ခိုင်သားတိ လားရောက်အခြီချနီထိုင်ခကတ်ရေ။ ရက္ခိုင်ရောက် ပဲခူးမင်းဆက်တိ ကိုပင် ယင်းဒေသတွင် နယ်စားပယ်စားပီးထားခ၍ ဂနိထက်တိုင် ပဲခူးမင်းဆက်တိရှိနီသိမ့်ရေ။ ရက္ခိုင်တိကလည်း အကြောင်းအမျိုးမျိုး ကြောင့် အန္တရာယ်တိတွိတိုင်း အနောက်ဘက်ကို အခေါက်ခေါက်လား ရောက် ခိုလှုံခကတ်ရာ အနောက်ပြည် ‘ဖယောင်းချိတ်ပင်းဝါ' အဝကျွန်း ဒေသတိတွင် ရက္ခိုင် ၁ သိန်းကျော်လှောက် အစကရှိခဖူးပါရေ။ စာတတ် ပေတတ် ပညာသျှင်တိပင် ထွန်းကား၍ နိုင်ငံအကြီးအကဲတာဝန်များပင် ထမ်းဆောင်လျက်ဟိကတ်ပါရေ။

ဦးရဲကျော်သူကို ခရစ်နှစ် ၁၈၃၃ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၁၉၄ ခုနှစ်၊ နတ်တော် လဆုတ် ၁၀ ရက် တနင်းလာနေ့ည ၁ဝ နာရီတွင် အဂုဘင်္ဂလားဒေ့ရှ်နိုင်ငံ ပင်းဝါမြို့ အနီး ပဲတလီရွာ၌ မွီးဖွားခရေ။ ဖခင်မာ အခင်အောင်ကြွယ် ဖြစ်ပြီးကေ ညီအစ်ကိုမွီးချင်းလေးယောက်ထဲက တတိယ မြောက်သားဖြစ်ရေ။ ရဲဘော်သွယ်၊ ရဲမြသွယ်ရို့မာ အစ်ကိုတိဖြစ်ပြီးကေ ရဲအောင်ရှီမှာ ညီအထွီးဆုံးဖြစ်တေ။

ရဲကျော်သူစွာ မိဘဆင်းရဲ၍ ပညာကို ဆုံးခန်း တိုင်မသင်နှိုင်ခကေလေ့ သူ့တွင် စွန့်စားလိုရေသတ္တိကောင်းရေ။ ဇွဲလုံ့လ ဝီရိယဟိရေ။ အမြော်အမြင်ကြီးသူဖြစ်တေ။ သူ့ညီကိုခေါ်ပနာ ကြားသာ ကြားဖူးရေ တခါမျှ မရောက်ဖူးသော ချမ်းသာကြွယ်ဝသူတိ၊ ပညာတတ်တဗျင်းကြွယ်ဝရေ စစ်တွေမြို့ကို တစ်ကိုယ်တော်စွန့်စားပနာ ထွက်လှာခရေ။ မိဘက လမ်းစရိတ်စိကေသျှေရာ ထည့်ပီးလိုက်နှိုင်ရေ။ လမ်းတွင် ချက်ပြုတ်စားသောက်ရန်နန့် လိုအပ်လာကေ ငွီကြေးဖလှယ်ရန်၊ ငါးခြောက်တစ်ထုပ်ရာ မိဘတိပါးက အထောက်အပံ့ပီးလိုက်နိုင်ခရေ။ ရဲကျော်သူစွာ ရက္ခိုင်ပြည်၊ စစ်တွေမြို့ကို လာရောက်ခရာ လမ်းခရီးတွင်မြင်တွိလာရရေ တောတောင်သဘာဝတိ၊ မြစ်ချောင်း အင်းအိုင်တိကို တွိရရေအခါ ဒေသဘာဝသယံဇာတ ပစ္စည်းတိစွာ' သုံးလို့မကုန်နှိုင်ယောင် ပေါကြွယ်ဝသော ကုန်ကြမ်းပစ္စည်းတိ အဖြစ် သိမြင်ခရေ။ အသုံးချရကေ မိမိအတွက် အကျိုးဟိနှိုင်ရေလို့ မိမိလျှောက်လှမ်းရဖို့ ဘဝခရီးအတွက် ရှိကိုလှမ်းပြီးကေ ဘဝခရီးမှတ်တိုင်ကို မြင်ယောင်လာမိရေ။

စစ်တွေမြို့ကိုရောက်ပနာ လူရတတ် ဦးသံခြွီ၏ ကျွန်းစဉ်ပတ်၍ ကုန်ရောင်းကုန်ဝယ်လားလာနီရေ လှီကြီးတွင် လှီထိုးသားအဖြစ် စတင်ပနာ အလုပ်ဝင်လုပ်ခရေ။ လူ ၈ ယောက်ခတ်လှီကြီးတွင် တောင်သူလယ်သမားတိအသုံးတည့်မည့်ဝန်ရို့ကို တင်ဆောင်လျက် ရာသီအလိုက် ရက္ခိုင်ပြည် ကျေးလက်ဒေသအနှံ့သို့ ခရီးထွက်ပြီးကေ ဝန်တိ ရောင်းရရေ။ လက်ငင်းစနစ်၊ ဒါဒေါင်စနစ်၊ ကုန်ချင်းဖလှယ်ရေစနစ် ရို့ကို ကျင့်သုံးခရာ လယ်သမားတိ ဖေသာပေါ်ချိန်တွင် ကြွီးတောင်းရန် တစ်ကျော့ ပြန်လားရလီရေ။ လူရတတ် ဦးသံခြွီကလည်း ရဲကျော်သူ အပေါ် ရိုးသားပြီး၊ ယုံကြေကိုးစားရရေ လူငယ်မှန်းသိပနာ လုပ်ငန်းအားနူံးကို သူ့ကိုတာဝန်ပီးဆောင်ရွက်ခရေ။ တာဝန်လေ့ ကျီခရေ။ ရဲကျော်သူစွာ ငယ်စဉ်ကပင် ဇွဲနပဲကမ္ဘာလောက်ကြီးလူ ဖြစ်တေ။ ဆိပ်ခုံတွင် လှီဆိုက်ကပ်ထားစဉ် ညနီစာစားပြီး လုပ်ဖော်ကိုင်ဖက်တိက ထွေလီကရာ စကားပြောနီချိန်တွင် ရဲကျော်သူမှာ ခေတ္တအိပ်ရာဝင်တတ်ရေ။ တရီးတမော အိပ်လိုက်ပြီး' ညည့်ခါသားရောက်လို့ လုပ်ဖော်ကိုင်ဖက်တိ. အိပ်ရာဝင်ကေ ရဲကျော်သူမှာ အိပ်ရာမှထတတ်ရေ။ ယင်းချိန်တွင် ရဲကျော်သူမှာ လှီကို စစ်ဆီးလိဟိရေ။ ဖြားတက်၊ ဖြားကျကို ကြည့်ရေ။ ကြိုးချိုင်၊ ကြိုးတုတ်ကို စစ်ဆီးရေ။ လှီထဲဝင်နီရေ ရီတိကို အားနုန်း ခပ်ထုတ်ပစ်တေ။ မိုးလီဝသအခြီအနီတိကို လိ့လာရေ။ လှီကိုစိတ်ချရရေ အခြီအနီ ဟိမှရာ အိပ်ရာပြန်ဝင်တတ်ရေ။ နီမြင့်အောင်အထိမအိပ်ဘဲ မိုးထ ၄ နာရီ အိပ်ရာက ပြန်ထပနာ အယင်အတိုင်း လှီတိကို ပြန်ပနာစစ်ဆီးပြန်ရေ။ ယင်းလုပ်ဆောင် ချက်တိစွာ ရဲကျော်သူ၏ ‘နိစိုင်လုပ်ဆောင်ချက်တိ ဖြစ်တေ။

ဦးသံခြွီမှာ ရဲကျော်သူစွာ အောက်လက်ငယ်သားမဟုတ်၊ လောင်းသမားမဟုတ်လိုက်ပျာ၊ ညာလက်ရုံးတစ်ဆူဖြစ်လှာခရေ။ ကကောင်းပင် အားကိုးအားထားရသူ ကိုယ်ပွားတဦးဖြစ်လှာခရေ။ ရဲကျော်သူ၏ ဇွဲ လုံ့လရှိမှု၊ ကြိုးစားမှု၊ ရိုးသားမှု၊ သစ္စာရှိမှုတိစွာ လူရတတ် ဦးသံခြွေ အတွက်သမက်လောင်းအဖြစ် ရွီးချယ်ခံရခြင်းပင်ဖြစ်တေ။ ရဲကျော်သူ၏ ဇွဲ လုံ့လရှိမှု၊ ကြိုးစားမှု၊ ရိုးသားမှု၊ သစ္စာရှိမှုတိစွာ လူရတတ် ဦးသံခြွီအတွက် သမက်လောင်းအဖြစ် ရွီးချယ်ခံရခြင်းပင်ဖြစ်တေ။

သံဒါဖြူအတွက် စွမ်းဆောာင်ချက်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

သမီးချော ဒေါ်သံဒါဖြူနန့် ပဇပ်ပီးရန် မိသားစုနန့်တိုင်ပင်ရေခါ “ဦးသံခြွီ၏ဇနီး၊ သားသမီးတိက ရဲကျော်သူအား အတိုင်းအတာတစ်ခုအထိ စမ်းသပ်တာဝန်ပီးရန် တိုက်တွန်းကတ်ရေ။ ယင်းတွက်နန့် ရဲကျော်သူ အား ဒါဒေါင်စာရင်းတိကို ပြုစုရန် တာဝန်ပီးရေ။ ကြွီးကျန်တိကို လိုက်လံတောင်းခံစီရေ။ ရိုးသားမှုဟိရေ ရဲကျော်သူမှာ တာဝန်ပီး သလောက်၊ ထိရောက်မှုဟိလီရေ။ အကျိုးဟိလာရေ။ ဖောက်သည်တိနန့် လုပ်ငန်းသဘောဆက်ဆံရာမှာ များစွာအကျိုးဖြစ်ထွန်းခရေ။ ယင်းတွက်နန့် မကြာခင် ဦးသံခြွီရေ သမီးသျှေသံဒါဖြူအား မင်္ဂလာကိစ္စနားဖောက် အသိပီးလီရေ။ ရဲကျော်သူစွာ အသားညို၍ သံဒါဖြူက ငြင်းခရေ။ ယကေလေ့သော့ ရက္ခိုင်သားတိ၏ ထုံးထမ်းစဉ်လာအရ မိဘတိ ၏စီမံခန့်ခွဲမှုကို သမီးဖြစ်သူက အိမ်ထောင်ရီးကိစ္စတွင် များသောအားဖြင့် ငြင်းပိုင်ခွင့်ထုံးစံမဟိပါ။ ရဲကျော်သူနန့် သံဒါဖြူရို့၏ ပဇပ်စုံဖက် လက်ဖွဲ့ရရေ ဖေသာတိကိုလုပ်ငန်းတွင် အစုရှယ်ယာအဖြစ် ထည့်ဝင်ပြီးကေ ယောက္ခမထံပြန်အပ်ခရေ။ ယောက္ခမထံတွင် အပ်နှံခရေ ရဲကျော်သူ၏အဖြစ်စွာ နောင်တွင် ဘဏ်သခင်ဖြစ်လှာမည့် ရှိပြေးနိမိတ်ပင် ဖြစ်ခလီရေ။

လုပ်ငန်းချဲ့ထွင်ခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ရဲကျော်သူမှာ သမက်တက်ပြီးလို့ မကြာခင်လုပ်ငန်းခွဲပြီးကေ မိမိကိုယ်ပိုင် လုပ်ငန်းတိကို စတင်ဆောင်ရွက်ခရေ။ စစ်တွေမြို့ကို ကျွန်းသစ်တိ ရောင်းရန် သင်္ဘောတိနန့်ရောက်ဟိလာရာ ဦးရဲကျော်သူက သစ်အားနူံးကို ဝယ်ယူလိုက်ရေ။ နောက်ထပ်ရောက်လှာသော ကျွန်းသစ်တိကို ဝယ်ယူရန် ငွီကြေးမလှောက်ငှ၍ ဇနီးသားချင်းတိပါးက ဖေသာချီး၍ ဝယ်ယူရသိမ့်ရေ။ ယကေလေ့ ကျွန်းသစ်တိမာ အရောင်းမတွင် ကြာမြင့်နိန်ပနာ ငွီကြေးမလည်ပတ်ဘဲ ကြွီးမြီတိကို မပီးဆပ်နှိုင်ရေအခါ အိမ်သို့မပြန်ဘဲ ဘုန်းကြီးကျောင်းတွင် ထမင်းစားလျက် သစ်ဂိုဒေါင်တွင် ညအိပ်ပြီးကေ ဝယ်သူတိကိုစောင့်နီခရေ။ ဦးရဲကျော်သူ မမျှော်လင့်ဘဲ ကံကောင်းလားရေလို့ဆိုရပါဖို့။ နိုင်ငံခြားသားအရင်းရှင်တိပိုင်သော ဆန်ဂိုဒေါင်တိ မီးလောင်ကျွမ်းမှုဖြစ်ပွားခရေ။ ဂိုဒေါင်အသစ် ဆောက်လုပ်ဖို့အတွက် ဦးရဲကျော်သူပါးဟိနိန်ရေ သစ်တိအရောင်း ထွက်လားရာ အရင်းထက် အမြတ် အဆ ၂၀ ခန့် အမြတ်အစွန်းထွက် ပါလတ်တေ။

ဦးရဲကျော်သူမှာ လုပ်ငန်းကို တစ်စထက်တစ်စ တိုးချဲ့လုပ်ကိုင် လာခရာ အိန္ဒိယနိုင်ငံ (အဂုဘင်္ဂလားဒေ့ရှ်)သို့ လှီဖြင့် အရောင်းအဝယ် လားရောက်ခရေ။ သူ့တွင်ပါလာရေ ကုန်တိကို ရောင်း၍ အပြန်တွင် ဆီးရွက်ကြီးတိ တင်လာရာ လှိုင်းလီကြမ်းတမ်း၍ ဆီးရွက်တိ အားနူံး ဆားငန်ရည်တိစွတ်လားပနာ အရောင်အဆင်းနန့် အနံ့အရသာတိ ပြောင်းလဲလားရေ။ ဦးရဲကျော်သူစွာ ဆားငန်ရည်စိုနီရေ ဆီးရွက်တိကို ဝါးစင်ပေါ်တင်ပနာ ခြောက်သွိရေအထိ နီလှန်းခရေ။ ဓာတုသတ္တိကြောင့် အရောင်သာပြောင်းလဲလားရေမဟုတ် ဆီးရွက်၏ အရသာပါ တစ်မျိုးတစ်ဖုံပြောင်းလဲလားရေ။ ယင်းဆေးရွက်တိကို မော်လမြိုင်မြို့ကိုတင်ပို့ခရာ စွံပြီး ‘ဆီးမဲ” ဆိုပနာ မော်လမြိုင်သားတိက နာမည်ပီးခေါ်ဝေါ်ခကတ်ပြီးကေ ရောင်း၍ မလောက်ယောင်ပင် တင်ပို့ခရရေ။ ရက္ခိုင်တွင်လည်း ကွမ်းစားဆီး ဟု နာမည်တွင်လျက် စွံလာပြီးကေ အမြတ်အစွန်းများစွာ ရဟိခရေ။ -

အိန္ဒိယနိုင်ငံ (အဂုဘင်္ဂလားဒေ့ရှ်)မှ ကုန်စွာတိစွာ ကတ္တူ လောင်းကြီးတိနန့် ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပနာ စစ်တွေမြို့ကို ကုန်ဝယ်ရန်လာရောက်ကတ်ရာ လောင်းကြီးတိတွင် ကုန်လုံးဝမပါရေအတွက်နန့် လောင်းမှာ ပေါလောပေါ်နိန်ပြီးကေ လားလာလို့ မရယောင်ဖြစ်ခပါရေ။ ယင်းခါ လှီ ရီထဲနစ်စီဖို့ မြစ်ကမ်းထောင်း သဲသောင်မှ သဲတိကို အလီးချိန်စီးရန် လှီအပြည့်တင်ဆောင်ပနာ လာရရေ။ ဦးရဲကျော်သူစွာ စီးပွားရီး အကွက်မြင်တတ်သူပီသပါရေ။ စစ်တွေမြို့ရောက်ပနာ လောင်းတွင် ကုန်တင်ခါနီး ဝေးပစ်ရဖို့သဲတိကို စျီးအတန်နန့် ဝယ်ယူပနာ သံဒိုင်အဖြစ် ကုလားတန်မြစ်ကမ်းထောင်းတွင် အပုံလိုက်၍ ထားခရေ။ မကြာပါ။' စစ်တွေမြို့ တွင် ခေတ်မီတိုက်တာအဆောက်အအုံတိ အပြိုင်အဆိုင်ဆောက်လာ ကတ်ရေအခါ ဦးရဲကျော်သူ၏သဲတိမာ ရောင်းမလောက်ယောင် ဟိခ၍ သဲမှရွှီမှုန်ဘဝသို့ကူးပြောင်းလားခရေ။ "ငွီဒင်္ဂါးပြားတစ်ပြားစာနန့် ညီမျှသော သဲတစ်ကွက်ကို ငွီဒင်္ဂါးတစ်ပြားရလိုက်သော သဲပုံပိုင်သျှင်"ဆိုပနာ ပင် ရက္ခိုင်သားတိက တင်စားပနာပြောဆိုခရေစကားတိ ကျန်ခစွာ ဟု သိရရေ။

ဦးရဲကျော်သူစွာ ရရေ ငွေတိနန့် စစ်တွေမြို့ ၏ အရှိ ဘက် ဆတ်ရိုးကျချောင်း ဝဲယာတစ်ဘက်တစ်ချက်ရှိ မြစ်ကမ်းပါးမြီတိ ကို ဝယ်ယူလိုက်ရေ။ ကောင်းမကြာခင် စပါးအထွက်ကောင်းလာပြီးကေ စပါးတိဝယ်ယူရဟိရေ ဆန်စက်ပိုင်သျှင်တိက စပါးတိ လှန်းဖို့ နီရာ မဟိ၍ ဦးရဲကျော်သူဝယ်ယူထားသော ချောင်းကမ်းနားမြီတိကို အခကြီးငွေ ပီးပြီးကေ ငှားရမ်းကတ်ရလီရေ။ ဒေချင့်စွာမာလေ့သော့ စပါးထွက်ချိန်ရောက်တိုင်း နှစ်စိုင်ဝင်ငွီရဟိရေ လုပ်ငန်းတစ်ခုဖြစ်လှာခရေ။ မြေဝယ်စဉ်က ဧကအလိုက် တန်ဖိုးပြတ်ကေလေ့ မြီငှားရေအခါ ဖျာတစ်ရွှား အလိုက် စပါးနီလှန်းခ၊ ငွေတိကို ရခရေ။

အိန္ဒိယနိုင်ငံ (အဂုဘင်္ဂလားဒေ့ရှ်)မှ ကုန်စွာတိစွာ ကတ္ထု လှေကြီးတိနန့် ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပနာ စစ်တွေမြို့ကို ကုန်ဝယ် ရန်လာရောက်ကတ်ရာ လှေကြီးတိတွင် ကုန်လုံးဝမပါအတွက်နန့် လှေ မှာ ပေါလောပေါ်နိန်ပြီးကေ လားလာပြီးကေမရယောင်ဖြစ်တတ်ပါရေ။ ယင်းခါ လှေရီထဲနစ်နီရန် မြစ်ကမ်းထောင်းသဲသောင်မှ သဲတိကို အလီးချိန်စီးရန် လှေအပြည့်တင်ဆောင်ပနာ လာရရေ။ ဦးရဲကျော်သူစွာ စီးပွားရီး အကွက်မြင်တတ်သူပီသပါရေ။ စစ်တွေမြို့ရောက်ပနာ လှေတွင် ကုန်တင် ခါနီး ဝေးပစ်ရဖို့သဲတိကို စျီးတန်ပေါနန့် ဝယ်ယူဖိ သံဒိုင်အဖြစ် ကုလားတန်မြစ်ကမ်းထောင်းတွင် အပုံလိုက်၍ထားခရေ။ မကြာပါ။' စစ်တွေမြို့ တွင် ခေတ်မီတိုက်တာအဆောက်အအုံတိ အပြိုင်အဆိုင်ဆောက်လာ ကတ်ရေအခါ ဦးရဲကျော်သူ၏သဲတိမာ ရောင်းမလောက်ယောင် ဟိခ၍ သဲမှရွှီမှုန်ဘဝသို့ကူးပြောင်းလားဖိရေ။ ငွေဒင်္ဂါးပြားတစ်ပြားစာနန့် ညီမျှသော သဲတစ်ကွက်ကို ငွေဒင်္ဂါးတစ်ပြားရလိုက်သော သဲပုံပိုင်သျှင်ဆိုပနာ ပင် ရက္ခိုင်သားတိက တင်စားပနာပြောဆိုခရေလီကြောရှည် ကျန်ခစွာ ဟု သိရရေ။

ဦးရဲကျော်သူစွာ မှရရေ ငွေတိနန့် စစ်တွေမြို့ ၏ အရှိ ဘက် ဆတ်ရိုးကျချောင်း ဝဲယာတစ်ဘက်တစ်ချက်ရှိ မြစ်တမ်းပါးမြေတိ ကို ဝယ်ယူလိုက်ရေ။ ကောင်းမကြာခင် စပါးအထွက်ကောင်းလာပြီးကေ စပါးတိဝယ်ယူရဟိရေ ဆန်စက်ပိုင်သျှင်တိက စပါးကကောင်းတိန်းရန် နီရာ မဟိ၍ ဦးရဲကျော်သူဝယ်ယူထားသောချောင်းကမ်းနားမြေတိကို အခကြေးငွေ ပီးပြီးကေ ငှားရမ်းကတ်ရလီရေ။ ဒေချင့်စွာမာလေ့သော့ စပါးထွက်ချိန်ရောက် တိုင်း နှစ်စိုင်ဝင်ငွီရဟိရေ လုပ်ငန်းတစ်ခုဖြစ်လှာခရေ။ မြေငယ်စဉ် က ဧကအလိုက် တန်ဖိုးပြတ်ကေလေ့ မြီငှားရေအခါ ဖျာတစ်ရွှား အလိုက် စပါးနီလှန်းခ၊ ငွေတိကို ရခရေ။

ဗျိုင်းတောင်၊ ငှက်တောင် စီးပွားဆောင်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၁၈၆၉ ခုနှစ်မာ စူးအက်တူးမြောင်းဖွင့်လှစ်လိုက်ရေအခါ တစ်မြို့မှတစ်မြို့၊ တစ်နိုင်ငံမှတစ်နိုင်ငံ ကုန်ရောင်းကုန်ဝယ်လုပ်ငန်း စွာ ကမ္ဘာတစ်ဝှမ်း တဟုန်ထိုးပြောင်းလဲလားခရေ။

တင်ပို့လို့ဟိရေ ဆန်စပါးစွာလေ့ ကမ္ဘာအနှံ့ အရှိန်အဟုန်ပြင်းစွာ စျီးကွက်ထဲကိုတိုးဝင်လှာခရာ ဆန်ကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားသော နိုင်ငံခြားကုမ္ပဏီကြီးတိဖြစ်ရေ မိုးဘရားသား၊ စတီးဘရားသား၊ တလုတ်ဘရားသား အစဟိရီကုမ္ပဏီတိက ဦးရဲကျော်သူ့ပါးလာရောက်ပနာ ရက္ခိုင်ပြည်က ထွက်တေဆန်တိကို ဈီးနှိမ့်၍ သူရို့ဝယ်ယူသောဈီးနန့်ရာ ဝယ်ယူဖို့ လာရောက်ညှိနှိုင်းခရေ။

ဦးရဲကျော်သူစွာ စီးပွားရီးလောကတွင် ရှိကို များစွာလှမ်းမြင်တတ်သူဖြစ်ပနာ အရင်းအနှီး ကမ္ဘာလောက်ကြီးမားသော ကုမ္ပဏီတိနန့် ထိပ်တိုက်ရင်ဆိုင်တိုးရဖို့ပြဿနာကို လိမ္မာပါးနပ်စွာ ရှောင်တိမ်းလို့ အတိုက်အခံမလုပ်ဘဲ သဘောတူခရေ။ ယကေလေ့ ဦးရဲကျော်သူစွာ လျှို့ဝှက်ပနာ မင်းကန်မာ စပါးအဝယ်ဒိုင်ဖွင့်ပြီး သူရို့ဝယ်သော ဈီးထက် ၅ ကျပ်အပိုပီးပြီးကေ စပါးတိကို ဝယ်ယူခရေ။ စစ်တွေသို့ ဆန်စပါး ရောင်းရန်လာကတ်ရေ လှီသမ္ဗာန်တိစွာ ဆတ်ရိုးကျချောင်းထဲကို ရောက်မလာခဘဲ မင်းကန်ချောင်းထဲကို အစီအရီ ဝင်လှာကတ်တေ။ တိုင်းရင်းသားဆန်ကုန်သည် ပွဲစားတိနန့် ဦးရဲကျော်သူစွာ အရိပ်ချသောနည်းနန့် နိုင်ငံခြားသားအရင်းရှင်ကြီးတိကို ဈီးပြိုင်စနစ်ဖြင့် ထိုးစစ်ဆင်ခရေ။ နောက်ဆုံးမာ စပါးဝယ်စျီးစွာ ဦးရဲကျော်သူပီးထားရေ စျီးကွက်အတိုင်း ဈီးနှုန်းမြင့်ပနာ ဝယ်ယူခရရေ။ လယ်သမားတိက ဦးရဲကျော်သူအား ကျေးဇုတင်မဆုံး ဟိခကတ်တေ။ ဦးရဲကျော်သူငယ်စဉ်ကပင် သူ့ဘားဘာ၏ ပြောဖူးရေ စကားတစ်ခွန်းကို အမြဲတမ်းမှတ်မိနိန်ရေ။ ဗျိုင်းတောင်၊ ငှက်တောင်တိစွာ ကကောင်း အဖိုးတန်ရေ လူ့အသုံးအဆောင်ဝန်တိဖြစ်တေ ဟူ၏။

ဦးရဲ့ကျော်သူစွာ ကုန်ရောင်းကုန်ဝယ်လုပ်ဖို့ ကျွန်းစဉ်ပတ်လှီဖြင့် လားရောက်ခရာ ကျွန်းရွာတိတွင် အမှိုက်ပိုင် ဝေးပစ်ထားရေ ဗျိုင်းမွီးတိ၊ ဒေါင်းမွီးတိကို စျီးအတန်နန့် ဝယ်ယူပနာ 'ဂိုဒေါင် အပြည့် စုဆောင်းထားဟိခရေ။ ဗျိုင်းမွီးတိ စုဆောင်းထားစွာကို လူတိက တအံ့တသြနန့် နားမလည်နှိုင်ယောင် ဟိနီကတ်တေ။ ဦးရဲကျော်သူ၏ ကံဇာတာကား ကကောင်းပင်ဆန်းကြယ်ရေလို့ ဆိုရပါဖို့။ မကြာပါ။ ယင်းခါက အိန်ဂလန်နိုင်ငံတွင် ရာဇဘိသေက မင်္ဂလာပွဲကျင်းပရန်ဟိပြီးကေ ဗြိတိသျှအင်ပါယာလက်အောက်နိုင်ငံတိက မင်းဆွီမင်းမျိုးတိ တက်ရောက်ဖို့ စီစိုင်လျက်ဟိရေ။ ထိုပွဲတွင် ဖက်ရှင်တစ်မျိုးဖြစ်ရေ ငှက်မွီးလှလှထိုးထားသောဝထုပ်ကိုဆောင်း၍ ဘိက်သိက်ပွဲသို့တက်ရောက်ဖို့ အစီအစိုင်တစ်ရပ်ရှိရာ ငှက်အမျိုးစုံလင်လှသော မြန်မာနိုင်ငံမှ ငှက်တောင်တိကို ရှာဖွီပီးပို့ရန် ဘုရင်ခံကတဆင့် ကိုယ်စားလှယ်တိက ရှာဖွီရန် ကျွန်းရွာအနှံ့ဆင်းလှာခကတ်ရေ။ ထိုခတ်ယင်းခါက ငှက်မွှီးတိကို စီးပွားရီးအတွက်ရာ စုဆောင်းထားရေဆိုပနာ မြန်မာပြည်တွင် ဇာသူတစ်ယောက်တလီမှ မဟိသိမ့်ပါ။ စစ်တွေမြို့ ဦးရဲကျော်သူဂိုဒေါင်မာရာ မမျှော်လင့်ဘဲ အဆင်သင့်လာတွိရာ ဒင်္ဂါးပြားတိ၊ ရူပီငွေဒင်္ဂါး တိကို ယူမကုန်ယောင် ရဟိခရေဟု သိဟိခရပါရေ။

ရွှီစလွယ်ရ သူဌီးဖြစ်လာခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဦးရဲကျော်သူ၏ ချမ်းသာကြွယ်ဝမှုစွာ တစ်နိအခြား ဖြားရီပိုင် တိုးတက်ပါလတ်တေ။ ကျက်သရီဆောင် ရွှီစလွယ်တစ်ခုနန့် သဌီးဘွဲ့ကို ချီးမြှင့်ရန် အိန္ဒိယအစိုးရက ဦးရဲကျော်သူအား ဖိတ်ကြားခြင်း ခံရလီရေ။ ယင်းခါက သဌီးဘွဲ့ကို ယူရန် ဖိတ်ကြားခံရသူ ၂ ဦးရာ ဟိခရေ။ ကျန်တဦးမှာ အိန္ဒိယနိုင်ငံမှ အမျိုးသမီးတဦးဖြစ်တေ။ ထိုအိန္ဒိယအမျိုးသမီးစွာ ဦးရဲကျော်သူပိုင် ကိုယ့်ဒူးကိုယ်ချွန်၍ ကြိုးစား လာခအတွက်နန့် ချမ်းသာလာခခြင်းမဟုတ်။ ဆွေစဉ်မျိုးဆက် အမွီရ ၍ချမ်းသာသူသာဖြစ်ခရေ။ ဦးရဲကျော်သူရာ ငယ်စဉ်ကတက်ခတ် တက်မတ်သော ဘဝမှစံလာခ၍ မိမိကြိုးစားမှုကြောင့် ချမ်းသာလာခြင်း ဖြစ်တေ။ မိမိဘဝကို အမြဲတမ်းအောက်မိစီရန် လောင်းသမားဖြစ်ခစဉ်က အသုံးပြုခရေ ‘တက်' ကိုပင် ရွှီချလျက် အိမ်တွင်ချိတ်ထားရေဟု ရက္ခိုင်သားတိက ပြောစမှတ်ပြုကတ်ပါရေ။

မြန်မာနိုင်ငံ၏ ပထမဆုံးဘဏ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

နောက်ကောင်းမကြာခင် စစ်တွေမြို့တွင် “ဦးရဲကျော်သူ အင် ကုမ္ပဏီ လီမိတက်' ဆိုရေ ဘဏ်ကိုဆိုင်းဘုတ်တင်နိုင်ခရေ။ ဇာနိုင်ငံခြား သား၏ အစုရှယ်ယာတစ်ပြားတစ်ရွှားမှမပါဘဲနန့် မြန်မာနိုင်ငံတွင် ပထမဆုံး တိုင်းရင်းသားဘဏ်ကို ဖွင့်လှစ်နိုင်ခသူမှာ ဦးရဲကျော်သူတစ်ယောက်သာ 'ဟိခရေ။ ၁၉၁ဝ ခုနှစ်'ဦးရဲကျော်သူ ကွယ်လွန်ခရေ။ သားသမီး ၁ဝ ဦးထွန်းကားခရေ။ ရူပီငွေ သိန်း ၇၀ ကို သားသမီး ၁၀ ဦးအား အမွီပီးခရေ။ ထိုခေတ်က ရူပီငွေသိန်း ၇၀ ၏ ပိုင်ဏတန်ဖိုးကို ဂုခေတ်လူငယ်တိ နှိုင်းနိူင်းသိသာနှိုင်ယောင် စိကေသျှေရီးသား ကေ ထိုခေတ်က ရွှေတစ်ကျပ်သားကို ရူပီငွေ ၇ ကျပ်သာပီးရရေ။ ပုလိပ်(ရဲ့) ဝန်ထမ်းတဦး တစ်လ လစာငွီ ၇ ကျပ်ရာရရေ။ အသျှေ တန်းရုံးစာရီးတဦးတစ်လ ၂၅ ကျပ်၊ ပလာတာကြီးကြီးတစ်ရွှားနန့် လက်ဖက်ရည်တစ်ခွက်မှ တစ်ပြားပီးရရေ။ (၆၄ ပြားတစ်ကျပ်)၊ ပဒုမာပိတ်တရွီမှ ၂ ကျပ်သာ ပီးရရေ။ ဂုခေတ် အသျှေတိ ယုံနှိုင်ဖွီရာမဟိပါ။

ဦးရဲကျော်သူ ကွယ်လွန်လားပြီးနောက်ပိုင်း သတ္တမမြောက်သား ဖြစ်သူ ဦးရွှေသာက ၁၉၂၄ ခုနှစ်မာ ဦးရဲကျော်သူအင်ကုမ္ပဏီလီမိတက်ကို တရားဝင်အဖြစ် ဆက်ပနာတည်ထောင်နိုင်ခရေ။ ယင်းဘဏ်မှပင် မသံဒါဖြူအင်ကုမ္ပဏီလီမိတက်ဆိုပနာ ဘဏ်ခွဲတခုကို တည်ထောင်ခသိမ့်ရေ။ ယင်းဘဏ်မှရရေ အမြတ်အစွန်းအားနူံးကို ဦးရဲကျော်သူလှူ ဒါန်းခရေ ဘုရားကျောင်း၊ သိမ်၊ စောင်းတန်းတိ ပြုပျင်ရန်သုံးစွဲခဲ့ ရေ။

ဦးရဲကျော်သူအင်ကုမ္ပဏီလီမိတက်မှာ မြန်မာအမျိုးသားဘက်ဖြစ်ပြီးကေ ဒုတိယဘက်မာ ၁၉၂၆ ခုနှစ်မာ မန္တလေးမြို့၌ ဖွင့်လှစ်သော မြန်မာနိုင်ငံ ဗုဒ္ဓဘာသာမိဘမဲ့ကသျှေတိ စောင့်ရှောက်ရီးအသင်းက တည်ထောင်ရေ (ဘီဘီအိုအေ)ဘဏ်ဖြစ်တေ။ ယင်းခါက ‘ချစ်တီး ကုလားတိပိုင် ဘဏ်တိ မြို့ရွာအနှံ့ဟိကေလေ့ စစ်တွေမြို့တွင် ဦးရဲ ကျော်သူ၏ သြဇာအာဏာကြောင့် ချစ်တီးကုလားတိက စစ်တွေမြို့တွင် ဘဏ်တိဖွင့်လှစ်ရန် အခေါက်ခေါက်ကြိုးစားခကေလေ့ ဇာဘဏ် မှ ဖွင့်လှစ်နိုင်ခြင်းမဟိခပါ။"

ဦးရဲကျော်သူနန့် ဒေါ်သံဒါဖြူရို့တွင် သားသမီး ၁ဝ ယောက် ထွန်းကားခရေ သား ၆ဦး၊ သမီး ၄ ဦးထွန်းကားခရေ။ သား ၆ ဦး ဦးကျော်ဦး၊ ဦးချန်ထွန်း၊ ဦးစံကျော်၊ ဦးရွှေဘန်း၊ ဦးသာဇံ၊ ဦးရွှေသာ ရို့ဖြစ်ကေတ်တေ။ သမီး ၄ ဦးမှာ ဒေါ်စံဝင်း၊ ဒေါ်စံမြခိုင်၊ ဒေါ်ရွှေခိုင်၊ ဒေါ်ရှင်ထွီးမရို့ဖြစ်ကေတ်တေ။ ဒေါ်စံဝင်း၏ အိမ်ထောင်ဘက်မာ ဦးထွန်း အောင်ရှိဖြစ်တေ။ သားသမီးတိမာ ဒေါ်အောင်ကြွဦး၊ ဦးမောင်စောလှ၊ ဦးစောဖော်၊ ဦးကောင်းလှဖြူနန့် ဦးဖော်သူရို့ဖြစ်တေ။[]

  1. အေးသိန်း၊ နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ (၂၀၀၇)၊ ရန်ကုန်၊ ဂုဏ်ထူးစာပီ၊