Jump to content

ဦးရွှေဇံအောင်

ဝီကီးပီးဒီးယား က
ဒေါက်တာ ဦးရွှေဇံအောင်
ကိုယ်ရီးအချက်အလက်
မွီးသက္ကရာဇ် ၂၀ ဂျန်နဝါရီ ၁၈၇၁
နာမည်ရင်း ဦးရွှေဇံအောင်
မိဘနာမည် ဦးရွှီသာနန့် ဒေါ်အဖြူဇံ
မွီးဖွားရာနီရာ စစ်တွေမြို့၊ ရက္ခိုင်ပြည်
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ဝိဇ္ဇာဘွဲ့ (ဘီအေ)၊ ရန်ကုန်ကောလိပ်(၁၈၉၁)
အလုပ်အကိုင် အစိုးရဝန်ထမ်း
အိမ်ထောင်ဖက် ဒေါ်ကြူကြူဝင်း
သားသမီး (၂) ယောက်
ထင်ပေါ်ကျော်ကြားမှု စာရီးဆရာ
ထင်ယှားရေလက်ရာတိ အဘိဓမ္မတ္ထသင်္ဂဟကျမ်း(အင်္ဂလိပ်ဘာသာ)တက္ကိယ နယဒီပနီ
ရယှိခရေဆုတိ ဗြိတိသျှအစိုးရ၏ အေ-တီ-အမ် (အမှုထမ်းကောင်း တံဆိပ်ရမင်း) ဘွဲ့တံဆိပ်
လက်မှတ်
ကွန်ယက်

'''ရွှေဇံအောင်''' (၂၀ ဂျန်နဝါရီ ၁၈၇၁-၁၁ မေ ၁၉၃၂) စွာ ရက္ခိုင်လူမျိုး ဖြစ်ပြီးကေ ဗုဒ္ဓအဘိဓမ္မာ ကို ပထမဆုံးအနိန်နန့် အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ ဖြစ်ရေ။[]အနောက်နိုင်ငံတိသို့ ဗုဒ္ဓအဘိဓမ္မာ အား စတင်မျိုးစေ့ချခသူ အဖြစ်လည်း ထင်ယှားရေ။[]ယင်းအပြင် ကိုလိုနီဗြိတိသျှအစိုးရခေတ် တွင် မြန်မာအမျိုးသားထဲ ပထမဆုံး ယစ်မျိုးမင်းကြီး အဖြစ် ခန့်အပ်ခံရသူလေ့ ဖြစ်တေ။

ဦးရွှေဇံအောင်ကို ၁၂၃၂ ခုနှစ်၊ ပြာသိုလကွယ်နိ (၁၈၇၁ ခုနှစ်၊ ဂျန်နဝါရီလ ၂ဝ ရက်နိ) တွင် ရက္ခိုင်ပြည်၊ စစ်တွေမြို့၌ ဖွားမြင်ရေ။ ခရိုင်ရာဇဝတ် ဦးရွှီသာနန့် ဒေါ်အဖြူဇံရို့၏ သားသမီး ၄ ယောက်တွင် သားအကြီးဆုံး ဖြစ်ရေ။

ဦးရွှေဇံအောင်စွာ ၁၈၈၁ ခုနှစ်မှ စပြီးကေ စစ်တွေမြို့ရှိ အစိုးရ အလယ်တန်းကျောင်းတွင် ပညာသင်ရာ ၁၈၈၅ ခုတွင် အလယ်တန်း စကောလားရှစ်ဆု ရရေ။ ယပြီးနောက် ရန်ကုန်မြို့ကို ပြောင်းရွိပညာသင်ရာ ၁၈၈၇ ခုတွင် တက္ကသိုလ်ဝင် စာမီးပွဲကို အောင်မြင်ရေ။ ၁၈၉၁ ခုနှစ်မာ ရန်ကုန်ကောလိပ်မှ ဝိဇ္ဇာ (ဘီအေ) ဘွဲ့ ရရေ။

ဆြာကြီးရေ ၁၈၉၂ ခုနှစ်မာ ပညာရီး ဌာန၌ ပညာအုပ် အဖြစ် စတင် အမှုထမ်းရေ။ ယပြီးနောက် မြီစာရီး ဌာနတွင် ဆက်ပနာ အမှုထမ်းရာ ၁၉ဝ၂ ခုတွင် မြို့အုပ်တန်း၊ ၁၉ဝရ ခုတွင် ဝန်ထောက်တန်း အဆင့်သို့ ရောက်ရေ။ ၁၉ဝ၉ ခုနှစ်မာ ရန်ကုန် ကောလိပ်တော်ရုံး၌ အခွန်ဝန် အဖြစ် ထမ်းရွက်စဉ် ကျူးကျော် နီထိုင်သူတိကို မြီခွန်တော် စည်းကြပ်ရီး အတွက် အထူး တာဝန်ယူရရေ။ ယင့်ခါက ဖြီရှင်းရန် ကကောင်းခက်ခဲသော ပြဿနာတစ်ရပ်ဖြစ်ရေ ကျူးကျော်နီထိုင်သူတိအား နီရာချထားပနာ မြီခွန်တော် စည်းကြပ်ရီးနန့် ဆက်စပ်ပနာ အကြံပီးချက်တိကို ဗြိတိသျှအစိုးရက အထူးနှစ်သက် လက်ခံခရေ။ သူ၏ စာအုပ်ပြာ ခေါ် အစီအစာခံစာကို သက်ဆိုင်ရာ အစိုးရအရာဟိတိက အထူးအမှီသဟဲပြုပနာ ဖတ်ရှုခကတ်ရရေ။ ၁၉၁၂ ခုနှစ်မာ တွံတေးတူးမြောင်း ဖောက်လုပ်ဖို့ အတွက် မြေသိမ်းအရာဟိ အဖြစ် ပြောင်းရွိ တာဝန် ထမ်းဆောင်ရရေ။ ၁၉၁၃ ခုနှစ်မာ သံလျင်မြို့၌ မြေပိုင်ဆိုင်ခွင့် ဆိုင်ရာ အထူးစနည်းနာရီး အဖွဲ့ဝင် အဖြစ် ခန့်ထားခြင်း ခံရရေ။ ၁၉၁၄ ခုတွင် မြီဘက်ဌာန၌ ထူးချွန်စွာ ဆောင်ရွက်မှု အတွက် ဗြိတိသျှအစိုးရက ဦးရွှေဇံအောင်ကို အေ-တီ-အမ် (အမှုထမ်းကောင်း တံဆိပ်ရမင်း) ဘွဲ့တံဆိပ် ချီးမြှင့်ရေ။ ၁၉၁၈ ခုနှစ်မာ ကျောက်တန်းမြို့၌ နယ်ပိုင် ဝန်ထောက်အဖြစ် တာဝန် ထမ်းဆောင်ရရေ။

ဟံသာဝတီ ခရိုင်ဝန်အဖြစ် နှစ်ကြိမ် ထမ်းရွက်ပြီးနောက် ၁၉၂ဝ ပြည့်နှစ်မာ မြန်မာနိုင်ငံ ဘဏ္ဍာတော် မင်းကြီး၏ အတွင်းဝန် အဖြစ် ယာယီ ထမ်းရွက်ရရေ။ ယပြီးနောက် သထုံ ခရိုင်ဝန် အဖြစ် ပြောင်းရွိ ထမ်းဆောင်ရေ။ ၁၉၂၃ ခုနှစ်မာ ကေ-အက်စ်-အမ် (ကျက်သရီဆောင် ရွှီစလွယ်ရမင်း) ဘွဲ့တံဆိပ် ချီးမြှင့် ခံရရေ။ အိန္ဒိယနိုင်ငံ မြူနီစီပယ် အခွန်တော်တိ ကောက်ခံရီး ဆိုင်ရာ စနည်းနာမှု ကော်မတီဝင် အဖြစ်လည်း ဆောင်ရွက်ရရေ။ ယပြီးနောက် မြန်မာ အမျိုးသားထဲက ပထမဆုံး ယစ်မျိုးမင်းကြီး အဖြစ် ခန့်ထားခြင်း ခံရရေ။ ဧပိုင် တာဝန် အမျိုးမျိုးကို ထမ်းဆောင်ပြီးနောက် ၁၉၂၆ ခုနှစ်မာ ကျန်းမာရီး အရ ပင်စင်ယူရေ။

ဦးရွှေဇံအောင်စွာ အလုပ်စွာဝန် ထမ်းဆောင်ရင်း စာပီ ကျမ်းဂန်တိကို လိ့လာ ဆည်းပူးရေ။ ၁၈၉၅ ခုနှစ်မှ စပြီးကေ ဆြာတော် ဦးဂန္ဓမာ ထံ၌ အဘိဓမ္မာ တရားတော်ကို လိ့လာ သင်ယူရေ။ လယ်တီ ဆြာတော် ထံတွင်လည်း မပြတ် ဆည်းကပ်ကာ ဆည်းပူးရေ။ မြန်မာ၊ ပါဠိ၊ အင်္ဂလိပ်၊ လက်တင်၊ စာပီ ကျမ်းဂန်တိကို လိ့လာ တတ်ကျွမ်းရေ။

၁၉ဝဝ ပြည့်နှစ်ခန့်က ဗုဒ္ဓသာသနာတော် ထွန်းကားရီး အတွက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝီသော "ဗုဒ္ဓဝါဒ" မဂ္ဂဇင်းတွင် အဘိဓမ္မာ တရားတော် အကြောင်း ပါဝင် ရီးသားခရေ။ ထိုမဂ္ဂဇင်းကို ကြီးမှူး ထုတ်ဝီသော ရှင်အာနန္ဒာ မေတ္တေယျကို အကြောင်းပြပြီးကေကေ လန်ဒန် ပါဠိ အသင်းကြီး ဥက္ကဋ္ဌ မစ္စစ်ရစ်ဒေးဗစ်နန့် ရင်းနှီးလားပြီးကေ ညှိနှိုင်း လက်သပ်ကာ 'အဘိဓမ္မတ္ထသင်္ဂဟ (သဂြိုဟ်ကျမ်း)' ကို ဦးရွှေဇံအောင်က အင်္ဂလိပ်ဘာသာ ပြန်ဆိုရေ။ ယင်းအပြင် မစ္စစ် ရစ်ဒေးဗစ်နန့် လယ်တီ ဆြာတော်ရို့၏ ဗုဒ္ဓ အဘိဓမ္မာနန့် စပ်လျဉ်းသော အမီး၊ အဖြေတိကို ဦးရွှေဇံအောင်က အင်္ဂလိပ်ဘာသာ ပြန်ဆိုပီးရေ။ ဆြာကြီးရေ အဘိဓမ္မတ္ထသင်္ဂဟသဂြိုဟ်ကျမ်းကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပြီး မစ္စစ်ရစ်ဒေးဗစ်ထံ ပို့လိုက်ရာ ယင်းစာမူကို မစ္စစ်ရစ်ဒေးဗစ်နန့် ဦးရွှေဇံအောင် ရို့ အပြန်ပြန်အလှန်လှန် စစ်ဆီးပြင်ဆင်ပြီး ဗုဒ္ဓဝါဒမဂ္ဂဇင်း The Buddhism Magazine တွင် ဦးရွှေဇံအောင် ရီးသားသော ဆောင်းပါးကို နိဒါန်းအဖြစ်ထည့်ကာ ၁၉၁၀-ပြည့်နှစ်မာ ပုံနှိပ်ထုတ်ဝီရေ။ စာအုပ်ထွက်လှာစွာနန့် တပြိုင်နက် တစ်ကမ္ဘာလုံးမှ ပညာဟိတိ၏ ချီးကျူးလက်ခံခြင်း ခံရရေ။[]

ဦးရွှေဇံအောင်စွာ မြန်မာနိုင်ငံမှ ဗုဒ္ဓကျမ်းစာတိကို နိုင်ငံခြားသားတိ ဖတ်ရှုလိ့လာနိုင်ရန် ရီးသားရုံမက အနောက်နိုင်ငံ ကျမ်းတစ်စောင်ဖြစ်ရေ ပါမောက္ခ ဂျီဗန်း၏ လောဂျစ်ကျမ်းကို မှီငြမ်းပြုပနာ 'တက္ကိယ နယဒီပနီ' နာမည်ဟိ ယုတ္တိဗေဒ ကျမ်းကို ရီးသား ပြုစုရေ။ ဂျီဗန်း၏ ကျမ်းကို သဘောနန့် အစီအစိုင် လောက်ရာ မှီး၍ ဝေါဟာရ သုံးနှုန်းပုံ၊ ဥဒါဟရုဏ် ဆောင်ပုံရို့မာမူ ရခိုင်ဆန်ရေ။ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်တွင် ၁၉၁၁-ခုနှစ်မှ ၁၉၂၀-ခုနှစ်အတွင်းမာ ဆောင်းပါးပေါင်း ၃၅-ခုကို ပါဝင်ရီးသားခရေ။ ဆောင်းပါးအများစုစွာ ဗုဒ္ဓအဘိဓမ္မာတိရာ ဖြစ်ရေ။ ဆြာကြီးရေ ကျမ်းကြီးကျမ်းခိုင် ရို့ကိုရာမက လက်ဝဲသုန္ဒရ၏ မဲဇာတောင်ခြီ ရတုကိုပင် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုရီးသားခရေ။ ဗုဒ္ဓဘာသာနန့် ပတ်သက်ပြီးကေလေ့ စာအုပ် ၇-အုပ်ကို ပြုစုနိုင်ခရေ။ ယင်းချင့်အပြင် အထက်တန်းကျသော ဆီးပညာ အတွေးအခေါ်တိ ပါဝင်ရေ ဇရာလက္ခဏာဒိ ဒီပနီကျမ်း၊ 'ဂန်းနော့' ၏ ရူပဗေဒကျမ်းကို မြန်မာပြန်သော ရူပဒီပနီကျမ်း၊ သိုးဆောင်း ဘာသာ 'အနတ္တမီ' ကျမ်း၊ 'ဖီဇီ အော်လိုဂျီ’' ကျမ်းတိကို မဟာ သတိပဋ္ဌာနသုတ် ပါဠိတော် အဋ္ဌကထာရို့မှ ဒွတ္တိံသကာယ အကြောင်းတိနန့် ညှိနှိုင်း ရီးသားသော 'ကာယင်္ဂကိစ္စ သင်္ဂဟဒီပနီကျမ်း'၊ အနောက်တိုင်း မှော်ပညာ ကျမ်းတကျမ်းကို မြန်မာပြန်သော 'ဝိဇ္ဇာမယိဒ္ဓိ ဒီပနီကျမ်း' ရို့ကို ပြုစုခရေ။ အင်္ဂလိပ်ဘာသာဖြင့်လည်း 'ယမက ခေါ် ယမိုက်ကျမ်း''ကထာဝထု ကျမ်း''အဘိဓမ္မတ္ထ သင်္ဂဟကျမ်း (သဂြိုဟ်)' ရို့ကို ရီးသားခရေ။[]လက်ဝဲသုန္ဒရ၏ မဲဇာတောင်ခြီ ရတု' ကိုလေ့ အင်္ဂလိပ်ဘာသာ ပြန်ဆိုခရေ။ နောက်ဆုံး ပြုစုသော 'လူမျိုးတစ်ရာ့တပါး' ကျမ်းမှာ ပြီးမြောက်ကေလေ့ ပုံနှိပ်ထုတ်ဝီခြင်း မပြုဖြစ်ကြောင်း သိရရေ။

ထိုမျှမက မြန်မာအဆွေ ကုမ္ပဏီက ရိုက်ကူးသော 'မြတဘက်' ဇာတ်ကားကိုလေ့ ဦးရွှေဇံအောင်က ဇာတ်ညွှန်း ရီးသားခရေ။

၁၉၂၄-ခုနှစ် က မြန်မာနိုင်ငံ တက္ကသိုလ်ကျောင်းတိ အတွက် သင်ခန်းစာတိ ရွီးချယ်သတ်မှတ်ရီး ကော်မတီ တွင် ပြောကြားခသော အောက်ပါ ရက္ခိုင်ဘာသာစကားဖြင့် မှတ်တမ်းတင်ခရေ မှတ်ချက် စွာ ထင်ရှားခရေ။

''ကျွန်တော့်အနီနန့် အရှိတိုင်း အနောက်တိုင်း စာအုပ်တိကို ကကောင်းအများကြီး ဖတ်ပြီးပါဗျာယ်။ ကျွန်တော်ရို့ နိုင်ငံ၏ လောကနီတိလောက် ကောင်းရေကျမ်း မတွိဖူးသိမ့်ပါ၊ ကိုယ့်စာပီကို အထင်မသေးဖို့ လိုပါရေ''

၁။ ဇရာလက္ခဏာဒိ ဒီပနီကျမ်း

၂။ တက္ကိယနယ ဒီပနီကျမ်း

၃။ ကာယင်္ဂသမ္ဘာရ ဒီပနီကျမ်း

၄။ ရူပ ဒီပနီကျမ်း

၅။ ယမကခေါ် ယမိုက်ကျမ်း (အင်္ဂလိပ်ဘာသာ)

၆။ ကထာဝထု (အင်္ဂလိပ်ဘာသာ)

၇။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း(အင်္ဂလိပ်ဘာသာ)

ရခိုင် - အင်္ဂလိပ် နှစ်ဘာသာစလုံးတွင် ကျွမ်းကျင် နှံ့စပ်သော ပညာသျှင် ဖြစ်ရေအတွက်နန့် ဆြာကြီး ဦးရွှေဇံအောင်ကို ၁၉၃၂ ခုနှစ်မာ ရန်ကုန်တက္ကသိုလ်က ဒီလစ် (စာပီ ပါရဂူ) ဘွဲ့ ချီးမြှင့်ခရေ။ ယကေလေ့ ဘွဲ့နှင်းသဘင် ကျင်းပရန် ၁ဝ ရက်ခန့် အလို ၁၂၉၄ ခု၊ ကဆုန်လဆန်း ၇ ရက် (၁၉၃၂ ခု၊ မေလ ၁၁ ရက်) တွင် ဆြာကြီး ဦးရွှေဇံအောင် ကွယ်လွန် အနိစ္စရောက်ရေ။

  1. ငွေဥဒေါင်း၊ သီးခြား စာဝကဲပါ၊ စာ ၆၉ - ၇၆။
  2. ဇေယျ၊ မြန်မာ့ မျက်ပွင့် (ရွာဓလိ့၊ လူဓလိ့)၊ စာ ၂၁၇ - ၂၂၆။
  3. မြန်မာ့ စွယ်စုံကျမ်း၊ အတွဲ ၁၁။ စာ ၄၂၉ - ၄၃ဝ။
  4. ဦးသာတင် (မာဃ)၊ ဆီးပညာစာပီ၊ ပညာရပ်ဆိုင်ရာ မြန်မာစာပီ စာတမ်းတိ၊ စာ ၄၃။]
  5. မောင်သုတ (ဗိုလ်မှူး ဘသောင်း)၊ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) (ed.) ပဉ္စမအကြိမ်၊ ၂ဝဝ၂ သြဂတ် ၁၊ ရာပြည့် စာအုပ်တိုက်၊ 'စာဆိုတော်တိ အတ္ထုပ္ပတ္တိ'
  1. https://www.irrawaddy.com/specials/on-this-day/day-renowned-rakhine-buddhist-scholar-died.html%7Ctitle=The Day a Renowned Rakhine Buddhist Scholar Died|work=The Irrawaddy|access-date=30 Aug 2024|date=11 May 2020
  2. http://www.maas.edu.mm/Research/Admin/pdf/16.%20Dr%20Nitra%20Soe%20Min(245-264).pdf%7Ctitle=A STUDY ON U SHWE ZAN AUNG, A PROMINENT WRITER WHO MADE THE FIRST TRANSLATION OF BUDDHA ABHIDHAMMA INTO ENGLISH|work=J. Myanmar Acad. Arts Sci. 2018 Vol. XVI. No. 7|access-date=30 Aug 2024|date=2018
  3. https://store.pariyatti.org/Compendium-of-Philosophy_p_1949.html%7Ctitle=Compendium of Philosophy|work=PARIYATTI|access-date=30 Aug 2024
  4. https://www.cambridge.org/core/journals/journal-of-the-royal-asiatic-society/article/abs/compendium-of-philosophy-being-a-translation-now-made-for-the-first-time-from-the-original-pali-of-the-abhidhammatthasangaha-with-introductory-essay-and-notes-by-shwe-zan-aung-ba-revised-and-edited-by-mrsrhys-davids-pp-xxvi-and-298-london-published-for-the-pali-text-society-by-henry-frowde-1910/4537EA6B5F180F68E7B2651528C09B58#%7Ctitle=Compendium of Philosophy, being a Translation now made for the first time from the Original Pali of the Abhidhammattha-Sangaha, with Introductory Essay and Notes by Shwe Zan Aung B.A., Revised and edited by MrsRhys Davids, pp. xxvi and 298. London: published for the Pali Text Society by Henry Frowde, 1910.|work=Cambridge University Press|access-date=30 Aug 2024|date=15 March 2011