ဦးသန်းနိုင်
""ဦးသန်းနိုင်""
ရက္ခိုင့်ကျောင်းသားခေါင်းဆောင် (နိုင်ငံရီးတက်ကြွလှုပ်ရှားသူ)
| ဦးသန်းနိုင် | |
| ကိုယ်ရီးအကျဉ်းချုပ် | |
| မွီးသက္ကရာဇ် | ၁၃ မေ ၁၉၉၈ |
| မွီးဖွားရာနီရာ | ပွင့်ထီးကျေးရွာ၊ မင်းပြားမြို့နယ်၊ ရခိုင်ပြည် |
| မိဘနာမည် | ဘာဘာ ဦးမောင်အေးထွန်း ၊ မိခင်ဒေါ်လှညွန့်စိန် |
| လူမျိုး | ရခိုင်လူမျိုး |
| ကိုးကွယ်ရေဘာသာ | ဗုဒ္ဓဘာသာ |
| အိမ်ထောင်ဖက် | ဒေါ်မိုးညိုဦး |
| သားသမီး | မဟိ |
| မွီးချင်း | ၄ယောက်(အကြီးဆုံးသား) |
| ရာထူးအဆင့် | {{{ရာထူးအဆင့်}}} |
| လက်နက်ကိုင်တပ် | အာရက္ခတပ်တော် |
| သစ္စာခံနိုင်ငံ | {{{သစ္စာခံနိုင်ငံ}}} |
| အမှုထမ်း ကာလ | ၂၀၁၉–၂၀၂၃ (ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ) |
| ကွပ်ကဲရေ ဌာန | {{{ကွပ်ကဲရေ ဌာန}}} |
| တိုက်ပွဲ/စစ်ပွဲတိ | {{{တိုက်ပွဲ/စစ်ပွဲတိ}}} |
| လက်မှတ် | [[ဖိုင်:|100px]] |
| ဝက်ဘ်ဆိုဒ် | https://www.arakanarmy.net |
ကိုဦးသန်းနိုင်ကိုဦးသန်းနိုင်ကို အဖလယ်သမား ဦးမောင်အေးထွန်း (ပွင့်ထီးကျေးရွာ)နှင့်အမိဒေါ်လှညွန့်စိန်(ပွင့်ထီးအုပ်စု၊ ကျိန်း/ထောင့်ချေကျေးရွာ)ရို့ကနီပြီးကေ ရခိုင်ပြည်၊ ပွင့်ထီးကျေးရွာမှာမေလ (၁၃) ရက်နိ၊ ၁၉၉၈ ခုနှစ်၌ မွီးဖွားခပါရေ။
အိမ်နန့်ပါးချင်း ဆွီမျိုး မိသားစုတိက သန်းနိုင်ချေလို့လို့ခေါ်ကတ်ပါရေ ။ မွီးချင်း လေးယောက်မှာ သားကြီး ဖြစ်တေ။
ဝချေတန်း(ပထမတန်း)ကနီ စတုတ္ထတန်းအထိကို အမက(ပွင့်ထီးကျေးရွာ) ၊အလယ်တန်းကို ကျိန်း/ထောင့်ချေ မူလွန်ကျောင်းမှာ ပညာသင်ကြားခရေ။ နဝမတန်းကို အထက(မြောင်းဘွေ) မှာသင်ကြားခပါရေ။ ဆယ်တန်းကို အထက(ကမ်းနီ) မင်းပြားမြို့နယ်မှာ သင်ကြား အောင်မြင်ခရေ။
ပညာရေးထူးချွန်ရေ ကျောင်းသား တစ်ယောက်ဖြစ်ပြီးကေ ဝချေတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်တိတွင် ပညာရည်ချွန်ထူးချွန်ဆုတိအပြင်ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲအများကြီးတိမှာ မြို့နယ်အဆင့်၊ပြည်နယ်အဆင့်ဆုပေါင်းအများကြီး ရယှိခလူဖြစ်တေ။ ၂၀၁၅ ခုနှစ်မှာ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) မှာ တက်ရောက်ပညာသင်ကြားခပါရေ။ ယင်းအချိန်ကနီပြီးသားနာ ပရဟိတတိ လုပ်ပနာ ဖြတ်သန်းခပါရေ။ ၂၀၁၉ ခုနှစ်မှာ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ သတင်းနှင့် ပြန်ကြားရီးတာတန်ခံ အဖြိုက် တာဝန်ထမ်းဆောင်ခပါရေ။၂၀၁၉ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ သံတွဲညီလာခံကို တက်ရောက်ခပါပနာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ဘဏ္ဍာရီးမှူးအဖြစ် တာဝန်ထမ်းထောင်ခပါရေ။ ကွန်ပျူတာတက္ကသိုလ် ကျောင်းတွင်းလိုအပ်ချက်အတွက် ဆန္ဒပြပွဲတိပါ ဦးဆောင်လှုပ်ရှားခပါရေ။ NLD အရပ်သား အစိုးရလက်ထက်၂၀၁၉ ရက္ခိုင်ပြည်နန့် ပလက်ဝမြို့နယ် ရို့၏ ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက် ဖြတ်တောက်မှု တိကို ဦးဆောင်ဆန္ဒပြခပါရေ။ ၂၀၂၀ ကိုဗစ်ကာလမှာလည်း ပြည်မဖက်က ကျောင်းသားရဲဖော်တိနန့် Covid Centre မှာ Volunteer အဖြိုက်လုပ်ဆောင်ခပါရေ။ ၂၀၂၀ ခုနှစ် မြန်မာတပ်မတော်မှ ရက္ခိုင်ပြည်သူတိကို လူ့အခွင့်အရေးချိုးဖောက်မှုတိ ပြုလုပ်လာရေအတွက် ရက္ခိုင်ပြည် အစိုးရရုံး ရှေ့မာ ဆန္ဒဖော်ထုတ်ခပါရေ။ ယင်းချင့်တိကြောင့် နိုင်ငံတော်အကြည်ညိုပျက်စီမှု(၅၀၅(ခ))၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေတိနန့် စစ်တွေမြို့နယ်တရားရုံးမာ တရားစွဲခံရပြီးကေ စစ်တွေအကျဉ်းထောင်မှာ အလုပ်ကြမ်းနန့်ထောင်ဒဏ် ထောင်ဒဏ် ၂နှစ် (၆)လ ကျခံခရပါရေ။ ၂၀၂၂ မှာ ပြန်ပနာ လွတ်မြောက်လာပြီးကေ မြေအောက်လှုပ်ရှားမူတိပြုလုပ်ခပါရေ။ မိုခါဆိုင်ကလုန်းမုန်တိုင်းကာလတိမှာ ကယ်ဆယ်ရီးကော်မတီ တာဝန်ခံအဖြိုက် တစိုက်မတ်မတ်လုအပ်ဆောင်ခပါရေ။ ၂၀၂၃ ခုနှစ်မှာ ကွန်ပျူတာတက္ကသိုလ်မှ ဘွဲရဟိ့ခပါရေ။ ရက္ခိုင်ပြည်အတွင်းဟိ မူဆလင်ကျောင်းသားတိ တက္ကသိုလ်တက်ခွင့်ရဖို့လည်း ကြိုးစားခပါရေ။ အာရက္ခမျိုးနွယ်စုကျောင်းသားတိနန့်လည်း မဟာမိတ်ဆက်ဆံရီးတိ တည်ဆောက်ခပါရေ။ ၂၀၂၃ ခုနှစ် ဆန်ပြသနာနိ ဝမ်းနည်းအောက်မိဖွယ်အခမ်းအနား ဦးဆောင်ကျင်းပခြင်းကြောင့် ဖမ်းဝရမ်းအထုတ်ခံရပြီးကေ ရက္ခိုင်တပ်တော်၏ လွတ်မြောက်နီမြီ ကို တိမ်းရှောင်လာကာ အမျိုးသားလွတ်မြောက်ရီးတာဝန်တိကို ကျရာနီရာက ထမ်းဆောင်လျှက်ရှိနီပါရေ။