ဦးသာထွန်းအောင်
ဦးသာထွန်းအောင်(မော်ကွန်းဝင်ပထမအဆင့်) (၁၅-၁-၁၉ဝ၆) (၂၇-၃-၁၉၄၈)
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဦးသာထွန်းအောင်၏ဇာတိချက်ကြွီမွီးရပ်မြီစွာ မြောက်ဦး မြို့ဖြစ်တေ။ သူ့ကို ၁၉ဝ၆ ခုနှစ် ဂျန်နဝါရီလ ၁ ရက်နိတွင် မွီးဖွားခရေ။ -
တာ၀န်ထမ်းဆောင်ခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အင်္ဂလိပ်-မြန်မာ ၁ဝ တန်းအောင်ပြီးကေ ဆြာအတတ်သင် (Higher Grade) ကို အောင်မြင်အတွက်နန့် မြောက်ဦးမြို့နယ်၊ ဘောင်းဒွတ် အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆြာကြီးစွာဝန်ကို ထမ်းဆောင်ခရေ။ ==တော်လှန်ရီး လှုပ်ရှားမှု==. မြန်မာနိုင်ငံ လွတ်လပ်ရီးကြိုးပမ်းမှုသမိုင်းတွင် မျိုးချစ်စိတ်ဓာတ် အရင်းခံ၍ တော်လှန်ခကတ်ရေ လူငယ်တိထဲက ကိုသာထွန်း အောင်တစ်ယောက်လည်း အပါအဝင်ဖြစ်ခရေ။ မြန်မာနိုင်ငံလွတ်လပ်ရီး ရဟိဖို့အတွက် ဂျပန်နန့်ပူးပေါင်းပြီး နယ်ချဲ့ကိုတော်လှန်ခကတ်ရေ မျိုးချစ် ပုဂ္ဂိုလ်တိထဲက တဦးအပါအဝင်ဖြစ်နီလို့ ယင်းခါက ဂျပန်တိစွာ ကိုသာထွန်းအောင်အား မျိုးချစ်လူငယ်တဦး၊ တော်လှန်ရီးသမား တဦးအဖြစ် အသိအမှတ်ပြုခြင်းကို ခံခဲ့ရပြီးကေ “ဆန်ကျို’ လူကြီးအဖြစ် တာဝန်ပီးအပ်ခြင်းခံခရရေ။ ယကေလေ့ မှန်းချက်နန့် နှမ်းထွက်မကိုက် ဆိုရလောက်ယောင် မကြာခင်မာပင် ဖက်ဆစ်ဘီလူးရုပ်သန္တာန်စွာ အစွယ်ငေါငေါထွက်လျက် လူမဆန်ဘဲ . ရက်စက်ကြမ်းကြုတ်ယုတ်မာမှုတိ ပြုလာကြလီရေ။ ” ဂျပန်ကို တစ်ဖန် ပြည်သူလူထုတစ်ရပ်လုံးက တန်ပြန်တော်လှန်ခဲ့ရကတ် ပြန်ရေ။
ရက္ခိုင်ပြည်နယ်တွင် ဟိနိန်ရေ ဖက်ဆစ်ဂျပန်တိကို လျှို့ဝှက် တော်လှန်ပနာ ပြည်မဘက်မှ သခင်စံတင်ရို့အဖွဲ့စွာ မြောက်ဦးမြို့ကို လျှို့ဝှက်ရောက်လှာရေ။ ဦးသာထွန်းအောင်စွာ အိမ်နောက်ဖက် ဘူးစင်အောက်မာ ည တိတ်တိန်းဆိတ် လျှို့ဝှက်လက်သပ်ခရေ။ ထိုစဉ်တော်လှန်ရီးဂေါင်းဆောင် ဦစိန္တာ၊ ဆြာတော် ပညာသီဟ၊ ဦးစံ ထွန်းအောင်အစဟိရေ မျိုးချစ်ပုဂ္ဂိုလ်တော်လှန်ရီးဂေါင်းဆောင်တိ ပါဝင်ပူးပေါင်းပြီး ဗိုလ်ကြီး သာလှအောင် ဦးဆောင်ပနာ ဖက်ဆစ်ဂျပန်ကို အစောဆုံး စတင်တော်လှန်ခကတ်ရေ။ မြန်မာနိုင်ငံ လွတ်လပ်ရီးသမိုင်း တွင် သမိုင်းပီးစွာဝန်အရ တော်လှန်ခကတ်ရေ မြန်မာမျိုးချစ်ခေါင်း ဆောင်တိစွာ ဂျပန်၏အကူအညီနန့် အစတွင် နယ်ချဲ့ကို တော်လှန်ခဲ့ ကတ်ရေ။ “ကျားကြောက်ပနာ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး' ပုံနှိုင်းစကား စုပိုင် တစ်ဖန် ဂျပန်ကိုတော်လှန်ပနာ ဗြိတိသျှနယ်ချဲ့ကို တစ်ခုသော အတိုင်းအတာအထိ လက်ခံရပြီးကေ လွတ်လပ်ရီးကို အရတောင်းဆိုခကတ်ရ ပြန်ရေ။ ယင်းအတွက်နန့် တနည်းပြောရကေ လွတ်လပ်ရီးအတွင်းမာ တော် လှန်ခကတ်ရေဂေါင်းဆောင်တိစွာ လူတစ်ကိုယ် ခေါင်းနှစ်လုံးအခြီ အနေကို ကျင့်သုံးခကတ်ရရေဟုဆိုကေ မှားအံ့မထင်ပါ။
ဗြိတိသျှပါး အဖမ်းခံရခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ယင်းအတွက်နန့် ဗြိတိသျှတပ်တိ တစ်ဖန်ဝင်ရောက်လှာရေအခါ တော်လှန်ရီးသမား ဦးသာထွန်းအောင်တစ်ယောက် ဂျပန်အလိုတော်ရိ “ ဆိုပြီး မသမာသူလူတစု၏ ကုန်းချောပြောကတ်ားချက်အရ လက်ပြန်ကြိုး တုပ်၊ မျက်နှာကို အချာီးဗျာယ်’ အင်္ဂလိပ်စစ်တပ်ရှိရာ စစ်ဗိုလ်ချုပ်ထံ အရောက်ပို့ခြင်း ခံခရရေ။ လမ်းတလျှောက်လုံး လက်ပြန်ကြိုးတုပ် မျက်နှာအချာီးလျက် ဗြိတိသျှစစ်တပ်ရှိရာသို့ လှေဖြင့် လေးနာရီခန့် ခေါ်လာလတ်ရေ။ အင်္ဂလိပ် စစ်တပ်ရှိ ဗိုလ်ချုပ်ထံရောက်ဟိရေအခါမှ ချီထားသောလက်ပြန်ကြိုးကို ဖြုတ်ပြီး. မျက်နှာတွင် စီးထားသော အဝတ်ကို ဖြေလိုက်ရေအခါ အင်္ဂလိပ်ဗိုလ်ချုပ်တဦးရှိးမှောက် ရောက်နီစွာကို မမျှော်လင့်ဘဲ လာတွိ့ရရေ။ ဗိုလ်ချုပ်မျက်နှာကို မြင်မြင်ချင်း ဦးသာထွန်းအောင် ပြုံးပနာ လက်ဆွဲနှုတ်ဆက်လိုက်ရေ။ အင်္ဂလိပ်စစ်ဗိုလ်က. . . “မတ်စွာ တရားခံတဦးရာ။ ဇာကြောင့် ပြုံးရယ်လို့ ငါ့ကို လက်ဆွဲနှုတ်ဆက်ရစွာလဲ” “ငါစွာ လူဇိုး သခိုး ဒမြတဦး မဟုတ်။ ငါရို့နိုင်ငံ လွတ်လပ်ရီးရဖို့အတွက် တော်လှန်တိုက်ပွဲဝင်နီလတ် တော်လှန်ရီးသမား ရဲဘော်တဦးသာဖြိုက်ရေ။ မတ်ရို့ထံတွင် ငါရို့နယ်မြီမှာ လှုပ်ယှားနီလတ် တော်လှန်ရီး ရဲဘော်စာကေး. ဟိပါရေ။ ပြန်ကြေ့ရာလဲါ” ဦးသာထွန်းအောင်က သူ့ကို ဗြိတိသျှအရာဟိထံ ခေါ်လာရေ ဟု မထင်ခပါ။ သတ်ပစ်ဖို့အတွက် တစ်နီရာသို့ ခေါ်လာရေ သို့ မဟုတ်. တနီရာရာမှာ ချုပ်နှောင်ထားရန် ခေါ်လာရေဟုသာ တွက်ဖော်ရင်း လိုက်ပါပါလတ်တေ။ ဗြိတိသျှအာဏာပိုင်တိထံရောက်ကေ သူမသေ၊ သူ့ကို ဗြိတိသျှတပ်က သူ့ကိုမသတ်ဆိုလိုစွာကို သူ တထစ်ချ ယုံကြေသက်ဝင်ခရေ။ ငါမသီဖို့ရာဟု သိပနာ. ဝမ်းသာလွန်းဆို့ပြီး ပြုံးရယ်ခြင်းဖြစ် ကြောင်း၊ ဝမ်းသာလုံးဆို့၍ အူလှိုက်သဲလှိုက် ဝမ်းသာပနာ ပြောပြခရေ။ ဗြိတိသျှစစ်တပ်နန့် မြန်မာတော်လှန်ရီးသမားတိစွာ တစ်ဘက်နန့် တစ်ဘက်ညှိနှိုင်းထားပြီးပနာဖြစ်ပနာ မြန်မာတော်လှန်ရီးသမား တိကို ဗြိတိသျှစစ်တပ်က ‘မသတ်ဘူး' ဆိုရေအချက်ကို ဦးသာထွန်း အောင် အခြီအနီအရပ်ရပ်ကို ထောက်၍ သိထားပြီးပနာဖြစ်တေ။ “မတ်ကို ကုလားတိက ဂျပန်၏သစ္စာခံ၊ အင်္ဂလိပ်သစ္စာ ဖောက်ဆိုပနာ တိုင်တန်းထားအတွက်နန့် ဖမ်းခေါ်လာလတ်ရန် အမိန့်ပီး လို့ မတ် ကျွန်တော့်ထံရောက်လှာခခြင်းဖြိုက်ရေ” လို့ ဗိုလ်ချုပ်က ပြောမှ ဦးသာထွန်းအောင်တစ်ယောက် သိခရရေ။ နောက်ဆုံးမာ ဗြိတိသျှတပ်မတော်မှ လိုအပ်နီရေ ဂျပန်တပ်မတော်၏သတင်းတိကို တာဝန်ယူဖိသျှေကောင်း၊ စစ်ဗိုလ်၏ တတက်ကပ်အလက်သပ်ခံပုဂ္ဂိုလ် တဦးအဖြစ် ́ နီထိုင်ခရရေ။
UG လှုပ်ရှားမှုထဲ ပါဝင်ခြင်း=
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ထိုအချိန် ထိုကာလစွာ ပြည်မဘက်မာလည်း ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်ပနာ ‘ဖဆပ်လ’ အဖွဲ့ဖွဲ့စည်းပြီး လွတ်လပ်ရီးရ ရန် သီရီးရှင်ရီးတမျှ အရီးကြီးနီရေ ကာလဖြစ်တေ။ တတိုင်းပြည်လုံး စည်းလုံးညီညွတ်မှုဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းနီရေ အချိန်ဖြစ်တေ။ ရက္ခိုင်ပြည်နယ်ဘက်မာလည်း ဆြာတော်ဦးစိန္တာ၊ ဆြာတော် ပညာသီဟ၊ ဆြာဦးစံထွန်းအောင် (အမျိုးသားကျောင်း) နဂံဦးမောင်နီ၊ ဦးချီးဒိုး အစဟိရေ ရခိုင်မျိုးချစ်တပ်မတော်သားတိက မြီအောက် လှုပ်ယှားနီရေအချိန်မာ ဦးသာထွန်းအောင်တစ်ယောက်မှာ အမိ နိုင်ငံ လွတ်လပ်ရီးရဟိရီးအတွက် သန္နိဋ္ဌာန်ချထားသူတစ်ယောက်ပီပီ မပါဝင်မလှုပ်ယှားဘဲ မနီနှိုင်။ ပါဝင်လှုပ်ယှားခဲ့ရလီရေ။ ဦးဘစံရီးသားရေ “ရခိုင်တိုင်းရင်းသားတိနန့် မြန်မာနိုင်ငံ ၏လွတ်လပ်ရီးကြိုးပမ်းမှု' စာအုပ်၏စာမျက်နှာ ၁၅၇ တွင်. . . “ကျွန်တော်ရို့ ဆက်ပနာပြီးကေ ညအချိန်မာ ထွက်ခွာလားကတ် ရာ မြို့ဟောင်း (မြောက်ဦး) ဆိပ်ခုံသို့ ညဉ့်ဦး ၈ နာရီ လောက်မှ ရောက်ကတ်ပါရေ။ မြို့ဟောင်း (မြောက်ဦး)မှ ကင်းသမားအစောင့်ရို့စွာ ကျွန်တော်ရို့အား ဟန့်တားကတ်ပနာ စနည်းနာစစ်ဆီးကတ်လီရေ။ ယင်းချင့်အပြင် မြို့ဟောင်း (မြောက်ဦး) ကန်လှရပ်ကွက်၌ ရွာကင်းရှိရာ ကျွန်တော်ရို့ကို ရပ်ကွက်အဝင်ဝတွင် အစောင့်တိက ဟန့်တားကတ်ပြန်ပါ ရေ။ ထိုအချိန်က ကျွန်တော်ရို့နန့်အတူ ကိုကျော်မြလည်း ပါဟိရေ။ ကိုစိန်ထွန်း၊ ကိုရာထွန်းအောင်၊ ကိုစိန်ထွန်း အောင်၊ ဦးစံရွှေဘော်အစဟိရေ ရဲဘော်တိ သေနတ်ကိုင်ပြီးကေ ထွက်လှာကတ်ပါရေ” ဟု ဖော်ပြပါဟိခရေ။ နယ်ချဲ့ဗြိတိသျှတပ်မတော်မှ ဦးသာထွန်းအောင်အား ဗြိတိသျှ တပ်မတော်သစ္စာဖောက်၊ စိတ်မချရရေလူတယောက်ဟု သတ်မှတ် ကာ ဖမ်းဆီးချုပ်နှောင်လိုက်လီလီရေ။ နောက်ဆုံးမာ ဦးသာထွန်းအောင်က သေမထူးရှင်မထူးဆိုပြီး ထောင်ထဲမာ အစာငတ်ခံဆန္ဒပြခရာ ၁ဝ ရက်ကျော်မှ- သူ့ကို လွတ်ငြိမ်း ခွင့်ပီးခရရေ။ ဦးသာထွန်းအောင်စွာ အဖမ်းခံရာမှ လွတ်လာယား နောက် အဆံရှည်သေးသော တော်လှန်ရီးကို ဆက်ပနာလုပ်ကိုင်ရန် အတွက် မြောက်ဦးမြို့နယ်လုံးဆိုင်ရာ ဖဆပလအဖွဲ့ချုပ်တွင် အထွေထွေ အတွင်းမာရီးမှူးအဖြစ် တာဝန်ထမ်းဆောင်ခရလီရေ။
ဘဝနိဂုံး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အထက်မှတာဝန်ပီးချက်အရ အနယ်နယ်အရပ်ရပ်ကို စည်းရုံး ရီးလားရောက်ခကတ်ရာ ခရီးပန်းပနာ အားနည်းလာရာ ဗြုန်းခနဲ ငှက်ဖျားဝင်ရောက်လာလို့ တောနယ်ဒေသတွင် ဆီးဝါးကုသမှု မခံခရ ၍ ၂၇-၃-၁၉၄၈ ခုနှစ်မာ မြောက်ဦးမြို့ နီအိမ်တွင် အသက်ငယ်ငယ် နန့် တာဝန်ထမ်းဆောင်ရင်း ရီတိမ်တွင်နစ်ခရရေဟု ကောက်ချက်ဆွဲလို့ရပါရေ။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်စိန်သာနန့် သားသမီး ၅ ဦး ကျန်ရစ်ခရေ။ ဒေါ်စိန်သာစွာ ဂုချိန်ခါ အသက် ၉၅ နှစ်လှောက်ဟိရာ အမှတ်-၈၆၊ ခွန်နီလမ်း၊ ၂၉ ရပ်ကွက် သုဝဏ္ဏတွင် သားသမီးတိနန့် အတူ နီထိုင်လျက်ဟိရေ။ သားသမီးတိထဲက ဦးသာဟန် မန်နီဂျာ(ငြိမ်း)၊ မြန်မာ့လေ ကြောင်းစွာလေ့ ဖခင်ဗီဇပါလာသူတဦး ဆိုလို့ရရေ။ ဂုချိန်ခါ ရခိုင်ယိုင်ကျေးမှုတိဖော်ထုတ်ရာမှာ တက်ကြွစွာပါဝင်လှုပ်ရှားလျက် ဟိကြောင်း တွိမြင်ရရေ။ ဦးသာထွန်းအောင်ကို နိုင်ငံတော်မှ မော်ကွန်းဝင် ပထမအဆင့် အဖြစ် ထိုက်ထိုက်တန်တန် ချီးမြှင့်ဂုဏ်ပြုခရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ အေးသိန်း၊ နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ၊ ၂၀၀၇၊ ရန်ကုန်၊ ဂုဏ်ထူးစာပေ။ စာ-၂၅၉-၂၆၃