ဦးသာဘန်း
| ဦးသာဘန်း
| |
| ကိုယ်ရီးအချက်အလက် | |
| မွီးသက္ကရာဇ် | ၂၆-၃-၁၉၃၆ |
| နာမည်ရင်း | ဦးသာဘန်း |
| မိဘနာမည် | အဖ ဦးရွှေထွန်းအောင်၊ အမိဒေါ်မနု |
| မွီးဖွားရာနီရာ | ရခိုင်ပြည်၊ စစ်တွေမြို့၊ အိုးတန်းရပ် |
| နိုင်ငံသား | မြန်မာနိုင်ငံ |
| လူမျိုး | ရခိုင် |
| ကိုးကွယ်ရေဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
| ပညာအရည်အချင်း | B.A, B.L |
| အလုပ်အကိုင် | သတင်းထောက်၊ သတင်းအယ်ဒီတာ |
| အိမ်ထောင်ဖက် | ဒေါ်စောယဉ် |
| သားသမီး | ၁ ဦး |
| ထင်ပေါ်ကျော်ကြားမှု | UNLD ကိုယ်စားလှယ်] |
| ထင်ယှားရေလက်ရာတိ | |
| ရယှိခရေဆုတိ | |
| လက်မှတ် | |
| ကွန်ယက် | |
ငယ်ဘ၀နန့် ပညာရီး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆရာကြီးဦးသာဘန်းကို ၂၆-၃-၁၉၃၆ နှစ်မာ အဖ ဦးရွှေထွန်းအောင်၊ အမိဒေါ်မနုရို့မှ စစ်တွေမြို့၊ အိုးတန်းရပ်၊ ထီးတန်းလမ်းမာ မွီးဖွားခပါရေ။ ညီအစ်ကိုမောင်နှမ(၅)ယောက် ဟိပါရေ။ ၁၉၅၃ ခုနှစ်မာ အမှတ်(၁) အ-ထ-က စစ်တွေက အထက်တန်းအောင်မြင်ခပါရေ။ တက္ကသိုလ်ကျောင်းသားဘဝမာ ဗကသများအဖွဲ့ချုပ် အမှုဆောင်အဖြစ် ၁၉၅၈ မှ ၁၉၆၀ အထိ တာဝန်ယူခပါရေ။ တကသမာလေ့သော့ အမှုဆောင်အဖြစ်နန့် ၁၉၆ဝ မှ ၁၉၆၁ အထိ ပါဝင်ခပါရေ။
သတင်းထောက်ဘဝ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၉၅၅ ခုနှစ်က စလို့ ပြည်သူ့ဂျာနယ်၊ လင်းယုန်သတင်းစာ၊ လူထုသတင်းစာနန့်ဂျာနယ်၊ ဟံသာဝတီသတင်းစာရို့တွင် တက္ကသိုလ်သတင်းထောက်အဖြစ် တာဝန်ယူခပါရေ။ ၁၉၆၁ မှာ အလုပ်သင် နိုင်ငံခြားသတင်းအယ်ဒီတာအဖြစ် တာဝန်ယူပြီး၊ ၁၉၇၃ မာ တရုတ်ပြည်၊ ဂျာမနီ၊ အီတလီ၊ ထိုင်းနိုင်ငံတိကို သတင်းစာဆရာ အဖြစ်နန့် လားရောက်ခဖူးပါရေ။
အိမ်ထောင်ရီး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၉၆၆ ခု၊ ဂျုန်လ (၈)ရက်နိမာ ဒေါ်စောယဉ်နန့် စုံဖက်ပဇပ်ခပါရေ။
နိုင်ငံရီးဖြတ်သန်းမှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၉၇၉ ခုနှစ်မှာ ကြေးမုံသတင်းဒက်ရုံးမှ ပင်စင်ယူပနာ ဗဟိုတရားရုံးချုပ်ရှိနိန် ဘဝနန့်ရပ်တည်နီယင်း ၁၉၈၈ ခုနှစ်မှာ တစ်ပါတီအာဏာသျှင်စနစ် ဆန့်ကျင်ရီးကို ရက္ခိုင်အမျိုးသားသမဂ္ဂနန့်အတူ ပူးပေါင်းတော်လှန်ခပါရေ။ ရက္ခိုင်ဒီမိုကရေစီအဖွဲ့ကို ဖွဲ့စည်းသောခါ ၊ တွဲဘက်အထွေထွေ အတွင်းမာရီးမှူးအဖြစ် တာဝန်ယူခပြီးကေ ၁၉၈၉ ဖေဖဝါရီလမှာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် UNLD ကို ဖွဲ့စည်းရီးမာ ဦးဆောင်ခရေ။ ၁၉၉ဝ ရွီးကောက်ပွဲ၌ UNLD ကိုယ်စားလှယ်အဖြစ် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်က ဝင်ရောက် ပြိုင်ခဖူးပါရေ။ ၁၉၉၁ မာ အထိန်းသိမ်းခံခရပြီး ၁၉၉၅ တွင် ပြန်ပနာလွတ်မြောက်လာခပါရေ။ ၁၉၉၈ မှာ ဒုတိယအကြိမ်အဖမ်းခံခရပနာ ၂၀၀၄ ခု၊ ဂျူလိုင်လတွင် ပြန်ပနာ လွတ်မြောက်လာခပါရေ။ ၂ဝ၁၂ ရက္ခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်ပနာဖွဲ့စည်းခါ ပါတီထူထောင်သူ (၂၁)ဦးထဲမာ ပါဝင်ခပါရေ။
ဘဝနိဂုံး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရက္ခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုနာယကအဖြစ် တာဝန်ထမ်းဆောင်ယင်း အစာအိမ် ကင်ဆာရောဂါနန့် ၄-၈-၂ဝ၁၅ နိမာ ဆုံးပါးလားပါရေ။ ဆြာကြီးမာ သမီး(၁)ဦး ကျန်ဟိခပါရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သမိုင်း၊ ၂၀၁၈၊ ရန်ကုန်၊ ရခိုင်သားကြီးစာပေ စာ-၁၁-၁၂
