ဦးအောင်ဇံဝေ
| ဦးအောင်ဇံဝေ
| |
| ကိုယ်ရီးအချက်အလက် | |
| မွီးသက္ကရာဇ် | ၁၉ နိုဗန်ဘာလ ၁၈၉၃ ခုနှစ် |
| နာမည်ရင်း | အောင်ဇံဝေ |
| မိဘနာမည် | ဦးစံဖော်ဦး နန့် ဒေါ်ကြာပွင့် |
| မွီးဖွားရာနီရာ | စစ်တွေခရိုင်(အဂု-မြောက်ဦးခရိုင်)၊ ကျောက်တော်မြို့ |
| နိုင်ငံသား | မြန်မာနိုင်ငံ |
| လူမျိုး | ရခိုင် |
| ကိုးကွယ်ရေဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
| ပညာအရည်အချင်း | သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ မဟာဗောဓိကောလိပ်နန့် ဘုံဘေပြည်နယ် ပူးနားမြို့ ရှိ စိုက်ပျိုးရီးသိပ္ပံကျောင်းမာ ပညာသင်ကြားခ |
| အလုပ်အကိုင် | ကျောင်းအုပ်၊ ရက္ခပူရ (Rekhapura)ရက္ခိုင်အသင်းကြီး၏အတွင်းရီးမှူး၊ ပါလီမန်အမတ် စသည် |
| အိမ်ထောင်ဖက် | ဒေါ်စံသာနု |
| သားသမီး | သမီး နှစ်ယောက်၊ သား တယောက် |
| ထင်ပေါ်ကျော်ကြားမှု | နိုင်ငံရီးဂေါင်းဆောင် |
| ထင်ယှားရေလက်ရာတိ | |
| ရယှိခရေဆုတိ | ဂုဏ်ထူးဆောင်လက်မှတ်နန့် ရွှေတံဆိပ်ဆု(စိုက်ပျိုးရီးပညာ)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ |
| လက်မှတ် | |
| ကွန်ယက် | |
ဦးအောင်ဇံဝေ' (၁၉ နိုဝင်ဘာ ၁၈၉၃ – ၂၉ ဒီဇင်ဘာ ၁၉၈၄)စွာ မဟာသီရိသုဓမ္မ နန့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်)ရ အငြိမ်းစားဝန်ကြီး တစ်ဦး ဖြစ်ပါရေ[၁]။
ငယ်ဘဝ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဦးအောင်ဇံဝေကို ၁၈၉၃ ခုနှစ် နိုဗန်ဘာလ ၁၉ ရက်နိတွင် စစ်တွေခရိုင်(အဂု-မြောက်ဦးခရိုင်)၊ ကျောက်တော်မြို့၌ မွီးဖွားခရေ။ မိဘတိမှာ ဦးစံဖော်ဦး နန့် ဒေါ်ကြာပွင့်ရို့ဖြစ်တေ။
ပညာရီး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရန်ကုန်မြို့ အ.ထ.က(၆)ဗိုလ်တထောင် စိန်ပေါ(လ်)အထက်တန်းကျောင်းတွင် ပညာသင်ယူခရေ။ ယပြီးကေ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ မဟာဗောဓိကောလိပ် တွင် ဆက်ပနာပြီးကေ ပညာဆည်းပူး၍ လန်ဒန်မက်ထရစ် စာမိန်းပွဲအောင်မြင်ခရေ။ ပထမကမ္ဘာစစ် ဖြစ်ပွားချိန်တွင် ကျောင်းပညာကို ဆက်ပနာ မသင်ကြားနိုင်ဘဲ စစ်တွေမြို့သို့ ပြန်ခရေ။ ယပြီးကေ ဘုံဘေပြည်နယ် ပူးနားမြို့ ရှိ စိုက်ပျိုးရီးသိပ္ပံကျောင်းတွင် ကျောင်းစိုက်ပျိုးရီးပညာရပ်တိကို သင်ယူဆည်းပူးခရေ။
နိုင်ငံရီး ဖြတ်သန်းမှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ပထမကမ္ဘာစစ်ကြီးပြီးပနာ မြန်မာနိုင်ငံသို့ပြန်ရောက်ရေအခါ မှော်ဘီ၊ ခမောင်းနား၊ တပ်ကုန်း၊ မန္တလေးအစဟိရေ မြို့များဟိ စိုက်ပျိုးရီး ဥယျာဉ်တိတွင် စိုက်ပျိုးရီးပညာကို လက်တွိလုပ်ကိုင်ကေ ပညာကို ဆက်ပနာလိလာဆည်းပူးခရေ။ ၁၉၃၁ ခုနှစ်မာ မြန်မာပြည် ဘုရင်ခံဆာချားအင်းနစ်၏ စိုက်ပျိုးရီးပညာနန့် စပ်လျဉ်းသော ဂုဏ်ထူး ဆောင်လက်မှတ်နန့် ရွှေတံဆိပ်ဆုကို ချီးမြှင့်ခြင်းခံခရရေ။ ဦးအောင်ဇံဝေစွာ ၁၉၁၈ ခုနှစ်မှစပြီးကေ နိုင်ငံရီးလောကသို့ ဝင်ရောက်ခပြီး ရက္ခပူရ (Rekhapura) ရက္ခိုင်အသင်းကြီး၏အတွင်းရီးမှူး အဖြစ် ပါဝင်ဆောင်ရွက်ခရေ။ ဂျီစီဘီအေအသင်းကြီး၏ အသင်းဝင် အဖြစ်လည်း ပါဝင်ခရေ။ ယပြီးကေ ကျောက်တော်မြို့တွင် အင်္ဂလိပ်- မြန်မာအလယ်တန်းကျောင်းကို တည်ထောင်၍ ကျောင်းအုပ်အဖြစ် ဆောင်ရွက်ခရေ။ ၁၉၃၆ ခုနှစ်မာ အောက်လွတ်တော်အမတ်အဖြစ် စစ်တွေမြို့ မှ အရွီးခံရရေ။ ဂျပန်ခေတ်တွင် တရားရီးဝန်ကြီးဌာန၌ လက် ထောက်အတွင်းဝန်အဖြစ်သျှေကောင်း၊ ၁၉၄၅ ခုနှစ်မာ ဗိုလ်ချုပ်အောင် ဆန်းဦးစီးသော ဖဆပလနန့် နောင်တွင် ဖဆပလအဖွဲ့ချုပ်တွင် အလုပ် အမှုဆောင်အဖွဲ့ဝင်အဖြစ်သျှေကောင်း၊ ၁၉၄၇ ခုနှစ်မာ ပင်လုံညီလာခံ - ဖြစ်မြောက်ရီးအကြံပီးအဖွဲ့ဝင်အဖြစ်သျှေကောင်း ပါဝင်ဆောင်ရွက် ခရေ။ ယပြီးကေ ဗိုလ်ချုပ်အောင်ဆန်း ဥက္ကဋ္ဌအဖြစ် ပါဝင်ဖွဲ့စည်းသော မြန်မာနိုင်ငံဘုအစာခံ ဆာဟူးဘက်ရန်း(စ်)၏ အလက်သပ်ခံဝန်ကြီးအဖွဲ့တွင် လည်း ဦးအောင်ဇံဝေစွာ လူမှုဝန်ထမ်း၊ ကျန်းမာရီးနန့် ဒေသန္တရဝန်ကြီးဌာနဝန်ကြီးအဖြစ် ပါဝင်ခရရေ။
၁၉ ဂျူလိုင်လုပ်ကြံမှုက လွတ်မြောက်ခသူ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၉၄၇ ခုနှစ်၊ ဂျူလိုင် ၁၉ ရက်(အာဇာနည်နိ)နေ့တွင် အမျိုးရား ဂေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနန့်တကွ အစိုးရအဖွဲ့ဝင်ဝန်ကြီးတိ အား လူသတ်သမားတိက လုပ်ကြံသတ်ဖြတ်ရာမှာ ဦးအောင်ဇံဝေစွာ အစည်းအဝီးခန်းအတွင်းမာဟိနီခကေလေ့ အသက်ဘေးမှသီသီအချေ လွတ်မြောက်ခရေ။
လွတ်လပ်ရီးနောက်ပိုင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြန်မာနိုင်ငံလွတ်လပ်ရီးရပြီးကေ ပါလီမန်အမတ် အဖြစ် စစ်တွေမြို့နယ်မှရွီးချယ်ခံရရား လူမှုဝန်ထမ်းနန့် မာရီးဝန် ကြီးဌာနဝန်ကြီးအဖြစ်သျှေကောင်း၊ ၁၉၄၉ခုနှစ်မာ လူမျိုးစုရီးရာဝန် ကြီးအဖြစ်သျှေကောင်း ဆောင်ရွက်ခရေ။ ၁၉၅၃- ခုနှစ် ဂျုန်လ (၁) ရက်နိတွင် ရာထူးခန့်အဖွဲ့၊ ဝန်ထမ်း ရွီးချယ်ရီးနန့်လိ့ကျင့်ရီးအဖွဲ့ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရရီး၊ ဦးအောင်ဇံဝေစွာ ၁၉၇ဝ ပြည့်နှစ်မာ ကျင်းပသော အမျိုးရားအောင် ပွဲနေ့ ရွှီရတုသဘင်ဖြစ်မြောက်ရီး ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင် ဆောင်ရွက်ခရေ။ ဦးအောင်ဇံဝေစွာ ၁၉၅၃ ခုနှစ်မာ မဟာသီရိသုဓမ္မဘွဲ့တံဆိပ် ကိုလေ့သော့၊ နောက်မကြာခင် နိုင်ငံဂုဏ်ရည်ဘွဲ့(ပထမဆင့်)ကို သျှေကောင်း ချီးမြှင့်အပ်နှင်းခြင်းခံရရေ။
ကွယ်လွန်ခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဘဝတလျှောက်လုံး အမျိုးရားရီးတာဝန်တိကို အားကြိုးမာန်တက် ဆောင်ရွက်ခသူ ဝန်ကြီးဟောင်း ဦးအောင်ဇံဝေစွာ ၁၉၈၄ ခုနှစ်၊ ဒီဇန်ဘာလ ၂၉ ရက်နိတွင် ရန်ကုန်မြို့၌ ကွယ်လွန်ခရေ။ ဦးအောင်ဇံဝေ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်စံသာနုနန့် သမီးနှစ်ယောက်၊ သားတယောက်ကျန်ရစ်ခရေ။[၂]
