ဦးအောင်လွင်
| ဦးအောင်လွင်
| |
| ကိုယ်ရီးအချက်အလက် | |
| မွီးသက္ကရာဇ် | အောက်တိုဘာလ ၂၃ ရက် ၁၉၃၅ |
| နာမည်ရင်း | |
| မိဘနာမည် | အဖ ဦးအောင်ကျော်ဇံ၊ အမိဒေါ်ကြွယ် |
| မွီးဖွားရာနီရာ | ရခိုင်ပြည်နယ်၊စစ်တွေမြို့ |
| နိုင်ငံသား | မြန်မာနိုင်ငံ |
| လူမျိုး | ရခိုင် |
| ကိုးကွယ်ရေဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
| ပညာအရည်အချင်း | တက္ကသိုလ်ဝင်တန်း |
| အလုပ်အကိုင် | ဒါရိုက်တာ၊ သရုပ်ဆောင် |
| အိမ်ထောင်ဖက် | ဒေါ်အေမီ |
| သားသမီး | ၆ ယောက် |
| ထင်ပေါ်ကျော်ကြားမှု | ဒါရိုက်တာ၊ သရုပ်ဆောင် |
| ထင်ယှားရေလက်ရာတိ | နော်ကူးမ ဇာတ်ကား |
| ရယှိခရေဆုတိ | ၁၉၇၄-ခု၊ အကယ်ဒမီ သရုပ်ဆောင် ထူးချွန်ဆု(ဇာတ်ရံ) |
| လက်မှတ် | |
| ကွန်ယက် | |
ဦးအောင်လွင်စွာ ရုပ်ရှင်ထူးချွန်ဆုရဟိရေ ရက္ခိုင်လူမျိုး ဇာတ်လိုက်မင်းသားနန့် ဒါရိုက်တာ တဦးဖြစ်တေ။ ဦးအောင်လွင်စွာ အောက်တိုဘာလ ၂၃ ရက် ၁၉၃၅ ခုနှစ် စစ်တွေမြို့မာ အဖ ဦးအောင်ကျော်ဇံ၊ အမိဒေါ်ကြွယ်ရို့မှ မွီးဖွားခရေ။ ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်း၊ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း ကျခရေ။ ဟယ်ရီတန်အရီးအခင်း၌ ပါဝင်ခရေ။ ၁၉၅၄-၅၅ ခုနှစ်မာ အမျိုးရားစီးမံကိန်းဌာန၊ စာကေးအင်းဌာနခွဲတွင် အောက်တန်းစာရီး၊ ၁၉၅၅-၅၆ ခုနှစ်မာ ရေနံချောင်းမြို့၊ ရေနံမြေစီမံကိန်းရုံးတွင် အထက်တန်းစာရီး၊ ၁၉၅၆ ခုနှစ်မာ ဓာတ်သတ္တုရှာဖွီရီးနိုင်ငံခြားပညာသင်အဖြစ် ရွီးချယ်ခံရကေလေ့ ဟယ်ရီတန်အရီးအခင်း၌ ပါဝင်ခမှုကြောင့် ပယ်ခြင်းခံရရေ။[၁]
ရိုက်ခသော ဇာတ်ကားတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- အတွေ့ (1962)
- တိမ်လွှာမို့မို့လွင်(1967)
- ငယ်ကျွန်းဆွေ (1968)
- ကျောက်မဲအကျဉ်းသား(1969)
- မှုံရွှေရည် (1970)
- နော်ကူးမ(1974)
- နေကျောက်ခဲ (1983)
- မိုးညအိပ်မက်မြူ(2009)
- ပင်လယ်ရေချမ်းနွေမှာခန်း(2010)
- နောက်မကျကြေး(ဒါရိုက်တာ)
- မိုးကုတ်စက်ဝိုင်း ကျော်လွန်၍၊ (ဒါရိုက်တာ)
- အမုန်းသက်လေပြေ(2010)
- အမွှေစိန်(2011)
- ကိုလူပျိုနဲ့ ဂျူးလီယက် (2011)
- အမုန်းလွန်သော်(2011)
- နိုင်ငံကျော်ရုပ်ရုင်မင်းသမီးယောက်ျား(2012)
- ယောက္ခမနှင့်တစ်ထောင်တစ်ည(2013)
- သရဲတကယ်ရှိလား(2013)
- မယားပါဆွေမျိုးများ(2014)
- ပန်းပြုစားတဲ့ည(2014)
- အွန်လိုင်းဝိညာဉ်(2015)
- ချစ်စံအိမ်(2015)
- Kingdom of Mrauk U Opera (2016)
- မွှေချက်များသော်(2018)
- ပြဿနာ(2019)
- နှစ်ပါးသွား Update(2019)
- Longing with Love (2020)
ဘ၀ဇာတ်ကြောင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၉၆၁ ခုနှစ်မာ ကျောက်မဲမြို့မှ အငြိမ်းစား အရီးပိုင် ဦးအယ်လ်ခွန်ဆိုင်း၊ ဒေါ်နန်းခမ်းကြာရို့၏ သမီး ဒေါ်အေမီနန့် ပဇပ်ခပြီးကေ၊ သား သမီး ၆ ဦး ထွန်းကားခရေ။
၁၉၅၇ တွင် ရုပ်ရှင်လောကသို့ ဝင်ရောက်ခပြီး၊ ၁၉၇၄ ခုနှစ် အတွက် အကယ်ဒမီ သရုပ်ဆောင် ထူးချွန်ဆု(ဇာတ်ရံ)ကို နော်ကူးမ ဇာတ်ကားဖြင့် ရဟိခရေ။ ဒါရိုက်တာ စံရွှီမောင် နာမည်ဖြင့်လေ့ မိုးကုတ်စက်ဝိုင်း ကျော်လွန်၍၊ နောက်မကျကြေးနန့် အခြား ရုပ်ရှင်ဇာတ်ကားတိကို ဒါရိုက်တာအဖြစ် တာဝန်ယူပနာ ရိုက်ကူး ထုတ်လုပ်ခရေ။
၁၉၈၈ ခုနှစ်မာ ရှစ်လေးလုံး ပြည်သူ့ အရီးတော်ပုံကြီးတွင် အခြား စာပီ အနုပညာသျှင်တိနန့် အတူ လက်တွဲပနာ တက်ကြွစွာ ပါဝင်ခပိုင်၊ သား သာကျော်မောင်နန့် သမီး သန္ဒာခိုင်ရို့ ၂ ဦးစွာလေ့ တက်ကြွစွာ ပါဝင်ခပြီးကေ၊ မဆလ အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခရရေ။ ရုပ်ရှင် သမဂ္ဂတွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ခရေ။[၂]
၁၉၈၉ ခုနှစ်မာ ဇနီး ဖြစ်သူ ဒေါ်အေမီနန့် ကွာရှင်း ပြတ်စဲခပြီးကေ၊ ကွာယှင်းပြီးကေ ဇနီးဖြစ်သူနန့် သမီးဖြစ်သူ မကျော့ကျော့ခိုင်ရို့စွာ ဂျပန်နိုင်ငံသို့ လားရောက် အလုပ်လုပ်ကိုင် နီထိုင် နီကတ်တေ။[၃]
စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းပြီးကေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းရေအခါ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ရေ တတ်သိပညာသျှင် အစုအဖွဲ့ကနိန် ပါဝင်ခပြီးကေ၊ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် တဦး အဖြစ် တာဝန်ယူခရေ။[၂]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ၁၉၃၅ မွီးဖွားသူတိသက်ဟိထင်ယှားပုဂ္ဂိုလ်တိ
- 1 2 https://www.myanmarcelebrity.com/2022/10/blog-post_80.html
- ↑ https://www.myanmarcelebrity.com/2022/10/blog-post_80.html
