Jump to content

ဦးအောင်လှဇံ

ဝီကီးပီးဒီးယား က
ဦးအောင်လှဇံ
U Aung Hla Zan
ကိုယ်ရီးအချက်အလက်
မွီးသက္ကရာဇ် စတ်တင်ဘာလ(၉)ရက်၊ ၁၉၂၅ ခု၊
နာမည်ရင်း အောင်လှဇံ
မိဘနာမည် အဖဦးချစ်စောဦး၊ အမိ ဒေါ်ကြာညို
မွီးဖွားရာနီရာ ရခိုင်ပြည်နယ်မြောက်ဦးမြို့
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း B.Com ဘွဲ့(ရန်ကုန်တက္ကသိုလ်)
အလုပ်အကိုင် ကျောင်းအုပ်ဆြာကြီး၊ မြို့နယ်ပညာရီးမှူး၊ လွှတ်တော်အမတ်
အိမ်ထောင်ဖက် ဒေါ်စံသာဖြူ
သားသမီး (၇) ဦး
ထင်ပေါ်ကျော်ကြားမှု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ
ထင်ယှားရေလက်ရာတိ
ရယှိခရေဆုတိ
လက်မှတ်
ကွန်ယက်

ဆရာကြီး ဦးအောင်လှဇံ B. Com

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဆရာကြီးဦးအောင်လှဇံ ကို ၁၉၂၅ ခု၊ စတ်တင်ဘာလ(၉)ရက်၊ တနင်းလာနေ့တွင် ရက္ခိုင်ပြည် မြောက်ဦးမြို့ အဖဦးချစ်စောဦး၊ အမိ ဒေါ်ကြာညို ရို့မှ မွီးဖွားခရေ တဦးတည်းသော သားဖြစ်ပါရေ။ မြောက်ဦးမြို့က ဆယ်တန်းအောင်ပြီး ရန်ကုန်တက္ကသိုလ်က B.Com ဘွဲ့ကို ရဟိခပါရေ။ ၁၉၅ဝ ခုနှစ်မာ ဒေါ်စံသာဖြူနန့် စုံဖက် ပဇပ်ခပါရေ။

တာဝန်ထမ်းဆောင်ခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၁၉၅၂ နှစ်မှ ၁၉၅၄ အထိ ရက္ခိုင်ပြည် ကျောက်တော်မြို့ အ-ထ-က မှာ ကျောင်းအုပ်ဆြာကြီးအဖြစ် တာဝန်ထမ်းဆောင်ခပါရေ။ ၁၉၅၄ နှစ်မှ ၁၉၅၆ ထိ စာရင်းရုံး အရာဟိအဖြစ် (ဗဟိုစာရင်းအင်းနန့် စီးပွားရီးဌာန) ရန်ကုန်ကို ပြောင်းရွိပြီး အမှုထမ်းခပါရေ။ ၁၉၅၆ မှာ စစ်တွေမြို့ကို ပြန်ပြောင်းရွိကာ ““ဦးအောင်လှဇံ အလွတ်ပညာသင်ကျောင်း”ကို ဖွင့်လှစ်ခပါရေ။ ၁၉၆၆ ခုနှစ်မာ ယင်းကျောင်းကို ပြည်သူပိုင်အဖြစ် အသိမ်းပိုက်ခံလိုက်ရပါရေ။ ၁၉၆၈ ခုနှစ်မှ ၁၉၇၆ ထိ မြောက်ဦးမြို့ အ-ထ-က ကျောင်းအုပ်ဆြာကြီး၊ မြို့နယ်ပညာရီးမှူး တာဝန်ရို့ကို ထမ်းဆောင်ခပါရေ။ ၁၉ဝ၆ ခုနှစ်မာ အလုပ်က နှုတ်ထွက်ပနာ “ဦးအောင်လှဇံ နည်းပြသင်တန်းကျောင်း” ကို မြောက်ဦးမြို့မာပင် ဖွင့်လှစ်သင်ကြား ပီးခပါရေ။ ၁၉၈၉ ခုနှစ်မှာ ALD ဗဟို C.E.C အဖြစ် တာဝန်ထမ်းဆောင်ခပြီးကေ ၁၉၉ဝ မှာ မြောက်ဦးမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ ရက္ခိုင်ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်အဖြစ် ရွီးချယ်တာဝန် ပီးအပ်ခြင်းခံခရပါရေ။

၁၉၉၃ ခုနှစ်၊ ဂျူလိုင်လ (၃၀)ရက်နိတွင် မြောက်ဦးမြို့မာပင် ဆုံးပါးလားခပါရေ။ ဆြာကြီး၌ သားသမီး(၇)ဦး ကျန်ဟိခပါရေ။[]

  1. ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သမိုင်း၊ ၂၀၁၈၊ ရန်ကုန်၊ ရခိုင်သားကြီးစာပေ စာ-၇-၈