Jump to content

ဦးအောင်သာကျော်

ဝီကီးပီးဒီးယား က

ဦးအောင်သာကျော် (၁၈၉၈-၁၉၇၂) စစ်တွေမြို့နီ အဖဦးသာထွန်း၊ အမိ ဒေါ်သူဇာရို့ မိဘနှစ်ပါးမှ ၁၈၉၈ ခုနှစ်မာ ဦးအောင်သာကျော်ကို မွီးဖွားခရေ။ သား ၂ ယောက် ထဲက ဦးအောင်သာကျော်မှာ သားအကြီးဆုံးဖြစ်ပနာ သားငယ်ဦးဖိုးသာမာ ရန်ကုန်မြို့ - ဝိဇ္ဇာနန့်သိပ္ပံတက္ကသိုလ်ဓာတုဗေဒဌာန ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခရေ။ ဦးအောင်သာကျော်မှာ ငယ်စဉ်က စစ်တွေမြို့ ဟိုက်စကူးကျောင်းမာ ပညာသင်ကြားခရေ။ ငယ်စဉ်ကပင် စာကကောင်းတော်၍ သတ္တမတန်းမှ ဒသမတန်းအထိ ပညာရည်ချွန်ဆု (စကောလားရှစ်)ရဟိခရေ ကျောင်းသားတဦးဖြစ်တေ။ ဒသမတန်းတွင်ပညာသင်ကြားနီစဉ် မြန်မာ နိုင်ငံ၌ ကျောင်းသားတိသပိတ်ဖြစ်ပွားခရာ အိန္ဒိယနိုင်ငံ ကာလကတ္တား မြို့ကို လားရောက်ပနာ ပညာသင်ကြားခရေ။ ဝိဇ္ဇာ (ဘီအေ) ဘွဲ့နန့် ဥပဒေဝိဇ္ဇာဘွဲ့ကို ရန်ကုန်တက္ကသိုလ်မာပင် ရဟိခရေ။ ကျောင်းမှ ဥပဒေဘွဲ့ရယား အတွင်းမာဝန်များရုံး (အဂုဝန်ကြီးတိရုံး) တွင် အငယ်တန်းအရာဟိအဖြစ် တာဝန်ထမ်းဆောင်ခရေ။ ၁၉၄၂ ခုနှစ် တွင် မြန်မာနိုင်ငံဝန်ထမ်း (ဘီစီအက်စ်)စာမိန်းပွဲဝင်ရောက်ဖြေဆို၍ အောင်မြင်ခရာ တရားမ ဝန်ထောက်အဖြစ် ခန့်ထားခြင်းခံရရေ။

ထိုနှစ်မာပင် စစ်တွေမြို့နီ ဝန်ထောက်ဦးရဲအောင် ဇနီးဒေါ်အုန်းကြာဦး ရို့ ၏ သမီး ဒေါ်ဦးခင်လှနန့် အိမ်ထောင်ကျရေ။ ဦးအောင်သာကျော်နန့် ဒေါ်ဦးခင်လှရို့မာ သမီးမျောက်သား တော်စပ်ကတ်ရေ။ (တစ်ဝမ်းကွဲမောင်နှမတိဖြစ်တေ)။ သမီးမျောက်သားမှာ ရက္ခိုင်ရို့အခေါ်အဝေါ် ဝေါဟာရတစ်ခုဖြစ်တေ။ ဥပမာ- အစ်ကိုနန့် ညီမှ မွီးလာရေ တစ်ဝမ်းကွဲ မောင်နှမတိ လုံးဝနစပ်၍ မရပါ။ ယောက်ျားသွီးကို ယူပနာ မောင်နှမ စစ်စစ်ဟု ယူဆရေ။ ယကေလေ့ ညီမ (သို့) အစ်မမှမွီးလာရေ သား သမီးတိစွာ ပရံလူနန့် ရပနာ မွီးလာအတွက်နန့် သွီးမတူသားမတူ လို့ ယူဆကတ်တေ။ ယင်းအတွက်နန့် မောင်နှမမွီးလာရေ တစ်ဝမ်းကွဲမောင်နှမတိ တဦးနန့် တဦး နစပ်လို့ ရရေ။ ၁၉၂၆ ခုနှစ်မာ မောင်းတော နယ်တွင် လီမုန်တိုင်းကျရောက်ပနာ ရီလျှံပြီး ပင်လယ်ကူးသင်္ဘောကြီး မောင်တောမြို့ထက်ရောက်ပါလတ်တေအထိ ဆိုးဝါးခရေ။. ဦးအောင်သာကျော်စွာ မောင်းတောနယ် လီဘေးဒုက္ခသည်တိအတွက် ကယ်ဆယ်ရီးလုပ်ငန်းတိကို လားရောက်ပနာတာဝန်ယူဆောင်ရွက်ခရရေ။ ၁၉၂၆ ခုနှစ်မာ ဖျာပုံမြို့ကို တရားမ ဝန်ထောက်ရာထူးနန့်ပင် ပြောင်းရွိအမှုထမ်း ရရေ။ ၁၉၂၇ ခုနှစ်နန့် ၁၉၂၉ ခုနှစ်တိမာ အင်းစိန်မြို့နန့် တောင်ငူမြို့တိတွင်- တရားမဝန်ထောက်အဖြစ် . အမှုထမ်းခရရေ။ ၁၉၃၀ ခုနှစ်မာ ရန်ကုန်မြို့ “စမော်ကော်ရုံး’ (Small Cause) Court, Rangoon) ဟုခေါ်သော တရားမမှု အမှုန့်စိကေရို့စီရင်ရေ ရုံးတွင် တတိယတရားလူကြီးအဖြစ် .တာဝန်ထမ်းဆောင်ရပြီးကေ ၁၉၃၁ ခုနှစ်မာ ဖျာပုံမြို့ကို ဒုတိယအကြိမ် ပြောင်းရွိအမှုထမ်းရရေ။ ယင်းမှ တဆင့် မကွေးမြို့ သို့ လက်ထောက်စက်သျှင်မင်းကြီး(Assistant Ses- sion.Judge) ရာထူးတိုးမြှင့်၍ တာဝန်ထမ်းဆောင်ခရရေ။ ၁၉၃၂ ခုနှစ်မာ ယင်းရာထူးဖြင့်ပင် စစ်တွေမြို့ကို ပြောင်းရွိ အမှုထမ်းပြီး ၁၉၃၃ ခုနှစ်မာ မန္တလေးသို့ တစ်ဖန် ပြောင်းရွိအမှုထမ်းရ ရေ။ ၁၉၃၇ ခုနှစ်မာ မြောင်းမြမြို့ သို့ စက်သျှင်မင်းကြီးရာထူးဖြင့် ၂ နှစ်တာမျှ တာဝန်ထမ်းဆောင်ခရရေ။ ယင်းကတဆင့် စစ်ကိုင်းမြို့ကို ပြောင်းရွိ၍ အမှုထမ်းရရေ။

၇ လအကြာမှာ ရွှေဘိုမြို့ကို ပြောင်းရွိ ၍ အမှုထမ်းနေစဉ် မြန်မာနိုင်ငံအား ဂျပန်ရို့ဝင်ရောက်လှာ၍ ၁၉၄၂ ခုနှစ် ဖေဖဝါရီလ နောက်ဆုံးသီတင်းပတ်တွင် အလုပ်မှခွင့်ယူပနာ စစ်ဖီးရှောင်ဖို့ စစ်တွေမြို့သို့ မိသားစုအားနူံး ပြောင်းရွိပါလတ်တေ။ ၁၉၄၂ ခုနှစ်၊ မာ့ခ်ျလ ၂၃ ရက်နိတွင် စစ်တွေမြို့ကို ဂျပန်တိ စတင်ဗုံးကြဲရာ ́အစိုးရ၏အရီးမကြီးရေဌာနတချို့ ́ဘူးသီးတောင်မြို့ကို ပြောင်းရွိ၍ ခေတ္တရုံးဖွင့်လှစ်ထားရာ ဦးအောင်သာကျော်နန့် မိသားစုရို့လေ့ ဘူးသီးတောင်မြို့ကို ရွှိပြောင်းခရရေ။ ၁၉၄၂ ခုနှစ်၊ ဧပြီလအတွင်းမာ ဦးအောင်သာကျော်စွာ မိမိ၏ ခွင့်ကိစ္စနန့် ပတ်သက်ပြီးကေ လားရောက်ခရာမှအပြန် မောင်းတောမြို့ကို ရောက်ဟိခရေ။ ယင်းချိန်တွင် မောင်းတောမြို့၏အခြီအနီစွာ အုပ်ချုပ်ရီး လုံးဝပျက် ပြားနီရေအချိန်နန့် လာကြုံကြိုက်နိန်ရေ။ ကုလား၊ ရက္ခိုင် ပဋိပက္ခစွာ ကကောင်းပင်စိုးရိမ်ဖို့ အခြီအနီရောက်ဟိနီရာ မောင်းတောမြို့မှ ရက္ခိုင် သားတိအားနူံးကို အိန္ဒိယသို့ ပြောင်းရွိရန် စီစိုင်ပီးခရရေ။ ရက္ခိုင် စစ်ဖီးဒုက္ခသည်တိကို စားစရိတ်နန့် ကုန်ကျစရိတ်အားနူံးကို တာဝန် ယူပနာ ၇ လအတိ ဒင်နာဂျ်ပူမြို့နားမာဟိရေ ကာဆီယွန်မြို့တွင် စောင့် ရှောက်ထားခရရေ။ ဦးအောင်သာကျော်နန့် မိသားစုစွာ ယင်းစခန်း တွင် စခန်းမှူးအဖြစ် အစစအရာရာ တာဝန်ယူပနာ စောင့်ရှောက်ခရရေ။

ရာထူးတိုးမြှင့်ခံရခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ယပြီးကေ အိန္ဒိယနိုင်ငံ ဒါဂျီလင်မြို့အနီးတွင် ကာစိယွန်မြို့ကို ပြောင်းရွိ ရယား ထိုမြို့တွင် ၃ နှစ်ခန့်နီထိုင်ခရရေ။ ယပြီးကေ ဦးအောင်သာကျော် စွာ ဗြိတိသျှအစိုးရတပ်တွင် ဒုတိယဗိုလ်အဖြစ် ၆ လ အမှုထမ်းရယား ဗိုလ်မှူးအဖြစ် ရာထူးတိုးမြှင့်ခံထားရရေ။ ယင်းနောက် ဗိုလ်မှူးကြီးအဖြစ် ခန့်ထားခံရယား မောင်းတော်မြို့ အပိုင် . ကြိမ်ချောင်း (ဘော်လီဘဇား)သို့ . ပြောင်းရွိတာဝန်ယူရရေ။ ဦးအောင်သာကျော်စွာ ကြိမ်ချောင်းတွင် တာဝန်ထမ်းဆောင်နီစဉ် မြန်မာနိုင်ငံ ရခိုင်တိုင်း ဖက်ဆစ်ဂျပန်တော်လှန်ရီးတပ်တိနန့် ဆက်သွယ်ပြီးကေ ဖက်ဆစ်ဂျပန်ရို့ကို တော်လှန်ရီးတပ်ပေါင်းစုနန့် ပူးပေါင်းပနာ တော်လှန်ခသူတဦးလည်းဖြစ်ခရေ။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးလားပြီးနောက်ပိုင်း -၁၉၄၅-၄၆ ခုနှစ်မာ စက်သျှင်မင်းကြီးအဖြစ် ပုသိမ်- မြို့ကို ပြောင်းရွိအမှုထမ်းခရရေ။ ပုသိမ်မြို့တွင် ၂ နှစ်ခန့်တာဝန် ထမ်းဆောင်ခပြီးကေ ရန်ကုန်မြို့ကို တစ်ဖန်ပြောင်းရွိအမှုထမ်းရရေ။ ၁၉၄၆-ခုနှစ် နိုဗန်ဘာလ ၁၁ ရက်တွင် ဦးဧမောင် (နောင် ဒေါက်တာဧမောင်)စွာ ဗြိတိသျှဘုရင်ကခန့်သော အမြဲတမ်းတရားဝန်ကြီး ဖြစ်လှာ၏။ ဦးကျော်မြင့်မှာ ဘုရင်ခံ ‘ဆာယူးဘတ်ရှမ်းစ်' က တည်ဆဲ အုပ်ချုပ်ရီးဥပဒေအရ ခန့်ထားသော တစ်နှစ်တာအတွက် ယာယီတရား ဝန်ကြီးဖြစ်လှာခရေ။ နိုဗန်ဘာလ ၄ 'ရက်နိတွင် ဦးကျော်မြင့်နန့် ဦးအောင်သာကျော်ရို့စွာ ပြန်ပနာတည်ထောင်ထားသော တရားလွှတ် တော်တရားဝန်ကြီးခန့်ထားပနာ ကျမ်းသစ္စာဆိုကေ ချိန်းထားကေလေ့ ဗြိတိသျှဘုရင့်အမိန့်တော်ကို သယ်ဆောင်လာရေ လီယာဉ်ပျံစွာ လမ်းခရီးတွင် စက်ပျက်နိန်ပနာ အချိန်မီမရောက်လှာနိုင်အတွက်နန့် နိုဝင်ဘာလ ၁၁' ရက်နိကျမှ ကျမ်းသစ္စာဆိုရပြီးကေ တရားဝန်ကြီးတိဖြစ်လှာကြရေ။ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုရေ ဂေါင်းဆောင်ကြီးတိအား ဂဠုန်ဦးစောရို့က လုပ်ကြံသတ်ဖြတ်ခစဉ်က တရားလူကြီးဦးကျော်မြင့် ဂေါင်းဆောင်သော ခုံသဘာပတိအဖွဲ့တွင် စက်သျှင်တရားလူကြီး ဦးစီဘူး နန့်အတူ ဦးအောင်သာကျော်ရို့အဖွဲ့မှ ဂဠုန်ဦးစောနန့် ‘အပေါင်းပါရို့ အား သီဒဏ်စီရင်ချမှတ်ခရေ။ တရားဝန်ကြီးအဖြစ် အမှုထမ်းနေစဉ် မြန်မာနိုင်ငံအစိုးရက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သို့ စီလွှတ်သော ကမ္ဘာကုလသမဂ္ဂအတွင်းဝန်ချုပ် ဦးသန့်ဂေါင်းဆောင်ရေ အဖွဲ့နန့်အတူ ယင်းအဖွဲ့မှ ကျင်းပသော ညီလာခံသို့ တက်ရောက်ခရေ။ ဦးအောင်သာကျော်စွာ တရားရီးဝန်ကြီး အဖြစ် ၁၂ နှစ်တာမျှ အမှုထမ်းရွက်ပြီး ၁၉၆၂ ခုနှစ် မာ့ခ်ျလ ၃ဝ ရက်နိ တွင် တရားဝန်ကြီးရာထူးမှ ရပ်စဲခြင်းခံရရေ။

၁၉၇၂ ခုနှစ် ဖော်ဖော်ဝါရီလ ၂၈ ရက်နိတွင် ဦးအောင်သာကျော်စွာ အပြင်းအထန်ဖျားပြီး နှလုံးနန့် ပတ်သက်ရေ ဝေဒနာခံစား ခရရေ။ ၁၉၇၂ ခုနှစ် မာ့ခ်ျလ ၁ ရက်နိ မိုးထ ၂ နာရီတွင် ပြည်လမ်း၊ အိမ်အမှတ် ၃၄၁. နီအိမ်မာပင် ကွယ်လွန်ခရေ။ ဦးအောင်သာကျော်၏ ဇနီးဒေါ်ဦးခင်လှစွာလေ့ ခင်ပွန်း ဦးအောင်သာကျော်နည်းတူ ရက္ခိုင်လူမျိုးတိ၊ လူမှုရီးကိစ္စတိတွင် ဦးဆောင်ပါဝင်ခသူတဦးဖြစ်တေ။ ရန်ကုန်မြို့ ရက္ခိုင်အမျိုးသမီးများ အသင်းတွင် ဥက္ကဌအဖြစ် ၂၃ နှစ်လုံးလုံး ပါဝင်ဆောင်ရွက်ခရေ။ ရက္ခိုင်သင်္ကြန်၊ ရက္ခိုင်မဏ္ဍပ်ကိုလေ့ ပြည်လမ်းရှိ သူ့အိမ်ရှိမာ နှစ်စိုင်နှစ်တိုင်းကျင်းပပြုလုပ်ပီးခရေ။ ဦးအောင်သာကျော်နန့် ဇနီး ဒေါ်ဦးခင်လှရို့တွင် သားငါးဦးနန့် သမီးလေးဦးထွန်းကားခရေ။[]

  1. အေးသိန်း၊ နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ၊ ၂၀၀၇၊ ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ စာ-၁၅၆-၁၅၉