ဦးဦးလှစော
| ဦးဦးလှစော | |
| ကိုယ်ရီးအကျဉ်းချုပ် | |
| မွီးသက္ကရာဇ် | ၂၇ မေ ၁၉၅၃ |
| မွီးဖွားရာနီရာ | မြောက်ဦးမြို့၊ ရခိုင်ပြည် |
| မိဘနာမည် | ဘာဘာ ဦးအောင်လှဇံ၊ မိခင်ဒေါ်စံသာဖြူ |
| လူမျိုး | ရခိုင်လူမျိုး |
| ကိုးကွယ်ရေဘာသာ | ဗုဒ္ဓဘာသာ |
| အိမ်ထောင်ဖက် | ဒေါ်အနွဲ့ချေ |
| သားသမီး | ချိုဉာဏ်ဝေ၊ ဆောင်းနှင်းဝီ |
| မွီးချင်း | |
| ရာထူးအဆင့် | ULA/AA ဗဟိုနိုင်ငံရီးဌာန၊ နိုင်ငံရီးမှူး |
| လက်နက်ကိုင်တပ် | အာရက္ခတပ်တော် |
| သစ္စာခံနိုင်ငံ | အာရက္ခတပ်တော် |
| အမှုထမ်း ကာလ | ၂၀၂၁–၂၀၂၅ |
| ကွပ်ကဲရေ ဌာန | အာရက္ခတပ်တော် |
| တိုက်ပွဲ/စစ်ပွဲတိ | မြန်မာပြည်တွင်း ပဋိပက္ခ |
| လက်မှတ် | [[ဖိုင်:|100px]] |
| ဝက်ဘ်ဆိုဒ် | https://www.arakanarmy.net |
ဦးလှစော (၂၇ မေ ၁၉၅၃ - ၅ မေ ၂၀၂၅) စွာ ရက္ခိုင်လူမျိုး ထင်ရှားရေ နိုင်ငံရီးသမားတဦး ဖြစ်တေ။ မြန်မာ့နိုင်ငံရီးဖြစ်ချိန်ခါ ဆရာစွာ နိုင်ငံရီးအကျဉ်းသားတဦးအဖြစ်လေ့ကောင်း၊ ပါတီနိုင်ငံရီးနန့် လေ့ကောင်း၊ လွှတ်တော်အမတ်အဖြစ် လေ့ကောင်း၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ၏ ဗီတာ ၁ စစ်ဒေသ နိုင်ငံရီးမှူးအဖြစ်လေ့ကောင်း ပါဝင်ခရေ။ ဆရာစွာ မောင်ခိုင်အောင် ကလောင်နာမည်နန့် ကဗျာရီးခြင်း၊ စာပီရီးသားခြင်းနန့်လေ့ ဘဝကို ဖြတ်သန်းခသူဖြစ်တေ။
ငယ်ဘဝ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆရာဦးလှစောကို ၁၉၅၃ ခုနှစ် မေလ ၂၇ ရက် (ကောဇာသက္ကရာဇ် ၁၃၁၅ ခုနှစ် ကဆုန်လပြည့်နိ)တွင် ဘာဘာ ဦးအောင်လှဇံ၊ မိခင်ဒေါ်စံသာဖြူရို့ က ရက္ခိုင်ပြည်နယ်၊ မြောက်ဦးမြို့မာ မွီးဖွားခပါရေ။ အချေဘဝ စာပီသင်ကြားမှုကို စစ်တွေမြို့ ၊ ရူပရွာ မူလတန်းကျောင်း၌ ပညာသင်ကြားခရေ။ စာပီထူးချွန်သူဖြစ်ရေ အတွက် သူစွာ စစ်တွေခရိုင် ကိုယ်စားပြုသူအဖြစ်နန့် စတုတ္ထတန်း စကောလားရှစ် ပထမဆုကို ရဟိခရေ။ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၃ ဘာသာနန့် အောင်မြင်ပြီး၊ သင်္ချာဘာသာရပ်ကို အမှတ် ၁၀၀ အပြည့် ရဟိခရေ။ ယင်းနောက် ရန်ကုန်မြို့ဟိ စက်မှုတက္ကသိုလ်သို့ တက်ခွင့်ရပြီးကေ တက်ရောက်ခရေ။
UG ကျောင်းသား ရဲဘော်ခိုင်အောင်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]သူ တက္ကသိုလ် ဒုတိယနှစ် တက်နီချိန် ၁၉၆၉ ခုနှစ်မှာ အရှိတောင်အာသျှ မော်အားကဇပ်ပွဲ ဒုတိယအကြိမ်ကို မြန်မာနိုင်ငံက လက်ခံကျင်းပခွင့်ရဟိခပါရေ။
ယင်းအားကဇပ်ပွဲနန့်ပတ်သက်လို့ ကျောင်သားတိ လက်ဝှေ့ပွဲကြည့်ခွင့်လက်မှတ် မရရေကိစ္စအပါအဝင် အခြားအကြောင်းအရာတိနန့်ဆက်စပ်ပြီး ကျောင်သားတိက မကျေနပ်လို့ သမိုင်းကောလိပ်ကနိန် လှုပ်ရှားမှုတစ်ခု စတင်ခပါရေ။ ဒေလှုပ်ရှားမှုစွာ ရန်ကုန်ပင်မတက္ကသိုလ်ထိ ကူးစက်ခပါရေ။ အသက် ၁၈ အရွယ် ဦးလှစောဟာ ဒေလှုပ်ရှားမှုကို တတက်ကကြွပါဝင်ရေဆိုပြီး ၂ နှစ် ကျောင်းထုတ်ခံလိုက်ရပါရေ။ ဒေချင့်စွာ ဦးလှစောအတွက် နိုင်ငံရီးလောကထဲကို စတင်ခရေ ခြီလှမ်းလို့ ပြောရပါဖို့။ ဦးလှစောစွာ ငယ်စဉ်ကပင် အားနည်းသူဘက်မာရပ်တည်လိုရေစိတ်၊ အဖိနှိပ်ခံတိဘက်က ကာကွယ်ပီးချင်ရေစိတ်ဟိရာ ဒေချင့်စွာ သူ့ပင်ကိုယ်ဗီဇတခုပိုင် မိတ်ဆွီရင်းတိက မှတ်ချက်ပီးပါရေ။ နောက်ပိုင်း တက္ကသိုလ်တက်ခွင့်ပြန်ပနာရဟိခပြီး ကျောင်းတက်နီရင်း အလုပ်သမားအရီးအခင်းနန့်ပတ်သက်လို့ ဖမ်းဆီးခံရပြန်ပါရေ။ ဒုတိယအကြိမ် ကျောင်းထုတ်ခံရရေပိုင် စစ်ခုံရုံးကနိန် သူ့ကို ထောင် ၉ နှစ် ချမှတ်ခပါရေ။
ထောင်ကပြန် လွတ်လာရေအချိန်မာ ဦးလှစောကို စက်မှုတက္ကသိုလ်က ဆက်ပနာ လက်မခံတော့ဘဲ စာပီးစာယူဘက်ကို ပြောင်းခိုင်းရေအတွက် တက္ကသိုလ်ပညာရီးကို စွန့်လွှတ်ခပါရေ။ စာသင်သားလှုပ်ယှားမှုတိ ငြိမ်သက်နီခရာကနိန် ၁၉၆၉ ခုနှစ်လောက်မာ ပြန်လို့တော့ခါ လှုပ်ယှားမှုတိအသက်ဝင်လှာရေလှောင် ယင်းနောက်ပိုင်းကာလတိမာတော့ခါခါ စာသင်သားလှုပ်ယှားမှုတိကို ခပ်စိပ်စိပ်တွိလှာရရေလို့ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ပြောပါရေ။
သူ နိုင်ငံရီးအလုပ်တိကို အစိုင်တစိုက်လုပ်ကိုင်နီချိန် ၈၈ ခုနှစ် လူထုအုံကြွမှုကြီးမာလေ့သော့ ရက္ခိုင်ပြည်နယ်ဘက်က ပါဝင်လှာခပါရေ။
"၁၉၈၈ လူထုအုံကြွမှုဖြစ်ရေအခါမှာ ရက္ခိုင်နိုင်ငံရီးက ရန်ကုန်က ရက္ခိုင်ဓမ္မာရုံမှာစုဖွဲ့ပနာ လှုပ်ယှားတစ်ခု စလာရေ။ စစ်တွေမာလေ့သော့ သပိတ်ကော်မတီဖွဲ့ပနာ စလှုပ်ယှားကတ်ဖို့။ စစ်တိမာလှုပ်ရှားရေအဖွဲ့မှာ သူက အဓိက အခန်းကဏ္ဍက ပါရေ။ ယင်းမာကနိန် ရန်ကုန်အဖွဲ့နန့်ချိတ်ဆက်ပနာ ALD ဆိုစွာ ပေါ်လှာရာလဲ။ ညကျောင်းဆြာဘဝနန့် ALD မှာ အဓိက လှုပ်ယှားတဲ့ထဲပါဝင်ခရေ" လို့ တက္ကသိုလ်တက်ဖော် သမိုင်းပါမောက္ခဒေါက်တာအေးချမ်းက ပြောပါရေ။
ယင်းနောက် ရက္ခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ကို အစိုးရက ဖျက်သိမ်းပြီး ပါတီဂေါင်းဆောင်တိကို ဖမ်းဆီးကတ်စွာ ဦးလှစောလည်း ပါဝင်ခပြီးကေ စစ်ခုံရုံးကနိန် ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခြင်းခံလိုက်ရပါရေ။
၁၉၇၀ ခုနှစ်နောက်ပိုင်းကာလတိမာတော့ခါခါ သူစွာ နိုင်ငံရီးလုပ်ငန်းတိကို မပြတ်လုပ်ခပါလီရေ။ တက္ကသိုလ်ထဲကနိန် မြီအောက်လှုပ်ယှားမှု UG လုပ်ငန်းတိကို ထဲထဲဝင်ဝင်လုပ်ကိုင် လာခပါရေ။ ဦးလှစောဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တက္ကသိုလ် UG တစ်ယောက်ပါ။ ကျောင်းတွင်းမြီအောက်လှုပ်ရှားမှုတိကို ရဲဘော် ခိုင်အောင်နာမည်နန့် လုပ်ရှားခသူ ဖြစ်ပါရေ။[၁]
စောင့်ကြည့်ခံ ထောင်ထွက် ညကျောင်းဆရာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဦးလှစော ကျောင်းထုတ်ခံလိုက်ရရေအချိန်မာ မြောက်ဦးသူ ဒေါ်အနွဲ့ချေနန့် အိမ်ထောင်ကျပါရေ။ ချိုဉာဏ်ဝေနန့် ဆောင်းနှင်းဝီဆိုရေ သမီးနှစ်ဦး ထွန်းကားခပါရေ။ ယေကေလေ့ သမီးတိကို မွီးဖွားရေအချိန်တိုင်း ဦးလှစောရေ ထောင်ထဲရောက်ဟိနီချိန်နန့် တိုက်ဆိုင်ခပါရေ။ ဦးလှစော၏ နိုင်ငံရီးသမားဘဝ ဖြတ်သန်းမှုကြမ်းတမ်းပိုင် ဒေါ်အနွဲ့ချေ၏ ဇနီးမယား မိခင်ဘဝဖြစ်တည်မှုကလေ့ ကကောင်း ခက်ထန်ခပါရေ။
ထောင်က ဒုတိယအကြိမ်ပြန်ပနာလွတ်မြောက်လှာချိန်မာတော့ခါ နိုင်ငံရီးအလုပ်တိကို တအောင့်သျှေ ရပ်နားပနာ ပြင်ပညကျောင်းဆြာဘဝနန့် ဖြတ်သန်းခပါရေ။ ညကျောင်းဆြာအဖြစ် ထောင်တတတူကျခရေ သူငယ်ချင်းတဦးနန့် ရသေ့တောင်မြို့နယ် မေယုကမ်းဒေသက ကျေးရွာတိမာ လားရောက်လုပ်ကိုင်ခကတ်တေလို့ သူနန့်အတူ ညကျောင်းဆြာအဖြစ် လုပ်ကိုင်ခရေ ဦးဘလှိုင်က ပြောဆိုခဖူးပါရေ။
ယင်းမာကနိန် စစ်တွေမြို့ကို ပြောင်းရွိလာပနာ အလယ်တန်းညကျောင်းဆြာအဖြစ် လုပ်ကိုင်ခပါရေ။ ညကျောင်းဆြာလောကမာလေ့သော့ နာမည်ကြီးရေဆြာတဦးပါ။ အထက်တန်း ကျောင်သားတိကို အဓိကသင်ကြားပီးရာ ဘာသာစုံ ကကောင်း သင်ကြားပီးနှိုင်သူလေ့ ဖြစ်ပါရေ။ မြောက်ဦးကနိန် စစ်တွေမြို့ကို မိသားစုပြောင်းရွိအခြီအချရစွာကြိုက်ရေအကြောင်းရင်းက နောက်ထပ် ဖမ်းဆီးမခံချင်ယာလို့ဆိုနာ သူ ပြောဖူးပါရေ။ မြောက်ဦးမှာ စစ်ထောက်လှမ်းရီးတိက သူ့နောက်ကို အချိန်ပြည့်လိုက်လံ စောင့်ကြည့်မှုတိလုပ်နီကတ်တေအတွက် ပြဿနာတိ ဖြစ်ဖို့စွာကို ရှောင်ရှားရေအနိန်နန့် စစ်တွေမြို့ကို ပြောင်းရွိပါလတ်စွာလို့ ဦးလှစောကိုယ်တိုင် ပြောခဖူးပါရေ။
စစ်တွေမာ နီစဉ်အချိန်ကလည်း နိုင်ငံရီးနန့်နွှယ်ပြီး စစ်ထောက်လှမ်းရီးတိက သူ့ကို တနားတခါ ခေါ်ယူစစ်ဆီးစွာ၊ ဖမ်းဆီးစွာတိကိုလေ့ သူ ကြုံခပါရေ။[၂]
နိုင်ငံရီးလှုပ်ရှားမှုတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက် ၁၉၆၂ ခုနှစ် ဂျူလိုင် ၇ ရက် ကျောင်းသားလှုပ်ရှားမှုအပြီး ၇ နှစ်အကြာ ဒုတိယအကြိမ်ဖြစ်ပွားရေ ၁၉၆၉ ခုနှစ် မော်အရီးအခင်းမာလေ့သော့ ပါဝင်ခရေ။[၃] ထင်ရှားသူတိထဲ ပါဝင်ခမှုကြောင့် သူ့အသက် ၁၆နှစ် ရန်ကုန်စက်မှုတက္ကသိုလ် တက်စမာပင် ကျောင်း ၂နှစ် အထုတ်ခရရေ။ ကျောင်းထုတ်ခံရပြီး ပြန်တက်ခွင့်ရရေအတွက် ကျောင်းပြန်တက်နီဆဲမာပင် ၁၉၇၅ ခုနှစ် ရွှေတိဂုံအထွေထွေသပိတ်ထဲ ပါဝင်ခမှုနန့် ဖမ်းခံရရေ။ စစ်ခုံရုံးဖြင့် ထောင် ၉နှစ် ချမှတ်ပြီး ကျောင်းအပြီးတိုင် ထုတ်ပယ်ခံရရေ။ ထောင်မှ ပြန်လွှတ်လာရာ နိုင်ငံရီးစိတ်မကုန်သိမ့်ဘဲ ၁၉၈၈ ခုနှစ်အရီးတော်ပုံမာ ပါဝင်လှုပ်ရှားပြန်ရေ။ ဖမ်းခံရပြီး ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံရရေ။ နှစ်စိကေသျှေရာ ထောင်ထဲ နီခရရပနာ ၁၉၉၀ ပြည့်နှစ်မာ ပြန်လွတ်လာရေ။ ယင်းနောက် ၁၉၉၀ ရွီးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် ရက္ခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ဝင်ရောက်ရေ။ စစ်အစိုးရက ပါတီကို ဖျက်သိမ်းလိုက်ပြီးကေ နိုင်ငံရီးလှုပ်ယှားမှုတိကို ယာယီရပ်ကာ ညကျောင်းဆြာအဖြစ် အသက်မွီးဝမ်းကျောင်းပြုရေ။ နိုင်ငံရီးလှုပ်ရှားမှုတိ တရားဝင်စတင် ပြန်ရဟိရေ ၂၀၁၀ ပြည့်နှစ် အရောက်မာ ဒေါက်တာအေးမောင် ဦးစီးရေ ရက္ခိုင်ပြည်နယ် အခြီစိုက် ရက္ခိုင်တိုင်းရင်းသားတိ တိုးတက်ရီးပါတီ ကို ဖွဲ့စည်းကတ်ခါ သူစွာ ထိုပါတီ၏ အထွီထွီအတွင်းရီးမှူး တာဝန်ကို ထမ်းဆောင်ခရေ။ ရွီးကောက်ပွဲ မဝင်ဘဲ ပါတီကို သူက အဓိကထား ထိန်းကျောင်းပီးခရေ။၂၀၁၃ ခုနှစ် တွင် ရက္ခိုင်ပါတီ ၂ခု ပူးပေါင်းပြီး ရက္ခိုင်အမျိုးသားပါတီ ဖြစ်လှာစီဖို့အတွက် သူက အားစိုက်လုပ်ဆောင်ခရေ။ အထွီထွီရွေးကာက်ပွဲ၂၀၁၅ မာ သူစွာ ရက္ခိုင်အမျိုးသားပါတီ ကိုယ်စားပြုပြီး မြောက်ဦးမြို့နယ်က နိန်ပနာ ရွီးကောက်ပွဲဝင်ရေ။ ခိုင်လုံမဲရလဒ် ၆၇၀၃၀ မဲ ဖြင့် အနိုင်ရခရေ။[၄] ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခရေ။ လွှတ်တော်တွင်း သူ၏ ပြောကြားချက်တိနန့် စပ်လျဉ်းပြီး လူသိများလာသူ ဖြစ်လှာရေ။[၅] ၂၀၁၄ ခုနှစ် ဧပြီလ ၂၇ရက် မှ မေလ ၁ရက်နိအထိ ရက္ခိုင်ပြည်နယ်၊ကျောက်ဖြူမြို့တွင် ကျင်းပခရေ ရက္ခိုင်အမျိုးသားညီလာခံကို အဓိက ဦးဆောင်သူအဖြစ် ပါဝင်ခရေ။[၆] ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံစစ်အာဏာသိမ်း အပြီး သူစွာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ၏ ဗီတာ ၁ စစ်ဒေသ နိုင်ငံရီးမှူး တာဝန်နန့် နိုင်ငံရီးလမ်းကို ဆက်လျှောက်ခရေ။ တပ်မတော်နန့် အာရက္ခတပ်ရို့ ဆက်ဆံရီးမတင်းမာချိန်ကာလ ၂၀၂၂ ခုနှစ် ဖေဖဝါရီ ၁၂ ရက်က နီပြည်တော်မာ ကျင်းပရေ စိန်ရတုပြည်ထောင်စုနိအခမ်းအနားသို့ ULA (ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်) ၏ နိုင်ငံရီးမှူးအဖြစ် ကိုယ်စားပြုပနာ တက်ရောက်ခရေ။[၇]
ပုဂ္ဂိုလ်ရီးဘဝ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဒေါ်အနွဲ့ချေ နန့် အိမ်ထောင်ကျပြီး ချိုဉာဏ်ဝေ၊ ဆောင်းနှင်းဝီ စရေ သမီးနှစ်ဦး ထွန်းကားခရေ။
စာပီဖြတ်သန်းမှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]သူ့အသက် ၂၀ ဝန်းကျင် ၁၉၇၀ ပြည့်နှစ် နောက်ပိုင်းကာလတိကစလို့ တက္ကသိုလ်၏ မြီအောက်စာသင်သားလှုပ်ရှားမှုတိ၊ ခေတ်ပေါ်ကဗျာလှုပ်ရှားမှုရို့တွင် မောင်ခိုင်အောင်(စစ်တွေ)၊မောင်ခိုင်အောင် စရေ ကလောင်နာမည်တိအသုံးပြုပြီးကေ ပါဝင်လှုပ်ယှားခရေ။ ခေတ်ပေါ်ကဗျာနန့် ဝထုတို၊ ရသစာတမ်းငယ်တိလေ့ ရီးသားခရေ။[၈] သူစွာ ရက္ခိုင်တန်ဆောင် ရက္ခိုင်ရိုးမ နန့် လခြမ်းမြီမဂ္ဂဇင်းရို့တွင် အယ်ဒီတာအဖြစ် တာဝန်ယူခသိမ့်ရေ။ ဖယ်ဒရယ်ဂျာနယ်မာလေ့ အယ်ဒီတာအဖြစ် တာဝန်ယူဆောင်ရွက်ခဖူးရေ။
ရီးသားထုတ်ဝီခရေ စာအုပ်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- အမင် (၂၀၀၈)[၉]
- အန်းဖရန့်ဒိုင်ယာရီ
- မြောက်ဦးနန့် မြောက်ဦးဗေဒ ရသစာတမ်းတိ
- ကျောင်း
- ကင်ဗာရာစာတမ်း (၂၀၁၃)
- ဒိုင်ယာစပိုရာ
- စံသာဖြူ အောင်လှဇံ (မြောက်ဦးဗေဒ ရသစာတမ်းတိ)
- အိုင်ရင်းနန့်အိဗ် ကျူရီ
- အင်ဒိုနီးရှား သက်တံရောင်စဉ်ကောင်းကင်သစ် (အခြားစာရီးဆြာတိနန့် ပူးတွဲ)
- အမေရိကန် - တရုတ် ဆက်ဆံရေး (အခြားစာရီးဆြာတိနန့် ပူးတွဲ)
- မျက်မှောက် ရက္ခိုင်ပြည်မြောက်ပိုင်းအရီး (အခြားစာရီးဆြာတိနန့် ပူးတွဲ)
- နှစ် ၁၀၀ ပြည့်အကြို မြန်မာဝတ္ထုတိုများ (အတွဲ ၂) (အခြားစာရီးဆြာတိနန့် ပူးတွဲ)
- ၂၀၂၀ ကနေ ကျွန်ုပ်တို့ ဘယ်ကိုသွားကြမလဲ (အခြားစာရီးဆြာတိနန့် ပူးတွဲ)
- ရောင်စုံကျေးလက် ဝတ္ထု ၁၂ ပုဒ် (အခြားစာရီးဆြာတိနန့် ပူးတွဲ)
- The Waves မဂ္ဂဇင်းအတွဲတိ (အခြားစာရီးဆြာတိနန့် ပူးတွဲ)
ဘဝနိဂုံး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]သူစွာ ၂၀၂၅ ခုနှစ် မေလ ၅ ရက်နိ ည ၁၁ နာရီ ၂၀ မိနစ်အချိန်မာ လိုင်ခြောင်းကင်ဆာဖြင့် အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊အိုင်ဇောလ်မြို့ ရှိ ဆီးရုံ၌ ကွယ်လွန်ခရေ။[၁၀] ကွယ်လွန်ချိန်မာ အသက် (၇၂) နှစ်ဟိနီပျာ ဖြစ်ပါရေ။[၁၁]
ဆရာ့အတွက် အမှတ်တရစကားတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆြာကြီး ဦးလှစောစွာ ရက္ခိတလမ်းစဉ်ကို ဦးဆောင်ချမှတ်ခရေ အဓိကဂေါင်းဆောင်တိထဲမာ ပါဝင်ခရေ ဂေါင်းဆောင်တဦးဖြစ်တေပိုင် ရက္ခိတလမ်းစဉ်နန့်ပတ်သက်ရေ သူ၏ သျှင်းလင်းပြတ်သားတဲ့ အယူအဆတိကြောင့် အာရက္ခပြည်သူတိနန့်လူငယ်ထုအကြား ကကောင်းလူချစ်လူခင်များပြီးကေ ဩဇာကြီးမားရေဂေါင်းဆောင်တယောက် ဖြစ်ပါရေ"လို့ ULA/AA ပြောခွင့်ရ ခိုင်သုခက ပြောပါရေ။ ဦးလှစောစွာ ရက္ခိုင်မြို့သိမ်းတိုက်ပွဲစဥ်တိမာ အခက်အခဲတိကို ကြံ့ကြံ့ခံကျော်ဖြတ်ပြီး အတူလက်တွဲခရေ ရဲဘော် ရဲဘက်ကောင်း တဦးလို့ သူက အမှတ်တရ စကားပြောပါရေ။ "ယေဇုနန့် သူ့ကို ကျွန်တော်ရို့ နှလုံးထဲက အမြဲအတွက်ပေါ်နီဖို့နီပါ။ ဇာခါမှ မမိပါ။ ယေဇုနန့်သူကွယ်လွန်သွားခြင်းစွာ ကျွန်တော်ရို့ အာရက္ခပြည်နန့် အာရက္ခပြည်သားတိအတွက် ကမ္ဘာလောက် ကြီးမားရေ ဆုံးရှုံးမှုဖြစ်ပါရေ။ ဆြာကြီးကောင်းရာသုဂတိရောက်ပါစီလို့ ဆုတောင်းပီးပါရေ။ ဂါရဝလည်းပြုပါရေ။[၁၂]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ https://www.bbc.com/burmese/articles/ceqrql9zz9qo
- ↑ https://www.bbc.com/burmese/articles/ceqrql9zz9qo
- ↑ ကျောင်းသားလှုပ်ရှားမှုထဲက သမိုင်းတခု (သို့) ၆၉ ကျွန်းဆွယ်အရေးအခင်း။ The Irrawaddy (၂၉ ဇူလိုင် ၂၀၁၇)။
- ↑ ၂၀၁၅ ခုနှစ် အထွထွေရွေးကောက်ပွဲ ရလဒ်များ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၂၀၁၅)။
- ↑ အာနန်ကော်မရှင်အကြံပြုချက်အပေါ် ဦးဦးလှစောအမြင်။ VOA Burmese (၁၆ မတ် ၂၀၁၇)။
- ↑ ရခိုင်အမျိုးသား ညီလာခံ ကျောက်ဖြူမြို့မှာ ဖွင့်လှစ်။ RFA Burmese (၂၇ ဧပြီ ၂၀၁၄)။
- ↑ ULA ကိုယ်စားပြု၍ ဦးဦးလှစော ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်မှု ပါတီကို အသိပေးဆောင်ရွက်ခြင်းမဟုတ်ကြောင်း ANP ပါတီဥက္ကဋ္ဌ ပြောကြား။ Eleven Media Group (၁၅ ဖေဖော်ဝါရီ ၂၀၂၂)။
- ↑ မောင်ခိုင်အောင် နှင့် မောင်ခိုင်အောင် ပါဝင်သည့် စာအုပ်များ။ myanmarbookshop။
- ↑ အမင် (မောင်ခိုင်အောင်)။ Arakan Art။
- ↑ ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဦးလှစော လည်ချောင်းကင်ဆာဖြင့် ကွယ်လွန်။ Mizzima Burmese (၆ မေ ၂၀၂၅)။
- ↑ https://burmese.narinjara.com/news/detail/681b3c16b7b867155a4a049f
- ↑ https://www.bbc.com/burmese/articles/ceqrql9zz9qo
