ဧဠကလောမဓောဝါပနသိက္ခာပုဒ်
၇-ဧဠကလောမဓောဝါပန သိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၅၇၆။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သက္ကတိုင်း ကပိလဝတ်မြို့ နိဂြောဓာရုံကျောင်း၌သီတင်းသုံးနီတော်မူရေအခါ ဆဗ္ဗဂ္ဂီရဟန်းရို့စွာ ဘိက္ခုနီမရို့အား သိုးမွီးရို့ကို ဖွပ်လည်း ဖွပ်စီကုန်၏၊ ဆိုးလည်း ဆိုးစီကုန်၏၊ ဖြီယှင်းလည်း ဖြီယှင်းစီကုန်၏၊ သိုးမွီးရို့ကို ဖွပ် ဆိုး ဖြီယှင်းကတ်ရရေ ဘိက္ခုနီမရို့စွာ သိက္ခာပုဒ်ကို သင်ခြင်း အပြန်အလှန် မီးမြန်းခြင်းနန့် အဓိသီလ အဓိစိတ္တအဓိပညာလုပ်ငန်းရို့ကို ပစ်ထားကတ်ရကုန်၏၊ ယင်းခါ မဟာပဇာပတိဂေါတမီစွာ မြတ်စွာဘုရားအပါးကို ချိုင်းကပ်ပနာ မြတ်စွာဘုရားကို ယှိခိုးပြီးကေ တစ်ခုသော နီရာမာ တန့်နီ၏၊ တစ်ခုသော နီရာမာရပ်နိန်ရေ မဟာပဇာပတိဂေါတမီကို မြတ်စွာဘုရားစွာ "ဂေါတမီ ဘိက္ခုနီမရို့စွာ မမိမလျော့ပြင်းစွာအားထုတ်လျက် တည်ကြီသောစိတ် ရှိကတ်ရေ ဖြိုက်ပနာ နေကတ်ကုန်၏လော"ဟု မေးတော်မူ၏။
အသျှင်ဘုရား ဘိက္ခုနီမရို့အား မမိန့်လျော့ခြင်း သတိစွာ အဇာမာ ရှိနှိုင်ပါဖို့နည်း၊ ဆဗ္ဗဂ္ဂီရဟန်းတော်ရို့စွာ ဘိက္ခုနီမရို့အား သိုးမွီးရို့ကို ဖွပ်လည်း ဖွပ်စီကတ်ပါရေ၊ ဆိုးလည်း ဆိုးစီကတ်ပါရေ၊ ဖြီယှင်းလည်း ဖြီယှင်းစီကတ်ပါရေ၊ သိုးမွီးရို့ကို ဖွပ် ဆိုး ဖြီယှင်းကတ်ရကုန်သော ဘိက္ခုနီမရို့စွာ သိက္ခာပုဒ်ကို သင်ခြင်း အပြန်အလှန် မီးမြန်းခြင်းနန့် အဓိသီလ အဓိစိတ္တ အဓိပညာ လုပ်ငန်းရို့ကို ပစ်ထားကတ်ရပါရေဟု (လျှောက်၏)။
ယင်းခါ မဟာပဇာပတိဂေါတမီစွာ မြတ်စွာဘုရားက တရားစကားနန့် အကျိုးစီးပွါးကို သိမြင်စီပြီးကေ (တရားကို) ဆောက်တည်စီကာ (တရားကျင့်သုံးဖို့) ထက်သန်စီပနာ ရွှင်လန်းစီရားဖြိုက် ရပြီးကေးမြတ်စွာဘုရားကို ယှိခိုးပနာ အရိုအသေပြုကာ ဖဲလားလီ၏၊ ယင်းခါ မြတ်စွာဘုရားစွာ ဒေအကြောင်းအရာကြောင့် ရဟန်း သံဃာကို စည်းဝီးစီရားကေ ဆဗ္ဗဂ္ဂီရဟန်းရို့ကို-
"ရဟန်းရို့ သင်ရို့စွာ ဘိက္ခုနီမရို့အား သိုးမွီးရို့ကို ဖွပ်လည်း ဖွပ်စီကတ်၏၊ ဆိုးလည်းဆိုးစီကတ်၏၊ ဖြီယှင်းလည်း ဖြီယှင်းစီကတ်၏ဟူစွာ မှန်သလော"ဟု စိစစ် မီးမြန်းတော်မူ၏။
မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။
ရဟန်းရို့ သင်ရို့နန့် အမျိုးတော်ကြသလော၊ ဆွီမျိုးမတော်စပ်ကြသလောဟု (မေးတော်မူရာ)
မြတ်စွာဘုရား ဆွီမျိုးမတော်စပ်ကတ်ပါဟု (လျှောက်ကတ်ကုန်၏)။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားရို့ ဆွီမျိုးမတော်စပ်သော သူရို့စွာ ဆွီမျိုးမတော်စပ်သော သူရို့၏ သင့်တော်စွာကိုလိ့ကောင်း၊ မသင့်တော်စွာကိုလိ့ကောင်း၊ ကြည်ညိုဖွယ် ရှိစွာကိုလိ့ကောင်း၊ ကြည်ညိုဖွယ်မဟိစွာကိုလိ့ကောင်း မသိကတ်လီ၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက် သော ယောက်ျားရို့ ယင်းပိုင် ဖြိုက်လျက် သင်ရို့စွာ ဆွီမျိုးမတော်စပ်သောဘိက္ခုနီမရို့အား သိုးမွီး ရို့ကို ဖွပ်လည်း ဖွပ်စီကုန်ဘိ၏၊ ဆိုးလည်း ဆိုးစီကုန်ဘိ၏၊ ဖြီယှင်းလည်း ဖြီယှင်းစီကုန်ဘိ၏၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားရို့ဒေ (သင်ရို့ပြုမိသောအမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။
ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။
ပညတ်သိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၅၇၇။ "အကြင် ရဟန်းစွာ ဆွီမျိုးမတော်စပ်သော ဘိက္ခုနီမအား သိုးမွီးရို့ကို ဖွပ်လည်းဖွပ်စီငြားအံ့၊ ဆိုးလည်း ဆိုးစီငြားအံ့၊ ဖြီယှင်းလည်း ဖြီယှင်းစီငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။
၇-ဧဠကလောမဓောဝါပနသိက္ခာပုဒ် အဖွင့်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၅၇၈။ အကြင်ဟူစွာ အကြင်သို့သဘောဟိရေ။ပ။
ရဟန်းဆိုရေ။ပ။ ဒေအရာမာ ဒေဉတ္တိစတုတ္ထကံနန့် ရဟန်းအဖြိုက်သို့ ရောက်သူကို "ရဟန်း"ဟုအလိုရှိအပ်၏။
ဆွီမျိုးမတော်စပ်သောဟူစွာ အမိဘက်မှသော်လိ့ကောင်း၊ အဖဘက်မှသော်လိ့ကောင်းခုနစ်ဆက်မြောက်ဘိုးဘေးအစုံထိတောင် မဆက်စပ်သော။
ဘိက္ခုနီမ ဆိုစွာ နှစ်ဖက်သော သံဃာ၌ ပဉ္စင်းဖြိုက်ရေ (ဘိက္ခုနီမတည်း)။
ဖွပ်လော့ဟုစီစပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏။ ဖွပ်အပ်ပြီး သိုးမွီးရို့စွာ စွန့်ခြင်း (ဝိနည်းကံ) ဟိကုန်ရေ။ ဆိုးလော့ဟုစီစပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဆိုးအပ်ပြီး သိုးမွီးရို့စွာ စွန့်ခြင်း (ဝိနည်းကံ) ဟိကုန်ရေ။ ဖြီယှင်းလော့ဟုစီစပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဖြီယှင်းအပ်ပြီး သိုးမွီးရို့စွာ စွန့်ခြင်း (ဝိနည်းကံ) ဟိကုန်ရေ။ သံဃာအားသော်လိ့ကောင်း၊ ဂိုဏ်းအားသော်လည်ကောင်း၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။
ရဟန်းရို့ ဧပိုင် စွန့်ရဖို့။ပ။
"အသျှင်ဘုရားရို့ ဒေအကျွန်ုပ်၏ သိုးမွီးရို့စွာ ဆွီမျိုးမတော်စပ်သော ဘိက္ခုနီမကိုဖွပ်စီအပ်အနိန်နန့် စွန့်ထိုက်ပါကုန်၏၊ အကျွန်ုပ်စွာ ဒေသိုးမွီးရို့ကို သံဃာအား စွန့်ပါ၏"ဟု။ပ။ ပီးရာ၏ဟု။ပ။ ပီးကုန်ရာ၏ဟု။ပ။ အသျှင်အား ပီးပါ၏ဟု (ပြန်ပီးရဖို့)။
၅၇၉။ ဆွီမျိုးမတော်စပ်သော ဘိက္ခုနီမ၌ ဆွီမျိုးမတော်စပ်ဟု ထင်မှတ်ခြင်းဟိပြီးကေ သိုးမွီးရို့ကိုဖွပ်စီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ဆွီမျိုးမတော်စပ်သော ဘိက္ခုနီမ၌ ဆွီမျိုးမတော်စပ်ဟုထင်မှတ်ခြင်း ဟိပြီးကေ သိုးမွီးရို့ကို ဖွပ်စီအံ့၊ ဆိုးစီအံ့၊ နိဿဂ္ဂိနန့် ဒုက္ကဋ်အာပတ် (တစ်ချက်) သင့်၏။ ဆွီမျိုးမတော်စပ်သော ဘိက္ခုနီမ၌ ဆွီမျိုးမတော်စပ်ဟု ထင်မှတ်ခြင်းဟိပြီးကေ သိုးမွီးရို့ကို ဖွပ်စီအံ့၊ ဖြီယှင်းစီအံ့၊ နိဿဂ္ဂိနန့် ဒုက္ကဋ်အာပတ် (တစ်ချက်) သင့်၏။ ဆွီမျိုးမတော်စပ်သော ဘိက္ခုနီမ၌ဆွီမျိုးမတော်စပ်ဟု ထင်မှတ်ခြင်းဟိပြီးကေ သိုးမွီးရို့ကို ဖွပ်စီအံ့၊ ဆိုးစီအံ့၊ ဖြီယှင်းစီအံ့၊ နိဿဂ္ဂိနန့်ဒုက္ကဋ်အာပတ် နှစ်ချက်သင့်၏။
ဆွီမျိုးမတော်စပ်သော ဘိက္ခုနီမ၌ ဆွီမျိုးမတော်စပ်ဟု ထင်မှတ်ခြင်းဟိပြီးကေ သိုးမွီးရို့ကို ဆိုးစီအံ့၊ နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။ ဆွီမျိုးမတော်စပ်သော ဘိက္ခုနီမ၌ ဆွီမျိုးမတော်စပ်ဟု ထင်မှတ်ခြင်းဟိပြီးကေသိုးမွီးရို့ကို ဆိုးစီအံ့၊ ဖြီယှင်းစီအံ့၊ နိဿဂ္ဂိနန့် ဒုက္ကဋ်အာပတ် (တစ်ချက်) သင့်၏။ ဆွီမျိုးမတော်စပ်သော ဘိက္ခုနီမ၌ ဆွီမျိုးမတော်စပ်ဟု ထင်မှတ်ခြင်းဟိပြီးကေ သိုးမွီးရို့ကို ဆိုးစီအံ့၊ ဖွပ်စီအံ့၊ နိဿဂ္ဂိနန့် ဒုက္ကဋ်အာပတ် (တစ်ချက်) သင့်၏။ ဆွီမျိုးမတော်စပ်သော ဘိက္ခုနီမ၌ ဆွီမျိုးမတော်စပ်ဟု ထင်မှတ်ခြင်းဟိပြီးကေ သိုးမွီးရို့ကို ဆိုးစီအံ့၊ ဖြီယှင်းစီအံ့၊ ဖွပ်စီအံ့၊ နိဿဂ္ဂိနန့် ဒုက္ကဋ်အာပတ် နှစ်ချက်သင့်၏။
ဆွီမျိုးမတော်စပ်သော ဘိက္ခုနီမ၌ ဆွီမျိုးမတော်စပ်ဟု ထင်မှတ်ခြင်းဟိပြီးကေ သိုးမွီးရို့ကို ဖြီယှင်းစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ဆွီမျိုးမတော်စပ်သော ဘိက္ခုနီမ၌ ဆွီမျိုးမတော်စပ်ဟုထင်မှတ်ခြင်းဟိပြီးကေ သိုးမွီးရို့ကို ဖြီယှင်းစီအံ့၊ ဖွပ်စီအံ့၊ နိဿဂ္ဂိနန့် ဒုက္ကဋ်အာပတ် (တစ်ချက်) သင့်၏။ ဆွီမျိုးမတော်စပ် သော ဘိက္ခုနီမ၌ ဆွီမျိုးမတော်စပ်ဟု ထင်မှတ်ခြင်းဟိပြီးကေ သိုးမွီးရို့ကို ဖြီယှင်းစီအံ့၊ ဆိုးစီအံ့၊ နိဿဂ္ဂိနန့် ဒုက္ကဋ်အာပတ် (တစ်ချက်) သင့်၏။ ဆွီမျိုးမတော်စပ်သော ဘိက္ခုနီမ၌ ဆွီမျိုးမတော်စပ်ဟု ထင်မှတ်ခြင်းဟိပြီးကေ သိုးမွီးရို့ကို ဖြီယှင်းစီအံ့၊ ဖွပ်စီအံ့၊ ဆိုးစီအံ့၊ နိဿဂ္ဂိနန့်ဒုက္ကဋ်အာပတ် နှစ်ချက်သင့်၏။
၅၈၀။ ဆွီမျိုးမတော်စပ်သော ဘိက္ခုနီမ၌ ယုံမှားဟိပြီးကေ။ပ။ ဆွီမျိုးမတော်စပ်သော ဘိက္ခုနီမ၌အမျိုးတော်ရေလို့ ထင်မှတ်ခြင်းဟိပြီးကေ။ပ။
အခြားသူ၏ သိုးမွီးရို့ကို ဖွပ်စီအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဘိက္ခုနီမရို့၏ အထံမာရာ ရဟန်းပြုသော ဘိက္ခုနီမအား ဖွပ်စီအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အမျိုးတော်သော ဘိက္ခုနီမ၌ ဆွီမျိုးမတော်စပ်ဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အမျိုးတော်သော ဘိက္ခုနီမ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အမျိုးတော်သော ဘိက္ခုနီမ၌ အမျိုးတော်ရေလို့ ထင်မှတ်ခြင်းရှိအံ့၊ အာပတ် မသင့်။
၅၈၁။ အမျိုးတော်သော ဘိက္ခုနီမစွာ ဖွပ်စိုင် ဆွီမျိုးမတော်စပ်သော ဘိက္ခုနီမစွာအဖေါ်ပြုအံ့၊ (ဖွပ်လော့)ဟု မဆိုအပ်ဘဲ ဖွပ်အံ့၊ အာပတ် မသင့်။ မသုံးဆောင်အပ်သေးသော ပြုအပ်ပြီးဘဏ္ဍာ 'သတရာဇိန် အစဟိစွာ ဖြိုက် ပြီးကေ'ကို ဖွပ်စီအံ့၊ အာပတ် မသင့်။ သိက္ခမာန် မောင်သျှင်မအား (ဖွပ်စီအံ့)၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းအား အာပတ် မသင့်။
သတ္တမ ဧဠကလောမဓောဝါပနသိက္ခာပုဒ် ပြီး၏။