ဧဠကလောမသိက္ခာပုဒ်
၆-ဧဠကလောမသိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၅၇၁။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သဌီး၏ အရံဖြိုက်ရေဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူရေအခါ ရဟန်းတပါးစွာ ကောသလဇနပုဒ်သာဝတ္ထိမြို့ကို သွားစိုင် လမ်းခရီးအကြား၌ သိုးမွီးရို့စွာ ဖြိုက် ထက်ကုန်၏၊ ယင်းခါ ထိုရဟန်းစွာ ထိုသိုးမွီးရို့ကို ဧကသီနန့် အထုပ်ဖွဲ့ပြီးကေ (ယူ) လားရေ။
လူရို့စွာ ထိုရဟန်းကို မြင်ပြီးကေ "အသျှင်ဘုရား အသျှင်စွာ ဇာလောက်ပင်သော ဝါကြီးနန့်ဝယ်အပ်ကုန်သနည်း၊ ဇာလောက်ပင် အမြတ်ကို ရပါဖို့လဲ"ဟု ပြက်ရယ်ပြောင်လှီာင်ကတ်ကုန်၏၊ ထိုရဟန်းစွာ ဟိုလူရို့က ပြက်ရယ်ပြောင်လှီာင်အပ်ရပြီးကေး မျက်နှာမလှ ဖြိုက် လေ၏၊ ယင်းခါ ထိုရဟန်းစွာ သာဝတ္ထိမြို့ကို လားပနာ ထိုသိုးမွီးရို့ကို ရပ်လျက်ပင် ပစ်ချလိုက်၏။
ရဟန်းရို့စွာ ထိုရဟန်းကို "ငါ့သျှင် သင်ရေ အဇာကြောင့် ဒေသိုးမွီးရို့ကို ရပ်လျက်ပင်ပစ်ချလိုက်သနည်း"ဟု မေးကတ်ကုန်၏။
ငါ့သျှင်ရို့ ဖြိုက် သမျှအကြောင်းစုံကို ပြောရကေ ဒေသိုးမွီးတု့ိ၏ အကြောင်းကြောင့်ပင် ငါ့ကို လူရို့ကပြောင်လှီာင်အပ်ရေ မဟုတ်လောဟု (ဆို၏)။
ငါ့သျှင် သင်ရေ ဇာမျှဝီးသော အရပ်မှ ဒေသိုးမွီးရို့ကို ဆောင်လာသနည်းဟု (မေးကြ ပြန်ရာ)။
ငါ့သျှင်ရို့ သုံးယူဇနာထက်ကျော်လွန်ပါရေလို့ (ဆို၏)။
အလိုနည်းသော ရဟန်းရို့စွာ "ရဟန်းစွာ သုံးယူဇနာထက်ကကောင်း သိုးမွီးရို့ကို အဘယ့် ကြောင့်ဆောင်လာဘိသနည်း"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏၊ ယင်းခါထိုရဟန်းရို့စွာ ထိုရဟန်းကို အများကြီးသော အကြောင်းနန့် သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအားဒေအကြောင်းကို လျှောက် ကတ်ကုန်၏။ပ။
"ရဟန်း သင်ရေ သုံးယူဇနာထက်ကကောင်း သိုးမွီးရို့ကို ဆောင်လာ၏ဟူစွာ မှန်သလော"ဟုစိစစ် မီးမြန်းတော်မူ၏။
မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားသင်ရေ အဇာကြောင့် သုံးယူဇနာထက်ကကောင်း သိုးမွီးရို့ကို ဆောင်လာဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ဒေ (သင်ပြုမိသောအမှု) စွာ မကြည်ညိုသေးသော သူရို့အားကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။
ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။
ပညတ်သိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၅၇၂။ "ရှည်သော ခရီးသို့ လားရေ ရဟန်းအား သိုးမွီးရို့စွာ ဖြိုက် ထက်ကုန် ငြားအံ့၊ အလိုဟိရေ ရဟန်းစွာ ခံယူရာသည် ၊ ခံယူပြီးနောက် ဆောင်ယူမည့်သူ မဟိခသော် သုံးယူဇနာလုံးလုံးမိမိလက်နန့် ဆောင်ယူနှိုင်ရေ၊ အဂယင့်လို့ ထိုသုံးယူဇနာထက် ကကောင်းဆောင် ယူငြားအံ့၊ ဆောင်ယူမည့်သူ မဟိ ကေလေ့ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။
၆-ဧဠကလောမသိက္ခာပုဒ် အဖွင့်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၅၇၃။ ရှည်သော ခရီးသို့ လားရေရဟန်းအားဟူစွာ လမ်းခရီးသို့ လားရေရဟန်းအား။
သိုးမွီးရို့စွာ ဖြိုက် ထက်ကုန်ငြားအံ့ဟူစွာ သံဃာမှသော်လိ့ကောင်း၊ ဂိုဏ်းမှသော်လိ့ကောင်း၊ ဆွီမျိုးမှသော်လိ့ကောင်း၊ မြိတ်ဆွီမှသော်လိ့ကောင်း၊ ပံ့သကူသော်လိ့ကောင်း၊ မိမိ၏ဥစ္စာနန့်သော်လိ့ကောင်း ဖြိုက် ထက်ကုန်ငြားအံ့။
အလိုဟိရေ ရဟန်းစွာ ဟူစွာ လိုချင်သော ရဟန်းစွာ ခံယူရာသည် ။
ခံယူပြီးနောက် သုံးယူဇနာလုံးလုံး မိမိလက်နန့် ဆောင်ယူနှိုင်ရေဟူစွာ သုံးယူဇနာ ထိတောင်မိမိလက်နန့် ဆောင်နှိုင်ရေ။
ဆောင်ယူမည့်သူ မဟိခသော်ဟူစွာ အခြားသော မိမသော်လိ့ကောင်း၊ ယောက်ျားသော်လိ့ကောင်း၊ အိမ်နီသူ (လူ) သော်လိ့ကောင်း၊ ရဟန်းသော်လိ့ကောင်း တဦးတစ်ယောက်ဆောင်မည့်သူ မဟိခသော်။
အဂယင့်လို့ ယင်းထက်ကကောင်း ဆောင်ယူငြားအံ့ ဆောင်ယူမည့်သူ မဟိကေလေ့ဟူစွာ ပဌမ ခြီကိုသုံးယူဇနာကို လွန်စီအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဒုတိယခြီကို လွန်စီအံ့၊ နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။ သုံးယူဇနာအတွင်းမာ ရပ်တည်ပြီးကေ သုံးယူဇနာအပြင်ပ၌ ကျစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
အခြားသူစော် မသိစိုင် ဂါရီ၌သော်လိ့ကောင်း၊ ဘဏ္ဍာ၌သော်လိ့ကောင်း၊ ထည့်ပနာ သုံးယူဇနာကိုလွန်စီအံ့၊ စွန့်ခြင်း (ဝိနည်းကံ) ဟိကုန်ရေ။ သံဃာအားသော်လိ့ကောင်း၊ ဂိုဏ်းအားသော့်လိ့ကောင်း၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။
ရဟန်းရို့ ဧပိုင် စွန့်ရဖို့။ပ။
"အသျှင်ဘုရားရို့ ဒေ အကျွန်ုပ်၏ သိုးမွီးရို့စွာ သုံးယူဇနာကို လွန်စီအပ်ကုန်အနိန်နန့်စွန့်ထိုက်ပါကုန်၏၊ အကျွန်ုပ်စွာ ဒေသိုးမွီးရို့ကို သံဃာအား စွန့်ပါ၏ဟု။ပ။ ပီးရာ၏ဟု။ပ။ ပီးကုန်ရာ၏ဟု။ပ။ အသျှင့်အား ပီးပါ၏ဟု (ပြန်ပီးရဖို့)။
၅၇၄။ သုံးယူဇနာထက် လွန်စွာ၌ လွန်ရေလို့ ထင်မှတ်ခြင်းဟိပြီးကေ လွန်စီအံ့၊ နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။ သုံးယူဇနာထက် လွန်စွာ၌ ယုံမှားဟိပြီးကေ လွန်စီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ သုံးယူဇနာထက် လွန်စွာ၌ ယုတ်လျော့ရေလို့ ထင်မှတ်ခြင်းဟိပြီးကေ လွန်စီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏။
သုံးယူဇနာအောက် ယုတ်လျော့စွာ၌ ကကောင်းဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သုံးယူဇနာအောက် ယုတ်လျော့စွာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သုံးယူဇနာအောက်ယုတ်လျော့ စွာ၌ ယုတ်လျော့ရေလို့ ထင်မှတ်ခြင်းရှိအံ့၊ အာပတ် မသင့်။
၅၇၅။ သုံးယူဇနာဆောင်အံ့၊ သုံးယူဇနာအောက် ယုတ်လျော့ပနာ ဆောင်အံ့၊ အာပတ် မသင့်။ သုံးယူဇနာ ဆောင်လားအံ့၊ ပြန်ဆောင်လာအံ့၊ သုံးယူဇနာသို့ နီလိုတွက်နန့် လားပြီးကေ ယင်းကနိန် အခြီအနီကိုဆောင်အံ့၊ လုယက်အပ်စွာကို 'ခိုးသူပစ်ထားအပ်စွာကို' ရပြီးကေ ဆောင်အံ့၊ စွန့်ပြီး 'ဝိနည်းကံပြုပြီး' ကိုရပြီးကေ ဆောင်အံ့၊ အခြားသူကို ဆောင်စီအံ့၊ ပြုအပ်ပြီး ဘဏ္ဍာ 'သတရာဇိန်အစဟိစွာ ဖြိုက် ပြီးကေ' ကို ဆောင်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းအား အာပတ် မသင့်။
ဆဋ္ဌ ဧဠကလောမသိက္ခာပုဒ် ပြီး၏။