ဩမသဝါဒသိက္ခာပုဒ်
၂-ဩမသဝါဒသိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၂။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိပြည် အနာထပိဏ်သဌီး၏ အရံဖြိုက်ရေဇေတဝန်ကျောင်း၌ သီတင်းသုံးနီတော်မူရေအခါ ဆဗ္ဗဂ္ဂီရဟန်း၁ရို့စွာ သီလကို ချစ်မြတ်နိုးကုန်သောရဟန်းရို့နန့်အတူ ငြင်းခုံကက်သည်ဟိသော် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းရို့ကို နှုတ်လှံထိုးကုန်၏၊ အမျိုးဇာတ်အနိန်နန့်လိ့ကောင်း၊ နာမည်အနိန်နန့်လိ့ကောင်း၊အနွယ်အနိန်နန့်လိ့ကောင်း၊ အမှု 'အလုပ်အိကိုင်'အနိန်နန့်လိ့ကောင်း၊အတတ်ပညာအနိန်နန့်လိ့ကောင်း၊ အနာရောဂါအနိန်နန့်လိ့ကောင်း၊ အသွင် 'ပုံသဏ္ဌာန်' အနိန်နန့်လိ့ကောင်း၊ ညစ်ညမ်းမှု ကိလေသာအနိန်နန့်လိ့ကောင်း၊ အာပတ်အနိန်နန့်လိ့ကောင်း၊ ယုတ်ညံ့သော ဆဲရေးခြင်းအနိန်နန့်လိ့ကောင်း ဆဲရေးကတ်ကုန်၏၊ ရှုတ်ချကတ်ကုန်၏။
အလိုနည်းသော ရဟန်းရို့စွာ ဆဗ္ဗဂ္ဂီရဟန်းရို့စွာ သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းရို့နန့်အတူ ငြင်းခုံကက်သည်ဟိသော် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းရို့ကို အဇာေကြာင့် နှုတ်လှံထိုးကုန်ဘိသနည်း၊ အမျိုးဇာတ်အနိန်နန့်လိ့ကောင်း၊ နာမည်အနိန်နန့်လိ့ကောင်း၊အနွယ်အနိန်နန့်လိ့ကောင်း၊ အမှုအနိန်နန့်လိ့ကောင်း၊အတတ်ပညာအနိန်နန့်လိ့ကောင်း၊ အနာရောဂါအနိန်နန့်လည်း ကောင်း၊ အသွင် 'ပုံသဏ္ဌာန်' အနိန်နန့်လိ့ကောင်း၊ ညစ်ညမ်းမှုကိလေသာအနိန်နန့်လိ့ကောင်း၊ အာပတ်အနိန်နန့်လိ့ကောင်း၊ ယုတ်ညံ့သောဆဲရေးခြင်းအနိန်နန့်လိ့ကောင်း ဆဲရေးကုန်ဘိသနည်း၊ ရှုတ်ချကုန်ဘိသနည်းဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏။
ယင်းခါ ထိုရဟန်းရို့စွာ ဆဗ္ဗဂ္ဂီရဟန်းရို့ကို အများကြီးဖြိုက်တေ အကြောင်းနန့် သရော် ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျောက်ကတ်ကုန်၏။ပ။ ရဟန်းရို့ သင်ရို့စွာ သီလကိုချစ်မြတ်နိုးကုန်သော ရဟန်းရို့နန့်အတူ ငြင်းခုံကက်သည်ဟိသော် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းရို့ကို နှုတ်လှံထိုးကုန်၏၊ အမျိုးဇာတ်အနိန်နန့်လိ့ကောင်း။ပ။ ယုတ်ညံ့သော ဆဲရေးခြင်းအနိန်နန့်လိ့ကောင်း ဆဲရေးကုန်ရေ၊ ရှုတ်ချကုန်၏ဟူစွာ မှန်သလော့ဟု စိစစ် မီးမြန်းတော်မူ၏။
မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။
ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေယောက်ျားရို့ သင်ရို့စွာ သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းရို့နန့်အတူ ငြင်းခုံကတ်ရေ ဟိရေ်သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းရို့ကို အဇာေကြာင့် နှုတ်လှံထိုးကုန်ဘိသနည်း၊ အမျိုးဇာတ်အနိန်နန့်လိ့ကောင်း။ပ။ ယုတ်ညံ့သော ဆဲရေးခြင်းအနိန်နန့်လိ့ကောင်း ဆဲရေးကုန်ဘိသနည်း၊ ရှုတ်ချကုန်ဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားရို့ ဒေ (သင်ရို့ပြုမိသောအမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။ သရော်တော်မူပြီးကေ တရားစကားကို ဟောတော်မူပြီးကေ ရဟန်းရို့အား မိန့်တော်မူ၏။
၁၃။ ရဟန်းရို့ ရှီး၌ ဖြိုက်ဖူးစွာကား တက္ကသိုလ်မြို့၂၌ ပုဏ္ဏားတစ်ယောက်အား နန္ဒိဝိသာလနာမည်ဟိသော နွားလားစွာ ဟိ၏။ ယင်းခါ နန္ဒိဝိသာလနွားလားစွာ ထိုပုဏ္ဏားအား ပုဏ္ဏား အသင်သွားချေ၊ ငါ၏ နွားလားစွာ တစ်စပ်တည်း ချိုင်နှောင်ထားရေ ဝန်အပြည့်တင်သော ဂါရီတစ်ရာကိုလိမ့်စီနှိုင်၏ဟု သဌီးနန့်အတူ အသပြာတစ်ထောင် စပ် ပြုလီလော့ဟု ဆို၏။
ရဟန်းရို့ ယင်းခါ ထိုပုဏ္ဏားစွာ ငါ၏ နွားလားစွာ တစ်စပ်တည်း ချိုင်နှောင်ထားရေ ဝန်အပြည့်တင်သော ဂါရီတစ်ရာကို လိမ့်စီနှိုင်၏ဟု သဌီးနန့်အတူ အသပြာတစ်ထောင် စပ် ပြုလီ၏။
ယပြီးနောက် ထိုပုဏ္ဏားစွာ ဂါရီတစ်ရာကို နနောင်းနှောင်ဖွဲ့ပြီးကေ နန္ဒိဝိသာလ၃နွားလားကို ကပြီးကေ ကောက်ကျစ်သော နွား လားလီဖိ၊ ကောက်ကျစ်ိကောက်ကျစ်သော နွား ရုန်းလော့ဟု ဆို၏။
ရဟန်းရို့ ယင်းခါ နန္ဒိဝိသာလနွားလားစွာ ထိုကသော နီရာမာပင် တန့်နီလီ၏၊ ထိုပုဏ္ဏားစော်လည်း အသပြာတစ်ထောင် ဆုံးရှုံးအတွက်နန့် မှိုင်တွေ၍ နီ၏။
ယင်းခါ နန္ဒိဝိသာလနွားလားစွာ ထိုပုဏ္ဏားအား ပုဏ္ဏား သင်ရေ အဇာေကြာင့် မှိုင်တွေီသနည်းဟု ဆို၏။
နွားလား သင်ရေ ငါ့ကို အသပြာတစ်ထောင် ဆုံးရှုံးစေအတွက်နန့် မှိုင်တွေနီ၏ဟု (ဆို၏)။
ပုဏ္ဏား သင်ရေ မကောက်ကျစ်သော ငါ့ကို ိကောက်ကျစ်သော နွားဟု အဇာေကြာင့် ပြောဆိုဘိသနည်း၊ ပုဏ္ဏား သင် သွားချေဦး၊ ငါ၏ နွားစွာ တစ်စပ်တည်း ချိုင်နှောင်ထားရေ ဝန်အပြည့်တင်သော ဂါရီတစ်ရာကို လိမ့်စီနှိုင်၏ဟု သဌီးနန့်အတူ အသပြာနှစ်ထောင် စပ် ပြုလီဦးလော့၊ မကောက်ကျစ်သော ငါ့ကိုလဲ့ ိကောက်ကျစ်၏ဟု မဆိုလင့်ဟု ဆို၏။
ရဟန်းရို့ ယင်းခါ ပုဏ္ဏားစွာ ငါ၏ နွားလားစွာ တစ်စပ်တည်း ချိုင်နှောင်ထားရေဝန်အပြည့်တင်သော ဂါရီတစ်ရာကို လိမ့်စီနှိုင်၏ဟု သဌီးနန့်အတူ အသပြာနှစ်ထောင် စပ် ပြုလီ၏။ ရဟန်းရို့ ယင်းခါ ပုဏ္ဏားစွာ ဝန်အပြည့်တင်သော ဂါရီတစ်ရာကို ခိုင်မြဲစွာဖွဲ့နှောင်၍ နန္ဒိဝိသာလနွားလားကို ကပြီးကေ ကောင်းရေ နွားလား လားပါလော့၊ ကောင်းရေ နွားလား ရုန်းပါလော့ဟု ပြောဆို၏။
ရဟန်းရို့ ယင်းခါ နန္ဒိဝိသာလနွားလားစွာ ဝန်အပြည့်တင်သော ဂါရီပေါင်းတစ်ရာကို လိမ့်စီ၏။
ခြီဖွီစကားကိုရာ ပြောဆိုရာ၏၊ မကြည်ဖွီစကားကို တခါတရီမျှ မပြောဆိုရာ၊ (နန္ဒိဝိသာလနွားလားစွာ) ခြီဖွီကို ပြောဆိုရေ ပုဏ္ဏား၏ လီးလံသော (ဂါရီပေါင်းတစ်ရာ) ဝန်ကိုလဲ့ ရွက်ဆောင်နိုင်၏၊ ထိုပုဏ္ဏားအား ဥစ္စာကိုလဲ့ ရစီ၏၊ ယင်းအတွက်နန့်လည်းဝမ်းသာလီ၏။
ရဟန်းရို့ နွားတိရစ္ဆာန်ဖြိုက်စိုင်အခါ၌ပင် ငါဘုရားစွာ ဆဲရေးခြင်း ရှုတ်ချခြင်းကို မကြည်ခဲ့ပေ၊ ဂုချိန်ခါ၌မူကား ဆဲရေးခြင်း ရှုတ်ချခြင်းကို အဇာမာ ခြီပါအံ့နည်း။ ရဟန်းရို့ ဒေ (သင်ရို့ပြုမိသောအမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။
ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။
၁၄။ ထိခိုက် နာကျဉ်အောင် ပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏ ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။
၂-ဩမသဝါဒသိက္ခာပုဒ် အဖွင့်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၅။ ထိခိုက်နာကျဉ်အောင် ပြောဆိုခြင်း ဆိုစွာ အမျိုးဇာတ်အနိန်နန့်လိ့ကောင်း၊ နာမည်အနိန်နန့်လိ့ကောင်း၊အနွယ်အနိန်နန့်လိ့ကောင်း၊ အလုပ်အနိန်နန့်လိ့ကောင်း၊အတတ်ပညာအနိန်နန့်လိ့ကောင်း၊ အနာရောဂါအနိန်နန့်လိ့ကောင်း၊ အသွင် 'ပုံသဏ္ဌာန်'အနိန်နန့်လိ့ကောင်း၊ ညစ်ညမ်းမှု ကိလေသာအနိန်နန့်လိ့ကောင်း၊ အာပတ်အနိန်နန့်လိ့ကောင်း၊ ဆဲရေးခြင်းအနိန်နန့်လိ့ကောင်းဆယ်ပါးသော အခြင်းအရာရို့နန့် ထိခိုက်နာကျဉ်အောင် ပြောဆို၏။
အမျိုးဇာတ် ဆိုစွာ ယုတ်သော အမျိုးဇာတ် မြတ်သော အမျိုးဇာတ်ဆိုပနာ နှစ်မျိုး ဟိ၏။
ယုတ်သော အမျိုးဇာတ် ဆိုစွာ ဒွန်းစဏ္ဍားအမျိုးဇာတ် ဒေါင်းရွေသမား 'နှီးသမား' အမျိုး ဇာတ်မုဆိုး တံငါအမျိုးဇာတ် သားရေနယ်သမားအမျိုးဇာတ် ပန်းမှိုက်သွန်အမျိုးဇာတ်တည်း၊ ဒေကားယုတ်သော အမျိုးဇာတ် မည်၏။
မြတ်သော အမျိုးဇာတ် ဆိုစွာ မင်းမျိုးဇာတ် ပုဏ္ဏားမျိုးဇာတ်တည်း၊ ဒေကား မြတ်သောအမျိုးဇာတ် မည်၏။
နာမည် နာမ ဆိုစွာ ယုတ်သော နာမည် မြတ်သော နာမည်ဆိုပနာ နှစ်မျိုး ဟိကုန်ရေ။
ယုတ်သော နာမည် ဆိုစွာ ငနားရှည်နာမည် ငနားပဲ့နာမည် ငနားလုံးနာမည် ငနားကျယ်နာမည် ငမျိုးပွားနာမည်၊ ထိုကလွဲကေ ထိုထိုဇနပုဒ်ရို့မာ ယုတ်ညံ့ရွီတွက်နန့် သိအပ်ရေ နာမည် မထီတောက်တဲ့ပြုအပ်ရေ နာမည် စက်ဆုပ်အပ်ရေ နာမည် ညှိဆဲအပ်ရေ နာမည် အလီးအမြတ်မပြုအပ်ရေနာမည်တည်း၊ ဒေကား ယုတ်သောနာမည် မည်၏။
မြတ်သောနာမည် ဆိုစွာ ဘုရားနန့်စပ်သော နာမည် တရားနန့်စပ်သော နာမည် သံဃာနန့် စပ်သော နာမည်၊ ထိုကလွဲကေ ထိုထိုဇနပုဒ်ရို့မာ ယုတ်ညံ့ရွီတွက်နန့် မသိအပ်ရေ နာမည် မထီတောက်တဲ့မပြုအပ်ရေ နာမည် မစက်ဆုပ်အပ်ရေ နာမည် အလီးအမြတ်ပြုအပ်ရေ နာမည်တည်း၊ ဒေကားမြတ်သောနာမည် မည်၏။
အနွယ် ဆိုစွာ ယုတ်သောအနွယ် မြတ်သောအနွယ်ဆိုပနာ နှစ်မျိုး ဟိ၏။
ယုတ်သောအနွယ် ဆိုစွာ ကောသိယအနွယ် ဘာရဒွါဇအနွယ် ထိုကလွဲကေ ထိုထိုဇနပုဒ်ရို့မာယုတ်ညံ့ရွီတွက်နန့် သိအပ်ရေအနွယ် မထီတောက်တဲ့ပြုအပ်ရေအနွယ် စက်ဆုပ်အပ်ရေအနွယ် ညှိဆဲအပ်ရေအနွယ် အလီးအမြတ်မပြုအပ်ရေအနွယ်တည်း၊ ဒေကား ယုတ်သောအနွယ် မည်၏။
မြတ်သောအနွယ် ဆိုစွာ ဂေါတမအနွယ် မောဂ္ဂလာနအနွယ် ကစ္စာနအနွယ် ဝါသိဋ္ဌအနွယ်ထိုကလွဲကေ ထိုထိုဇနပုဒ်ရို့မာ ယုတ်ညံ့ရွီတွက်နန့် မသိအပ်ရေအနွယ် မထီတောက်တဲ့မပြုအပ်ရေအနွယ် မစက်ဆုပ်အပ်ရေအနွယ် မညှိဆဲအပ်ရေအနွယ် အလီးအမြတ်ပြုအပ်ရေအနွယ်တည်း၊ ဒေကား မြတ်သောအနွယ် မည်၏။
အလုပ် ဆိုစွာ ယုတ်သော အလုပ် မြတ်သော အလုပ်ဆိုပနာ နှစ်မျိုး ဟိ၏။
ယုတ်သော အလုပ် ဆိုစွာ ကျီစောင့်အလုပ် ပန်းမအလုပ် စက်ဆုပ်အပ်ရေ အလုပ် ညှိဆဲအပ်ရေ အလုပ် အလီးအမြတ်မပြုအပ်ရေ အလုပ်တည်း၊ ဒေကား ယုတ်သော အလုပ်မည်၏။
မြတ်သောအလုပ် ဆိုစွာ ထွန်ချခြင်းအလုပ် ကုန်သွယ်ခြင်းအလုပ် ကျွဲနမွိးမြူခြင်းအလုပ်၊ ထိုကလွဲကေ ထိုထိုဇနပုဒ်ရို့မာ ယုတ်ညံ့ရွီတွက်နန့် မသိအပ်ရေ အလုပ် မထီတောက်တဲ့မပြုအပ်ရေအလုပ် မစက်ဆုပ်အပ်ရေ အလုပ် မညှိဆဲအပ်ရေ အလုပ် အလီးအမြတ်ပြုအပ်ရေ အလုပ်တည်း၊ ဒေကား မြတ်သော အလုပ်မည်၏။
အတတ် ဆိုစွာ ယုတ်သောအတတ် မြတ်သောအတတ်ဆိုပနာ နှစ်မျိုး ဟိ၏။
ယုတ်သောအတတ် ဆိုစွာ ကျူထရံစွာအတတ် အိုးထိန်းသည်ကိုအတတ် ရက်ကန်းသည်အတတ် သားရေနယ်သမားအတတ် ဆတ္တာသည်အတတ်၊ ထိုကလွဲကေ ထိုထိုဇနပုဒ်ရို့မာ ယုတ်ညံ့ရွီတွက်နန့်သိအပ်ရေအတတ် မထီတောက်တဲ့ပြုအပ်ရေအတတ် စက်ဆုပ်အပ်ရေအတတ် ညှိဆဲအပ်ရေအတတ် အရိုအသေမပြုအပ်ရေအတတ်တည်း။ ဒေကား ယုတ်သောအတတ် မည်၏။
မြတ်သောအတတ် ဆိုစွာ လက်ချိုးရေခြင်းအတတ် ဂဏန်းနန့် ရီးခြင်းအတတ် စာရီးအတတ်၊ ထိုကလွဲကေ ထိုထိုဇနပုဒ်ရို့မာ အမြတ်အနိန်နန့် သိအပ်ရေအတတ် မထီတောက်တဲ့မပြုအပ်ရေအတတ်မစက်ဆုပ်အပ်ရေအတတ် မညှိဆဲအပ်ရေအတတ် အရိုအသေပြုအပ်ရေအတတ်တည်း၊ ဒေကား မြတ်သောအတတ် မည်၏။
အားနူံးသော အနာရို့စွာ ယုတ်ကုန်၏၊ ယေကေလဲ ပျားရည်နန့်တူသော မုတ် (ကျင်ငယ်) ကို ယိုစီတတ်ရေ အနာ (တူလာ ဇရာနာ-ဆီးချိုနာ) စွာ မြတ်၏။
အသွင် 'ပုံသဏ္ဌာန်' ဆိုစွာ ယုတ်သော အသွင် မြတ်သော အသွင်ဆိုပနာ နှစ်မျိုး ဟိ၏။
ယုတ်သော အသွင် 'ပုံသဏ္ဌာန်' ဆိုစွာ ကကောင်းရှည်ခြင်း ကကောင်းတိုခြင်း 'ကကောင်းပုခြင်း' တုတ်တုတ်မဲခြင်း ကကောင်းဖြူခြင်းတည်း၊ ဒေကား ယုတ်သော အသွင် 'ပုံသဏ္ဌာန်' မည်၏။
မြတ်သော အသွင် 'ပုံသဏ္ဌာန်' ဆိုစွာ မရှည်လွန်း မတိုလွန်း မမည်းလွန်း မဖြူလွန်းခြင်း တည်း၊ ဒေကား မြတ်သော အသွင် 'ပုံသဏ္ဌာန်' မည်၏။
အားနူံးသော ညစ်ညမ်းမှုကိလေသာရို့စွာ ယုတ်ကုန်၏။
အားနူံးသော အာပတ်ရို့စွာ ယုတ်ကုန်၏၊ ယေကေလဲ သောတာပတ္တိသမာပတ်စွာ မြတ်၏။
ဆဲရေးခြင်း ဆိုစွာ ယုတ်သော ဆဲရေးခြင်း မြတ်သော ဆဲရေးခြင်းဆိုပနာ နှစ်မျိုး ဟိ၏။
ယုတ်သော ဆဲရေးခြင်း ဆိုစွာ သင်ရေ ကုလားအုပ်ဖြိုက်၏၊ သိုးဖြိုက်၏၊ နွားဖြိုက်၏၊ မြည်းဖြိုက်၏၊ တိရစ္ဆာန်ဖြိုက်၏၊ ငရဲသူဖြိုက်၏၊ သင့်အား ကောင်းရေ လားရာဂတိ မဟိ၊ မကောင်းရေ လားရာဂတိကိုရာကေ သင် အလိုရှိထိုက်၏ဆိုပနာလိ့ကောင်း၊ ယအက္ခရာ ဘအက္ခရာနန့်လိ့ကောင်း၊ ယောက်ျားနိမြိတ် မိမနိမြိတ်နန့်လိ့ကောင်း (ဆဲရေးခြင်းတည်း) ဒေကား ယုတ်သော ဆဲရေးခြင်းမည်၏။
မြတ်သော ဆဲရေခြင်း ဆိုစွာ သင်ရေ ဉာဏ်ပညာဟိသူ ဖြိုက်၏၊ လိမ္မာသူ ဖြိုက်၏၊ ထက်မြက်ရေပညာဟိသူ ဖြိုက်၏၊ အကြားအမြင်တိသူ ဖြိုက်၏၊ တရားဟောပုဂ္ဂိုလ် ဖြိုက်၏၊ သင့်အား မကောင်း သောလားရာဂတိ မဟိ၊ ကောင်းရေ လားရာဂတိကိုရာကေ သင် အလိုရှိထိုက်၏ဟု (ဆဲရေးခြင်းတည်း)၊ ဒေကား မြတ်သော ဆဲရေးခြင်း မည်၏။
အမျိုးဇာတ်နန့် ဆဲရေးခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၆။ ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သော ဇာတ်နန့် ယုတ်သော ဇာတ်ရှိသူကို ပြောဆို၏၊ ဒွန်းစဏ္ဍားကို ဒေါင်းရွေသမား 'နှီးသမား'ကို မုဆိုးတံငါကို သားရေနယ်သမားကို ပန်းမှိုက်သွန်ကို သင်ရေ ဒွန်းစဏ္ဍားမျိုး ဖြိုက်၏၊ ဒေါင်းရွေသမားမျိုး ဖြိုက်၏၊ မုဆိုးဒုံးလူမျိုး ဖြိုက်၏၊ သားရေနယ်သမားမျိုး ဖြိုက်၏၊ ပန်းမှိုက်သွန်မျိုး ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သော ဇာတ်အနိန်နန့် မြတ်သောဇာတ်ရှိသူကို ပြောဆို၏၊ ပုဏ္ဏားမျိုးကို မင်းမျိုးကို သင်ရေ ဒွန်းစဏ္ဍားမျိုး ဖြိုက်၏၊ ဒေါင်းရွေသမားမျိုး ဖြိုက်၏၊ မုဆိုး ဒုံးလူမျိုး ဖြိုက်၏၊ သားရေနယ်သမားမျိုး ဖြိုက်၏၊ ပန်းမှိုက်သွန်မျိုးဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် မြတ်သော ဇာတ်နန့်ယုတ်သော ဇာတ်ရှိသူကို ပြောဆို၏၊ ဒွန်းစဏ္ဍားကို ဒေါင်းရွေသမားကို မုဆိုးတံငါကို သားရေနယ်သမားကို ပန်းမှိုက်သွန်ကို သင်ရေ မင်းမျိုး ဖြိုက်၏၊ ပုဏ္ဏားမျိုး ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် မြတ်သော ဇာတ်နန့်မြတ်သော ဇာတ်ရှိသူကို ပြောဆို၏၊ မင်းမျိုးကို ပုဏ္ဏားမျိုးကို သင်ရေ မင်းမျိုး ဖြိုက်၏၊ ပုဏ္ဏားမျိုးဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
နာမည်နာမနန့် ဆဲရေးခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၇။ ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်ညံ့သောနာမည်အနိန်နန့် ယုတ်ညံ့သော နာမည်ဟိသူကို ပြောဆို၏၊ ငနားရှည်မည်သောသူကို ငနားပဲ့မည်သောသူကိုငနားလုံးမည်သောသူကို ငနားကျယ်မည်သောသူကို ငမျိုးပွားမည်သောသူကို သင်ရေ ငနားရှည်ဖြိုက်၏၊ ငနားပဲ့ ဖြိုက်၏၊ ငနားလုံး ဖြိုက်၏၊ ငနားကျယ် ဖြိုက်၏၊ ငမျိုးပွား ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သော နာမည်အနိန်နန့် မြတ်သော နာမည်ဟိသူကို ပြောဆို၏၊ ဗုဒ္ဓရက္ခိတမည်သောသူကို ဓမ္မရက္ခိတမည်သောသူကို သံဃရက္ခိတမည်သောသူကို သင်ရေ ငနားရှည် ဖြိုက်၏၊ ငနားပဲ့ ဖြိုက်၏၊ ငနားလုံး ဖြိုက်၏၊ ငနားကျယ်ဖြိုက်၏၊ ငမျိုးပွား ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် မြတ်သော နာမည်အနိန်နန့်ယုတ်သော နာမည်ဟိသူကို ပြောဆို၏၊ ငနားရှည်မည်သောသူကို ငနားပဲ့မည်သောသူကို ငနားလုံးမည်သောသူကို ငနားကျယ်မည်သောသူကို ငမျိုးပွားမည်သောသူကို သင်ရေ ဗုဒ္ဓရက္ခိတဖြိုက်၏၊ ဓမ္မရက္ခိတ ဖြိုက်၏၊ သံဃရက္ခိတ ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် မြတ်သော နာမည်အနိန်နန့် မြတ်သောနာမည်ဟိသူကို ပြောဆို၏၊ ဗုဒ္ဓရက္ခိတမည်သောသူကို ဓမ္မရက္ခိတမည်သောသူကို သံဃရက္ခိတမည်သော သူကို သင်ရေ ဗုဒ္ဓရက္ခိတ ဖြိုက်၏၊ ဓမ္မရက္ခိတ ဖြိုက်၏၊ သံဃရက္ခိတ ဖြိုက်၏ဟုပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
အနွယ်နန့် ဆဲရေးခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၈။ ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သောအနွယ်အနိန်နန့် ယုတ်သောအနွယ်ရှိသူကို ပြောဆို၏၊ ကောသိယအနွယ်ရှိသူကို ဘာရဒွါဇအနွယ်ရှိသူကို သင်ရေ ကောသိယအနွယ် ဖြိုက်၏၊ ဘာရဒွါဇအနွယ် ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်းခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သောအနွယ်အနိန်နန့် မြတ်သောအနွယ်ရှိသူကို ပြောဆို၏၊ ဂေါတမအနွယ်ဟိရေသူကို မောဂ္ဂလာနအနွယ်ဟိရေသူကို ကစ္စာနအနွယ်ဟိရေသူကို ဝါသိဋ္ဌအနွယ်ဟိရေသူကို သင်ရေ ကောသိယအနွယ် ဖြိုက်၏၊ ဘာရဒွါဇအနွယ် ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် မြတ်သောအနွယ် အနိန်နန့်ယုတ်သောအနွယ်ရှိသူကို ပြောဆို၏၊ ကောသိယအနွယ်ရှိသူကို ဘာရဒွါဇအနွယ်ရှိသူကို သင်ရေဂေါတမအနွယ် ဖြိုက်၏၊ မောဂ္ဂလာနအနွယ် ဖြိုက်၏၊ ကစ္စာနအနွယ် ဖြိုက်၏၊ ဝါသိဋ္ဌအနွယ် ဖြိုက်၏ဟုပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် မြတ်သောအနွယ် အနိန်နန့်မြတ်သောအနွယ်ရှိသူကို ပြောဆို၏၊ ဂေါတမအနွယ်ရှိသူကို မောဂ္ဂလာနအနွယ်ရှိသူကို ကစ္စာနအနွယ်ရှိသူကို ဝါသိဋ္ဌအနွယ်ရှိသူကို သင်ရေ ဂေါတမအနွယ်ဖြိုက်၏၊ မောဂ္ဂလာနအနွယ်ဖြိုက်၏၊ ကစ္စာနအနွယ်ဖြိုက်၏၊ ဝါသိဋ္ဌအနွယ်ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
အလုပ်အိကိုင်နန့် ဆဲရေးခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၉။ ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သော အလုပ်နန့်ယုတ်သော အလုပ်ရှိသူကို ပြောဆို၏၊ ကျီစောင့်၄ ကို ပန်းမှိုက်သွန်ကို သင်ရေ ကျီစောင့် ဖြိုက်၏၊ ပန်းမှိုက်သွန် ဖြိုက်၏၊ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သော အလုပ်အနိန်နန့် မြတ်သော အလုပ်ရှိသူကို ပြောဆို၏၊ လယ်သမားကို ကုန််သည်ကို နွားမွီးမြူသူကို သင်ရီကျီစောင့်ဖြိုက်၏၊ ပန်းမှိုက်သွန်ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် မြတ်သော အလုပ်နန့်ယုတ်သော အလုပ်ရှိသူကို ပြောဆို၏၊ ကျီစောင့်ကို ပန်းမှိုက်သွန်ကို သင်ရေ လယ်သမား ဖြိုက်၏၊ ကုန်စွာ ဖြိုက်၏၊ နွားမွီးမြူသူ ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ်သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် မြတ်သော အလုပ်နန့်မြတ်သော အလုပ်ရှိသူကို ပြောဆို၏၊ လယ်သမားကို ကုန််သည်ကို နွားမွီးမြူသူကို သင်ရေလယ်သမား ဖြိုက်၏၊ ကုန်စွာ ဖြိုက်၏၊ နွားမွီးမြူသူ ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်းပါစိတ်အာပတ် သင့်၏။
အတတ်ပညာနန့် ဆဲရေးခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၂၀။ ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သောအတတ်အနိန်နန့် ယုတ်သောအတတ်ရှိသူကို ပြောဆို၏၊ ကျူထရံသည်ကို အိုးထိန်းသည်ကို ရက်ကန်းသည်ကို သားရေနယ်သမားကို ဆတ္တာသည်ကို သင်ရေ ကျူထရံစွာ ဖြိုက်၏၊ အိုးထိန်းသည် ဖြိုက်၏၊ ရက်ကန်းသည် ဖြိုက်၏၊ သားရေနယ်သမား ဖြိုက်၏၊ ဆတ္တာသည် ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်းခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သောအတတ်အနိန်နန့် မြတ်သောအတတ်ရှိသူကို ပြောဆို၏၊ လက်ချိုးရွီတွက်သူကို ဂဏန်းနန့် ရွီတွက်သူကိုစာရီးတတ်သူကို သင်ရေ ကျူထရံစွာ ဖြိုက်၏၊ အိုးထိန်းသည်ကို ဖြိုက်၏၊ ရက်ကန်းသည် ဖြိုက်၏၊ သားရေနယ်သမား ဖြိုက်၏၊ ဆတ္တာသည် ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် မြတ်သောအတတ်အနိန်နန့် ယုတ်သောအတတ်ရှိသူကို ပြောဆို၏၊ ကျူထရံသည်ကို အိုးထိန်းသည်ကို ရက်ကန်းသည်ကို သားရေနယ်သမားကို ဆတ္တာသည်ကို သင်ရေ လက်ချိုးရွီတွက်သူ ဖြိုက်၏၊ ဂဏန်းနန့် ရွီတွက်သူဖြိုက်၏၊ စာရီး ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် မြတ်သောအတတ်အနိန်နန့် မြတ်သောအတတ်ရှိသူကို ပြောဆို၏၊ လက်ချိုးရွီတွက်သူကို ဂဏန်းနန့် ရွီတွက်သူကိုစာရီးကို သင်ရေ လက်ချိုးရွီတွက်သူ ဖြိုက်၏၊ ဂဏန်းနန့် ရွီတွက်သူဖြိုက်၏၊ စာရီး ဖြိုက်၏ဟုပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
အနာရောဂါနန့် ဆဲရေးခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၂၁။ ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သောအနာအနိန်နန့် ယုတ်သော အနာရှိသူကို ပြောဆို၏၊ နူနာရှိသူကို အိုင်းအမာနာရှိသူကို (ပွေးညှင်းတင်းတိပ်အစဟိရေ) အရီပြားနာရှိသူကို ချောင်းဆိုးနာရှိသူကို ဝက်ရူးနာရှိသူကို သင်ရေ နူနာရှိသူဖြိုက်၏၊ အိုင်းအမာနာရှိသူ ဖြိုက်၏၊ (ပွေးညှင်း တင်းတိပ်အစဟိရေ) အရီပြားနာရှိသူ ဖြိုက်၏၊ ချောင်းဆိုးနာရှိသူ ဖြိုက်၏၊ ဝက်ရူးနာရှိသူ ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သော အနာနန့်မြတ်သော အနာရှိသူကို ပြောဆို၏၊ ပျားရည်နန့်တူသော မုတ်ယိုနာ (ဆီးချိုနာ) ရှိသူကို သင်ရေနူနာရှိသူ ဖြိုက်၏၊ အိုင်းအမာနာရှိသူ ဖြိုက်၏၊ (ပွေးညှင်းတင်းတိပ်အစဟိရေ) အရီပြားနာရှိသူ ဖြိုက်၏၊ ချောင်းဆိုးနာရှိသူ ဖြိုက်၏၊ ဝက်ရူးနာရှိသူ ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် မြတ်သော အနာနန့်ယုတ်သော အနာရှိသူကို ပြောဆို၏၊ နူနာရှိသူကို အိုင်းအမာနာရှိသူကို (ပွေး ညှင်း တင်းတိပ် အစဟိရေ) အရီပြားနာရှိသူကို ချောင်းဆိုးနာရှိသူကို ဝက်ရူးနာရှိသူကို သင်ရေ ပျားရည်နန့်တူသော မုတ်ယိုနာ (ဆီးချိုနာ) ရှိသူ ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကိုဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် မြတ်သော အနာနန့်မြတ်သော အနာရှိသူကို ပြောဆို၏၊ ပျားရည်နန့်တူသော မုတ်ယိုနာ (ဆီးချိုနာ) ရှိသူကို သင်ရေပျားရည်နန့်တူသော မုတ်ယိုနာ (ဆီးချိုနာ) ရှိသူ ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်းပါစိတ်အာပတ် သင့်၏။
အသွင် 'ပုံသဏ္ဌာန်'နန့် ဆဲရေးခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၂၂။ ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သော အသွင်နန့်ယုတ်သော အသွင်ရှိသူကို ပြောဆို၏၊ ကကောင်းရှည်သောသူကို ကကောင်းတိုသောသူကို တုတ်တုတ်မဲသောသူကို ကကောင်းဖြူသောသူကို သင်ရေ ရှည်လွန်းသူ ဖြိုက်၏၊ တိုလွန်းသူ ဖြိုက်၏၊ မည်းလွန်းသူဖြိုက်၏၊ ဖြူလွန်းသူ ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သော အသွင်နန့်မြတ်သော အသွင်ရှိသူကို ပြောဆို၏၊ မရှည်လွန်းသူကို မတိုလွန်းသူကို မမည်းလွန်းသူကို မဖြူလွန်းသူကို သင်ရေ ရှည်လွန်းသူ ဖြိုက်၏၊ တိုလွန်းသူ ဖြိုက်၏၊ မည်းလွန်းသူ ဖြိုက်၏၊ ဖြူလွန်းသူ ဖြိုက်၏ဟုပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် မြတ်သော အသွင်နန့်ယုတ်သော အသွင်ရှိသူကို ပြောဆို၏၊ ကကောင်းရှည်သူကို ကကောင်းတိုသူကို တုတ်တုတ်မဲသူကို ကကောင်းဖြူသူကို သင်ရေ မရှည်လွန်းသူ ဖြိုက်၏၊ မတိုလွန်းသူ ဖြိုက်၏၊ မမည်းလွန်းသူ ဖြိုက်၏၊ မဖြူလွန်းသူ ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် မြတ်သော အသွင်နန့်မြတ်သော အသွင်ရှိသူကို ပြောဆို၏၊ မရှည်လွန်းသူကို မတိုလွန်းသူကို မမည်းလွန်းသူကို မဖြူလွန်းသူကို သင်ရေ မရှည်လွန်းသူ ဖြိုက်၏၊ မတိုလွန်းသူ ဖြိုက်၏၊ မမည်းလွန်းသူ ဖြိုက်၏၊ မဖြူလွန်းသူ ဖြိုက်၏ဟုပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ကိလေသာနန့် ဆဲရေးခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၂၃။ ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သောရာဂအစဟိစော်အနိန်နန့် ယုတ်သော ရာဂအစဟိစော် ရှိသူကို ပြောဆို၏၊ ရာဂအုံးထသူကို ဒေါသအုံးထသူကို မောဟအုံးထသူကို သင်ရေ ရာဂအုံးထသူ ဖြိုက်၏၊ ဒေါသအုံးထသူ ဖြိုက်၏၊ မောဟအုံးထသူ ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သော ရာဂ အစဟိစော်အနိန်နန့်ကိလေသာ မဟိ၍ မြတ်သောသူကို ပြောဆို၏၊ ရာဂကင်းသူကို ဒေါသကင်းသူကို မောဟကင်း သူကို သင်ရေ ရာဂအုံးထသူ ဖြိုက်၏၊ ဒေါသအုံးထသူ ဖြိုက်၏၊ မောဟအုံးထသူ ဖြိုက်၏၊ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် မြတ်သော စကားနန့်ယုတ်သော ရာဂအစဟိစော် ရှိသူကို ပြောဆို၏၊ ရာဂအုံးထသူကို ဒေါသအုံးထသူကို မောဟအုံးထသူကို သင်ရေ ရာဂကင်းသူ ဖြိုက်၏၊ ဒေါသကင်းသူ ဖြိုက်၏၊ မောဟကင်းသူ ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် မြတ်သော စကားနန့်ကိလေသာ မဟိ၍ မြတ်သောသူကို ပြောဆို၏၊ ရာဂကင်းသူကို ဒေါသကင်းသူကို မောဟကင်းသူကို သင်ရေ ရာဂကင်းသူ ဖြိုက်၏၊ ဒေါသကင်းသူ ဖြိုက်၏၊ မောဟကင်းသူ ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
အာပတ်နန့် ဆဲရေးခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၂၄။ ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သောအာပတ်နန့် ယုတ်သော အာပတ်သင့်သူကို ပြောဆို၏၊ ပါရာဇိကအာပတ်သင့်သူကို သံဃာဒိသိသ်အာပတ့်သင့်သူကို ထုလ္လစ္စဉ်းအာပတ်သင့်သူကို ပါစိတ်အာပတ်သင့်သူကို ပါဋိဒေသနီအာပတ်သင့်သူကို ဒုက္ကဋ်အာပတ်သင့်သူကို ဒုဗ္ဘာသီအာပတ်သင့်သူကို သင်ရေ ပါရာဇိကအာပတ် သင့်သူ ဖြိုက်၏၊ သံဃာဒိသိသ်အာပတ်သင့်သူ ဖြိုက်၏၊ ထုလ္လစ္စဉ်းအာပတ် သင့်သူ ဖြိုက်၏၊ ပါစိတ်အာပတ် သင့်သူ ဖြိုက်၏၊ ပါဋိဒေသနီအာပတ်သင့်သူ ဖြိုက်၏၊ ဒုက္ကဋ်အာပတ် သင့်သူ ဖြိုက်၏၊ ဒုဗ္ဘာသီအာပတ် သင့်သူ ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သော အာပတ်နန့် (အာပတ် မဟိ၍) မြတ်သူကို ပြောဆို၏၊ သောတာပန်ကို သင်ရေ ပါရာဇိကအာပတ် သင့်သူဖြိုက်၏။ပ။ ဒုဗ္ဘာသီအာပတ် သင့်သူဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် (အာပတ် မဟိ၍) မြတ်သော စကားနန့် (အာပတ်သင့်၍) ယုတ်သူကို ပြောဆို၏၊ ပါရာဇိကအာပတ် သင့်သူကို။ပ။ ဒုဗ္ဘာသီအာပတ် သင့်သူကို သင်ရေ သောတာပန် ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် (အာပတ်မဟိ၍) မြတ်သောစကားနန့် (အာပတ်မဟိ၍) မြတ်သူကို ပြောဆို၏၊ သောတာပန်ကို သင်ရေ သောတာပန် ဖြိုက်၏ဟုပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
အယုတ် အမြတ်ဆဲရေးခြင်းမျိုးနန့် ဆဲရေးခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၂၅။ ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သောဆဲရေးခြင်းနန့် ယုတ်သောသူကို ပြောဆို၏၊ ကုလားအုပ်ကို ဆိတ်ကို နွားကို မြည်းကို တိရစ္ဆာန်ကိုငရဲသူကို သင်ရေ ကုလားအုပ်ဖြိုက်၏၊ ဆိတ်ဖြိုက်၏၊ နွားဖြိုက်၏၊ မြည်းဖြိုက်၏၊ တိရစ္ဆာန်ဖြိုက်၏၊ ငရဲသူဖြိုက်၏၊ သင့်အား ကောင်းရေ လားရာဂတိမဟိ၊ မကောင်းရေ လားရာဂတိသို့ပြီးကေ သင်ရောက်ထိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သော ဆဲရေး ခြင်းနန့်မြတ်သောသူကို ပြောဆို၏၊ ပညာဟိသူကို လိမ္မာသူကို ထက်မြက်ရေ ပညာဟိသူကို အကြားအမြင်တိသူကို တရားဟောတတ်သူကို သင်ရေ ကုလားအုပ်ဖြိုက်၏၊ ဆိတ်ဖြိုက်၏၊ နွားဖြိုက်၏၊ မြည်းဖြိုက်၏၊ တိရစ္ဆာန်ဖြိုက်၏၊ ငရဲသူဖြိုက်၏၊ သင့်အား ကောင်းရေ လားရာဂတိမဟိ၊ မကောင်းရေ လားရာဂတိသို့ရာကေ သင်ရောက်ထိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် မြတ်သော ဆဲရေး ခြင်းနန့်ယုတ်သောသူကို ပြောဆို၏၊ ကုလားအုပ်ကို ဆိတ်ကို နွားကို မြည်းကို တိရစ္ဆာန်ကို ငရဲသူကို သင်ရေပညာဟိ ဖြိုက်၏၊ လိမ္မာသူ ဖြိုက်၏၊ ထက်မြက်ရေ ပညာဟိသူ ဖြိုက်၏၊ အကြားအမြင်တိသူ ဖြိုက်၏၊ တရားဟောတတ်သူ ဖြိုက်၏၊ သင့်အား မကောင်းရေ လားရာဂတိမဟိ၊ ကောင်းရေ လားရာဂတိသို့ရာကေ သင် ရောက်ထိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် မြတ်သော ဆဲရေ ခြင်းနန့်မြတ်သောသူကို ပြောဆို၏၊ ပညာဟိသူကို လိမ္မာသူကို ထက်မြက်ရေ ပညာဟိသူကို အကြားအမြင်တိသူကို တရားဟောတတ်သူကို သင်ရေ ပညာဟိ ဖြိုက်၏၊ လိမ္မာသူ ဖြိုက်၏၊ ထက်မြက်ရေပညာဟိသူ ဖြိုက်၏၊ အကြားအမြင်တိသူ ဖြိုက်၏၊ တရားဟောတတ်သူ ဖြိုက်၏၊ သင့်အား မကောင်းရီလားရာဂတိမဟိ၊ ကောင်းရေ လားရာဂတိသို့ရာကေ သင် ရောက်ထိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
၂၆။ ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ဒေအရပ်၌ တချို့ ဒွန်းစဏ္ဍား ဒေါင်းရွေသမား မုဆိုး တံငါ သားရေနယ်သမား ပန်းမှိုက်သွန်ရို့စွာ ဟိကုန်ရေဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ဒေအရပ်၌ တချို့ မင်းမျိုး ပုဏ္ဏားမျိုးရို့စွာ ဟိကုန်ရေဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
၂၇။ ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ဒေအရပ်၌ တချို့ ငနားရှည်မည်သောသူ ငနားပဲ့မည်သောသူ ငနားလုံးမည်သောသူ ငနားကျယ်မည်သောသူငမျိုးပွားမည်သောသူရို့စွာ ဟိကုန်ရေဟု ပြောဆိုအံ့။ပ။
ဒေအရပ်၌ တချို့ ဗုဒ္ဓရက္ခိတမည်သောသူ ဓမ္မရက္ခိတမည်သောသူ သံဃရက္ခိတမည်သောသူရို့စွာ ဟိကုန်ရေဟု ပြောဆိုအံ့။ပ။
ဒေအရပ်၌ တချို့ ကောသိယအနွယ် ဘာရဒွါဇအနွယ်ရို့စွာ ဟိကုန်ရေဟု ပြောဆိုအံ့။ပ။ ဒေအရပ်၌ တချို့ ဂေါတမအနွယ် မောဂ္ဂလာနအနွယ် ကစ္စာနအနွယ် ဝါသိဋ္ဌအနွယ်ရို့စွာဟိကုန်ရေဟု ပြောဆိုအံ့။ပ။
ဒေအရပ်၌ တချို့ ကျီစောင့် ပန်းမှိုက်သွန်ရို့စွာ ဟိကုန်ရေဟု ပြောဆိုအံ့။ပ။
ဒေအရပ်၌ တချို့ လယ်သမား ကုန်စွာ နွားမွီးမြူသူရို့စွာ ဟိကုန်ရေဟု ပြော ဆိုအံ့။ပ။
ဒေအရပ်၌ တချို့ ကျူထရံစွာ အိုးထိန်းသည်ကို ရက်ကန်းသည် သားရေနယ်သမား ဆတ္တာသည်ရို့စွာ ဟိကုန်ရေဟု ပြောဆိုအံ့။ပ။
ဒေအရပ်၌ တချို့ လက်ချိုးရွီတွက်တတ်သူ ဂဏန်းနန့် ရွီတွက်တတ်သူ စာရီးတတ်သူရို့စွာ ဟိကုန်ရေဟု ပြောဆိုအံ့။ပ။
ဒေအရပ်၌ တချို့ နူနာရှိသူ အိုင်းအမာနာရှိသူ (ပွေးညှင်းတင်းတိပ်အစဟိရေ) အရီပြားနာ ရှိသူချောင်းဆိုးနာရှိသူ ဝက်ရူးနာရှိသူရို့စွာ ဟိကုန်ရေဟု ပြောဆိုအံ့။ပ။
ဒေအရပ်၌ တချို့ ပျားရည်နန့်တူသော မုတ်ယိုနာ 'ဆီးချိုနာ' ရှိသူရို့စွာ ဟိကုန်ရေဟုပြောဆိုအံ့။ပ။
ဒေအရပ်၌ တချို့ ရှည်လွန်းသူ တိုလွန်းသူ မည်းလွန်းသူ ဖြူလွန်းသူရို့စွာ ဟိကုန်ရေဟုပြောဆိုအံ့။ပ။
ဒေအရပ်၌ တချို့ မရှည်လွန်းသူ မတိုလွန်းသူ မမည်းလွန်းသူ မဖြူလွန်းသူရို့စွာ ဟိကုန်ရေဟုပြောဆိုအံ့။ပ။
ဒေအရပ်၌ တချို့ ရာဂအုံးထသူ ဒေါသအုံးထသူ မောဟအုံးထသူူရို့စွာ ဟိကုန်ရေဟုပြောဆိုအံ့။ပ။
ဒေအရပ်၌ တချို့ ရာဂကင်းသူ ဒေါသကင်းသူ မောဟကင်းသူူူရို့စွာ ဟိကုန်ရေဟုပြောဆိုအံ့။ပ။
ဒေအရပ်၌ တချို့ ပါရာဇိကအာပတ်သင့်သူ။ပ။ ဒုဗ္ဘာသီအာပတ် သင့်သူူူရို့စွာ ဟိကုန်ရေဟုပြောဆိုအံ့။ပ။
ဒေအရပ်၌ တချို့ သောတာပန်ရို့စွာ ဟိကုန်ရေဟု ပြောဆိုအံ့။ပ။
ဒေအရပ်၌ တချို့ ကုလားအုပ် ဆိတ် နွား မြည်း တိရစ္ဆာန် ငပုလိပ်ရို့စွာ ဟိကုန်ရေ၊ ယင့်သူရို့အား ကောင်းရေ လားရာဂတိ မဟိ၊ မကောင်းရေ လားရာဂတိကိုရာကေ ယင့်သူရို့အလိုရှိထိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
၂၈။ ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ဒေအရပ်၌့တချို့ ပညာဟိသူ လိမ္မာသူ ထက်မြက်ရေ ပညာဟိသူ အကြားအမြင်တိသူ တရားဟောတတ်သူရို့စွာ ဟိကုန်ရေ၊ ယင့်သူရို့အား မကောင်းရေ လားရာဂတိမဟိ၊ ကောင်းရေ လားရာဂတိသို့ရာကေ ယင့်သူရို့ ရောက်ထိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
၂၉။ ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ဧပိုင် ပြောဆို၏၊ အကြင်သူရို့စွာ ဟိကုန်ရေ၊ ယင့်သူရို့ကား စင်စစ်အနိန်နန့် ဒွန်းစဏ္ဍားမျိုး ဒေါင်းရွေသမား မျိုးမုဆိုးဒုံးလူမျိုး သားရေနယ်သမားမျိုး ပန်းမှိုက်သွန်မျိုးရို့တည်းဟု ပြောဆိုအံ့၊ စကားခွန်းတိုင်းခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ပ။
ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ဧပိုင် ပြောဆို၏၊ အကြင်သူရို့စွာ ဟိကုန်ရေ၊ ယင့်သူရို့ကား စင်စစ်အနိန်နန့် ပညာဟိသူ လိမ္မာသူ ထက်မြက်ရေ ပညာဟိသူ အကြားအမြင်တိသူ တရားဟောတတ်သူရို့တည်းဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
၃၀။ ရဟန်းစွာ ရဟန်းကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ဧပိုင် ပြောဆို၏၊ ငရို့ကား ဒွန်းစဏ္ဍားမျိုး မဟုတ်ကုန်၊ ဒေါင်းရွေသမားမျိုး မဟုတ်ကုန်၊ မုဆိုးဒုံးလူမျိုး မဟုတ်ကုန်၊ သားရေနယ်သမားမျိုး မဟုတ်ကုန်၊ ပန်းမှိုက်သွန်မျိုး မဟုတ်ကုန်ဟု ပြောဆိုအံ့။ပ။
ငရို့ကား ပညာဟိ မဟုတ်ကုန်၊ လိမ္မာသူ မဟုတ်ကုန်၊ ထက်မြက်ရေ ပညာဟိ မဟုတ်ကုန်၊ အကြားအမြင်တိသူ မဟုတ်ကုန်၊ တရားဟောတတ်သူ မဟုတ်ကုန်၊ ငါရို့အား မကောင်းရေ လားရာဂတိမဟိ၊ ကောင်းရေ လားရာဂတိသို့ရာကေ ငါရို့ ရောက်ထိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်းခွန်းတိုင်း ဒုက္ကဋ် အာပတ် သင့်၏။
၃၁။ ရဟန်းစွာ ရဟန်းမဟုတ်သူကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ယုတ်သောနာမည်နန့် ယုတ်သော နာမည်ဟိသူကို ပြောဆို၏။ပ။ ယုတ်သော နာမည်နန့် မြတ်သော နာမည်ဟိသူကိုပြောဆို၏။ပ။ မြတ်သော နာမည်နန့် ယုတ်သော နာမည်ဟိသူကို ပြောဆို၏။ပ။ မြတ်သော နာမည်နန့်မြတ်သော နာမည်ဟိသူကို ပြောဆို၏။ပ။ ပညာဟိသူကို လိမ္မာသူကို ထက်မြက်ရေ ပညာ ရှိသူကိုအကြားအမြင်တိသူကို တရားဟောတတ်သူကို သင်ရေ ပညာဟိဖြိုက်၏၊ လိမ္မာသူဖြိုက်၏၊ ထက်မြက်ရေ ပညာဟိသူဖြိုက်၏၊ အကြားအမြင်တိသူဖြိုက်၏၊ တရားဟောတတ်သူဖြိုက်၏၊ သင့်အား မကောင်းရေ လားရာဂတိ မဟိ၊ ကောင်းရေ လားရာဂတိသို့ရာကေ သင် ရောက်ထိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းမဟုတ်သူကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ဧပိုင် ပြောဆို၏၊ ဒေအရပ်၌ တချို့ ဒွန်းစဏ္ဍားမျိုး ဒေါင်းရွေသမားမျိုး မုဆိုးဒုံးလူမျိုး သားရေနယ်သမားမျိုး ပန်းမှိုက်သွန်မျိုးရို့စွာ ဟိကုန်ရေဟု ပြောဆိုအံ့။ပ။
ဒေအရပ်၌ တချို့ ပညာဟိသူ လိမ္မာသူ ထက်မြက်ရေ ပညာဟိသူ အကြားအမြင်တိသူတရားဟောတတ်သူရို့စွာ ဟိကုန်ရေ၊ ယင့်သူရို့အား မကောင်းရေ လားရာဂတိ မဟိ၊ ကောင်းရီလားရာဂတိသို့ရာကေ ယင့်သူရို့ ရောက်ထိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းမဟုတ်သူကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ဧပိုင် ပြောဆို၏၊ အကြင်သူရို့စွာ ဟိကုန်ရေ၊ ယင့်သူရို့ကား စင်စစ်အနိန်နန့် ဒွန်းစဏ္ဍားမျိုး ဒေါင်းရွေ သမားမျိုးမုဆိုးဒုံးလူမျိုး၊ သားရေနယ်သမားမျိုး ပန်းမှိုက်သွန်မျိုးရို့တည်းဟု ပြောဆိုအံ့။ပ။
အကြင်သူရို့စွာ ဟိကုန်ရေ၊ ယင့်သူရို့ကား စင်စစ်အနိန်နန့် ပညာဟိသူ လိမ္မာသူ ထက်မြက်ရေပညာဟိသူ အကြားအမြင်တိသူ တရားဟောတတ်သူရို့တည်းဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်းဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းစွာ ရဟန်းမဟုတ်သူကို ဆဲရေးလို ရှုတ်ချလို အရှိန်အစော်မဲ့ကို ပြုလုပ်လိုတွက်နန့် ဧပိုင် ပြောဆို၏၊ ငရို့ကား ဒွန်းစဏ္ဍားမျိုး မဟုတ်ကုန်၊ ဒေါင်းရွေသမားမျိုး မဟုတ်ကုန်၊ မုဆိုးဒုံးလူမျိုး မဟုတ်ကုန်၊ သားရေနယ်သမားမျိုး မဟုတ်ကုန်၊ ပန်းမှိုက်သွန်မျိုး မဟုတ်ကုန်ဟု ပြောဆိုအံ့။ ပ
ငရို့ကား ပညာဟိ မဟုတ်ကုန်၊ လိမ္မာသူ မဟုတ်ကုန်၊ ထက်မြက်ရေ ပညာဟိသူ မဟုတ်ကုန်၊ အကြားအမြင်တိသူ မဟုတ်ကုန်၊ တရားဟောတတ်သူ မဟုတ်ကုန်၊ ငါရို့အား မကောင်းရေ လားရာဂတိမဟိ၊ ကောင်းရေ လားရာဂတိသို့ရာကေ ငါရို့ ရောက်ထိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်းခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
၃၂။ ရဟန်းစွာ ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်ပိုင်ရာ ရယ်မြူးလိုအနိန်နန့် ယုတ်သော အမျိုးဇာတ်အနိန်နန့် ယုတ်သော အမျိုးဇာတ် ရှိသူကို ပြောဆို၏၊ ဒွန်းစဏ္ဍားမျိုးကို ဒေါင်းရွေသမားမျိုးကို မုဆိုးဒုံးလူမျိုးကို သားရေနယ်သမားမျိုးကို ပန်းမှိုက်သွန်မျိုးကို သင်ရေ ဒွန်းစဏ္ဍားမျိုး ဖြိုက်၏၊ ဒေါင်းရွေသမားမျိုး ဖြိုက်၏၊ မုဆိုးဒုံးလူမျိုး ဖြိုက်၏၊ သားရေနယ်သမားမျိုး ဖြိုက်၏၊ ပန်းမှိုက်သွန်မျိုး ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်ပိုင်ရာ ရယ်မြူးလိုအနိန်နန့်ယုတ်သော အမျိုးဇာတ်အနိန်နန့် မြတ်သော အမျိုးဇာတ်ရှိသူကို ပြောဆို၏၊ မင်းမျိုးကို ပုဏ္ဏားမျိုးကို သင်ရေ ဒွန်းစဏ္ဍားမျိုး ဖြိုက်၏၊ ဒေါင်းရွေသမားမျိုး ဖြိုက်၏၊ မုဆိုးဒုံးလူမျိုး ဖြိုက်၏၊ သားရေနယ်သမားမျိုး ဖြိုက်၏၊ ပန်းမှိုက်သွန်မျိုး ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ်သင့်၏။
ရဟန်းစွာ ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်ပိုင်ရာ ရယ်မြူး လိုအနိန်နန့်မြတ်သော အမျိုးဇာတ်အနိန်နန့် ယုတ်သော အမျိုးဇာတ် ရှိသူကို ပြောဆို၏၊ ဒွန်းစဏ္ဍားမျိုးကို ဒေါင်းရွေသမားမျိုးကို မုဆိုးဒုံးလူမျိုးကို သားရေနယ်သမားမျိုးကို ပန်းမှိုက်သွန်မျိုးကို သင်ရေ မင်းမျိုးဖြိုက်၏၊ ပုဏ္ဏားမျိုး ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်ပိုင်ရာ ရယ်မြူးလိုအနိန်နန့်မြတ်သော အမျိုးဇာတ်အနိန်နန့် မြတ်သော အမျိုးဇာတ်ရှိသူကို ပြောဆို၏၊ မင်းမျိုးကို ပုဏ္ဏားမျိုးကို သင်ရေ မင်းမျိုး ဖြိုက်၏၊ ပုဏ္ဏားမျိုး ဖြိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်ပိုင်ရာ ရယ်မြူးလိုအနိန်နန့် အယုတ်နန့် ယုတ်သောသူကို ပြောဆို၏။ပ။ အယုတ်နန့် မြတ်သောသူကို ပြောဆို၏။ပ။ အမြတ်နန့်ယုတ်သောသူကို ပြောဆို၏။ပ။ အမြတ်နန့် မြတ်သောသူကို ပြောဆို၏၊ ပညာဟိသူကို လိမ္မာ သူကိုထက်မြက်ရေ ပညာဟိသူကို အကြားအမြင်တိသူကို တရားဟောတတ်သူကို သင်ရေ ပညာဟိသူဖြိုက်၏၊ လိမ္မာသူ ဖြိုက်၏၊ ထက်မြက်ရေ ပညာဟိသူ ဖြိုက်၏၊ အကြားအမြင်တိသူ ဖြိုက်၏၊ တရားဟောတတ်သူ ဖြိုက်၏၊ သင့်အား မကောင်းရေ လားရာဂတိမဟိ၊ ကောင်းရေ လားရာဂတိသို့ရာကေသင် ရောက်ထိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
၃၃။ ရဟန်းစွာ ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်ပိုင်ရာ ရယ်မြူးလိုအနိန်နန့် ဧပိုင် ဆို၏ ဒေအရပ်၌ တချို့ ဒွန်းစဏ္ဍား ဒေါင်းရွေသမား မုဆိုးတံငါ သားရေနယ်သမား ပန်းမှိုက်သွန်ရို့စွာ ဟိကုန်ရေဟု ပြောဆိုအံ့။ပ။
ဒေအရပ်၌ တချို့ ပညာဟိသူ လိမ္မာသူ ထက်မြက်ရေ ပညာဟိသူ အကြားအမြင်တိသူ တရားဟောတတ်သူရို့စွာ ဟိကုန်ရေ၊ ယင့်သူရို့အား မကောင်းရေ လားရာဂတိ မဟိ၊ ကောင်းရေ လားရာဂတိသို့ရာကေ ယင့်သူရို့ ရောက်ထိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်ပိုင်ရာ ရယ်မြူး လိုအနိန်နန့်ဧပိုင် ဆို၏ အကြင်သူရို့စွာ ရှိကတ်ကုန်၏၊ ယင့်သူရို့ကား စင်စစ်အနိန်နန့် ဒွန်းစဏ္ဍား ဒေါင်းရွေသမား မုဆိုးတံငါ သားရေနယ်သမား ပန်းမှိုက်သွန်ရို့တည်းဟု ပြောဆိုအံ့။ပ။
အကြင်သူရို့စွာ ရှိကတ်ကုန်၏၊ ယင့်သူရို့ကား စင်စစ်အနိန်နန့် ပညာဟိသူ လိမ္မာသူ ထက်မြက် သောပညာဟိသူ အကြားအမြင်တိသူ တရားဟောတတ်သူရို့တည်းဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
ရဟန်းစွာ ရဟန်းကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်ပိုင်ရာ ရယ်မြူးလိုအနိန်နန့်ဧပိုင် ဆို၏ ငရို့ကား ဒွန်းစဏ္ဍားမျိုး ဒေါင်းရွေသမားမျိုး မုဆိုးဒုံးလူမျိုး သားရေနယ်သမား မျိုးပန်းမှိုက်သွန်မျိုး မဟုတ်ကုန်ဟု ပြောဆိုအံ့။ပ။
ငရို့ကား ပညာဟိတိ လိမ္မာသူတိ ထက်မြက်ရေ ပညာဟိသူတိ အကြားအမြင်တိသူတိတရားဟောတတ်သူတိ မဟုတ်ကုန်၊ ငါရို့အား မကောင်းရေ လားရာဂတိမဟိ၊ ကောင်းရီလားရာဂတိသို့ရာကေ ငါရို့ ရောက်ထိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
၃၄။ ရဟန်းစွာ ရဟန်းမဟုတ်သူကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်ပိုင်ရာရယ်မြူးလိုအနိန်နန့် အယုတ်နန့် ယုတ်သောသူကို ပြောဆိုအံ့။ပ။
အယုတ်နန့် မြတ်သောသူကို ပြောဆိုအံ့။ပ။ အမြတ်နန့် ယုတ်သောသူကို ပြောဆိုအံ့။ပ။ အမြတ်နန့်မြတ်သောသူကို ပြောဆိုအံ့၊ ပညာဟိသူကို လိမ္မာသူကို ထက်မြက်ရေ ပညာဟိသူကို အကြားအမြင်တိသူကို တရားဟောတတ်သူကို သင်ရေ ပညာဟိသူ ဖြိုက်၏၊ လိမ္မာသူ ဖြိုက်၏၊ ထက်မြက်ရေပညာဟိသူ ဖြိုက်၏၊ အကြားအမြင်တိသူ ဖြိုက်၏၊ တရားဟောတတ်သူ ဖြိုက်၏၊ သင့်အား မကောင်းရီလားရာဂတိမဟိ၊ ကောင်းရေ လားရာဂတိသို့ရာကေ သင်ရောက်ထိုက်၏ဆိုပနာ ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
ရဟန်းစွာ ရဟန်းမဟုတ်သူကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်ပိုင်ရာရယ်မြူးလိုအနိန်နန့် ဒေကိုပြောဆို၏၊ ဒေအရပ်၌ တချို့ကုန်သော ဒွန်းစဏ္ဍားတိ ဒေါင်းရွေသမားတိမုဆိုးတံငါတိ သားရေနယ်သမားတိ ပန်းမှိုက်သွန်တိ ဟိကုန်ရေဟု ပြောဆိုအံ့။ပ။
ဒေအရပ်၌ တချို့ ပညာဟိသူတိ လိမ္မာသူတိ ထက်မြက်ရေ ပညာဟိသူတိ အကြားအမြင်တိသူတိ တရားဟောတတ်သူတိ ဟိကုန်ရေ၊ ယင့်သူရို့အား မကောင်းရေ လားရာဂတိမဟိ၊ ကောင်းရေ လားရာဂတိသို့ရာကေ ယင့်သူရို့ ရောက်ထိုက်ကုန်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်းခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
ရဟန်းစွာ ရဟန်းမဟုတ်သူကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်ပိုင်ရာရယ်မြူးလိုအနိန်နန့် ဒေကိုပြောဆို၏၊ အကြင်သူရို့စွာ ရှိကတ်ကုန်၏၊ ယင့်သူရို့ကား စင်စစ်အနိန်နန့် ဒွန်းစဏ္ဍားတိ ဒေါင်းရွေသမားတိ မုဆိုးတံငါတိ သားရေနယ်သမားတိ ပန်းမှိုက်သွန်တိတည်းဟုပြောဆိုအံ့။ပ။
ရဟန်းစွာ ရဟန်းမဟုတ်သူကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်ပိုင်ရာရယ်မြူးလိုအနိန်နန့် ဒေကိုပြောဆို၏၊ အကြင်သူရို့စွာ ရှိကတ်ကုန်၏၊ ယင့်သူရို့ကား ပညာဟိသူတိလိမ္မာသူတိ ထက်မြက်ရေ ပညာဟိသူတိ အကြားအမြင်တိသူတိ တရားဟောတတ်သူတိတည်း၊ ယင့်သူရို့အား မကောင်းရေ လားရာဂတိ မဟိ၊ ကောင်းရေ လားရာဂတိသို့ရာကေ ယင့်သူရို့ ရောက့်ထိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
ရဟန်းစွာ ရဟန်းမဟုတ်သူကို မဆဲရေးလို မရှုတ်ချလို အရှိန်အစော်မဲ့ကို မပြုလုပ်ပိုင်ရာရယ်မြူးလိုအနိန်နန့် ဒေကိုပြောဆို၏၊ ငရို့ကား ဒွန်းစဏ္ဍားတိ ဒေါင်းရွေသမားတိ မုဆိုးတံငါတိရားရေနယ်သမားတိ ပန်းမှိုက်သွန်တိ မဟုတ်ကတ်ကုန်ဟု ပြောဆိုအံ့။ပ။
ငရို့ကား ပညာဟိသူတိ လိမ္မာသူတိ ထက်မြက်ရေ ပညာဟိသူတိ အကြားအမြင်တိသူတိတရားဟောတတ်သူတိ မဟုတ်ကုန်၊ ငါရို့အား မကောင်းရေ လားရာဂတိ မဟိ၊ ကောင်းရီလားရာဂတိသို့ရာကေ ငါရို့ ရောက်ထိုက်၏ဟု ပြောဆိုအံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ် သင့်၏။
၃၅။ ထဲကကို ရှီးရှုသော ရဟန်း၊ ပါဠိကို ရှီးရှုသော ရဟန်း၊ ဆုံးမခြင်းကို ရှီးရှုသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းရို့အားလည်း အာပတ် မသင့်။
ဒုတိယ ဩမသဝါဒသိက္ခာပုဒ်ပြီး၏။
၁။ ဆဗ္ဗဂ္ဂီရဟန်းခြောက်ပါး စတင်တည်ထောင်သော အသင်းဝင်ရဟန်းရို့ကို ဆိုရေ။
၂။ တက္ကသိုလ်= အတတ်ပညာအထူးထူးကို ကြံဆလီ့ ဟိရေသူရို့၏ နီထိုင်ရာမြို့တော်ဖြိုက်ရေ။
၃။ နန္ဒိဝိသာလ= ခြီဖွီ ဂြိုခန့်ညားခြင်းဟိရေနွား
၄။ ကောဋ္ဋကကမ္မံ ဟိရင် သစ်ရွှေသမား လက်သမားအလုပ် ကျောက်ဆစ်သမားအလုပ်ဟု ပြန်ဆိုရဖို့။